မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို MPTမှ သုံးနှစ် စပွန်ဆာ ပေးအပ်သွားမည် ပြည်တွင်းရှိ မျိုးဆက်သစ်လူငယ် ဘောလုံးသမားများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နိုင်ရန်နှင့် အားပေးကူညီ ထောက်ပံ့ပေးနိုင်ရန် အတွက် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော MPT က မြန်မာ နေရှင်နယ်လိဂ်ကို ၂ဝ၁၈ မှ ၂ဝ၂ဝ အထိ သုံးနှစ်စာ စပွန်ဆာပေး အပ်သွားမည်ဖြစ်ကြောင်း သဘောတူ စာချုပ်ချုပ်ဆိုပွဲကို နိုဝင်ဘာ ၂၅ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ လာမည့်နှစ် ဘောလုံးရာသီမှစ၍ မြန်မာနေရှင်လိဂ်ပြိုင်ပွဲဝင် မည့်အသင်းများအနေဖြင့် တစ်သင်းလျှင်ထောက်ပံ့ငွေသိန်း ၁၁ဝဝ စီရရှိမည်ဖြစ်ပြီး လိဂ်တူးအသင်းများအနေဖြင့် တစ်သင်းလျှင် ထောက်ပံ့ငွေ သိန်း ၃ဝဝ စီရရှိမည်ဖြစ်ကြောင်းသိရသည်။ ယင်းအပြင် ယူ-၁၄ နှင့် တက္ကသိုလ်အဆင့်ပြိုင်ပွဲများအတွက် MPTမှ အခြေခံအဆင့်ဘောလုံးပြိုင်ပွဲများအပြင် အသက်အရွယ် အုပ်စုများအားလုံး ဘောလုံးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်လာရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ် စီအီးအိုဦးစိုးမိုးကျော်က “မြန်မာနေရှင် နယ်လိဂ်ကို စပွန်ဆာပေးဖို့အတွက်MPTနဲ့ အကြိမ်ကြိမ် ညှိနှိုင်းခဲ့ တာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်မယ့်ကလပ်အသင်းတွေကိုလည်း လာမယ့်ရာသီမှာ ထောက်ပံ့ငွေတွေပိုပြီး ပေးအပ်သွားဖို့ရှိပါတယ်။ MPT နဲ့ လက်တွဲပြီး နေရှင်နယ်လိဂ်အောင်မြင်အောင် အစွမ်းကုန် ပြုလုပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ http://ift.tt/2ifzjuC
Source : http://ift.tt/2ifzjuC
via IFTTT
No comments:
Post a Comment