Thursday, November 30, 2017

The Voice

YBS ယာဉ်လိုင်းသစ် နှစ်လိုင်းတိုး ရန်ကုန်၊ နိုဝင်ဘာ ၂၉ ယာဉ်လိုင်း လေးလိုင်းကို တာဝန်ယူ ပြေးဆွဲနေသည့် Omni Focus ကုမ္ပဏီ အနေနှင့် YBS ၈၂၊ ၈၃ ယာဉ်လိုင်းများအတွက် ပြေးဆွဲခွင့်ကျပြီ ဖြစ်သည့်အတွက် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။ YBS ၈၂ ယာဉ်လိုင်းသည် ယာဉ်စီးရေ ၈၀ ဖြင့် လှိုင်သာယာ-အင်းစိန်-ပြည်လမ်း-သခင်မြ ပန်းခြံခရီးစဉ်ကို ပြေးဆွဲမည်ဖြစ်ပြီး YBS ၈၃ ယာဉ်လိုင်းသည် ယာဉ်စီးရေ ၁၀ဝ ဖြင့် လှိုင်သာယာ-ရှစ်မိုင်-စံပြဈေး-တောင်ဒဂုံ (မောင်း မကန်လမ်း)-စည်ပင်လမ်း-လေးထောင့် ကန်လမ်းခရီးစဉ်ကို ပြေးဆွဲမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီထံမှ သိရသည်။ “ခရီးစဉ်လမ်းကြောင်းသစ်က လေးခု လျှောက်ထားတာပါ။ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက YBS ၈၂၊ ၈၃ လိုင်းနှစ်ခုက ခွင့်ပြုချက် ကျတယ်။ နှစ်ခု ကျန်တယ်”ဟု ဉာညငင်္ သခကျ ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ဆိုသည်။ ကျန်ရှိနေသည့် YBS ယာဉ်လိုင်းအသစ်၏ ခရီးစဉ်လမ်းကြောင်းများမှာ ကြည့်မြင်တိုင် (အရိုးအထူးကုဆေးရုံ)၊ လှိုင်သာယာ နည်းပညာ တက္ကသိုလ်၊ အောင်ဇေယျတံတား၊ ဘီအိုစီ၊ ဘုရင့်နောင်လမ်း၊ ဟံသာဝတီ၊ ဆင်မလိုက်၊ ဆူးလေ၊ ဗိုလ်တထောင်၊ သီလဝါ စီးပွားရေးဇုန် ခရီးစဉ်တို့ကို ထပ်တိုးပြေးဆွဲမည်ဖြစ်ပြီး လက်ရှိ YBS နံပါတ်နှင့်ခွင့်ပြုချက် မကျသေး ကြောင်း Omni Focus ကုမ္ပဏီထံမှ ဆက်လက် သိရသည်။ ယခုပြေးဆွဲမည့် YBS ၈၃ ယာဉ်လိုင်းသည် လက်ရှိ ပြေးဆွဲလျက်ရှိသည့် ဒဂုံဧရာ အဝေးပြေးမှ တောင်ဒဂုံ(သစ်ဆိပ်) ခရီးစဉ်နှင့် နံပါတ်တူပြီး ခရီးစဉ် မတူသည့်ယာဉ်လိုင်းဖြစ်သည်။ လက်ရှိတွင် YBS ၂၀၊ ၂၇၊ ၅၆၊ ၈၃၊ ၈၅ ယာဉ်လိုင်းတို့ကို ယာဉ်စီးရေ ၂၃၀ ကျော်ဖြင့် ခရီးသည် ပို့ဆောင်လျက်ရှိပြီး ရန်ကုန်မြို့အတွင်း ယာဉ်လိုင်း ၉၂ လိုင်းကျော်ရှိကာ ယာဉ်စီးရေ ၄၀ဝ၀ ကျော်ဖြင့် နေ့စဉ် ပြေးဆွဲလျက်ရှိသည်။ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ YUPT က ခရီးစဉ်လမ်းကြောင်းသစ်တစ်ခု လျှောက်ထားခြင်းနှင့် Power Eleven ကုမ္ပဏီက ခရီးစဉ်လမ်းကြောင်းသစ်ငါးခု လျှောက်ထားမှုတို့မှာ YRTA ၏ ခွင့်ပြုချက် မကျသေးကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
Source : https://goo.gl/F22KfW
via IFTTT

No comments:

Post a Comment