Thursday, November 30, 2017

7Day News Journal

မောင်တောတွင် စိတ်ကြွဆေးပြား တစ်သန်းကျော်ကို တရားခံငါးဦးနှင့်အတူ ဖမ်းမိ ယမန်နေ့က ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် (ဓာတ်ပုံ − မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံး) မောင်တောတွင် နို ဝင်ဘာ ၂၉ရက်နံနက်ကနာရီပိုင်း အတွင်း စိတ်ကြွဆေးပြား စုစု ပေါင်း တစ်သန်းကျော်ကိုတရားခံ ငါးဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သည်။ သတင်းအရ လုံခြုံရေးတပ် ဖွဲ့ဝင်များက မောင်တော ကြိမ် ချောင်းကားလမ်းတစ်ဝိုက် ပိတ်ဆို့စောင့်ဆိုင်းစဉ် မောင်တောမြို့ နယ် သရေကုန်းဘောင် (နတလ)ရွာနေ ယာဉ်မောင်းဝင်းတင်(၁၈) နှစ်၊ ယာဉ်နောက်လိုက် ကျော်ကျော်လင်း (၁၆)နှစ်နှင့် မောင် သိန်း (၁၉)နှစ်တို့ မောင်းနှင်လာ သည့် ဟိုက်ဂျက်အမျိုးအစား ယာဉ်သည် ဇူလရွာအနီးတွင် ရပ်တန့်ပြီး မသင်္ကာဖွယ်အထုပ်များ ကို လမ်းဘေးတွင်ချကာ ရွာသား ၁၅ ဦးခန့်က အထုပ်များကို လာရောက်သယ်ဆောင်၍ ဇူလရွာ ဘက်သို့ ထွက်ပြေးသည်ကို တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က လိုက်လံဖမ်းဆီးရာ အထုပ်များ ကို လယ်ကွင်းအတွင်းသို့ချ၍ ထွက်ပြေးခဲ့ကြောင်း အစိုးရသ တင်းထုတ် ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။ လိုက်လံဖမ်းဆီးရာ တန်ဖိုး ကျပ်သိန်း ၁၉,၁၁၀ တန်ဖိုးရှိ WY/R စာတန်းပါ ပန်းရောင် စိတ် ကြွဆေးပြား ၉၅၅,၅၀၀ ပြား၊ဟိုက်ဂျက်ယာဉ်၊ ယာဉ်မောင်း ဝင်းတင်နှင့် ယာဉ်နောက်လိုက်နှစ် ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ ထို့အတူ ဘူးသီးတောင်မြို့ အနောက်ရပ်ကွက်ရှိ ဂန္ဓာရီဘုန်း ကြီးကျောင်းဝင်း ဓမ္မာရုံအတွင်းမှ ကျပ်သိန်း ခြောက်ထောင့်သုံးရာ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား သုံးသိန်းခန့်ကို နိုဝင်ဘာ ၂၉ ရက်၌ ဖမ်းဆီးရမိကြောင်း၊ ပရိုဘောက်စ်တစ်စီးက မူးယစ် ဆေးဝါးဟု ယူဆရသောအထုပ် နှစ်ထုပ်ကို အဆိုပါ ဘုန်းကြီး ကျောင်းဝင်းအတွင်း ပစ်ချထား ကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ ဖမ်းဆီးရမိကြောင်း အထက်ပါ ရဲအရာရှိတစ်ဦးကဆို သည်။ စိတ်ကြွဆေးများ လာ ရောက်ပစ်ထားသည့် ယာဉ်ကို လိုက်လံရှာဖွေရာ ရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှ ယာဉ်မောင်း တစ်ဦးနှင့်ဘားအံမြို့မှ အမျိုးသား တစ်ဦးကို ဘူးသီးတောင်မြို့ မီးရ ထားဆိပ်ရပ်ကွက် ဗိုလ်ချုပ်လမ်း ပေါ်တွင် ကားနှင့်အတူ ဖမ်းဆီးရ မိကြောင်း ၎င်းရဲအရာရှိက ပြော သည်။ ဖမ်းဆီးရမိသူများက အဆို ပါစိတ်ကြွဆေးပြားများကို ၎င်းတို့ ကိုယ်တိုင် သွားရောက်ချထားခြင်း ဖြစ်ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါး ဥပဒေဖြင့် အမှုဖွင့်ထားသည်။
Source : http://ift.tt/2ByBBtm
via IFTTT

No comments:

Post a Comment