Tuesday, November 28, 2017


မြောက်အမေရိကတိုက်က အင်အားကြီး ဘောလုံးပြိုင်ပွဲ မက္ကဆီကို လီဂါအမ်အိတ်စ် အရင် တပတ်က တောင်အမေရိကတိုက်ရဲ့ အင်အားအကြီးဆုံး ဖြစ်တဲ့ ဘရာဇီးရဲ့ ပြည်တွင်း အမှတ်ပေး ဘောလုံး ပြိုင်ပွဲအကြောင်း ပြောခဲ့ပြီး အခု ဆက်ပြီးတော့ မြောက်အမေရိကတိုက်ရဲ့ အင်အားအကြီးဆုံး ဘောလုံး အမှတ်ပေးပြိုင်ပွဲ မက္ကဆီကို လီဂါအမ်အိတ်စ် (Liga MX) အကြောင်း ဆက်ပြောပြပါမယ်။ အမေရိကန်မှာ မေဂျာလိဂ် အောင်မြင်မှု ရလာပေမယ့် သူ့ထက် အရင်ကတည်းက သက်တမ်းလည်းရင့်၊ အောင်မြင်မှုရော သြဇာ ပါ ကြီးမားတဲ့ ပြိုင်ပွဲ တခု အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ သို့ပေမမယ့် ငွေကြေးက အရာရာကို ဖန်တီးနိုင်လေသလားလို့ ဆိုရလောက်အောင် အခုတော့ လီဂါအမ်အိတ်စ်နဲ့ စာရင် မေဂျာလိဂ်က ပိုပြီး လူသိများအောင်မြင်နေပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် သေချာတာ ကတော့ မြောက်အမေရိကတိုက်မှာ အခု မက္ကဆီကို လီဂါအမ်အိတ်စ်က အမြင့်ဆုံးနဲ့ လူကြိုက် အများဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်ပါတယ်။ မြောက်အမေရိကရော လက်တင် အမေရိကမှာပါ အင်အားအကြီးဆုံးလို့ အဆင့်သတ်မှတ်ချက်တွေ အရလည်း သိရပါတယ်။ နိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ စာရင်းအာင်းဆိုင်ရာ အဖွဲ့ချုပ် (IFFHS) ရဲ့ လက်ရှိ အဆင့် သတ်မှတ်ချက်ကတော့ ကမ္ဘာမှာ လီဂါအမ်အိတ်စ်က အဆင့် ၁၁ ခုမြောက် အကြီးဆုံး အမှတ်ပေး ဘောလုံးပြိုင်ပွဲပါ၊ ၂၀၀၁ ကနေ ၂၀၁၀ခုနှစ် အတွင်း အဆင့် ၁၀ ရှိခဲ့ပေမယ့် အခုတော့ ၁ ဆင့်ကျသွားတာလည်း ဖြစ်ပါတယ်။ မြောက်အမေရိကမှာ ပွဲကြည့်သူ အများဆုံး စတုတ္ထအဆင့် ရှိတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ American Football ၊ မေဂျာလိဂ် ဘေ့စ်ဘောနဲ့ ကနေဒါ Football ပြိုင်ပွဲတွေပြီးရင် ပွဲကြည့်သူ အများဆုံး ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါကလည်း အားကစားစုံ အနေအထားမှာ ဖြစ်ပြီး ဘောလုံးပြိုင်ပွဲတွေ အားလုံးထဲမှာတော့ မြောက်အမေရိကမှာ ပရိတ်သတ် အများဆုံး ရှိနေတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မှာ ဆိုရင်လည်း တပွဲပျမ်းမျှ ပရိတ်သတ် အများဆုံး အဆင့် ၄ ရှိသူပါ။ ဂျာမနီ ဘွန်ဒက်လီဂါ၊ အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ စပိန် လာလီဂါတွေ ပြီးရင် ပရိတ်သတ် အများဆုံး လာရောက် ကြည့်ရှုနေလို့ နာမည်ကျော် အီတလီ စီးရီးအေတွေ၊ ပြင်သစ် လီဂူးတွေကိုတောင် နောက်ကောက်ချထားနိုင်ပါတယ်။ လက်ရှိ ပြိုင်ပွဲကို BBVA က စပွန်ဆာပေးထားလို့ Liga BBVA Bancomer လို့လည်း