Monday, November 27, 2017


G-Shock ၃၅ နှစ်ပြည့်အဖြစ် 35th Anniversary Collection နာရီများ ရောင်းချမည် ၁၉၈၃ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တဲ့ G-SHOCK နာရီများဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ သက်တမ်း ၃၅ နှစ် ပြည့်မှာ ဖြစ်ပြီး ၃၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်လုပ်ထားတဲ့ 35th Anniversary Collection နာရီများကို ဈေးကွက်ထဲ မကြာမီ ရောင်းချတော့မယ်လို့ သိရပါတယ်။ G-Shock မှ ၂၀၁၈ ခုနှစ်မှာ ၃၅ နှစ်ပြည့်မယ့် G-Shock အကြိုဂုဏ်ပြုပွဲနဲ့ ၃၅ နှစ်ပြည့်အဖြစ် ထုတ်လုပ်ထားတဲ့ 35th Anniversary Collection များကို ဈေးကွက်ထဲ မချပြမီ G-Shock Collector (G-Shock နာရီ စုဆောင်းသူများ) ကို အရင်ဦးဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။ G-Shock Collector Night 2017 ကို နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့ “Pyrite Club” မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါပွဲကို မြန်မာပြည်အနှံ့မှ G-Shock Collector များနဲ့ မော်ဒယ်လ်များ၊ အနုပညာရှင်များစွာ တက်ရောက်ခဲ့ကြပါတယ်။ G-Shock နာရီများကို စတင်ထုတ်လုပ်ခဲ့တဲ့ အမြင်နဲ့အယူအဆကတော့ “လွတ်ကျရင်တောင် မကွဲနိုင်တဲ့ နာရီအား တီထွင်ရန်” ဆိုတဲ့ အချက်ကို အခြေခံထုတ်လုပ်ထားပြီး အကြမ်းခံနိုင်အောင်နဲ့ ရေစိုခံနိုင်အောင် အထူး ဖန်တီးထားတာ ဖြစ်ပါတယ်။ G-Shock နာရီက လူငယ်တွေကြားမှာ Street Wear Fashion အဖြစ် ရေပန်းစားပါတယ်။ G-SHOCK Collector Night 2017 မြင်ကွင်း/သီဟတိုး/ ဧရာဝတီ ဒါ့အပြင် စွမ်းဆောင်ချက်များစွာ ပါဝင်တဲ့ G-Shock နာရီများက Fashion & Function Accessories များအဖြစ်လည်း လူကြိုက်များပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ G-Shock ဟာ ကမ္ဘာတဝန်းမှာ နာရီပေါင်း သန်းတရာကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီး သန်းတရာမြောက် အထိမ်းအမှတ်နာရီအဖြစ် နာရီရဲ့ ကျောဘက်မှာ 100,000,000 စာလုံးကို ထည့်ထွင်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။ G-Shock Collector Night ကို ဖိတ်ကြားခံရတဲ့ Collector များဟာ ရန်ကုန်၊ ပဲခူး၊ ပဲနွယ်ကုန်း၊ မအူပင်၊ မန္တလး၊ သီပေါ၊ ကလေးမြို့များမှ Collector ဖြစ်ပြီး မြန်မာနိုင်ငံမှ Collector များကို နိုင်ငံတကာနဲ့ တန်းတူ နောက်ဆုံးပေါ် ဒီဇိုင်းဆန်းများ ဝတ်ဆင်နိုင်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ G-Shock Collection များ အစုံအလင်ရရှိနိုင်တဲ့ G-Factory ဆိုင် ၇ ဆိုင် ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။ The post G-Shock ၃၅ နှစ်ပြည့်အဖြစ် 35th Anniversary Collection နာရီများ ရောင်းချမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2iTyvZi
via IFTTT

No comments:

Post a Comment