Monday, November 27, 2017

The Voice

ငါးနှစ်အတွင်း EU နိုင်ငံများက အမေရိကန်ဒေါ်လာ ငါးဘီလီယံကျော်အထိ ရင်းနှီးမြှုပ်နှံ ရန်ကုန်၊ နိုဝင်ဘာ ၂၆ မြန်မာနိုင်ငံအတွင်း၂၀၁၃ ခုနှစ်မှ ယခုနှစ်၂၀၁၇ စက်တင်ဘာလကုန်အထိ ငါးနှစ်အတွင်း EU (ဥရောပသမဂ္ဂ) နိုင်ငံများက အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။ EU နိုင်ငံများက ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ သတ္တုတူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် EU နိုင်ငံများအကြား အပြန်အလှန် ကုန်သွယ်မှုသည်လည်း ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းက အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရှိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ EU နိုင်ငံများသို့ မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များအဖြစ် CMP (အထည်ချုပ်ထွက်ကုန်) များ၊ လယ်ယာထွက်ကုန်နှင့် ရေထွက်ပစ္စည်းများဖြစ်ပြီး မြန်မာနိုင်ငံက ဥရောပသမဂ္ဂအဖွဲ့၏အကောက်ခွန် သက်သာခံစားခွင့်ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်က စတင်ကာ ပြန်လည်ခွင့်ပြုခဲ့ကာ EU ဈေးကွက်သို့ တင်ပို့မည့် ငါး၊ ပုစွန် ရေထွက်ကုန်များ၊ ဆန်၊ ပဲ စသည့် လယ်ယာထွက်ကုန်များ၊ ကြိမ်ထည်၊ သစ်အချောထည်များအပြင် သစ်တော ထွက်ကုန်များ၊ အဝတ်အထည်၊ ဖိနပ် စသည့် စက်မှုထုတ်ကုန်များကို EU ဈေးကွက်သို့ တင်ပို့ပါက အကောက်ခွန် ကင်းလွတ်ခံစားခွင့် ရရှိကြောင်း မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။ ထို့အပြင် EU ဈေးကွက်များသို့ ပျားရည်၊ ငါး၊ အဝတ်အထည်၊ လက်ဖက်နှင့် ပဲတီစိမ်းတို့ကို တိုးမြှင့်တင်ပို့နိုင်ရန်အတွက် ကုန်ပစ္စည်းဆိုင်ရာ မူကြမ်းများ ရေးဆွဲလျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/rxsdEy
via IFTTT

No comments:

Post a Comment