ခေါ်ကြပါတယ်။ မက္ကဆီကို ဘောလုံး အဖွ့ဲချုပ်ကနေ တရားဝင် အသိအမှတ်ပြု ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲ ဖြစ်ပါတယ်။ သက်တမ်းအရ ၇၄ နှစ်ထဲမှာ ရောက်နေပြီ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၄၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့က စပြီး ဘောလုံးပြိုင်ပွဲကို စတင် တည်ထောင် ကျင်းပလာတာ ဖြစ်ပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA လိုပဲ အခု လီဂါအမ်အိတ်စ်ကတော့ CONCACAF ဘောလုံးအဖွဲ့ချုပ်ရဲ့ လက်အောက်ခံ အဖြစ် ရှိနေတာပါ။ ပြိုင်ပွဲမှာ အသင်းပေါင်း ၁၈ သင်း ပါဝင် ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။ ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ တွေထဲမှာတော့ အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။ ဒီတော့ ချန်ပီယံ အသင်းနဲ့ အတူ အခြား အမှတ်ပေးဇယား ထိပ်ပိုင်း အသင်းတွေက သတ်မှတ်ချက် အတိုင်း CONCACAF Champions League ကို ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ တန်းဆင်း၊ တန်းတက် စနစ်လည်း ကျင့်သုံးလို့ သူ့ထက် တဆင့်နိမ့်တဲ့ Ascenso MX ကို တန်းဆင်းရတာတွေ၊ အဆိုပါ လိဂ်ကနေ တန်းတက်လာတာတွေ ရှိမှာလည်း ဖြစ်ပါတယ်။ အခု အမှတ်ပေးပြိုင်ပွဲဝင် အသင်းတွေ အနေနဲ့ အခြား ပြည်တွင်း အမှတ်ပေး ဘောလုံးပြိုင်ပွဲတွေ ဖြစ်တဲ့ Copa MX၊ Supercopa MX၊ Campeon de နဲ့ Campeones လို ဖလားပြိုင်ပွဲတွေကိုလည်း ဝင်ခွင့်ရကြပါတယ်။ ဒီနေရာမှာ အင်္ဂလန်လို နာမည်ကျော် ဘောလုံး ပြိုင်ပွဲ ရပ်ဝန်းမှာတောင် ပရီးမီးယားလိဂ် အမှတ်ပေးပွဲ ပြီးရင် အခြား ပြည်တွင်း ဖလားပြိုင်ပွဲက FA နဲ့ League ဖလား ၂ ခုပဲ ရှိလို့ မက္ကဆီကိုက အမှတ်ပေးပွဲ အပြင် အခြား ပြိုင်ပွဲ ၄ ခုထိ ရှိနေတာက ဘောလုံးပြိုင်ပွဲတွေရဲ့ ကြီးစိုးမှုနဲ့ အားထည့်မှု ကိုတော့ သတိပြုမိလိုက်ပါတယ်။ လက်ရှိ လီဂါအမ်အိတ်စ်ရဲ့ ချိန်ပီယံကတော့ ဂူအာဒါလာဂျာရာ (C.D. Guadalajara) ဖြစ်ပြီး အခုနှစ် ၂၀၁၇ ခုနှစ် ဘောလုံးရာသီ သိမ်းသွားခဲ့ပြီ လည်း ဖြစ်ပါတယ်။ ဒီအသင်းက ချန်ပီယံ ဆုကို ၁၂ ကြိမ်မြောက် အထိ ရယူထားနိုင်တာ ဖြစ်သလို အရင်က ချန်ပီယံ အများဆုံး ဖြစ်ထားသူ America အသင်းရဲ့ ၁၂ ကြိမ် စံချိန်ကို တန်းတူ လိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လီဂါအမ်အိတ်စ်မှာ အောင်မြင်မှု အများဆုံး အသင်းတွေက အခု ဂူအာဒါလာဂျာရာနဲ့ အမေရိကာ အသင်း၂ သင်းပဲ ဖြစ်ပြီး ချန်ပီယံ ၁၂ ကြိမ်စီ ဖြစ်ထားကြတာပါနော်။ ဒါနဲ့ လီဂါအမ်အိတ်စ်ရဲ့ ထူးခြားချက်ကို ပြောပြချင်ပါသေးတယ်။ အားလုံးသိတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဆိုရင် ပြိုင်ပွဲ စတင် ကျင်းပချိန် ကနေ ရာသီသိမ်းချိန် အထိ တဆက်တည်း ပြိုင်ပွဲ ကျင်းပတယ်၊ ဒီဇင်ဘာမှာ ပိတ်ရက်ရှိုလို့ တပတ်ကို ၂ ပွဲ ကစားရချိန်တွေတောင် ရှိပြီး ပွဲပန်းမှုတွေ ရှိပါသေးတယ်။ လီဂါအမ်အိတ်စ်မှာတော့ ပြိုင်ပွဲက ဘောလုံးရာသီ တရာသီမှာ ၂ ပိုင်း ရှိပါတယ်။ အဲဒါကတော့ Apertura နဲ့ Clausura တွေ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ပထမပိုင်း Apertura က ဇူလိုင်ကနေ ဒီဇင်ဘာအတွင်းမှာ ကစားပြီး နွေရာသီမှာ ကစားခြင်း ဖြစ်သလို Clausura ကတော့ ဆောင်းရာသီမှာ စတင် ကစားပြီး ဇန်နဝါရီကနေ မေလထိ ကြာပါတယ်။ ဘောလုံးတရာသီ ပြီးတိုင်း အသင်း ၁ သင်းပဲ တန်းဆင်းရပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက ၈ သင်း အနေနဲ့ ရှုံးထွက် ထပ်ကန်ရပါသေးတယ်။ ပြီးမှ ချန်ပီယံရွေးချယ် ပေးအပ်တာ ဖြစ်ပါတယ်။ အခုချိန်ထိ လီဂါအမ်အိတ်စ်မှာ အသင်းပေါင်း ၅၆ သင်းထိ ဝင်ရောက် ယှဉ်ပြိုင်ထားဖူးပြီး အထက်မှာ ပြောခဲ့တဲ့ အောင်မြင်မှု အများဆုံး အသင်းနဲ့ အတူ Toluca က ချန်ပီယံ ၁၀ ကြိမ်၊ Cruz Azul က ၈ ကြိမ်၊ Leon နဲ့ Pumas UNAM တွေက ၇ ကြိမ်စီ၊ Pachuca က ၆ ကြိမ်ထိ အသီးသီး ချန်ပီယံ ဖြစ်ထားတာပါ။ ပြိုင်ပွဲက ပွဲကြည့်ပရိတ်သတ်တွေ လာရောက် အားပေးမှု ဝင်ငွေ အပေါ် မူတည်နေပြီး စပွန်ဆာ ကောင်းကောင်း မရတာ တခုကတော့ အားနည်းချက် ဖြစ်နေပါတယ်။ ၂၀၁၂ ခုနှစ်ထိ လီဂါအမ်အိတ်စ်လို့ အမည်မခေါ်ခင်ထိ ပြိုင်ပွဲ စပွန်ဆာ တိတိပပ မရှိခဲ့ပါ။ အခု BBVA မှာ ၂၀၁၃ ခုနှစ် ဇူလိုင်ကမှ စတင် စပွန်ဆာပေးလာတာ ဖြစ်ပါတယ်။ ဒီစပွန်ဆာကလည်း ၂၀၁၉ အကုန်အထိပဲ ရှိနေမှာ ဖြစ်ပြီး နောက်ပိုင်း စပွန်ဆာ မရရင်တော့ အသင်းတွေရဲ့ ဝင်ငွေ လျော့နိုင်ပြီး လက်ရှိမှာလည်း တချို့ အသင်းတွေက အရှုံးပြမှုတွေ အသင်းရုတ်သိမ်းမှုတွေထိ ယခင်က ရှိခဲ့ဖူးပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး မှတ်သားစရာလေးတွေက လီဂါအမ်အိတ်စ်မှာ ပွဲ အများဆုံး ပါဝင်ကစားထားသူ အဖြစ် Oscar Perez ရှိတယ်၊ သူက ပွဲပေါင်း ၇၂၆ ပွဲထိအောင် ဝင်ကစားထား သလို ဂိုးအများဆုံး သွင်းယူပေးထားသူ အဖြစ်နဲ့တော့ Evanivaldo Castro က ၁၉၇၄ ခုနှစ်ကနေ ၁၉၈၇ ခုနှစ် အတွင်း ကစားသမား ဘဝမှာ ပြိုင်ပွဲစုံ ၃၁၂ ဂိုးထိအောင် သွင်းပြီး စံချိန်တင်ထားတာ ဖြစ်ပါတယ်။ Ref: http://ift.tt/1nTw5C9 The post မြောက်အမေရိကတိုက်က အင်အားကြီး ဘောလုံးပြိုင်ပွဲ မက္ကဆီကို လီဂါအမ်အိတ်စ် appeared first on ဧရာဝတီ.
Source : http://ift.tt/2naXhsl
via IFTTT

No comments:

Post a Comment