အဂတိလိုက်စားမှုဖြင့် အတိုင်ခံရသည့် စာရင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန ထိပ်ဆုံး၌ရပ်တည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ အဂတိလိုက်စားမှုနှင့် သက်ဆိုင်သည့် တိုင်စာ ၃ လအတွင်း ၁၇၀၀ ကျော် လက်ခံရရှိထားသည့် အထဲတွင် အများဆုံး တိုင်ကြားခံရသည့် ဝန်ကြီး ဌာနမှာ ပြည်ထဲရေး ဝန်ကြီးဌာန ဖြစ်ကြောင်း သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ မတ်လ ၃၀ ရက်နေ့ အတွင်း တိုင်ကြားလာသည့် အရေအတွက်မှာ စုစုပေါင်း ၁၇၈၁ စောင် ရှိပြီး ထိုအထဲတွင် ပြည်ထဲရေးဝန်ကြီးဌာနက စုစုပေါင်း တိုင်ကြားစာ ၅၀၀ ကျော်ဖြင့် ထိပ်ဆုံးတွင် ဦးဆောင်နေခြင်း ဖြစ်ကြောင်း နေပြည်တော် အဂတိလိုက်စားမှုကော်မရှင်ရုံးတွင် ယနေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။ ကော်မရှင်သို့ ၃ လအတွင်း တိုင်ကြားခံရမှု အများဆုံးထဲ၌ ပြည်ထဲရေး ဝန်ကြီးဌာန နောက်တွင် တရားရေး ဝန်ထမ်းများ မှန်ကန်မှု မရှိသဖြင့် တိုင်ကြားစာပေါင်း ၃၀၀ ကျော်၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ၃၀၀ ကျော်၊ ပညာရေးဝန်ကြီးဌာနမှ ၄၈ စောင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ၂၇ စောင်နှင့် ပုဂ္ဂလိက ကုမ္ပဏီများမှ တိုင်စာ ၁၀၀ ကျော်ပါဝင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင် က ပြောသည်။ ဒေါ်လဲ့လဲ့သွင် က “တိုင်စာတွေကို ကော်မရှင်က မှန်ကန်မှု ရှိမရှိစစ်ဆေးတယ်။ ပြီးရင် သက်ဆိုင်ရာဌာနတွေကို လွှဲပို့တယ်၊ တချို့ တိုင်ကြားစာတွေက အရေးယူလို့ မရဘူး၊ ဘာကြောင့် အရေးယူလို့ မရဘူးဆိုတာကို အကျိုး အကြောင်းနဲ့ တစောင်ချင်း ပြန်ပေးထားတဲ့ အစောင်ရေ ၂၆၁ စောင်ပြန်ထားပြီးပါပြီ” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ သုံးလအတွင်း ရောက်ရှိလာသည့် တိုင်ကြားစာ ၁၇၀၀ ကျော်အနက် စောင်ရေ ၉၄၉ စောင်သည် ကော်မရှင် ဥပဒေနှင့် မညီသဖြင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ တိုင်ကြားစာ ၄၇၉ စောင်မှာ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဆောင်ရွက် သင့်သည့် ကိစ္စများဖြစ်၍ အဆိုပါ ဌာနအဖွဲ့အစည်းများသို့ ပေးပို့ထားကြောင်း သိရသည်။ ထို့အတူ စိစစ်ဆဲတိုင်ကြားစာ အရေအတွက်မှာ ၃၀၄ စောင်ဖြစ်ကြောင်း၊ တိုင်ကြားသည့်အချက် မှန်ကန်မှု ရှိ၊ မရှိ စုံစမ်း စစ်ဆေးမှု မပြုမှီ ကြိုတင်စုံစမ်းနေသော တိုင်စာ အရေအတွက် ၂၀ စောင်ရှိကြောင်း၊ ကော်မရှင်နေဖြင့် စစ်ဆေးနေသည့် တိုင်စာမှာ ၁၁ စောင်သာ ရှိသည်ဟုဆိုသည်။ ကော်မရှင်ရုံးတွင် သတင်းနှင့် ပြန်ကြားရေးအဖွဲ့ ရှိပြီး