Wednesday, November 29, 2017


၁၇ ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကျင်းပ ၆ ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဍ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးဖြစ်သော ၁၇ ကြိမ်မြောက် အာဆီယံသတ္တုကဏ္ဍ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery Hotel, Irrawaddy Grand Ballroom တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေး ဝန်ကြီးဌာန၊ ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲမြင့်ဆွေ၊ သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင် လတ်ကြီးနှင့် မလေးရှားနိုင်ငံ Depart-ment of Mineral and Geoscience Malaysia မှ Diector General jzpfol Mr. Shahr Effendi Abdullal Azizi တို့က အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံ မှ ဥက္ကဋ္ဌ၊ ဖိလစ်ပိုင်နိုင်ငံမှ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ Trade and Invest-ment, Capacity Building, Mineral Information & Database, Sustainable Mineral Development ခေါင်းစဉ်များဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ AFMA, CCOP အဖွဲ့များမှ ဝိုင်းဝန်းဆွေးနွေး ကြသည်။ 3rd BOJ Meeting ကို တစ်ပြိုင် တည်း May Kha Room တွင် ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ASEAN Mineral Award အတွက် လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ပုဂ္ဂလိက ကုမ္ပဏီများ မှ ဆွေးနွေးကြသည်။ (၁ဝ) ကြိမ်မြောက် အာဆီယံ+၃ အာဆီယံသတ္တုကဏ္ဍ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးကို အဆိုပါ ဟိုတယ်တွင် နိုဝင်ဘာ ၂၉ ရက်တွင် လည်းကောင်း၊ (၆)ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍဝန်ကြီးအဆင့် အစည်း အဝေး ကို နိုဝင်ဘာ ၃ဝ ရက်တွင် လည်းကောင်း ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းဖော်ပြ ထား သည်။ The Ladies News
Source : http://ift.tt/2BwA1Iw
via IFTTT

No comments:

Post a Comment