Wednesday, November 29, 2017


အဂတိလိုက်စားမှု စုံစမ်းခံရသူ တရုတ် ဗိုလ်ချုပ်ကြီး ကြိုးဆွဲချ သေဆုံး အဂတိလိုက်စားမှုကြောင့် စုံစမ်းစစ်ဆေးခံနေရတဲ့ တရုတ် ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်ဟောင်း ဗိုလ်ချုပ်ကြီး ကျန်းယန့် ဟာ သူ့ကိုယ်သူ သတ်သေ သွားတယ်လို့ နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီး ကျန်းယန့်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည်မှာ မိမိကိုယ်ကို မိမိ ကြိုးဆွဲချ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ ရာထူးက ဖြုတ်ချခံထားရတဲ့ ဗိုလ်ချုပ်ကြီး ကူးဝေါ့ ပိုရှန့်နဲ့ ဗိုလ်ချုပ်ကြီး ရှူချိုင် ဟိုဝူတို့နဲ့ ဆက်စပ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုကို ခံနေရတာဖြစ်ပြီး၊ သူဟာ စည်းကမ်းတွေကို အကြီးအကျယ် ချိုးဖောက်ခဲ့ကြောင်းနဲ့ လာဘ်ပေး လာဘ်ယူ ပြုလုပ်ခဲ့ကြောင်း သံသယဖြစ်စရာ စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပြီးနောက်မှာ အခုလို ကိုယ်ကိုကိုယ် သတ်သေသွား တာဖြစ်ပါတယ်။ တရုတ်တပ်မတော်ဟာ ကမ္ဘာ့အကြီးဆုံး တပ်မတော်တခုဖြစ်ပြီး လက်ရှိအခြေအနေမှာ ရည်မှန်းချက် ကြီးမားတဲ့ ခေတ်မီ တိုးတက်ရေးကို လုပ်ဆောင်နေရာ အဂတိလိုက်စားရေးကိုပါ တိုက်ဖျက်ဖို့ လုပ်ဆောင်နေခြင်းဖြစ် ပါတယ်။ အဂတိလိုက်စားမှုဟာ တရုတ်တပ်မတော်အတွင်းမှာ လွန်စွာပျံ့နှံ့နေရာ တိုက်ခိုက်ရေး စွမ်းရည်ကျဆင်းမှာကိုပင် စိုးရိမ်နေရတယ်လို့ အရာရှိဟောင်းတွေနဲ့ လက်ရှိ အရာရှိတွေက ဆိုပါတယ်။ သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ဗဟိုစစ်ကော်မရှင်ဟာ ဒုဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကူးဝေါပိုရှန့်နဲ့ ရှူချိုင်ဟိုဝူ အပါအဝင် စစ်အရာရှိ ဒါဇင်ပေါင်းများစွာကို စုံစမ်းစစ်ဆေးပြီး ထောင်ဒဏ်များ ချမှတ်ထားရာ ကူးဝေါ ပို့ရှန့်ကို ထောင်ဒဏ်တသက် ချမှတ်ထားပေမယ့် ရှူချိုင်ဟိုဝူကတော့ ရုံးမတင်မီ ၂၀၁၅ ခုနှစ်မှာ ကင်ဆင်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က ဗဟိုစစ်ကော်မရှင်ဟာ ကိုယ်ကျင့်တရား အခြေခံပျက်ယွင်းသူ ဗိုလ်ချုပ်ကြီး ကျန်းယန့် ကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ သူဟာ ပါတီနှင့် နိုင်ငံတော်က ပေးတဲ့ ပြစ်ဒဏ်ကို ရှောင်လွှဲဖို့ လွန်စွာ စက်ဆုတ် စရာကောင်းတဲ့ သူ့ကိုယ်သူ သေကြောင်းကြံစည်မှုကို ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါ တယ်။ ဒါအပြင် ဗိုလ်ချုပ်ကြီး ကျန်းယန့်ဟာ တခြားသူများကို သစ္စာရှိဖို့ ပြောပေမယ့် နောက်ကွယ်မှာတော့ အဂတိလိုက်စားတဲ့ မျက်နှာ နှစ်ဖက်ရှိတဲ့ လူမျိုးဖြစ်တယ်လို့လည်း ရေးသားပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကြီးကျယ် များပြားလှတဲ့ ပိုင်ဆိုင်မှုများ ဘယ်နည်းဘယ်ပုံ ရလာတယ်ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်းမသိရသေးပါဘူး။ The post အဂတိလိုက်စားမှု စုံစမ်းခံရသူ တရုတ် ဗိုလ်ချုပ်ကြီး ကြိုးဆွဲချ သေဆုံး appeared first on ဧရာဝတီ.
Source : http://ift.tt/2BvvPIZ
via IFTTT

No comments:

Post a Comment