ငြိမ်းချမ်းရေးအတွက် မှန်ကန်တဲ့အဖြေရှာဖို့သတ္တိရှိရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော နိုဝင်ဘာ - ၂၇ ၊၂၀၁၇ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ JICM အစည်းအဝေးကို ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နဲ့ NCA လက်မှတ်ထိုးရှစ်ဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ တက်ရောက်လျှက်ရှိပါတယ်။ ရုပ်သံသတင်းထောက် - စိုးရ #ငြိမ်းချမ်းရေး #NCA #JICM #LocalNews #7DayNews #7DayTV (7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။) အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် http://ift.tt/2Ab7TN8 https://youtu.be/nKfFrnDpkc8
Source : http://ift.tt/2AAHeKh
via IFTTT
No comments:
Post a Comment