သတင်းစာများမှ တွေ့ရှိချက် ၊မီဒီယာများမှ ဝေဖန်ချက်များကို ပြန်ကြားရေးအဖွဲ့မှ နေ့စဉ်မှတ်သားထားကြောင်း အကြံပြုချက်၊ ဝေဖန်ချက် အဆိုးအကောင်းစသည့် အချက်များကို အဂတိလိုက်စားမှု ဥပဒေနှင့် အညီအရေးယူသွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ပြန်ကြားရေး လုပ်ငန်း ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွှန့် က ဦးဟန်ညွှန့်က ဆိုသည်။ ဦးဟန်ညွှန့် က “သတင်းမီဒီယာတွေနဲ့ ပူးပါင်းပြီးတေ့ာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရေးယူ ဆောင်ရွက် ရမည်လို့ တရားဥပဒေက တိတိကျကျ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကော်မရှင်သည် မီဒီယာများ အားလုံး၏ ဝေဖန်ရေးသား ထောက်ပြမှုများကို အစဉ်အလေးပြု၍ နေ့စဉ် မှတ်သားလေ့လာနေပါသည်” ဟု ပြောသည်။ ကော်မရှင်ရုံးသို့ ရောက်ရှိသည့် တိုင်ကြားစာများကိုသက်ဆိုင်ရာ ဝန်ကြီးဌာနရုံးများနှင့် မိခင်ဌာနများသို့ လွှဲပြောင်းပြီး ရက်ပေါင်း ၆၀ အတွင်း ယင်းအမှု စစ်ဆေးပြီး အခြေအနေကို ကော်မရှင်ရုံးသို့ ပြန်လည် အကြောင်းရမည် ဖြစ်သည်။ ရောက်ရှိလာသော တိုင်ကြားစာများကို တန်ဖိုးရှိသော တိုင်ကြားစာများ ဖြစ်စေရန်အတွက် ကော်မရှင် ဥပဒေနှင့် အညီပေးပို့ရန်နှင့် ခိုင်လုံသော အထောက်အထားများကို ရနိုင်သမျှ စုစည်းတင်ပြပေးရန် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်မြင့် က ပြည်သူများသို့ သတင်းစာရှင်းလင်းပွဲမှ တဆင့် အသိပေးပြောကြားခဲ့သည်။ ဦးခင်မောင်မြင့် က “ဥပမာ တင်ပြရမယ်ဆိုရင် တရားရုံးမှာ စစ်မေးတဲ့ ပုံစံအတိုင်း တိုင်ကြားစာထဲမှာ အဂတိ ဘယ်လို လိုက်စားလဲ။ ငွေကို ဘယ်လိုတောင်းလဲ။ ဘယ်သူ့ရှေ့မှာ ပေးရသလဲ။ ဘယ်ကိစ္စကို အကြောင်းပြုပြီး ပေးရတာလဲ။ အစရှိတဲ့ အကြောင်း အချက်အလက် အပြည့်အစုံကို ရနိုင်သမျှ မှတ်သားပြီး တင်ပြသင့်ပါတယ်။ ဖုန်းနဲ့ ရိုက် ထားတဲ့ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေကိုလည်း တင်ပြနိုင်ပါတယ်” ဟု ဆိုသည်။ နိုင်ငံတော် သမ္မတ သစ် ဦးဝင်းမြင့်က ယခုလ ၃၀ ရက်နေ့က ပြောသော ပထမဆုံး မိန့်ခွန်းတွင် ၎င်း၏ ပြည်ထောင်စု အဖွဲ့ရအဖွဲ့ အနေဖြင့် ဦးစားပေးလုပ်ဆောင်ရမည့် ရည်မှန်းချက်များထဲတွင် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု-စီးပွား ဘဝ တိုးတက်မြင့်မားရေး အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလည်း ပါဝင်ကြောင်း ပြောဆိုသွားသည်။ The post အဂတိလိုက်စားမှုဖြင့် အတိုင်ခံရသည့် စာရင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန ထိပ်ဆုံး၌ရပ်တည် appeared first on ဧရာဝတီ.
