Thursday, November 30, 2017


မွန်းသူအိမ် သို့မဟုတ် ရှေးရိုးစွဲကို ချိုးဖောက်သူ ၁၉၉၅ ခုနှစ်ဖွား မွန်းသူအိမ်ဟာ ဒီစုစည်းမှုထဲမှာ ပါတဲ့ အငယ်ဆုံးကဗျာဆရာမ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာကိစ္စများကို ပွင့်လင်းရဲတင်းစွာ ထုတ်ဖော်ရေးသားခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု အတွင်း အခိုင်အမာတည်ရှိထားသော ရှေးရိုးအစဉ်အလာများကို ချိုးဖောက်ခဲ့သူဖြစ်သည်။ မေး။ ။ ပရော်ဖက်ရှင်နယ် ကဗျာဆရာမ တယောက် ဖြစ်ချင်လာတယ်ဆိုတာကို ဘယ်အချိန်မှာ စသတိထားမိလာတာလဲ ဖြေ။ ။ ပရော်ဖက်ရှင်နယ် ကဗျာဆရာမ၊ အပျော်တန်း ကဗျာဆရာမရယ်လို့ ရည်ရွယ်ခဲ့တာမျိုး သက်သက်တော့မရှိဘူး။ ကိုယ်နှစ်သက်တဲ့ ကဗျာဆရာ/မတွေက ကိုယ့်ကို ကဗျာဆရာမလို့ မြင် ပေးကြရင်ကိုပဲ ကိုယ့်မှာ ကြိတ်ဂုဏ်ယူနေရပါပြီ။ ကဗျာတွေကို ချစ်ပြီး၊ ကဗျာရေး ရတာကိုလည်း ချစ်လို့ကိုပဲ ကဗျာရေးနေတာပါ။ ကိုယ် ၂၀၁၂လောက်ကစပြီး ကဗျာစရေးဖြစ်ခဲ့ပါတယ်။ မေး။ ။ ဘယ်လိုမျိုးရေးလဲ ရေးရိုးရေးစဉ်ရယ် လို့တော့ မရှိဘူး။ ကဗျာရေးချင်စိတ်ပေါ်လာတဲ့အခါ ရေးတယ်။ တခါတလေ လမ်းပေါ်မှာ လမ်းလျှောက်နေရင်းနဲ့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ တွေ့နေတုန်း ရေးချင်စိတ်ဖြစ် လာတာမျိုးတွေ ရှိတယ်။ အဲဒီ့အခိုက်အတန့်ကို မလွတ်သွားဖို့ နည်းနည်းချရေးဖို့ ကြိုးစားတယ်။ စာကြည့်စားပွဲမှာ ထိုင်ပြီး အဲဒီ့အခိုက်အတန့်နဲ့ ခံစားမှုကို ပြန်ပြီးခံစားကြည့်တယ်။ ပြီးတော့ ရေးဖို့ကြိုးစားတယ်။ ကဗျာရေးတဲ့အခါ လွတ်လွတ်လပ်လပ် ရေးတဲ့ပုံစံအနေနဲ့ပဲ ရေးတယ်။ နောက်ဆုံး ကိုယ့်ဆီမှာ စကားလုံးတွေ ဗလာ မဖြစ်သွားခင်အထိ ကိုယ့်ဆီကနေ ထွက်လာနေသမျှ စကားလုံးတိုင်းကို ချရေးတယ်။ မေး။ ။ ကဗျာတစ်ပုဒ်ကို ပြန်ပြင်တာ ပြန်ရေးတာက ကဗျာအတွက် အလုပ်ဖြစ်ရဲ့လား ဖြေ။ ။ ကိုယ့်အတွက်ကတော့ ကဗျာဟာ ကဗျာဖြစ်သွားပြီ ဆိုတာနဲ့ကို လှနေပြီးပြီ။ ကိုယ့်ရဲ့ ကဗျာ ကို ပြန်ပြီး အလှပြင်တဲ့အခါ ပိုပြီးတောင် လှကောင်းလှသွားနိုင်ပါတယ်။ ဒါပေမယ့် ပြင်လွန်းရင် လည်း ဖင်ချွန်းသွားတတ်တာလည်း ရှိသေးတာကိုး။ အနုပညာနဲ့ လက်မှုပညာဟာ ညီညီညွှတ် ညွှတ်လေးရှိသင့်တယ် ထင်တာပါပဲလေ။ မေး။ ။ ကဗျာမရှိတဲ့ဘဝကို စိတ်ကူးဖူးလား ဖြေ။ ။ No ပါ၊ မကူးဖူးပါဘူး။ ကဗျာဆိုတာက ကိုယ့်အတွက် နတ်သဒ္ဓါတစ်ခုကို စားလိုက်ရ သလိုပါပဲ။ အရသာရှိတဲ့ အစားအစာကို စားရတာကလည်း တကယ့် သာယာမှုအစစ်တခုပဲလေ။ မေး။ ။ မလွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှာ နေထိုင်ရတဲ့အတွက် အရေးအသားအပေါ် ဘယ်လို အကျိုးသက်ရောက်တာတွေရှိလဲ ဖြေ။ ။ လူ့အဖွဲ့အစည်းက ကိုယ့်ရဲ့ ကဗျာတွေကို အကျိုးသက်ရောက်တယ်လို့တော့ မထင်ဘူး။ မလွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတခုအကြောင်းကို ကိုယ့် ရေးချင်ရေးမယ်။ ဒါပေမယ့် အဲဒီ့လူ့အဖွဲ့ အစည်းက ကိုယ်ရဲ့ စကားလုံးတွေအပေါ်တော့ လာပြီး ထိန်းချုပ်တာမျိုးကိုတော့ ကိုယ် လက်မခံ ပါဘူး။ လွတ်လပ်စွာပြောဆိုမှုအပေါ်မှာ ထားတဲ့ တားမြစ်ချက်တွေကိုလည်း ကိုယ် စိတ် မဝင်စားပါဘူး။ ကိုယ့်စည်းကမ်းနဲ့ပဲ ကိုယ်နေချင်ပါတယ်။ ကိုယ့်အတွက် ကိုယ်တိုင် ချထားတဲ့ စည်းကမ်းတွေနဲ့ပေါ့။ ကိုယ်ရဲ့ ကဗျာတွေအတွက် ကိုယ် တာဝန်ယူဖို့လည်း ဝန်မလေးပါဘူး။ မေး။ ။ မွန်းသူအိမ်ရဲ့ ကဗျာတွေက မြန်မာနိုင်ငံမှာ ငယ်ရွယ်တဲ့ မိန်းမတယောက်အတွက် ဘဝ က ဘယ်လိုဆိုတာကို မကြာခဏ စူးစမ်းရှာဖွေတယ်နော်။ ဖြေ။ ။ လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခွင့်အကြောင်း ကဗျာရေးခဲ့တဲ့ အကြောင်းရင်းတွေထဲက တခု က ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးအသံတွေ သိပ်မရှိဘူး။ မိန်းမတယောက် လူသားတစ်ယောက် အနေနဲ့ ဘာတွေးတယ်ဆိုတယ်ဆိုတဲ့ အသံတစ်ခုကို ပြောပြနိုင်တာကို ကိုယ် ကဗျာရေးသူ တယောက် နဲ့ ဂုဏ်ယူပါတယ်။ ဒါပေမယ့် ကိုယ့် ကို အမျိုးသမီးဝါဒီကဗျာဆရာမ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တာတွေကိုပဲ ရေးတဲ့ ကဗျာဆရာမဆိုပြီး ဝါးလုံးရှည်နဲ့ သိမ်းရမ်းတာ မျိုးကိုတော့ မကြိုက်ပါ ဘူး။ ကိုယ်က အမျိုးသမီးတယောက်ဖြစ်ပြီး ကိုယ် ရဲ့ ကဗျာတွေက အမျိုးသမီးသံ ပေါက်နေလိမ့်မယ်။ ဒါ ဘာထူးဆန်းလဲ။ ဒါပေမယ့် ကိုယ် ရဲ့ ကဗျာတွေအပေါ် မူတည်ပြီး လူတွေက ကိုယ့် ကို ဘယ်လိုမြင်တယ်ဆိုတာကို ဂရုကို မစိုက်မိအောင်ကြိုးစားပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတုန်းက ခပ်ရမ်းရမ်းဝေဖန်မှု တချို့ ကြောင့် ကိုယ် ကဗျာရေးတဲ့အခါ လွတ်လွတ်လပ်လပ်ရေးတဲ့ အကျင့်ကို လာပြီး ပိတ်ပင်သလို ဖြစ်သွားတာမျိုး ရှိခဲ့တယ်။ အဲဒီ့ခံစားမှုမျိုးကို ကိုယ် မကြိုက်ဘူး။ အဲ့ဒီလိုဝေဖန်မှုကြောင့် ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်မရပ် တည် သလိုမျိုး ဖြစ်ခဲ့တဲ့အတွက် စိတ်ပျော့ညံ့လိုက်တာလို့ ခံစားမိခဲ့တယ်။ ဒါကြောင့် အပြုသဘော မဆောင်တဲ့ ဝေဖန်မှုတွေကို အပြုသဘောဆောင်တယ်လို့ ယူဆတဲ့ လောင်စာဆီအနေနဲ့ ပြောင်းလဲ မြင့်မြင့်ပျံနိုင်ဖို့အတွက်ပေါ့။ ကဗျာက ကိုယ့်ရဲ့ တခြားဘဝတခုလို့ ယုံမှတ်ပါတယ်။ အဲ့ဒီဘဝကို တကယ့်ဘဝရဲ့ အကျိုးသက် ရောက်မှုတွေက ပုံသွင်းတာမျိုး မဖြစ်သင့်ပါဘူး။ ကဗျာက ကမ္ဘာကြီးရဲ့ ကိုယ့်လွတ်လပ်မှုရဲ့ ကိုယ့် ဖြစ်တည်နေမှုရဲ့ တံခါး ဖြစ်ပါတယ်။ ဖြစ်တည် နေမှုဆိုတာက လွတ်လပ်မှုနဲ့ ဝင်ပေါက်ပဲလို့ ကျွန်မထင်တယ်။ ဘယ်လိုပြောရမလဲ။ ကိုယ့်မှာ စိတ်ဓာတ်ကျတာတွေ၊ စိတ်ခံစားမှုတွေနဲ့ ဝမ်းနည်းကြေကွဲမှုတွေ ရှိပါတယ်။ နာကျင်ခါးသီးရဖို့က လွယ်ပါတယ်။ ဒါပေမယ့် ပျော်ရွှင်ရဖို့က ခက်ခဲပါတယ်။ အဲ့ဒါကြောင့်လည်း ကဗျာရေးတာ။ ဘယ်သူ့ကိုမှ မပြောဖြစ်တဲ့ အကြောင်းအရာတွေဆီကနေ ကိုယ့်ကိုကိုယ် လွတ်လပ်မှုပေးလိုက် တဲ့အနေနဲ့။ လူတိုင်းမှာ ဒီလိုမျိုး စိတ်ခံစားမှုတွေ ရှိကြတာပဲ။ ကိုယ့်မှာလည်း ရှိတာပဲ။ အဲဒီ့ စိတ်နေစိတ်ထားတွေကို ချရေးလိုက်တဲ့အနေနဲ့ ကဗျာတွေကို ရေးတယ်။ ဒိုင်ယာရီ ရေး သလိုမျိုးပေါ့။ ကိုယ့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေကိုတောင်မှ ပြောပြလို့မရတဲ့ အရာဆိုရင်တော့ အဲဒီ့ခံစားချက်တွေကို ကဗျာတွေထဲ ပစ်ထည့်လိုက်ပါတော့တယ်လေ။ မေး။ ။ အခု အမေရိကမှာ ကျောင်းတက်နေတယ်နော်။ ဖြေ။ ။ ကွန်ပျူတာသိပ္ပံက အဓိကဘာသာရပ်ပါ။ တခြားဘာသာရပ် အနေနဲ့တော့ အနုပညာကို ယူထားပါ တယ်။ ဒီဂရီတခု ရဖို့မျှော်လင့်ပြီး ကျောင်းပြီးသွားတဲ့အခါ ကွန်ပျူတာသိပ္ပံနဲ့ အလုပ်တစ်ခု ရဖို့ကိုလည်း မျှော်လင့်ပါတယ်။ အိမ်ဝေးဖြစ်နေတဲ့အခါမှ ကိုယ့် တိုင်းပြည်ကို ဘယ်လောက်ချစ်တယ်ဆိုတာကို သဘောပေါက်လာ တယ်။ Petr Lom နှင့် ခင်အောင်အေး စီစဉ်သည့် ကဗျာဆရာ ၁၇ဦး၏ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ ယင်း “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။ ဆက်စပ်ဖတ်ရှုရန် – မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်” အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀” မောင်ပြည့်မင်း သို့မဟုတ် နှစ်ယောက်ညချမ်း အောက်မေ့ဖွယ် ဇာတ်ဝင်ခန်း မိုးဝေး သို့မဟုတ် ကဗျာစစ်စစ်ကိုသာ ရေးချင်သူ မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ မြတ် သို့မဟုတ် အတွေးအခေါ် ဘောင်ခတ်ထားမှုမှ ဖောက်ထွက်ချင်သူ ဟံလင်း သို့မဟုတ် တကယ်တမ်းက ဒီလို ဆူးရင့် သို့မဟုတ် သံယောဇဉ်ကြိုးကို ဖြတ်တောက်သူ The post မွန်းသူအိမ် သို့မဟုတ် ရှေးရိုးစွဲကို ချိုးဖောက်သူ appeared first on ဧရာဝတီ.
Source : http://ift.tt/2AoSJUD
via IFTTT

No comments:

Post a Comment