Wednesday, November 29, 2017


Instagram တွင်ပုံများကို မိမိစိတ်ကြိုက် ပြင်ဆင် ပေးပို့နိုင်သည့် Feature အသစ်ပါဝင်လာ Instagram သည် မိမိသူငယ်ချင်းများထံမှ ပေးပို့လာသည့် ပုံများကို ပြင်ဆင်၍ ပြန်လည်ပေးပို့နိုင်စေရန် Funny Drawing Feature အသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ပြုလုပ်နိုင်ရန် အောက်ခြေနားတွင် ကင်မရာပုံတစ်ခုပါရှိပြီး ထိုကင်မရာပုံကို ထောက်၍ ဓာတ်ပုံများ ပြန်လည် ပေးပို့နိုင်မည် ဖြစ်သည်။ အဆိုပါနေရာတွင် မိမိစိတ်ကြိုက် Sticker များ ထည့် သွင်းနိုင်ခြင်း၊ Sticker အရွယ်အစားကို မိမိကြိုက်သလို ချိန်ညှိယူနိုင်ခြင်း၊ ဓာတ်ပုံပေါ်တွင် စာသားများ ရေးနိုင်ခြင်း အပြင် မိမိစိတ်ကြိုက် ပုံများကိုလည်း ရုပ်ပြောင်သဘော ရေးဆွဲ၍ ပြန်လည်ပေးပို့နိုင်မည် ဖြစ်သည်။ ဒါ့အပြင် မိမိပေးပို့လိုက်သော message ကို ထပ်တလဲလဲ ကြည့်ရှုနိုင်ရန် Allow Reply Feature ကို ရွေးချယ်နိုင်ပြီး တစ်ကြိမ်မျှသာ ကြည့်ရှုခြင်း အတွက် One View ကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရရသည်။ အဆိုပါ Feature အသစ်ကို Instagram Update Version 24 တွင် android နှင့် ios ၂ မျိုးလုံးအတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ Ref:Instagram The Ladies News
Source : http://ift.tt/2iifSBn
via IFTTT

No comments:

Post a Comment