Wednesday, November 29, 2017

ေသနတ္ထုတ္လုပ္မႈ အမ်ားဆုံး ကုမၸဏီမ်ား

သေနတ်ထုတ်လုပ်မှု အများဆုံး ကုမ္ပဏီများ အခုနှစ်ကတော့ ကမ္ဘာပေါ်က သေနတ်ထုတ်လုပ်သူတွေ စီးပွားဖြစ်မယ့်နှစ်ပါပဲ။ အကြောင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၆ အတွင်းမှာပင် အမေရိကန်မှာတင် လက်နက်ရောင်းချမှု အလက်ရေ ၂၇ သန်းထိအောင်ရှိခဲ့ပြီး ၁၉ လကြာ ဆက်တိုက် လက်နက်ဝယ်ယူမှု မြင့်တက်လာခြင်းက သေနတ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ စိတ်ကြိုက်ဖြစ်လာစေပါတယ်။ စာရင်းတွေအရတော့ အမေရိကန်မှာ ပြည်သူ ၁၀၀ အတွက် လက်နက်ပိုင်ဆိုင်မှုက ၈၅ ရာခိုင်နှုန်းကျော်ထိအောင် ရှိနေတာက ကမ္ဘာ့အကြီးဆုံးလက်နက် ဈေးကွက်တည်ရှိနေစေတာပါ။ အခုပြောမှာကတော့ အခုနှစ် ၂၀၁၇ ခုနှစ်အတွင်း သေနတ်အများဆုံး ထုတ်လုပ်ရောင်းချထားတဲ့ လက်နက်ကုမ္ပဏီတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နောက်ဆုံး သိရတဲ့ စာရင်းတွေကို အခြေခံပြီး အခုနှစ်မှာလည်း ထုတ်လုပ်မှု များနေဦးမယ့် ကုမ္ပဏီတွေကို ရွေးချယ်ထားတာပါ။ အမေရိကန်ဈေးကွက်ကို မူတည်ပြီးတော့ ပြောထားတာဖြစ်ပေမယ့် နိုင်ငံတကာကိုပါ တင်ပို့ရောင်းချမှု အနေအထားတွေ အရ အခုထက် ပိုမိုတဲ့ လက်နက် အရေအတွက်ကို ထုတ်လုပ်ရောင်းချမှုလည်း ရှိနိုင်ပါတယ်။ Heritage Manufacturing Inc. စာရင်းတွေအရတော့ ၂၀၁၅ ခုနှစ်မှာတောင် သေနတ် ၁၆၃၉၃၃ လက်ထိအောင် ထုတ်လုပ်ရောင်းချထားပါတယ်။ ကုမ္ပဏီက သက်တမ်း နှစ် ၁၀၀ ကျော် ရှိနေပြီဖြစ်ပြီး အထူးသဖြင့်တော့ Rough Rider မော်လ်ဒယ်တွေကို ကမ္ဘာအနှံ့အပြားမှာ လူကြိုက်များပါတယ်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး ခြောက်လုံးပြူးမော်ဒယ်တွေကို အများဆုံး ထုတ်လုပ်ရောင်းချနိုင်နေတာ ဖြစ်ပါတယ်။ Glock Inc. သူလည်း ၂၀၁၅ ခုနှစ်အတွင်းက စာရင်းတွေအရဆိုရင် သေနတ် ၂၁၆၆၁၆ လက်ထိအောင် ရောင်းချနိုင်ခဲ့တဲ့ကုမ္ပဏီပါ။ Glock Ges.m.b.Hရဲ့ လက်ခွဲဖြစ်ပြီး အမေရိကန် အခြေစိုက်ပဲ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်နဲ့ ရဲတပ်ဖွဲ့သုံး သေနတ်တွေကို အများဆုံး ထုတ်လုပ်ပေးနေသူပါ။ G25နဲ့ G28လို မော်ဒယ်တွေကို အသုံးများပြီး အမေရိကန် ရဲတပ်ဖွဲ့ရဲ့ လက်နက် ၆၅ ရာခိုင်နှုန်းက Glock ရဲ့ မော်လ်ဒယ်တွေပါ။ အသစ်ထုတ်မော်လ်ဒယ်တွေကတော့ Glock 17 Gen 5 နဲ့ Glock 19 