Monday, November 27, 2017


ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရန်ကုန်မြို့သို့ ရောက်ရှိ ကက်သလစ် ခရစ်ယာန်သာသနာ၏ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့ နေ့လည် ၁နာရီ မိနစ် ၃၀မှာ ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာ ခဲ့ပြီဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးတပါးအနေဖြင့် မြန်မာပြည်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဘာသာဝင်များနှင့် ပြည်သူများကလည်း ပုပ်ရဟန်းမင်းကြီးကို သောင်းသောင်းဖျဖျကြိုဆိုကြသည်ကို တွေ့ရသည်။ မင်္ဂလာဒုံ လေယာဉ်ကွင်းမှ တည်းခိုမည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ ကာဒီနယ် နန်းတော်သို့ သွားရာ လမ်းတလျှောက် ကြိုဆိုရေး စုရပ်များအဖြစ် မင်္ဂလာဒုံလေဆိပ် VIP အပေါက် အပြင်ဘက်၊ ၉ မိုင် မရမ်းကုန်း Ocean ရှေ့နှင့် ၇မိုင် ADလမ်း မှတ်တိုင်၊ အင်းလျားကန် တံတားဖြူ မှတ်တိုင်၊ တိုင်းဒေသကြီး လွှတ်တော် ရုံးရှေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်မှ စတင်ကာ သိမ်ဖြူလမ်း စိန့်ပေါလ်ဘုရားကျောင်းရှေ့အထိ သတ်မှတ်ပေးထားခဲရာ လမ်းတလျှောက် တိုင်းရင်းသား ဝတ်စုံများ အစီအရီဝတ်ဆင်ကာ ကြိုဆိုသူများနှင့် ပြည့်နှက်လျှက်ရှိသည်။ ပုပ်ရဟန်းမင်းကြီးသည် မနက်ဖြန်မှာ နေပြည်တော်သို့ သွားရောက်ကာ သမ္မတ ဦးထင်ကျော် အပါအဝင် နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားစီတွေ့ဆုံမည်ဖြစ်ပြီး၊ ညနေပိုင်းမှာ နေပြည်တော်ရှိ အစိုးရ အဖွဲ့ဝင်များ လူမှုအဖွဲ့အစည်းများမှသူများနှင့် တွေ့ဆုံပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ဘာသာဝင် စုစုပေါင်း ၁သိန်း ၅သောင်းနှင့် တွေ့ဆုံ ကာ လူထုဝတ်ပြုဆုတောင်းပွဲနှင့် တရားဟောကြားမှု ပြုလုပ်မည်ဖြစ်ပြီး၊ ထိုနေ့မှာပင် ကမ္ဘာအေး ကုန်းမြေသို့ သွားရောက်ကာ သံဃ မဟာနာယက အဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ စိန်မေရီ ဘုရားကျောင်းတွင် မြန်မာ ကက်သလစ် ဆရာတော်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်သည်။ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်၌ စိန်မေရီ ဘုရားကျောင်းရှိ လူငယ်များနှင့် ဘုရားဝတ်ပြုပြီးသည့် နောက်မှာ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာမှာဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး မလာရောက်မီ မြန်မာပြည်သူများကို ပြန်လည်သင့်မြတ်ခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ငြိမ်းချမ်းခြင်း နှုတ်ခွန်းဆက် သတင်းစကားကို ပြောကြားခဲ့သည်။ ဗာတီကန်နှင့် မြန်မာနိုင်ငံသည် ယခုနှစ်မတ်လမှာ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ သဘောတူညီ ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ မေလအတွင်းက သွားရောက်ခဲ့သည့် ဥရောပခရီးစဉ်မ၌ ဗာတီကန်သို့ လည်း သွားရောက်ကာ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံပြီး သံတမန်ဆက်ဆံရေး တရားဝင်ထူ ထောင်ခဲ့ခြင်းဖြစ်သည်။ The post ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ရန်ကုန်မြို့သို့ ရောက်ရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2AB0BCX
via IFTTT

No comments:

Post a Comment