အာဆင်နယ်နှင့်ပွဲ မာတစ် လွဲချော်မည်ကို မန်ယူပရိသတ်များ စိုးရိမ် လန်ဒန်၊ နိုဝင်ဘာ ၂၉ မန်ယူအသင်း အားပေးသူများသည် မန်ယူက ဝက်ဖို့ဒ်ကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်ကစားသမား မာတစ် ထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် လာမည့်စနေနေ့တွင် အာဆင်နယ်နှင့်ယှဉ်ပြိုင်ရမည့်ပွဲစဉ်၌ မန်ယူအသင်းလူစာရင်းတွင် ၎င်းပါဝင်လာနိုင်ခြင်း မရှိတော့မည်ကို စိုးရိမ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။ မာတစ်သည် ဝက်ဖို့ဒ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲကစားချိန် ၅၅ မိနစ်ခန့်၌ ကြွက်သားနာကျင်မှုဝေဒနာ ခံစားလာခဲ့ရသည့်အတွက် ၎င်းကို လူစားလဲလှယ်ပေးပါရန် နည်းပြမော်ရင်ညိုကို အသိပေးခဲ့ပြီး လက်ရှိတွင် မာတစ်၏ဒဏ်ရာကို မန်ယူအသင်းဆေးအဖွဲ့က စစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီလည်းဖြစ်သည်။ မာတစ်သည် လက်ရှိဘောလုံးရာသီတွင် မန်ယူအသင်းကွင်းလယ်ကို ဟန်ချက်ထိန်းညှိပေးထားသည့် အဓိကကစားသမားဖြစ်ကာ ၎င်းကို ဒဏ်ရာပြဿနာကြောင့် အနားပေးလိုက်ရမည်ဆိုပါက မန်ယူကွင်းလယ်ကို အထိုင်ချရန်အတွက် နည်းပြမော်ရင်ညိုက ခက်ခက်ခဲခဲ ကြိုးပမ်းသွားရတော့မည်ဖြစ်သည်။ မန်ယူသည် အာဆင်နယ်နှင့်ပွဲစဉ်အပြီးတွင် ချန်ပီယံလိဂ်၌ အုပ်စုဗိုလ်နေရာကို ရယူ၍ နောက်တစ်ဆင့်တက်ရောက်နိုင်စေရေးအတွက် ရုရှားကလပ် စီအက်စ်ကေအေမော်စကိုနှင့် အဆုံးအဖြတ်ပွဲစဉ် ကစားရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်အပြီးတွင် မြို့ခံပြိုင်ဘက် မန်စီးတီးနှင့် မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်တွင် မန်ယူက ဆုံတွေ့တော့မည်ဖြစ်သည်။
Source : https://goo.gl/E4FXox
via IFTTT
No comments:
Post a Comment