Tuesday, November 28, 2017

MOI Webportal Myanmar

မြန်မာနိုင်ငံ၌ ဘာသာရေးအရ ခွဲခြားဖိနှိပ်ဆက်ဆံမှုများ လုံးဝမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား နေပြည်တော် နိုဝင်ဘာ ၂၇ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည် ရေး ခရီးရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စိန့်မေရီ ဘုရားကျောင်း၌ သွားရောက်တွေ့ဆုံနှုတ်ဆက် သည်။ ထိုသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်ခြင်းအတွက် ကြိုဆိုပါကြောင်း၊ ဘာသာတရား အားလုံးသည် ငြိမ်းချမ်း ခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းဆိုသည့် လောကပါလ တရားကို လိုလားကြကြောင်း၊ မြန်မာနိုင်ငံ၌ ဘာသာရေး အရ ခွဲခြားဖိနှိပ်ဆက်ဆံမှုများလုံးဝမရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေး ထားပါကြောင်း၊ မိမိတို့တပ်မတော်ထဲတွင် လည်း အလားတူပင်ဖြစ် ပါကြောင်း၊ တပ်မတော်သည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းဆောင်ရွက်နေပြီး မိမိတို့ တပ်မတော်သားတိုင်း၏ ဆန္ဒမှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားအချင်းချင်း ခွဲခြားဆက်ဆံမှုများ မရှိပါ ကြောင်း ပြောကြားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြ သဖြင့် အံ့ဩဝမ်းသာရကြောင်း၊ ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံရမည်ဖြစ်၍ လည်း ဝမ်းမြောက်ပါကြောင်း၊ မိမိတို့ ကိုးကွယ်ရာဘာသာတရား အတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးကို ပိုမို ဖွံ့ဖြိုးတိုးတက်စေနိုင်ကြောင်း၊ ဘာသာပေါင်းစုံ၏ အပြန် အလှန် လေးစားမှုဖြင့် နိုင်ငံ၏ကြွယ်ဝမှု၊ သာယာဝပြောမှုကို တည်ဆောက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်နေသည်များကို သိရှိရသည့်အတွက် ဝမ်းမြောက် ပါကြောင်း၊ မိမိနိုင်ငံ တည်ငြိမ်အေးချမ်း ရေးအတွက် အားလုံးက ကြိုးစားဆောင် ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ ငြိမ်းချမ်း သာယာ၍ ဖွံ့ဖြိုးတိုးတက်ပါစေဟု ဆုမွန်တောင်း စကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2i9ujHG
via IFTTT

No comments:

Post a Comment