Source : https://ift.tt/2Gr9yyf
via IFTTT
Saturday, March 31, 2018
Eleven Media Group
တရုတ်ပြည်မကြီးသို့ မောင်းသူမဲ့လေယာဉ်ဖြင့် iPhone များ ခိုးသွင်းသည့်ဂိုဏ်းကို ဖြိုခွင်းခဲ့ ဟောင်ကောင်မှ တရုတ်နိုင်ငံတောင်ပိုင်းရှိ နည်းပညာဗဟို ချက်ရှင်းကျန့်သို့ ယွမ်သန်းပေါင်း ၅၀၀ (ဒေါ်လာ ၇၉ ဒသမ ၈ သန်း) တန်ဖိုးရှိ စမတ်ဖုန်းများကို မောင်းသူမဲ့လေယာဉ်များဖြင့် မှောင်ခိုသွင်းနေသည့် ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းအား ရှင်းကျန့်အကောက်ခွန်အရာရှိများက ဖော်ထုတ်ဖြိုခွင်းနိုင်ခဲ့သည်ဟု အစိုးရပိုင် Legal Daily တွင် မတ် ၃၁ ရက်၌ ဖော်ပြခဲ့သည်။ မှောင်ခိုကုန်ကူးရန် မောင်းသူမဲ့လေယာဉ်များအား အသုံးပြုခဲ့သည်ဟု သံသယရှိသူ ၂၆ ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ရှင်းကျန့်နှင့် ဟောင်ကောင်အကောက်ခွန်များ၏ ဖြိုခွင်းမှုအကြောင်း ရေးသားထားသည့် ထိုသတင်း၌ ဖော်ပြခဲ့သည်။ ၎င်းတို့သည် စုစုပေါင်းယွမ်သန်း ၅၀၀ တန်ဖိုးရှိသည့် ပြန်လည်ပြင်ဆင်ထားသော iPhone များကို ဟောင်ကောင်နှင့် ပြည်မကြီးကြား၌ သယ်ယူပို့ဆောင်ရန်အတွက် မီတာ ၂၀၀ (၆၆၀ ပေ) ရှိသည့် ကေဘယ်နှစ်ခုတွင် မောင်းသူမဲ့လေယာဉ်များအား ပျံသန်းစေခဲ့ခြင်းဖြစ်သည်။ “နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုကုန်ကူးဖို့ မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုကြောင်း တရုတ်နိုင်ငံထဲမှာ တွေ့တာဟာ အခုပထမဆုံးပါပဲ” ဟု မတ် ၂၉ ရက်က ရှင်းကျန့်အကောက်ခွန်ဌာနက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း ရရှိခဲ့သည့် အချက်အလက်များကို ကိုးကားကာ Legal Daily တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ မှောင်ခိုသမားများသည် ညသန်းခေါင်အချိန်မှသာ လှုပ်ရှားကြခြင်းဖြစ်ပြီး iPhone ၁၀ လုံးထက်မနည်းပါသည့် အိတ်ငယ်ကို မောင်းသူမဲ့လေယာဉ်ဖြင့် သယ်ယူပို့ဆောင်မှုသည် စက္ကန့်ပိုင်းသာကြာမြင့်ကြောင်း အကောက်ခွန်အရာရှိများက ပြောကြားခဲ့သည်ဟု သတင်းထဲတွင် ဖော်ပြခဲ့သည်။ ထိုရာဇဝတ်ဂိုဏ်းသည် တစ်ညလျှင် နယ်စပ်ဖြတ်ကျော်ပြီး မှောင်ခိုပို့ပေးနိုင်သည့် ဖုန်းအလုံးရေမှာ ၁၅၀၀၀ ခန့်အထိရှိသည်ဟု သိရသည်။ တရုတ်တွင် မောင်းသူမဲ့လေယာဉ်များအား အသုံးပြုခြင်းကို စည်းကမ်းဖြင့် ထိန်းသိမ်းရခြင်းသည် အစိုးရအတွက် အရေးကြီးဆုံးအလုပ်တစ်ခု ဖြစ်လာခဲ့သည်။ တရုတ်သည် အရပ်ဘက်သုံးမောင်းသူမဲ့ လေယာဉ်များကို