Monday, November 27, 2017


လင်းခေးမြို့တွင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် RCSS/SSA သဘောတူ တနိုင်ငံလုံး အပစ်ရပ် စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) သည် ဒေါ်အောင်ဆန်းစုကြည် အကြံပြုသည့် လင်းခေးမြို့တွင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် သဘောတူညီလိုက်ကြောင်း သတင်းရရှိသည်။ ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ၆ ကြိမ်မြောက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် အထက်ပါအတိုင်း သဘောတူညီလိုက်ခြင်း ဖြစ်ကြောင်း ပွဲအပြီး ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ RCSS/SSA က အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပလိုပြီး တောင်ကြီးမြို့တွင် မရပါက ပင်လုံမြို့တွင် ဆွေးနွေးလိုကြောင်း အဆိုပြုလာသော်လည်း တပ်မတော်ဘက်က လက်မခံဘဲ မိုင်းပန်မြို့တွင် ဆွေးနွေးရန် အဆိုပြုခဲ့ကြောင်း၊ သို့သော် အဖြေမထွက်၍ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်မှ ကြားဝင်၍ လင်းခေးမြို့ကို အဆိုပြုရာ ၂ ဖက်စလုံးမှ လက်ခံခဲ့ကြောင်း သိရသည်။ ဦးဇော်ဌေးက “အတိုင်ပင်ခံပုဂ္ဂိုလ်က ကြားကနေ လင်းခေးကို တတိယနေရာအဖြစ် အဆိုပြုတဲ့အချိန်မှာ ၂ ဖက်လုံးက လက်ခံပါတယ်။ ၂ စလုံးက လက်ခံတဲ့အတွက် လင်းခေးကို အတည်ပြုသွားတာ ဖြစ်ပါတယ်။ RCSS က လူမျိုးအလိုက် ဆွေးနွေးပွဲတွေ လုပ်မှာပါ”ဟု ပြောသည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပမည့် ရက်ကိုလည်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပရန် ယနေ့ ကျင်းပသည့် JICM အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ပြီး ယင်း မတိုင်မီတွင် RCSS/SSA က လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဇန်နဝါရီလအတွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ သို့သော် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောဒေသ ပဋိပက္ခများကြောင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်တွင် ပြုလုပ်နိုင်မည် မဟုတ်သေးကြောင်း၊ လာမည့် ၂၁ ပင်လုံ ညီလာခံတွင် UPDJC လုပ်ငန်း ကော်မတီမှတဆင့် ရခိုင်လွတ်မြောက်ရေးပါတီ (ALP)က စာတမ်းတစောင် တင်သွင်းနိုင်ရန် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဝိုင်းဝန်း ကြိုးစားပေးရန် စီစဉ်လျက်ရှိကြောင်း ချင်းအမျိုးသား တပ်ဦး (CNF) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ပြောသည်။ “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပက်သက်လို့ ALP (ရခိုင် လွတ်မြောက်ရေး ပါတီ) ရဲ့ National Dialogue နဲ့ ပက်သက်လို့ အားလုံးက ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ချနိုင်ခဲ့ပါတယ်။ လောလောဆယ်တော့ ကျင်းပနိုင်ခြင်း မရှိသေးဘူး။ အဲဒီသဘောတော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။ ယနေ့ အစည်းအဝေးတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား လိပ်ခဲတည်းလည်း ဖြစ်နေသည့် ကိစ္စရပ် အခြေအနေ အများစုမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင် အဖြေရှာပေးမှုကြောင့် အောင်မြင်သည်ဟု ပြောနိုင်ကြောင်း၊ အစည်းအဝေးသို့ လာရောက်သည့် တပ်မတော်မှ အရာရှိများကိုလည်း EAO ခေါင်းဆောင်တဦး အနေဖြင့် ကျေးဇူးတင်ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်ဆာခေါင်းက ဆိုသည်။ နောက်တကြိမ် ကျင်းပမည့် JICM အစည်းအဝေးကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပသွားရန် သဘောတူညီနိုင်ခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း နံပတ် ၁ ကိုလည်း ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုမည် ဖြစ်ကြောင်း၊ NCA အကောင်အထည်ဖော်မှု အလုပ်အဖွဲ့ အစည်းအဝေး အစီရင်ခံစာများ၊ UPDJC မှ ရေးဆွဲ ထားသော TOR ၊ SOP များကိုလည်း ယနေ့ အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ The post လင်းခေးမြို့တွင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် RCSS/SSA သဘောတူ appeared first on ဧရာဝတီ.
Source : http://ift.tt/2ncoprd
via IFTTT

No comments:

Post a Comment