Monday, November 27, 2017


ကျန်းမာရေးအတွက် အကောင်းဆုံး အခန်းအပူချိန်များ ဆောင်းတွင်းပိုင်းရောက်လာတော့ လူအများစုက နွေးထွေးအောင် နေတတ်ကြပါတယ်။ Air-Con ရှိသည့်တိုင်အောင် အပူချိန်ကို တင်ထားတတ်ကြပါတယ်။ နွေရောက်တော့ ပန်ကာလေးနဲ့ နေသူကလည်းနေ၊ Air-Cooler နဲ့ သာယာ သူတွေလည်း ရှိကြတာပေါ့။ ဒါပေမယ့် နွေမှာပဲဖြစ်ဖြစ်၊ ဆောင်းမှာပဲဖြစ်ဖြစ် ဘယ်လို အပူချိန်မှာ နေထိုင်တာ အကောင်းဆုံးပါလဲ၊ ပြီးတော့ ကိုယ်နေထိုင်တဲ့ အိမ်မှာ အပူချိန် တခုကို သီးသန့် သတ်မှတ်ထားပြီး အမြဲနေလို့ရော ကောင်းပါရဲ့လား။ ဆိုလိုတာကတော့ အိမ်ခန်းရော၊ အိပ်ခန်းရော၊ အခန်းတိုင်း အပူညီ တပြေးညီ နေထိုင်တာ ကောင်းပါရဲ့လား။ အခန်း တခန်းချင်းစီအတွက် အကောင်းဆုံးထားရှိ နေထိုင်သင့်တဲ့ အခန်း အပူချိန်လေးတွေအကြောင်း နည်းနည်းလောက် ပြောပြချင်ပါတယ်။ ဧည့်ခန်း၊ အိမ်ခန်းအတွက် အကောင်းဆုံး အပူချိန် ဒီအခန်းတွေကတော့ သင့်အနေနဲ့ အိပ်ခန်းနဲ့အတူ တနေ့တာရဲ့ အချိန်အများစု နေထိုင်ရာ အခန်းတွေပါ။ TVကြည့်တာက အစ အိပ်ချိန်ကလွဲရင် အချိန် အများစု ဒီ အခန်းတွေမှာပဲ ရှိပါလိမ့်မယ်။ အကောင်းဆုံး အပူချိန် ထားရှိ နေထိုင်သင့်မှုက ၁၉ ဒီဂရီစင်တီဂရိတ်ကနေ ၂၂ ဒီဂရီ စင်တီဂရိတ်အတွင်းပဲ ဖြစ်ပါတယ်။ ရုံးခန်းတွေမှာလည်း အခု အပူချိန်အတိုင်း ထားရှိ နေထိုင်ဖို့ သင့်ပါတယ်။ ၂၂ ဒီဂရီထက်တော့ ပိုပြီး ပူလောင်အောင် မနေသင့်ပါဘူး။ အိပ်ခန်းအတွက် အကောင်းဆုံး အပူချိန် တနေ့တာရဲ့ လေးချိုးတချိုးကနေ သုံးချိုးတချိုးလောက် အချိန်ထိအောင် အိပ်ခန်းထဲမှာ အချိန်ပေးရလို့ သူလည်း နေထိုင်မှု များတဲ့နေရာတခုပါ။ ဒါ့အပြင် ကျန်းမာရေးအတွက် အကောင်းဆုံး အိပ်စက်ပုံကလည်း ကိုယ်လုံးတီး အိပ်စက်တာ အကောင်းဆုံးဖြစ်လို့ ညဝတ်စုံနဲ့ ပေါ့ပေါ့ပါးပါးလည်း အိပ်နိုင်သလို သဘာဝအတိုင်း လွတ်လွတ်လပ်လပ်လည်း အိပ်စက်နိုင်ပါတယ်။ အိပ်ခန်းမှာ အကောင်းဆုံး ထားရှိ အိပ်စက်သင့်တဲ့ အပူချိန်ကတော့ ၂၀ ဖြစ်ပါတယ်။ အေးတယ် ထင်ရင် စောင်ခြုံပြီး နွေးထွေးအောင် အိပ်ပါ။၂ဝ ဒီဂရီက အကောင်းဆုံး အိပ်ခန်းအပူချိန်ဖြစ်ပါတယ်။ သတိပြုစရာက ၁၅ ဒီဂရီထက် ပိုပြီးတော့ အပူချိန်လျော့ချ အိပ်စက်ဖို့တော့ မကောင်းပါဘူးနော်။ ရေချိုးခန်းအတွက် အကောင်းဆုံး အပူချိန် ရေချိုးမယ် ဆိုကတည်းက နည်းနည်းတော့ အေးမှာပေါ့၊ ရေနွေးနဲ့ချိုးသည် ဖြစ်စေ၊ ရေအေးနဲ့ ချိုးသည် ဖြစ်စေ အကောင်းဆုံးက ရေချိုးခန်းဟာ အေးဆေးသန့်ရှင်းနေဖို့ လိုအပ်မှာပါ။ ပူလောင်အိုက်စက်နေတဲ့ ရေချိုးခန်းတခုကို ဘယ်သူမှ လိုချင်မှာ မဟုတ်ပါဘူး။ ရေချိုးခန်း အတွက် အကောင်းဆုံး ထားရှိ အသုံးပြုသင့်တဲ့ အပူချိန်ကတော့ ၂၃ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။ အိမ်ခန်းနဲ့ အိပ်ခန်းတွေထက်ကိုပဲ အဆင့်မြင့် တိုက်ခန်းတွေမှာ ရေချိုးခန်း