Gen 5တွေ ဖြစ်ပါတယ်။ Anderson Manufacturing ပြီးခဲ့တဲ့နှစ်က လက်နက် ၃၀၀၃၉၀ ရောင်းထားရပြီး အခုနှစ်လည်း သေချာပေါက် အဆိုပါ ပမာဏထက် ပိုပြီး ရောင်းထားရပါလိမ့်မယ်။ ကုမ္ပဏီထုတ် RF85 ဆိုတဲ့ ရိုင်ဖယ်ဆိုရင် အခုချိန်ထိအောင် ကမ္ဘာမှာ ချောဆီထည့်ရတဲ့စနစ် မလိုအပ်ပဲ ပစ်ခတ်နိုင်တဲ့ ကုမ္ပဏီထုတ် မော်လ်ဒယ်ပါ။ Anderson ရဲ့ နည်းပညာက Nano နည်းပညာကို သုံးပြီး ကျဉ်ဆံအတွင်းက သတ္ထုသားထဲကို ကယ်လ်စီယံ တိုက်ရိုက်ထည့်သွင်းတဲ့စနစ် ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ ဒီ နည်းပညာကို ဆေးပညာနဲ့ ပြိုင်ကားကုမ္ပဏီ တချို့မှာလည်း သုံးတာ တွေ့ရပါတယ်။ Henry Repeating Arms Henry RAC Holding Corp.,လို့လည်း ခေါ်ပါတယ်။ အခုနှစ်ထဲမှာ လက်နက် ၃၀၆၆၀၇ လက် ရောင်းချထားရပါတယ်။ ရိုင်ဖယ် သေနတ်တွေ အဓိက ထုတ်လုပ်ပါတယ်။ နာမည်ကြီးတဲ့ မော်လ်ဒယ်တွေကတော့ ဖိအားသုံးပစ်ခတ်ရိုင်ဖယ်၊ မြန်နှုန်းမြင့် ပစ်ခတ်ရိုင်မယ်၊ တစ်တောင့်ထိုးရိုင်ဖယ်၊ လေ့ကျင့်ရေးသုံး ပစ်ခတ်ရိုင်ဖယ်တွေနဲ့ လူကြိုက်များပါတယ်။ အမေရိကန်တော်လှန်ရေးစစ်ပွဲကတည်းက လက်နက်ထုတ်လုပ်နေသူဖြစ်ပြီး ကုမ္ပဏီက သက်တမ်း နှစ် ၁၅၀ ကျော် ရှိနေပြီလည်း ဖြစ်ပါတယ်။ Savage Arms Vistas Outdoor Inc ကနေ ပိုင်ဆိုင်တဲ့ လက်နက်ကုမ္ပဏီပါ။ ရိုင်ဖယ်ထုတ် ကုမ္ပဏီဖြစ်ပြီး တနှစ်ကို လက်နက် ၃၈၀၀၀၀ ကျော် ရောင်းချနေရပါတယ်။ ၁၈၉၄ ခုနှစ်ကတည်းက Arthur Savage တည်ထောင်ခဲ့တဲ့ လက်နက်ကုမ္ပဏီဖြစ်ပြီး ဒီနေ့ခေတ် လူကြိုက်အများဆုံး Savage ထုတ် မော်လ်ဒယ်ကို ကြည့်မယ်ဆိုရင် Fox A Grade ရှိပြီး တန်ဖိုး ဒေါ်လာ ၅၀၀၀ လောက် ရှိပါတယ်။ SIG Sauer ဂျာမနီအခြေစိုက် Luke & Ortmeier Holding Group ကနေ ပိုင်ဆိုင်တဲ့ အခု ကုမ္ပဏီက အခုနှစ်ထဲမှာ လက်နက် ၅ သိန်းနီးပါး ရောင်းချထားရပါတယ်။ ပစ္စတိုတွေ၊ ရိုင်ဖယ်တွေနဲ့ လူကြိုက်များပါတယ်။ ဒါပေမယ့် အဓိကအနေနဲ့တော့ ပစ္စတိုတွေကို လူပိုကြိုက်ပြီး ရောင်းချ လက်နက် ၅ သိန်းနီးပါးထဲမှာ ရိုင်ဖယ် ရောင်းချရမှုဟာ ၄ သောင်းနီးပါးလောက်ပဲ ပါပါတယ်။ လူကြိုက်အများဆုံး ပစ္စတိုကတော့ P238 ဖြစ်ပြီး ပြင်းအားကောင်းကာ ဖုံးကွယ်သယ်ဆောင်နိုင်မှု လွယ်ကူလို့ လူကြိုက်များပါတယ်။ O.F. Mossberg & Sons ဒီနှစ်ထဲမှာ ရိုင်ဖယ် ၁.၅ သိန်းကျော်နဲ့ တချက်ချင်းပစ်(အမဲလိုက်၊ တစ်ထောင့်ထိုး) သေနတ် ၃.၅ သိန်းလောက်ထိအောင် ရောင်းချထားနိုင်သူပါ။ Mossberg Patriotနဲ့ Mossberg MVPတွေက လူကြိုက်များနေတဲ့ မော်လ်ဒယ်တွေပါ။ ၁၉၁၉ ခုနှစ်ကတည်းက တည်ထောင်ထားတာ ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကွန်နက်တီကတ်မှာ ရှိပါတယ်။ Semi-auto ပစ္စတိုတွေလည်း ထုတ်လုပ်ပေမယ့် ရိုင်ဖယ်တွေလောက်တောင် မရောင်းရပါဘူး။ Remington Arms Freedom Group ကနေ ပိုင်ဆိုင်ထားတဲ့ အခု ကုမ္ပဏီက တနှစ်ကို သေနတ် ၁.၁၄ သန်းလောက်ထိအောင် ထုတ်လုပ်ရောင်းချနေရပါတယ်။ ရိုင်ဖယ်နဲ့ တတောင့်ထိုးသေနတ်တွေကို လူကြိုက်အများဆုံး ဖြစ်ပြီး ပစ္စတိုတွေကတော့ အဲဒီလောက်အထိ မရောင်းရဘဲ တစ်နှစ်လုံးမှ အလက်ရေ ၃ သောင်းခွဲကျော်လောက်ပဲ ရောင်းရပါတယ်။ သက်တမ်း နှစ်၂၀၀ လောက် ရှိနေပြီဖြစ်ပြီး အမေရိကန်မှာ သက်တမ်းအရင့်ဆုံး လက်နက်ထုတ်လုပ်တဲ့ ကုမ္ပဏီ ၃ ခုထဲက တခုဖြစ်ပြီး Winchester နဲ့ Colt တို့နဲ့အတူ ရှိနေတာပါ။ American Outdoor Brands Corp အရင်က သူ့ကို Smith & Wesson အဖြစ် လူသိများပါတယ်။ တနှစ်ကို လက်နက် ၁.၄၇ သန်းလောက်ထိအောင် ရောင်းချနေရပါတယ်။ အဓိကအနေနဲ့တော့ ကုမ္ပဏီထုတ် ပစ္စတိုတွေကို လူကြိုက်များပြီး ၁ သန်းနီးပါးလောက်က ပစ္စတို ရောင်းချရမှုဖြစ်ပါတယ်။ UST Brands ကနေ ကုမ္ပဏီရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်သွားခဲ့ပြီး နောက်ပိုင်း ကုမ္ပဏီ အမည်လည်း အခု အမည် ဖြစ်လာပါတယ်။ M&P အမည်နဲ့လည်း ပစ္စတိုတွေကို ထုတ်လုပ်ရောင်းချပါသေးတယ်။ Sturm Ruger & Company Inc. တနှစ်ကို လက်နက် ၁.၆၇ သန်းလောက်ထိအောင် ရောင်းချနေရလို့ အခုစာရင်းမှာတော့ အရောင်းရဆုံးလို့ သတ်မှတ်နိုင်မယ့် ကုမ္ပဏီပါ။ လက်နက် ထုတ်လုပ်သူ အများစုက လက်နက် အမျိုးအစား ၄ ခုလောက်ထိအောင် အဓိက ခွဲခြား ထုတ်လုပ်ပေမယ့် Sturm ကတော့ ရိုင်ဖယ်တွေပဲ အဓိကထားပြီး ထုတ်လုပ်တာတွေ့ရသလို SR-556 မော်လ်ဒယ် ဆိုရင် ကုမ္ပဏီထုတ် မော်လ်ဒယ်တွေထဲမှာ ရောင်းအားအကောင်းဆုံး ဖြစ်နေပါတယ်။ http://ift.tt/12uxpFi တွင် ဖော်ပြထားတဲ့ Top 10 Gun Manufacturers in the World in 2017 ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ The post သေနတ်ထုတ်လုပ်မှု အများဆုံး ကုမ္ပဏီများ appeared first on ဧရာဝတီ.
Source : http://ift.tt/2ih3ykv
via IFTTT

No comments:

Post a Comment