Thursday, November 30, 2017

MOI Webportal Myanmar

ညောင်ပုထိုးကျေးရွာတွင် မြစိမ်းရောင် စီမံကိန်းချေးငွေ ကျပ် (၃၉၁) သိန်း တတိယအကြိမ် ထုတ်ချေး ဒီပဲယင်း နိုဝင်ဘာ ၃ဝ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် မြစိမ်းရောင်စီမံကိန်ချေးငွေ တတိယအကြိမ် ထုတ်ချေးခြင်းကို ညောင်ပုထိုးကျေးရွာ၊ မြစိမ်းရောင်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ နေအိမ်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်။ အဆိုပါချေးငွေပေးအပ်ပွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ခင်မီမီအောင်က ကျေးရွာမြစိမ်းရောင် ကော်မတီဝင်များ၊ မြစိမ်းရောင်အသင်းဝင်များနှင့် တွေ့ဆုံပြီး စီမံကိန်းကာလနှစ်နှစ်အတွင်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း(၃ဝဝ)နှင့် အတိုးရငွေကျပ် (၉၁) သိန်း စုစုပေါင်း ငွေကျပ် (၃၉၁) သိန်းနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ စီမံကိန်းဆောင်ရွက်ရာတွင် တွေ့ကြုံခဲ့ရသည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ၊ တတိယအကြိမ်ထုတ်ချေးမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ချေးငွေများကို တတိယအကြိမ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ (ခင်ဦးစိုးဝေ)
Source : http://ift.tt/2ilS0g5
via IFTTT

No comments:

Post a Comment