ကမ္ဘာတွင် အများဆုံးထုတ်လုပ်သည့် နိုင်ငံလည်းဖြစ်သည်။ လေယာဉ်ပျံသန်းမှု လမ်းကြောင်းအတွင်းသို့ မောင်းသူမဲ့လေယာဉ်များ ဝင်ရောက်လာသည့် ဖြစ်စဉ်များကို ကာကွယ်ရန်အတွက် တရုတ်အစိုးရသည် ပြီးခဲ့သည့်နှစ်ကပင် တင်းကျပ်သော စည်းမျဉ်းများကို ထုတ်ပြန်ခဲ့သည်။ ထိုစည်းမျဉ်းများထဲ၌ အရပ်ဘက်သုံး မောင်းသူမဲ့လေယာဉ်များကို ပိုင်ဆိုင်သူများက ယာဉ်၏အလေးချိန်ကို ၎င်းတို့၏ အမည်အစစ်အမှန်ဖြင့် မှတ်ပုံတင်ရေးလည်း ပါဝင်သည်။ ရှင်းကျန့်ဒေသမှ အကောက်ခွန်တာဝန်ရှိသူများက ၎င်းတို့သည် နည်းပညာမြင့်ကိရိယာများဖြင့် မှောင်ခိုကုန်ကူးသည့် ပုံစံသစ်များကို အနီးကပ်စောင့်ကြည့်လေ့လာသွားမည်ဟု ပြောကြားခဲ့ကြောင်း Legal Daily ၌ ဖော်ပြခဲ့သည်။ ထို့ပြင် မှောင်ခိုလုပ်ရပ်များကို ထောက်လှမ်းနိုင်ရန် မောင်းသူမဲ့လေယာဉ်၊ ကြည်လင်ပြတ်သားသော စောင့်ကြည့်ကိရိယာများအပါအဝင် နည်းပညာမြင့်ပစ္စည်းများဖြင့် ၎င်းတို့၏စွမ်းရည်များကို မြှင့်တင်သွားမည်ဟုလည်း ပြောခဲ့ကြောင်း သိရသည်။
Source : https://ift.tt/2GnzWwZ
via IFTTT
Source : https://ift.tt/2GnzWwZ
via IFTTT
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရန်ကုန်တိုင်း အစိုးရ ကုမ္ပဏီ တည်ထောင် စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းသော ရန်ကုန်မြို့သစ် စီမံကိန်းကို ဖော်ဆောင်ရန်အတွက် တိုင်းဒေသကြီး အစိုးရမှ ရာနှုန်းပြည့် ပိုင်ဆိုင်မည် ဖြစ်သော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် New Yangon Development Company Limited (NYDC) ဖွဲ့စည်း တည်ထောင်လိုက်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကြေညာလိုက်သည်။ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် မတ်လ ၃၁ ရက် ပြုလုပ်သော ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် New Yangon Development Company Limited (NYDC) ဖွဲ့စည်းတည်ထောင်ခြင်း အထိမ်းအမှတ် ကျင်းပခြင်း အခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောခြင်းဖြစ်သည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကြိုးနီစနစ်တွေ နည်းသွားနိုင်ဖို့ အစိုးရက တာဝန်ယူဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီကုမ္ပဏီက အစိုးရက ၁၀၀ ရာခိုင်နူန်း ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီက ပုဂ္ဂလိက နယ်ပယ်အသီးသီးက ငွေကိုစနစ်ကျ ပေါင်းစည်းဆောင်ရွက်ပေးဖို့အတွက် စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီစီမံခန့်ခွဲပေးမှုက ယခင်အစိုးရ အဆက်ဆက် ဆောင်ရွက်ပေးခဲ့သော ကြိုးနီစနစ်တွေ မရှိဘဲ အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက် ပေးသွားမှာဖြစ်တယ်” ဟု ပြောသည်။ NYDC ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား (ဓာတ်ပုံ – ရွှေလေး၊ ဧရာဝတီ) ဆက်လက်၍ ဝန်ကြီးချုပ် က “ရန်ကုန်မြစ် အနောက်ဘက်အခြမ်းက ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေပါတယ်။ ဒါကိုဖွံ့ဖြိုးတိုးတက် လာစေဖို့ အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနယ်မြေမှာ စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်ဖို့အတွက် ဖြစ်တယ်။ ဒီကုမ္ပဏီရဲ့ အဓိကရည်ရွယ်ချက်ကအလုပ်သမား ၂ သန်းလောက် အလုပ်အကိုင်အခွင့်အလမ်းပေးဖို့ ဖြစ်ပါတယ်” ဟု ရှင်းပြခဲ့သည်။ NYDC ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရာနူန်းပြည့်ပိုရင်ဆိုင်ပြီး ပြည်ထောင်စုအစိုးရမှ တိုင်းနှင့် ပြည်နယ်များ ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက် ချပေးသည့် ရံပုံငွေထဲမှ ကျပ် ၁၀ ဘီလီလျံဖြင့် မတည်ထားပြီး ကုမ္ပဏီ၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြစ် အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး NYDC ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်နီလာကျော်ကလည်း ထပ်လောင်း ပြောဆိုသည်။ ရန်ကုုန်မြစ် အနောက်ခြမ်း မြို့သစ်စီမံကိန်း တည်ဆောက်ရန် အတွက် နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမည့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူသွားမည် ဟုဆိုသည်။ NYDC ကုမ္ပဏီ ဒုဥက္ကဋ္ဌ Serge Pun က “မြို့သစ်၏ ပထမအဆင့်နှင့် ဆက်စပ်သော အခြေခံ အဆောက်အအုံ ကဏ္ဍကတော့ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် ကုန်ကျမှာ ဖြစ်တယ်။ မြို့သစ်ပြီးစီးလို့ရှိရင် လုပ်အကိုင် အခွင့်အလမ်း ၂ သန်း ဖော်ထုတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျနော်အနေနဲ့ NYDC မှာ အမှုဆောင်အရာရှိချုပ်အနေနဲ့ တာဝန်ယူစဉ်အတွင်း ကျနော်ကိုယ်တိုင်နဲ့ ကျနော့် ထိန်းချုပ်ကွပ်ကဲမှု အောက်မှာရှိတဲ့ ကုမ္ပဏီများအနေနဲ့ မြို့သစ်ဆောက်လုပ်ရေး လုပ်ငန်းများမှာ တင်ဒါများ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘူး” ဟု ပြောသည်။ NYDC ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား (ဓာတ်ပုံ – ရွှေလေး၊ ဧရာဝတီ) အဆိုပါ မြို့သစ်စီမံကိန်း၏ အခြေခံအဆောက်အအုံ လုပ်ငန်းများမှာ ရွာမြို့နယ် ၅ ခု မြို့ပြင် ဆက်သွယ်သော တံတား ၂ စင်း၊ ၂၆ ကီလိုမီတာ အရှည်ရှိ ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်း ကီလိုမီတာရှိ စက်မှုဇုန် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး အဆောက် အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ် စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ရန်ကုန်မြို့သည် နိုင်ငံ၏ စီးပွားရေးဗဟိုအချက်အခြာ ဖြစ်နေပြီး နိုင်ငံ၏ အမျိုးသား ပြည်တွင်း အသားတင်ထုတ်ကုန်အချိုး (GDP) ၂၆ ရာခိုင်နူန်းရှိသည့် ငွေကျပ် ၁၉ ဒသမ ၃ ထရီလီယံကို ထုတ်လုပ်ပေးနေသည်။ ထို့အပြင် ရန်ကုန်မြို့၏ လူဦးရေသည် လာမည့် ၁၀ နှစ်တွင် လူဦးရေ ၁၀ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသောကြောင့် အလုပ်အကိုင် လူနေအိမ်နှင့် အခြေခံအဆောက်အအုံ အပါအဝင် သန့်ရှင်းသောရေ ဖြန့်ဖြူးပေးဝေရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ပေးနိုင်ရေးတို့ပေါ်တွင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားခဲ့သည်။ မြို့သစ် တည်ဆောက်ရာတွင် Public private Parthership (PPP) ဟုခေါ်သည့် မော်ဒယ်နှင့် အဓိက အသုံးပြုသွားမည်ဖြစ်ပြီး ယခု စီမံကိန်းသည် တရုတ်နိုင်ငံရှိ ရှန်ဇန် (Shenzhen) မြို့နှင့် မလေးရှားနိုင်ငံရှိ (Iskandar) တို့နှင့် ပုံသဏ္ဍာန် တူညီမည် ဖြစ်ကြောင်း ကုမ္ပဏီ ဒုဥက္ကဋ္ဌ Serge Pun က ပြောသည်။ စီမံကိန်းစတင်မည့် အချိန်နှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များကို တင်ဒါခေါ်ယူမည့် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက် New Yangon Development Company Limited (NYDC) မှ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း လောလောဆယ်တွင် အသေးစိပ် ပြောကြားနိုင်ခြင်း မရှိကြောင်း NYDC ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်နီလာကျော်က ပြောသည်။ The post ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ရန်ကုန်တိုင်း အစိုးရ ကုမ္ပဏီ တည်ထောင် appeared first on ဧရာဝတီ.
Source : https://ift.tt/2GmNbxP
via IFTTT
Source : https://ift.tt/2GmNbxP
via IFTTT
“ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဖန်တီးသူ၊ ဒါရိုက်တာ အာကာနှင့် တွေ့ဆုံခြင်း ၂၀၁၇ – ၂၀၁၈ ခုနှစ်ဟာ မြန်မာ့ရုပ်ရှင်လောက အတွက် အပြောင်းအလဲတခု ဖြစ်လာတဲ့နှစ်လို့ ဆိုနိုင်ပါတယ်။ သာမန် ချစ်၊ ကြိုက်၊ ကွဲညား ၊ ဟာသကား စတဲ့ ပုံမှန် သမရိုးကျ ဇာတ်လမ်းတွေထဲကနေ ကွဲထွက်ပြီး မတူညီတဲ့ ရိုက်ကူးချက်တွေနဲ့ သိသိသာသာ ပုံစံကွဲလာတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဒီခုနှစ်တွေ အတွင်းမှာ ထွက်ရှိလာပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အသစ် ရုံတင်ပြသသွားမယ့် ရုပ်ရှင်ဇာတ်ကားတွေထဲမှ လူငယ် ဒါရိုက်တာ အာကာ ရိုက်ကူးတဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ကားဟာလည်း Facebook အသုံးပြုသူ လူငယ်တွေကြားမှာ စိတ်ဝင်စားမှု အထူး မြင့်မားလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာ တွေ့ရခဲ့တဲ့ ဇာတ်လမ်းပုံစံမျိုး ရိုက်ထားတဲ့ ဒီရုပ်ရှင်ဟာ မြန်မာရုပ်ရှင်လောက အတွက် အပြောင်းအလဲ တခု ဖြစ်လာဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ အဆိုပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင် ရိုက်ကူးဖန်တီးသူ လူငယ် ဒါရိုက်တာ အာကာနဲ့ ဧရာဝတီ သတင်းဌာနမှ Lifestyle အယ်ဒီတာ သီဟတိုးက အခုလို တွေ့ဆုံမေးမြန်း ထားပါတယ်။ မေး။ ။ ပထမဆုံး ကိုအာကာ အကြောင်း အရင်ဆုံး မိတ်ဆက်ပေးပါ။ ဘယ်အချိန်က စပြီး အနုပညာ လုပ်ဖြစ်ခဲ့တာလဲ။ ဖြေ။ ။ ကျနော်က အရင်တုန်းက အိုင်တီသမား၊ ကွန်ပျူတာနဲ့ ပတ်သက်တာပဲ လုပ်တာ။ လုပ်နေရင်းနဲ့မှ တဆင့် ကျနော့် အိုင်တီ အလုပ်က ကံကောင်းချင်ကနေ စင်ကာပူကနေ တခြားနိုင်ငံတွေကို သွားရတာ။ သွားနေရင်းနဲ့မှ ကျနော် Travel လုပ်နေရင်း ဓာတ်ပုံရိုက်တာကို ဝါသနာပါတယ်။ အဲဒီ အချိန်မှာ ကျနော့်ညီကလည်း မြန်မာပြည်မှာ သီချင်း အဆိုတော် လုပ်နေတော့ ကျနော် ဓာတ်ပုံ ရိုက်တဲ့ ကင်မရာလေးနဲ့ပဲ သူ့ရဲ့ Music Video ရိုက်ပေးပါဆိုတော့ ဒီမှာ ပြန်လာရိုက်တယ်။ ရိုက်ရင်းနဲ့မှ ကျနော့် Music Video လေးတွေ အွန်လိုင်းတင်တော့ လူတွေကလည်း အားပေးတယ် ဆိုတော့ ကျနော် မြန်မာပြည်ကို ပြန်လာပြီး Music Video တွေ ရိုက်မယ်ဆိုပြီး စင်ကာပူကနေ ခွင့်ယူပြီး မြန်မာပြည်ကို ပြန်လာတယ်။ ပြန်လာပြီးတော့ Travelogue လေးတွေ ရိုက်တယ်။ ရိုက်ပြီးတော့မှ ပြန်တင်တော့ လူတွေက အားပေးတယ်ဆိုတော့ ကံကောင်းချင်တော့ ၂၀၁၁ လောက်တုန်းက US က ထုတ်လုပ်ရေးတခုကနေ ရုပ်ရှင်ရိုက်ချင်လို့ ဆိုပြီး