အတွင်း Towel Radiatorလို့ ခေါ်တဲ့ အပူထိန်း စနစ်ကို ထည့်သွင်း ဖန်တီးထားတတ်ကြပါတယ်။ ဒီ စနစ်က ရေချိုးခန်းအတွင်း အပူချိန်ကို မိမိက ၂၃ ဒီဂရီစင်တီဂရိတ် ထားရှိတယ် ဆိုရင် အဆိုပါ အပူချိန်အတိုင်း ရှိနေစေရုံတင်မဟုတ်ဘဲ ဘေးဘက်နဲ့ အထက်၊ အောက် နံံရံအတွင်းသားတွေကိုပါ အဆိုပါ အပူချိန်အတိုင်း ညီမျှနေအောင် ထိန်းပေးတဲ့စနစ်ဖြစ်ပါတယ်။ ဒီအတွက် ရလဒ်ကတော့ အပူချိန် ကွာဟချက် မရှိတော့ဘဲ ရေချိုးချိန် ကြာသွားသည့်တိုင်အောင် အပူချိန်ညီမျှမှုကြောင့် ကျန်းမာရေးထိခိုက်မှု နောက်ဆက်တွဲ ဖြစ်မလာစေတော့တာပဲ ဖြစ်ပါတယ်။ အိမ်မှာမရှိချိန်တွေ အိမ်မှာ မနေဘူးဆိုတော့ ရုံးတက်ချိန်တွေ၊ ကားမောင်းနေချိန်တွေ၊ စားသောက်ဆိုင်ထိုင်နေချိန်တွေ၊ ကျောင်းတက် နေချိန်တွေ အားလုံးပေါ့။ ပုံမှန်သွားလာနေကျ ရုံး၊ ကျောင်း၊ အိမ်တွေမှာ နေထိုင်မှုအတွက်ကတော့ အပူချိန်ကို ၂ဝ ဒီဂရီ ဝန်းကျင်နဲ့ အထက်မှာပဲ ထားရှိ နေထိုင်တာ အကောင်းဆုံးပါ။ ကားထဲ၊ ရုံးခန်း၊ ကျောင်းခန်းတွေမှာ ၂ဝ ဒီဂရီထက် မလျော့တဲ့ အပူချိန်မှာ နေထိုင်တာ အကောင်းဆုံးပါ၊ ဒါက နေ့စဉ် နေထိုင်မှု ဘ၀ အတွက် ဖြစ်ပြီး ခရီးသွားချိန်တွေမှာတော့ မိမိ အိမ်မှာ မရှိချိန် အိမ်ခန်းရဲ့အပူချိန်ကို လျှော့ချပြီး ထားရှိ သွားလာတာ အကောင်းဆုံး ဖြစ်ပါတယ်။ မိမိအနေနဲ့ ခရီး ၂ ပတ်လောက် သွားမယ်ဆိုရင် တချို့က အိမ်မှာရှိတဲ့ လေပူ၊ လေအေးစနစ် အားလုံးကို ပိတ်ပြီး သွားတတ်ပါတယ်။ တကယ်တမ်းကတော့ အထက်မှာ ပြောခဲ့သလို ၂ဝ ဒီဂရီ ဝန်းကျင် ထားရှိအသုံးပြုနေရာကနေ စနစ် အားလုံးကို ပိတ်လိုက်တဲ့အတွက် အပူချိန် ချက်ချင်း ကျသွားပါတယ်။ အခန်း တွေက အလုံတွေဖြစ်လို့ အခန်းတွင်းမှာ လက်ကျန် အအေးဓါတ် ပျက်ပြယ်မှုကနေ စိုထိုင်းလာပြီး ရေငွေ့တွယ်ပါတယ်။ အလုံခန်းဖြစ်လို့ ရေငွေ့က အပြင်ထွက်မရတော့ဘဲ အခန်းတွင်း စိုထိုင်းနေတတ်ပါတယ်။ ဒီလို နောက်ဆက်တွဲ စိုထိုင်းမှု မဖြစ်အောင် မိမိအနေနဲ့ ခရီးသွားမယ်ဆိုရင် အခန်းကို အပူချိန် လျော့ချ ထားရစ်ခဲ့တာ အကောင်းဆုံးပါ။ ၁၄ ဒီဂရီ စင်တီဂရိတ်လောက်ထိအောင် ဖွင့်ထားခဲ့သင့်ပါတယ်။ ဒါပေမယ့် မိမိ ပြန်ရောက်မယ့် ၁ ရက် အလိုမှာတော့ ၁၄ ဒီဂရီထက် ပိုတဲ့ ပုံမှန် မိမိ နေထိုင်နေကျ အပူချိန်နှုန်း ပြန်ထားပြီး ပြင်ဆင်ထားသင့်ပါတယ်။ Digital Thermostat တွေမှာ Timer စနစ်တွေပါရှိပြီး အချိန်မှတ်သားစနစ်နဲ့ ကြိုတင် ပြင်ဆင်ခဲ့လို့ရပါတယ်။ www.vasco.eu တွင် ဖော်ပြထားတဲ့ What is the deal room temperature in your living room, bathroom and nedroom? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post ကျန်းမာရေးအတွက် အကောင်းဆုံး အခန်းအပူချိန်များ appeared first on ဧရာဝတီ.
Source : http://ift.tt/2hUiQYA
via IFTTT

No comments:

Post a Comment