ပေါ့ပါးသွက်လက် စွမ်းရည်ထက်မြက်တဲ့ အကောင်းဆုံး ဂိမ်းစက်များ ဒီနေ့ခေတ်မှာ ကမ္ဘာနဲ့ အဝှမ်း ဂိမ်းကစားသူ ၁ ဒသမ ၈ ဘီလီယံလောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပြီး ဒါက PC လို့ ခေါ်တဲ့ ကွန်ပျူတာနဲ့ Console လို့ ဆိုနိုင်မယ့် ဂိမ်းစက်တွေနဲ့ ကစားသူ အရေအတွက် ဖြစ်ပါတယ်။ စမတ်ဖုန်းတွေနဲ့ ဂိမ်းကစားသူတွေ ကိုပါ ထည့်တွက်လိုက်မယ် ဆိုရင် လူဦးရေ ၃ ဘီလီယံကျော်လောက် ဂိမ်းကစားကြတယ်လို့ ခန့်မှန်းရပါတယ်။ ဒါဆိုရင် ကမ္ဘာပေါ် က လူ ၂ ယောက်မှာ ၁ ယောက်က ဂိမ်းကစားသူ အဖြစ် ရှိနေတာလို့ ဆိုနိုင်ပါတယ်။ ပြည်တွင်းမှာတော့ ဖုန်းနဲ့ ဂိမ်းကစားသူက ပိုများပါတယ်။ နိုင်ငံတကာမှာတော့ ဖုန်းနဲ့ ဂိမ်းကစားသူထက် ကွန်ပျူတာတွေ၊ ဂိမ်းစက်တွေနဲ့ ကစားသူတွေက ပိုများပါတယ်။ စာရင်းတွေ အရ ၁ ဒသမ ၈ ဘီလီယံသော ဂိမ်းကစားသူတွေရဲ့ ရာခိုင်နှုန်း ၆၀ လောက်က ကွန်ပျူတာနဲ့ ဂိမ်းကစားပြီး ကျန်တဲ့ ရာခိုင်နှုန်း ၄၀ လောက်က ဂိမ်းစက်နဲ့ ကစားကြတယ်လို့ ဆိုပါတယ်။ ဒီတော့ ဂိမ်းပဲ သီးသန့် ကစားလို့ ရတဲ့ ဂိမ်းစက်တွေရဲ့ ဈေးကွက်က တော်တော်ကို ခိုင်ခိုင်မာမာ ရှိနေတာ ဖြစ်ပြီး၊ ဒီလို ဂိမ်းစက်နဲ့ ကစားသူတွေ အတွက် ဈေးကွက်ထဲက အကောင်းဆုံး အဖြစ် သတ်မှတ်ထားတဲ့ သယ်ဆောင်နိုင်တဲ့ ဂိမ်းစက်တွေ အကြောင်း ပြောပြပါမယ်။ (၁) Nintendo Switch ။ ။ ဒီစက်မှာ သဘောကျစရာ ကောင်းတဲ့ အချက်တွေက တခြား မျက်နှာပြင်ကျယ်စနစ်တွေ၊ ဥပမာ TV လို စက်တွေနဲ့ ချိတ်ဆက်ပြီး ကစားလို့လည်း ရတယ်၊ သူ့အတိုင်းလည်း ဖုန်းအရွယ်လောက်နဲ့လည်း ကစားလို့ရပါတယ်။ Memory စနစ်ပါရှိပြီး Save လုပ်နိုင်တယ်တဲ့ ဂိမ်းတွေကို ကစားချိန် မိမိ ဘယ်အဆင့်၊ ဘယ်လောက်ထိ ရောက်ပြီဆိုတာ မှတ်ထားလို့ ရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းစက်က ဈေးလည်း နည်းနည်းကြီး သလို ဈေးကွက်တိုင်းမှာ တင်သွင်းရောင်းချ ခြင်း မရှိလို့ ရှာရ နည်းနည်းခက်ပါတယ်။ (၂) New Nintendo 3DS ။ ။ သူ့မှာ 3D မျက်နှာ အခမဲ့ တပါတည်း ပါရှိတယ်၊ မျက်မှန်ရဲ့ ရုပ်ထွက်စွမ်းဆောင်ရည်က ကောင်းတယ်၊ 3D ရုပ်ထွက်တွေရဲ့ အားနည်းချက် ဖြစ်တဲ့ အထိုင်ပုံစံနဲ့ပဲ ကစားလို့ကောင်းပြီး ဥပမာ မိမိက ကားစီးရင်း ကစားမယ်၊ ကြည့်မယ် ဆိုရင် မိမိ ကစားနေတဲ့ ဂိမ်းရဲ့ ရုပ်တွေက ေ၀ဝါးပြီး ပတ်ဝန်းကျင်က အရာတွေနဲ့ ရောထွေးသွားပေမယ့် အခု ဂိမ်းစက်မှာတော့ 3D စနစ်က မိမိ အနေနဲ့ ကားစီးရင်း 3D စနစ်နဲ့ ကစားနေရင်တောင် ဂိမ်းရုပ်တွေကိုပဲ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အားနည်းချက် တခုက Nintendo အနေနဲ့ ဘာကြောင့်များ မော်ဒယ် အတွက် အားသွင်းခေါင်းကို တပါတည်း ထည့်မပေးတာလဲ မသိဘဲ သီးသန့် နောက်ထပ် ဝယ်သုံးရတာပဲ ဖြစ်ပါတယ်။ (၃) PlayStation Vita ။ ။ Vitaရဲ့ ရုပ်ထွက်နဲ့ မြန်ဆန် သွက်လက်မှုလောက် ကောင်းမွန်တဲ့ ပြိုင်ဖက် ဂိမ်းစက်ဆိုတာ တော်တော်ရှားမယ် လို့တောင် ဆိုရမှာပါ။ အထူးသဖြင့်တော့ ရုပ်ထွက်ကောင်းမွန်မှု၊ ထိန်းချုပ်ကစားရမှု ကောင်းမွန် တိကျခြင်း တွေနဲ့ ပေါ့ပါးခြင်းတွေက လူကြိုက်များစေပါတယ်။ နောက်ပြီး ဖုန်းတွေမှာ Play Store လို ဂိမ်းတွေ Down လို့ ရသလို အခု Vita မှာလည်း Library ပါတယ်၊ နောက်ထပ် ဂိမ်းတွေ အများကြီး ရယူကစားနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် Sony က အခု မော်ဒယ်ကို နောက်ထပ် အဆင့်မြှင့်တင်မှုရော နောက်ဆက်တွဲ မော်ဒယ် ဆက်လက် ထုတ်လုပ်ဖို့ရော မရှိတော့ဘူး လို့ သိရပါတယ်။ (၄) Nintendo 2DS ။ ။ ဈေးနှုန်းက အရမ်းချိုပါတယ်။ ၉၉ ဒေါ်လာလောက်နဲ့ ရနိုင်ပါတယ်။ ရုပ်ထွက်လည်း ကောင်းပါ တယ်။ 2D ဆိုလို့ နှစ်ဖက်မြင် ရုပ်ထွက်လောက်ပဲလို့ ထင်ရပေမယ့် နောက်ထွက် တန်ဖိုးမြင့် 3DS XL မော်ဒယ်နဲ့ ရုပ်ထွက်က မကွာပါဘူး။ မျက်နှာပြင် အရွယ်အစားပဲ အခု မော်ဒယ်က နည်းနည်း သေးသွားပါတယ်။ အခြား နည်းပညာပိုင်း အသုံးပြုနိုင်မှုရော အရည်အသွေးပါ အတူတူပဲ ဖြစ်ပါတယ်။ အပျော်တမ်းကစားသမားတွေ အတွက်ကတော့ စိတ်ကြိုက်ပါပဲ။ ဒါပေမယ့် Super Mario 3D လို ဂိမ်းမျိုး ကစားရင်တော့ နည်းနည်းနှေး၊ နည်းနည်း လေးပါတယ်။ 2D ဆိုတဲ့ အတိုင်း 2D ဂိမ်းတွေပဲ အကောင်းဆုံး ကစားသင့်ပါတယ်။ နောက်ပြီး စပီကာ အသံထွက်စနစ်က mono ဖြစ်နေလို့ အသံထွက် ညံ့ပါတယ်။ (၅) New Nintendo 3DS XL ။ ။ NFCစနစ်ကို ထည့်သွင်း ဖန်တီးထားတယ်၊ ဒီစနစ်က Amiibo ကတ်စနစ်ကို ဖတ်ပေး၊ မှတ်ပေးနိုင်မယ် ဆိုတဲ့ သဘော၊ ဖုန်းတွေမှာ SD ကတ်လို ဂိမ်းစက်တွေ အတွက် ဂိမ်းတွေ မှတ်ထားဖို့၊ သိမ်းထားဖို့ အတွက် သုံးတဲ့ ဒီကတ်စနစ်ကို ရှေ့ထွက် မော်ဒယ်မှာ မပါရှိခဲ့ပါဘူး။ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ဂိမ်းတွေ ထည့်ရသလို ဂိမ်းစက်ရဲ့ မှတ်ဉာဏ်စနစ်မှာပဲ မှတ်သားထားရတာ ဖြစ်ပေမယ့် အခုတော့ Amiibo ကတ်ထည့်နိုင်လာပါတယ်။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလို အခုနှစ် Nintendo က ဒီမော်ဒယ် အတွက် အားသွင်းခေါင်း မပါလို့ ထပ်ရှာဝယ်ရမယ်၊ မိမိစက်ကို အမြန်ဆုံး အားသွင်း သင့်တော်မယ့် ခေါင်းကို သေချာ ရွေးဝယ်ရဖို့ ရှိလာပါတယ်။ (၆) Nvidia Shield Portable ။ ။ မော်ဒယ်မှာ ထူးခြားချက်က USB ပေါက် ပါလာပါတယ်။ ရလဒ်ကတော့ TV လို မျက်နှာပြင်ကျယ် စနစ်နဲ့ပါ ချိတ်ဆက်နိုင်တယ်။ အဲဒီမှာ Nvidia ရဲ့ ဖန်တီးမှု အားကောင်းချက်က ချိတ်ဆက်လိုက်တဲ့ TV အထိ ဂိမ်းရဲ့ ရုပ်ထွက်ကို 1080p နှုန်းနဲ့ ပြသပေးနိုင်လောက်အောင် ရုပ်ထွက်ကောင်းဖို့ ဖန်တီးထားတာ တွေ့ရပါတယ်။ သယ်ဆောင်လို့ ရတဲ့ ဂိမ်းစက် ဆိုပေမယ့် ခရီးသွားရင်းသာ မဟုတ်ရင် အိမ်မှာ TV နဲ့ ချိတ်ကစားတာ ပိုပြီး စိတ်ကြိုက်ဖြစ်စေ ပါလိမ့်မယ်။ ဒါပေမယ့် HID လို့ ခေါ်တဲ့ Touch စနစ်နဲ့ ထိန်းချုပ် ကစားနိုင်မှု နည်းပညာ အားနည်းလို့ Androd စနစ်နဲ့ ဂိမ်းကြီးတွေကို ကစားရင် ထိန်းချုပ်ရမှု အာနည်းပါတယ်၊ မိမိ လိုရာသွားဖို့၊ ပစ်ဖို့၊ နောက်ဆုတ်ဖို့တွေ အတွက် နှေးချင်နေသလို ဖြစ်နေစေပါတယ်။ (၇) Shield Tablet K1 ။ ။ မော်ဒယ်က ဂိမ်းကစားဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ Tablet ဖြစ်နေလို့ ဂိမ်းစက်စာရင်းမှာ ထည့်လိုက်ပါတယ်။ ဒေါ်လာ ၂၀၀ နဲ့ ဈေးအချိုဆုံး ဖြစ်အောင် ထုတ်လုပ်ထားပါတယ်။ အခြား Android စနစ် အသုံးတွေ သိပ် မရပါဘူး။ GPU အထိုင် အရမ်းကောင်းတဲ့ အားသာချက် တခုက ဘယ်ဂိမ်းကို မဆို နှေးခြင်း၊ လေးခြင်း မရှိပဲ အကောင်းဆုံး ကစားနိုင်လာပါတယ်။ မျက်နှာပြင်ကျယ် ပါတယ်။ ဒါပေမယ့် Tablet တလုံးရဲ့ အခြားစနစ်တွေ ဖြစ်တဲ့ ဖုန်းကတ်ထည့်နိုင်မှု၊ App အသုံးပြုနိုင်မှုတွေကတော့ အရမ်းကို အားနည်းလွန်းပါတယ်။ ပြီးတော့ Tablet ပီပီ Touch စနစ်နဲ့ပဲ ထိန်းချုပ်ကစားရပါတယ်။ တခြား ဂိမ်းစက်တွေလို လက်နဲ့ ထိန်းချုပ်ကစားရတဲ့ ခလုတ်စနစ်တွေ မပါပါဘူး။ Ref: www.slant.com The post ပေါ့ပါးသွက်လက် စွမ်းရည်ထက်မြက်တဲ့ အကောင်းဆုံး ဂိမ်းစက်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2i8gQA1
via IFTTT
No comments:
Post a Comment