Wednesday, November 29, 2017


မြောက်ကိုရီးယား တိုက်ချင်းပစ်ဒုံးပျံ အမေရိကန်အထိ ရောက်နိုင်ဟုဆို မြောက်ကိုရီးယားက ၎င်းတို့ စမ်းသပ်ပစ်လွှတ်လိုက်သည့် တိုက်ချင်းပစ် ဒုံးပျံမှာ အမေရိကန် သာမက ကမ္ဘာ့နေရာမဆို ထိမှန်နိုင်စွမ်း ရှိကြောင်း ပြောဆိုလိုက်ပါတယ်။ ဟွာဆောင်း- ၁၅ လို့ အမည်ပေးထားတဲ့ တိုက်ချင်းပစ် ဒုံးပျံ အမျိုးအစားသစ်ကို ယနေ့နံနက်စော စောပိုင်းက ပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး၊ ဂျပန်ရေပိုင်နက် စီးပွားရေးဇုန်အတွင်းသို့ ကျရောက်သွား ပါတယ်။ မြောက်ကိုရီးယား အစိုးရ ရုပ်မြင်သံကြား ကမူ ဒုံးပျံစမ်းသပ်မှု အောင်မြင်ကြောင်း၊ ဒေသတွင်း အိမ်နီး ချင်း နိုင်ငံများအပေါ် အဖျက်သဘောဆောင်သည့် လုံခြုံရေး ထိပါးမှုမရှိကြောင်းလည်း ဆိုပါတယ်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်မှူးကြီး ရော့ဘ် မန်နင်းကလည်း မြောက်ကိုရီး ယားပစ်လွှတ်စမ်းသပ်တဲ့ ဒုံးပျံသည် တိုက်ချင်းပစ် ဒုံးပျံဖြစ်ကြောင်း အတည်ပြုပြောကြားပါတယ်။ ဒီစမ်းသပ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက အနုတ်လက္ခဏာဆောင်တဲ့ တုံ့ပြန်မှုများ ထွက်ပေါ်လျှက်ရှိပြီး အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ချက်ချင်းခေါ်ဖို့ တောင်းဆိုလိုက်ပါတယ်။ နေတိုးအဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ယင်းစပ်သပ်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး နိုင်ငံ တကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့အတွက် စိုးရိမ်ပူပန်ကြောင်းပြောပါတယ်။ မြောက်ကိုရီးယားဟာ ဒီဇင်ဘာ ၄ရက်နေ့ကနေ ၈ ရက်နေ့အထိ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲကျင်းပမယ့် Vigilant Ace လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှု မတိုင်ခင် ပစ်လွှတ်လိုက်တာဖြစ်ပါတယ်။ The post မြောက်ကိုရီးယား တိုက်ချင်းပစ်ဒုံးပျံ အမေရိကန်အထိ ရောက်နိုင်ဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2jvi4BL
via IFTTT

No comments:

Post a Comment