ရန်ကုန်တက္ကသိုလ်ရှိ စားသောက်ဆိုင် ၂၇ ဆိုင်ကို FDA ရှောင်တခင်စစ်၊ မုန့်ဟင်းခါးဖတ်တွင် ဖော်မလင်တွေ့ရှိ ရန်ကုန်၊ နိုဝင်ဘာ ၂၈ အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန (FDA) မှ ရန်ကုန်တက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး စားသောက်ဆိုင် တစ်ဆိုင်တွင် ရောင်း ချလျက်ရှိသည့် မုန့်ဟင်းခါးဖတ်တွင် ဖော်မလင် ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး FDA ရုံး၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မင်းဝန်က ပြောကြားသည်။ “စစ်ဆေးပြီးတဲ့အခါမှာ ကောင်း တာတွေလည်းရှိသလို မကောင်းတာကတော့ မုန့်ဟင်းခါးဖတ်မှာ ဖော်မလင် မလွတ်တာတွေ့ခဲ့တယ်။ အရေးယူမှုက လောလောဆယ်တွေ့တဲ့ဆိုင်ကိုပညာပေး ခဲ့ပြီ။ အဲ့ဒီဆိုင်က သူများဆီက ဝယ်ထား တာဖြစ်တဲ့အတွက် Source ကို လိုက်စုံစမ်းသွားမယ်”ဟု ၎င်းကရှင်းပြသည်။ ရန်ကုန်တက္ကသိုလ်အတွင်းရှိ စား သောက်ဆိုင် ၂၇ ဆိုင်တွင် အသုံးပြုလျက် ရှိသည့် ကုန်ကြမ်းပစ္စည်းများဖြစ်သော ငရုတ်သီးမှုန့်၊ ငါးပိ၊ လက်ဖက်၊ မုန့်ဖတ်၊ ခေါက်ဆွဲဖတ် စသည့်ပစ္စည်းများနှင့် အခြား ကုန်ကြမ်းများအပြင် ယင်းစားသောက်ဆိုင်များ၏ မီးဖိုဆောင်များ သန့်ရှင်းမှု ရှိ၊ မရှိ စသည်များကိုပါ စစ်ဆေးကာ ပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း FDA ထံမှ သိရသည်။ “ဆိုင်တွေမှာ အသုံးပြုနေတဲ့ ကုန်ကြမ်းတွေကို အဓိက ထားပြီး စစ်ဆေးတာပါ။ ထောက်ခံချက် မရထားဘဲ ဈေးကနေ ဝယ်သုံးနေတာတွေမှာ ဆိုးဆေးသုံးလား၊ ဖော်မလင်သုံးလား စသဖြင့် စစ်ခဲ့တာပါ”ဟု ဒေါက်တာမင်းဝန်က ဆိုသည်။ ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေနှင့် တိုင်းနှင့်ပြည်နယ် အသီးသီး တက္ကသိုလ်များရှိ စားသောက်ဆိုင်များကိုလည်း ဆက်လက် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် အမြန်လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များကိုပါ ဆက်တိုက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ FDA အနေနှင့် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လမှ စတင်ကာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများကို အရှိန်အဟုန်မြှင့်တင် စစ်ဆေး အရေးယူမှုများ ပြုလုပ်လျက်ရှိပြီး သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီမှု မရှိသော ထုတ်လုပ်၊ ရောင်းချ၊ ဖြန့်ဖြူးသူများကို အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းဌာန၏ မှတ်တမ်းများအရ သိရသည်။
Source : https://goo.gl/3ZTuc6
via IFTTT
No comments:
Post a Comment