မူးယစ်ရောင်းရငွေများအား ခဝါချပေးနေသည်ဆိုကာ မြန်မာအမျိုးသမီး အား ထိုင်းရဲမှ ဖမ်းဆီး မူးယစ်ကုန်သွယ်သူများ၏ ငွေများအား တရားမဝင် ခဝါချပေးခြင်းများ လုပ်ဆောင်နေသည့် မြန်မာအမျိုးသမီး တစ်ဦးအား ထိုင်းရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပိုစ် သတင်းတစ်ရပ်မှာ ဖော်ပြထားသည်။ “ကျွန်ုပ်တို့အနေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စု သူမရဲ့ ဘဏ်အကောင့် ကနေ ထိုင်းဘတ်ငွေ ၁၀ ဘီလီယံလောက်ဟာ နှစ်စဉ် စီးဆင်းနေတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်” ဟု ထိုင်းနိုင်ငံ မူးယစ်ထောက်လှမ်းရေးဗျူရို အကြီးအကဲ ဗိုလ်မှူကြီး ဆွမ်မိုင် ကွန်ဝီဆိုင်းဆခ် က ယမန်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ၎င်းတို့အနေဖြင့် အသက် ၄၁ နှစ်အရွယ် မြန်မာအမျိုးသမီး နန်းမြင့်သိန်းအေးကို စစ်ဆေးတွေ့ရှိကြောင်း ဆိုသည်။ “၎င်းအနေနဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနယ်စပ်တွေမှာ ရှိတဲ့ ကျောက်မျက် ရတနာနဲ့ ဟိုတယ်တွေမှာ အသုံးချနေတယ်လို့ သက်သေတွေပြောဆိုချက် အရ သိရပါတယ်”ဟု ပြောသည်။ သို့သော်လည်း နန်းမြင့်သိန်းအေးက ထိုင်းရဲတပ်ဖွဲ့မှ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ၎င်းအနေဖြင့် မြန်မာနှင့် ထိုင်းနိုင်ငံရှိ ငွေလဲလှယ်ရေး ဆိုင်တွေ လုပ်ကိုင်လည်ပတ်ရှိကြောင်း ထိုင်းအာဏာပိုင်တွေ ပြောဆိုထားကြောင်း ဆိုသည်။ “တစ်ရက်ကို ကျွန်မ ဘဏ်အကောင့်ကနေ ဘတ် ၁သန်းကနေ့ ၂သန်းကြား ပုံမှန်စီးဆင်းနေပါတယ်” ဟု သူမက ပြောသည်။ သူမအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် မည်သည့် အခါမှ ပါဝင်ခဲ့ခြင်းမရှိကြောင်းနှင့် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး နားမလည်နိုင်အောင် ဖြစ်နေကြောင်း ထပ်လောင်းပြောဆိုသည်။ ထိုင်းနိုင်ငံ NSB ခေတ္တလက်ထောက်အကြီးအကဲမှူးကြီး Tanai Apichartsenee က သူမအား မေ ၁၅ ရက် နေ့စွဲဖြင့် ဖမ်းဝရမ်းထုတ်ခြင်း ဖြစ်ကြောင်း ပြောသည်။ “သူမအနေနဲ့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မူးယစ်မှောင်ခိုကုန်သည်များ၏ တရားမဝင် ငွေကြေးများ လွဲပြောင်း ပေးနေသည်ကို ကျွန်ုပ်တို့ စုံစမ်းသိရှိထားပါတယ်” ဟု ပြောသည်။ Tanai ကဆက်လက်ပြီး ၎င်းတို့ စုံစမ်းထောက်လှမ်းရေး သမားများအနေဖြင့် နှစ်ပေါင်းများစွာ အချက်အလက် အများအပြားကို နောက်ပြန်ကြည့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းပြောသည်။ “သူမအနေနဲ့နောက်ပြီး Fong Pathummanee သို့မဟုတ် Je Fong နဲ့ အဆက်အသွယ် ရှိနိုင်တယ်” ဟု မူးယစ်ကုန်သည် တစ်ဦးအား ရည်ညွန်းပြောဆိုသည်။ Fong သည် ထိုင်းနိုင်ငံမှ အလိုရှိသည့် စာရင်းတွင် ပါဝင်သည့်အတွက် အိမ်နီးချင်းတိုင်းပြည်သို့ ထွက်ပြေး တိမ်းရှောင် နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ Ref: Bangkok Post
Source : http://ift.tt/2jxpIvC
via IFTTT
No comments:
Post a Comment