ဟံလင်း သို့မဟုတ် တကယ်တမ်းက ဒီလို ကဗျာဆရာဟံလင်းကို ၁၉၈၆ ခုနှစ်မှာ မွေးဖွားပြီး၊ စကားပြောတဲ့အခါ နူးနူးညံ့ညံ့ တိတ်တိတ်ဆိတ် ဆိတ် ပြောတတ်ပေမယ့် ကဗျာအကြောင်းပြောမယ်ဆိုရင်တော့ သူ့ရဲ့ ရှက်နေတာတွေဟာ ချက်ချင်းပျောက်သွားတတ်ပါတယ်။ ယနေ့ခေတ် မြန်မာပြည်ရှိ ကဗျာရေးသူများတွင် တွေ့ရလေ့ရှိသည့် ကဗျာအပေါ် အလေးအနက် ထား တတ်မှုမျိုးကို သူ့ထံမှာ ဥပမာအဖြစ် မြင်နိုင်ပါတယ်။ ကဗျာဆိုတာ ဝါသနာတခုမဟုတ်၊ တဦးတယောက်ရဲ့ ဖြစ်တည်နေခြင်း အတွင်းမှ နက်ရှိုင်းစွာ ထွက်ပေါ်လာသည့် ပြင်းပြလှိုက်စား ရူးသွပ်မှုမျိုးကို ဆိုလိုပါတယ်။ ရိန်းနာ မာရီယာ ရိဒ်ကာ ရဲ့ လူငယ်ကဗျာဆရာ တဦးသို့ ပေးစာများထဲက “ည အတိတ်ဆိတ်ဆုံး အချိန်တခုမှာ သင့်ကိုယ်သင် မေးခွန်းထုတ်ကြည့်ပါ၊ ငါရေးကို ရေးသင့်ရဲ့လား” ဆိုတဲ့ မေးခွန်းကို ဟံလင်းအဖို့ စဉ်းစားအားထုတ် ဖြေဆိုရန်မလို၊ အဖြေကို သူသိပြီးသား ဖြစ်ပါတယ်။ မေး။ ။ ပရော်ဖက်ရှင်နယ် ကဗျာဆရာတယောက် ဖြစ်ချင်လာတာကို ဘယ်အချိန်မှာ စပြီး သတိထားမိတာလဲ။ ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကဗျာနဲ့ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဆိုတာ ဘာကို ဆိုလိုမှန်း ကျနော်မသိဘူး။ တခါမှလည်း မစဉ်းစားဖူးဘူး။ ကျနော်လုပ်ချင်တဲ့ တခုတည်းသော အရာက ကဗျာရေးတာပဲ။ အသက် နှစ်ဆယ်လောက်မှာ စဖြစ်တယ်။ မေး။ ။ ဘယ်လိုမျိုး ရေးလဲ ဖြေ။ ။ ကဗျာရေးတာက ချရေးတာ တခုတည်း မဟုတ်ဘဲ စိတ်ထဲမှာ ရေးနေတာလည်း ဟုတ်တယ် ဆိုတော့ တခြားကဗျာဆရာတွေလိုပဲ ကျနော်မှာ သတ်သတ်မှတ်မှတ် အချိန်ရယ် လို့တော့ မရှိဘူး။ စိတ်ထဲမှာ နေ့တိုင်းနီးပါး ရေးနေတာပဲ။ မေး။ ။ ကဗျာတပုဒ်ရေးဖို့ အတွက် လှုံဆော်မှုတွေကို ဘယ်လိုရလဲ ဖြေ။ ။ အဲ့ဒါကတော့ အခြေအနေအရပဲ။ သိပ်ပြီးတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ ကျနော်ကို ကဗျာရေးဖို့ လှုံဆော်တဲ့အရာတွေက ကိုးရိုးကားရားနိုင်တယ်။ တခါတလေကျ သီချင်းအပိုင်းအစ တခု၊ တခါတလေကျ ဇာတ်ကားတကား၊ တခါတလေမှာ စာတစောင်၊ တခါတလေ အသံ အစိတ်အပိုင်းတခု၊ ဒါမှမဟုတ် အတွေးတစိတ်တပိုင်း၊ တခါတလေ ကျနော် မြင်တွေ့တဲ့အရာ၊ ဒါမှမဟုတ် ဘာမှန်းမသိရမသိရတဲ့ အရာတွေ၊ မသိစိတ်လား ဘာလား မသိရတာတွေပေါ့။ ပြီးတော့ ကိုယ်ဘယ်နေရာ ရောက်နေတယ်ဆိုတဲ့ အပေါ်လည်း မူတည်သေးတာပေါ့။ ကျနော်တို့က စိတ်ထဲမှာ ကဗျာအမြဲရေးနေတော့ ကိုယ့်စိတ်ကို လှုံဆော်နိုင်တယ်ဆိုတာမျိုးက ဘယ်ချိန်မှာ ရောက်လာတယ်ဆိုတာကို သိရဖို့ ခက်ခဲတယ်။ တခါတလေမှာ စိတ်မပါပေမယ့်လည်း ကိုယ့်ကိုကိုယ် အတင်းအကြပ်ရေးခိုင်းတာမျိုးလည်း ရှိတယ်။ ကံကောင်းထောက်မစွာပဲ အကျိုးမဲ့တဲ့ လှုံဆော်မှုမျိုး ကလည်း သိပ်ပြီး သက်တမ်းမရှည်ပါဘူး။ လှုံဆော်မှုဆိုတာက အရေးအကြီးဆုံး အရာတခုမဟုတ်ဘဲ စာရေးတဲ့ ဖြစ်စဉ်ရဲ့ တစိတ်တပိုင်းသာ ဖြစ်တယ်။ များသောအားဖြင့်တော့ မရေးခင် ဒါမှမဟုတ် ရေးနေတဲ့အချိန်မှာ ကဗျာက ဘာဖြစ်မယ်၊ ဘယ်လိုဖြစ်မယ်ဆိုတာကို မသိဘူး။ ထွက်လာမယ့် ရလဒ်ကို အလေ့အကျင့်ကနေ တဆင့်ပဲ သိနိုင်ပါတယ်။ မေး။ ။ ဖန်တီးမှုနဲ့ ပတ်သက်လာတဲ့အခါ ခင်ဗျားအတွက် ဘယ်က အရေးကြီးလဲ? ဖြေ။ ။ စိတ်ပြင်းပြမှု၊ ကိုယ့်ရဲ့ စိတ်ပြင်းပြမှုက ဝမ်းစာ၊ နာမ်ပိုင်းဆိုင်ရာနဲ့ အလေ့အကျင့်တွေ ကနေ တဆင့် ကိုယ်လိုချင်တာ/ လုပ်ချင်တာ ဘာကိုမဆို ဖြစ်လာအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် “ဖန်တီးမှု” ဆိုတဲ့ စကားလုံးက တော်တော်လေး ဝန်ပိုကြီးတဲ့ စကားလုံးဖြစ်ပါတယ်။ ဖန်တီးမှုကောင်းတဲ့ ကဗျာဆရာတယောက်ဖြစ်ဖို့ ဘယ်တုန်းကမှလည်း မကြိုးစားခဲ့သလို အဲဒီ့လို မျိုးလည်း အထင်မခံချင်ဘူး။ ကျနော် အမြဲတမ်း ရှာဖွေနေတာက စစ်မှန်မှုပဲ၊ ကျနော်ရဲ့ ဖန်တီးမှုက ဒီရှာဖွေမှုနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တာပဲ။ စစ်မှန်မှုက ဖန်တီးမှု အမျိုးအစားတခုလည်း ဖြစ်နိုင် တာပဲ။ မေး။ ။ အရေးအသား ကျွမ်းကျင်မှု အနုပညာအကြောင်း ပြောပြပါဦး။ ဖြေ။ ။ ကိုယ်က ကဗျာဆရာ ဖြစ်ချင်တယ်ဆိုရင် ကဗျာရဲ့ အခြေခံ သဘောတရားတွေဖြစ်တဲ့ သူ့ရဲ့ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်ပုံတွေကို လေ့လာဖို့ လိုတယ်။ ပြီးတော့ နိုင်ငံတကာကဗျာ၊ ဆိုတာက လှုပ်ရှားမှုတွေ၊ သမိုင်း၊ အစရှိသဖြင့်။ နောက် ကမ္ဘာမှာ ရှိသမျှ အရာရာကို တတ်နိုင်သမျှ လေ့လာရမယ်၊ စိတ်ဝင်စားရမယ်။ ကာရန်၊ သင်္ကေတ၊ နိမိတ်ပုံ၊ ရစ်သမ် အပါအဝင် ကဗျာဆိုင်ရာ သဘောတရားတွေကို လေ့လာတယ်။ ပြီးတော့ ကိစ္စအားလုံးနီးပါးကို မေ့တတ်တဲ့ ကျွန်တော့် မှတ်ဉာဏ်က မကောင်းပေမယ့်လည်း တတ်နိုင်သလောက် စာဖတ်တယ်။ ကဗျာရေးတဲ့အခါ ကျနော် ကိုယ် ကျနော် သတိထားမိအောင် အမြဲကြိုးစားပြီး ကျွန်တော့်ရဲ့ အကြောက်တရားက ဘာလဲဆိုတာကိုလည်း သိအောင်လုပ်တယ်။ အကြောက်တရားက ဘယ်ပုံစံမဆို ဖြစ်နိုင်တယ်။ အကြောက်တရားက ကိုယ့်ရဲ့ စည်းမျဉ်းစည်းကမ်း၊ အနုပညာ၊ မူရင်းဖြစ်မှု နဲ့ ကဗျာကို အမြဲတမ်း ဖျက်ဆီးလိုက်နိုင်တယ်။ နာမ်ပိုင်းဆိုင်ရာကလည်း အနုပညာတိုင်းမှာ အရမ်းအရေးကြီးတယ်။ ဘယ်တုန်းကမှ အထင်သေးတာမျိုး မလုပ်ခဲ့ဘူး။ ကိုယ်က စက်ရုပ်မှ မဟုတ်တာ၊ ကိုယ့်ကိုယ်ကိုယ် သိရမယ် ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မလိမ်သင့်ပါဘူး။ Petr Lom နှင့် ခင်အောင်အေးတို့ စီစဉ်မှုနဲ့ ကဗျာဆရာ ၁၇ဦးရဲ့ ရှိရင်းစွဲ အမြင်များကို မှတ်တမ်းတင် ထားတဲ့ “မြန်မာပုံပြင်စာအုပ်”မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပြီး၊ “မြန်မာပုံပြင်စာအုပ်” ကို လှတယ်၊ အင်းဝစာအုပ်ဆိုင်၊ Myanmar Book Centre နဲ့ ကမ်းနား ဟိုတယ်၊ Yangon Book Plaza တို့မှာ ရောင်းချနေပါတယ်။ ဆက်စပ်ဖတ်ရှုရန် – မြန်မာကဗျာဆရာတွေရဲ့ “မြန်မာပုံပြင်စာအုပ်” အောင်ချိမ့် သို့မဟုတ် အနုပညာကို ဘာနဲ့မှ မလဲနိုင်သူ သုခမိန်လှိုင် သို့မဟုတ် ကမ္ဘာကြီးကို ရရှိသူ ပန်ဒိုရာ သို့မဟုတ် ရဲရင့်စွာ ကဗျာရေးသူ ဇေယျာလင်း သို့မဟုတ် ဘာသာဗေဒအခြေပြု ကဗျာ ဖန်တီးသူ မယ်ယွေး သို့မဟုတ် ၂၀မှာ ၁နှစ် ပေါင်းဦးမယ့် သူမ ခင်အောင်အေး သို့မဟုတ် “ကဗျာများ-၁၉၉၀” မောင်ပြည့်မင်း သို့မဟုတ် နှစ်ယောက်ညချမ်း အောက်မေ့ဖွယ် ဇာတ်ဝင်ခန်း မိုးဝေး သို့မဟုတ် ကဗျာစစ်စစ်ကိုသာ ရေးချင်သူ မောင်ယုပိုင် သို့မဟုတ် ရေခဲပြင်ကြီးအောက်က ကဗျာဆရာ မြတ် သို့မဟုတ် အတွေးအခေါ် ဘောင်ခတ်ထားမှုမှ ဖောက်ထွက်ချင်သူ The post ဟံလင်း သို့မဟုတ် တကယ်တမ်းက ဒီလို appeared first on ဧရာဝတီ.
Source : http://ift.tt/2hXK94v
via IFTTT
No comments:
Post a Comment