Thursday, November 30, 2017


ဈေးနှုန်းသင့် နည်းပညာလည်းမြင့်မားတဲ့ Nissan ရဲ့ 2018 Infiniti Q60 Coupe မော်ဒယ်သစ် ဂျပန် အခြေစိုက် Nissan ကားကုမ္ပဏီကြီးရဲ့ ဇိမ်ခံ မော်ဒယ်ထုတ် Infiniti က အခု နောက်ပိုင်း Lexus နဲ့ Acura လို အာရှ ဇိမ်ခံ အမှတ်တံဆိပ်တွေရဲ့ အရည်အသွေးနဲ့ ဈေးကွက်ကို ယှဉ်ပြိုင်လာတာ တွေ့ရပါတယ်။ ပြီးတော့ မော်ဒယ်ခွဲရော ကိုယ်ထည်ပိုင်းမှာ ပါ ရွေးချယ်နိုင်စရာ များအောင် မော်ဒယ်တွေ ထုတ်လုပ်လာတဲ့ အပြင် အရင်က ဆီဒင် ကိုယ်ထည် အနေနဲ့ပဲ ရနိုင်ခဲ့တဲ့ Q60 ကို အခုတော့ နှစ်ယောက်စီး ကိုယ်ထည် Coupe အနေနဲ့ပါ ရနိုင်အောင် ထုတ်လုပ်လာတာ တွေ့ရပါတယ်။ ဒီ မော်ဒယ်က နည်းပညာပိုင်း အထူး အားကောင်းအောင် ဖန်တီးထားပြီး ယာဉ်မောင်း အကူအညီပေးစနစ်မှာ အချက်ပြစနစ် တွေ၊ ပတ်လည် ရိုက်ကူး ကင်မရာစနစ်တွေနဲ့ လိုလေသေး မရှိအောင် ပြည်စုံလာပါတယ်။ အရေးပေါ် ဘရိတ်စနစ် ဆိုရင်လည်း မောင်းနှင်သူက ဘရိတ်ဖမ်းရုံနဲ့ အမြန်နှုန်း အနေအထား အပေါ်ကို မူတည်ပြီးတော့ အလိုအလျောက် ဝင်ရောက် ထိန်းချုပ် ကူညီမှု ပေးပါတယ်၊ သဘောကျစရာပါ။ Red Sport 400 မော်ဒယ်ခွဲတွေ ဆိုရင် စွမ်းအင် ထုတ်လုပ်မှု အထူး ကောင်းမွန်တဲ့ V6 အင်ဂျင်စနစ်ကို တပ်ဆင်ထားပြီး ပြိုင်ကားတွေရဲ့ စွမ်းဆောင်ရည်ကို အမီလိုက်နိုင်လောက်အောင် အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်ပါတယ်။ နောက်ဆုံး သဘောကျစရာ ကောင်းတဲ့ အချက်ကတော့ အတွင်းခန်း အပြင်အဆင် ဖြစ်ပြီး ဇိမ်ခံစစ်စစ် နှစ်ယောက်စီး မော်ဒယ်တွေထဲမှာ အကောင်းဆုံး အပြင်အဆင်နဲ့ ဆက်စပ် ပစ္စည်း အရည်အသွေး အကောင်းဆုံး ပါရှိတဲ့ မော်ဒယ် ဖြစ်လာပါတယ်။ ဒါပေမယ့် အားနည်းချက်တချို့ကို ထုတ်နုတ်ပြရရင် ကိုယ်ထည် ဒီဇိုင်းနဲ့ ရုပ်ထွက်က ဆွဲဆောင်မှု အားနည်းနေပါတယ်။ များသောအားဖြင့် ဈေးကွက်ဝင် နှစ်ယေက်စီး မော်ဒယ်တွေက ဆွဲဆောင်မှု ကောင်းအောင် ဦးစားပေး ထုတ်လုပ်ပေမယ့် အခု Q60 Coupe ကတော့ သိသာပေါ်လွင်တဲ့ ရုပ်ထွက်ပုံစံကို ဦးစားပေးထားတာပါ။ တခြား မော်ဒယ်တွေနဲ့ ယှဉ်ရပ်ထားရင် သိသာ ပေမယ့် လှပသေသပ်မှု အားနည်းပါတယ်။ နောက်ပြီး အတွင်းခန်း နည်းနည်းကျဉ်းနေပါတယ်။ နှစ်ယောက်စီး မော်ဒယ်တွေမှာ အထူးသဖြင့် ရှေ့ခန်းက သိသိသာသာ ကျယ်ပေမယ့် အခုတော့ မော်ဒယ်က အတွင်းခန်း တခန်းလုံး ပြိုင်ဘက် မော်ဒယ်တွေထက် ကျဉ်းနေသလို ပါပဲ။ အခုနှစ် Q60 Coupe ကို ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ ၅ မျိုး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ မော်ဒယ်ခွဲတွေကတော့ 2.-t pure ၊ 2.0t Luxe ၊ 3.0t Luxe ၊ 3.0t Sport နဲ့ Red Sport 400 တွေ ဖြစ်ပါတယ်။ 2.0, 3.0 ဆိုတဲ့ ဂဏန်းတွေက အင်ဂျင် အရွယ်အစားအပေါ် မူတည်ပြီး ခွဲခြား အမည်ပေးထားတာ ဖြစ်ပါတယ်။ 2.0t မော်ဒယ်ခွဲတွေမှာ အင်ဂျင်စနစ်က ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး ဒီအင်ဂျင်က ရုန်းအား ၂၅၈ ပေါင်/ပေမှာ မြင်းကောင်ရေ ၂၀၈ ကောင်အားထိ ထွက်ရှိမှာ ဖြစ်ပါတယ်။ 3.0t မော်ဒယ်ခွဲတွေမှာ အင်ဂျင်က ၃.၀ လီတာသုံး V6 အင်ဂျင်ကို တပ်ဆင်ထားပြီး အင်ဂျင်က ရုန်းအား ၂၉၅ ပေါင်/ပေမှာ မြင်းကောင်ရေ ၃၀၀ အားထိအောင် ထွက်ရှိပြီး 400 မော်ဒယ်ခွဲမှာတော့ အင်ဂျင်က ၃.၀ လီတာသုံး V6 အင်ဂျင်ဖြစ်ပေမယ့် စွမ်းဆောင်ရည် မြှင့်ထားလို့ ရုန်းအား ၃၅၀ ပေါင်/ပေမှာ မြင်းကောင်ရေ ၄၀၀ အားထိအောင် ထွက်ရှိတာ တွေ့ရပါတယ်။ မော်ဒယ်က ၁၉ လက်မနဲ့ ၂၀ လက်မ အရွယ် ဘီးတွေနဲ့ ရနိုင်ပါတယ်။ အသံပိုင်းအတွက် စပီကာ ၁၃ လုံး ထည့်ထားတယ်၊ နောက်ထပ် အဆင့်မြှင့်ဖို့ မလိုတော့ပါဘူး။ နောက်ကြည့်မှန်တွေက အပူပေးစနစ် ပါလာတယ်၊ Keyless နဲ့ သုံးနိုင်တယ်၊ Fog light ပါတယ်၊ ထိုင်ခုံတွေရဲ့ အနေအထားကို Power နဲ့ ချိန်ညှိ အသုံးပြုလာနိုင်တယ်။ အတွင်းခန်း အပြင်အဆင် အားလုံး သားရေသားတွေနဲ့ ဖြစ်ပြီး Bluetooth ချိတ်ဆက်နိုင်တယ်။ USB ပေါက်လည်း ပါတယ်။ ၈ လက်မ အရွယ် Touch စနစ်နဲ့ သုံးနိုင်မယ့် အချက်အလက်ပြ စနစ် ပါလာတယ်။ Sunroof ထည့် ထားတယ်။ HD ရေဒီယိုလည်း ဖမ်းယူနိုင်တယ်။ နောက်ဘက် ရိုက်ကူးကင်မရာစနစ် ပါတယ်၊ နောက်ဘက် ပါကင်အာရုံခံ စနစ် လည်း ထည့်ထားတယ်။ လက်ကိုင်ဘီးတွေကလည်း အပူပေးနိုင်တယ်။ ယာဉ်မောင်းထိုင်ခုံက Memory စနစ်ပါလို့ မိမိ စိတ်ကြိုက် အနေအထားကို မှတ်ထားနိုင်သေးတယ်။ InTouch အရေးပေါ် ချိတ်ဆက် စနစ်ပါလာပြီး အချက်ပြ ခေါ်ဆိုမှုတွေ၊ ဂြိုလ်တု အခြေပြု မြေပုံပြစနစ်တွေ သုံးနိုင်လာပါတယ်။ မော်ဒယ်က နည်းပညာ အားကောင်းတယ်၊ ဆီတဂါလံကို ၂၅ မိုင်လောက်ထိ မောင်းနိုင်တယ်။ အင်ဂျင် စွမ်းဆောင်ရည်လည်း ကောင်းတယ်။ ရုပ်ထွက် ဆွဲဆောင်မှု အားနည်းချင်တာလေးနဲ့ အတွင်းခန်း ကျဉ်းမြောင်းမှု ၂ ခုပဲ ပြောစရာ ရှိတဲ့ Q60 Coupe ကို ၂၀၁၈ အတွက် ဈေးကွက်ဝင်လာတဲ့ နှစ်ယောက်စီး မော်ဒယ်တွေထဲက အကောင်းဆုံး မော်ဒယ်တခုလို့ ဆိုချင်ပါတယ်။ ဈေးနှုန်းကလည်း နိုင်ငံတကာ ဈေးကွက်မှာ အနိမ့်ဆုံး မော်ဒယ်ခွဲကို ဒေါ်လာ ၃၉၉၄၅ ကနေ အမြင့်ဆုံး မော်ဒယ်ခွဲကို ဒေါ်လာ ၄၉၀၀၀ ကျော်နဲ့ ရောင်းချနေတာ တွေ့ရလို့ ဈေးလည်း သင့်ပါတယ်။ တန်းတူ မော်ဒယ်တွေထက် ဈေးမများပေမယ့် အရည် အသွေးကို စိတ်ကြိုက်ဖြစ် လို့ ရွေးချယ်ဖို့ အကောင်းဆုံး မော်ဒယ် တခုလို့ သတ်မှတ်ချင်ပါတယ်။ ။ www.edmunds.com The post ဈေးနှုန်းသင့် နည်းပညာလည်းမြင့်မားတဲ့ Nissan ရဲ့ 2018 Infiniti Q60 Coupe မော်ဒယ်သစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2i4gRkK
via IFTTT

No comments:

Post a Comment