ကျနော်တို့ကို Script လေးတခု ရေးခိုင်းတယ်။ အဲဒီ Script ကို သူတို့ကို Submit လုပ်ပေးပြီးတဲ့အခါ သူတို့ပေးတဲ့ ဘတ်ဂျက်က အရမ်း နည်းတော့ မရိုက်ဖြစ်ဘူး။ အဲဒီနောက် ၂၀၁၆ ဒီကို ပြန်ရောက်ပြီးတဲ့အခါ Golden Hour နဲ့ တွေ့ပြီး သူတို့ကလည်း ထုတ်လုပ်ရေး လုပ်ချင်လို့ပါ ဆိုပြီး ကျနော်နဲ့ ရိုက်ဖြစ်သွားတာပါ။ မေး။ ။ “ဒုဋ္ဌဝတီကိုလွန်၍” အပါအဝင် တခြား ကိုအာကာ ရိုက်ထားတဲ့ ဇာတ်ကားတွေ အကြောင်း ပြောပြပေးပါဦး။ ဖြေ။ ။ Golden Hour က ရုပ်ရှင် ၄ ကား ထုတ်ပေးတယ်။ ကျနော်တို့ အာကာ Production နဲ့ ထုတ်လုပ်တာ ၃ ကား၊ ဒါရိုက်တာ စတီးလ်နဲ့ ရိုက်တာ ၁ ကား။ ကျနော်တို့ရဲ့ “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ရယ်၊ “ကြိုးဖုန်း” “ကမ္ဘာနှစ်ထပ်” စတဲ့ ရုပ်ရှင် ၃ ကားပေါ့နော်။ အဲဒီ ၃ ကားမှာ “ဒုဋ္ဌဝတီကိုလွန်၍” က ပထမဆုံးကားပါ။ သူက အက်ရှင်နဲ့ Adventure Type ကို သွားတာ။ “ကြိုးဖုန်း” ကကျတော့ မအိန္ဒြာကျော်ဇင်၊ ကိုဖြိုးငွေစိုး၊ ရွှေအိမ်စည်၊ ရဲနောင်၊ အောင်ရဲထွေး တို့နဲ့ ရိုက်ထားတာ အဲဒါက သရဲကား။ ပြီးခဲ့နှစ် ၂၀၁၇ ခုနှစ် ဇွန်လလောက်က ရိုက်ထားတာ။ “ကမ္ဘာနှစ်ထပ်” ကကျတော့ မကြာသေးဘူး။ ဒီဇင်ဘာ၊ ဇန်နဝါရီကမှ ရိုက်ထားတာပါ။ သူကကျတော့ ကိုနိုင်းနိုင်းနဲ့ မေကဗျာ၊ မေမြင့်မိုရ်ပါတယ်။ ကလေးသရုပ်ဆောင် ပြည့်ပြည့် သူကတော့ အဓိကပေါ့။ ရှေ့က နှစ်ကားက ဆင်ဆာကျထားပြီးပြီ။ တကားကတော့ မေလ ၄ ရက်နေ့ တင်မယ်။ နောက်ဆုံး တကားကတော့ အခုမှ Edit လုပ်တုန်း။ ဆင်ဆာလည်း လျှောက်ထားတာ မကြည့်ရသေးဘူး။ မေး။ ။ “ဒုဋ္ဌဝတီကိုလွန်၍” ဇာတ်ကားက မကြာခင် ရုံတင်တော့မှာ ဆိုတော့ အဲ့ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် မျှော်မှန်းထားလဲ။ ဖြေ။ ။ မျှော်မှန်းထားတာက ပြောရခက်တယ်ဗျ။ ဒီမှာကာ အချစ်ကား ကြည့်တယ်၊ ဟာသကား ကြည့်တယ်။ အက်ရှင် ကားတွေ အရမ်းနည်းတယ်။ နည်းနေတဲ့ အချိန်မှာ ကျနော်တို့ကား တင်ရင် ပေါက်မလား၊ မပေါက်လား မပြောတတ်ဘူး။ ပရိသတ်က လက်ခံမလား၊ လက်မခံဘူးလားလည်း မပြောတတ်ဘူး။ အသစ်တွေ ဖြစ်နေတယ်။ ဒါရိုက်တာအသစ်ဖြစ်တဲ့ အတွက်လည်း အဆင်ပြေချင်မှ ပြေမှာပါ။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံး အနေအထားနဲ့ ပြန်ကြည့်ရင် ကျနော်တို့ကို မသိတဲ့သူတွေက အများကြီးပဲ။ ရန်ကုန်၊ မန္တလေးလောက်ပဲ သိရင်သိမှာပေါ့။ အင်တာနက် Access မရှိတဲ့ နေရာတွေ ကျနော်တို့ ဒီကား တိုးလို့ရပါမလား။ အဲတခုတော့ ရှိတာပေါ့။ ဒါပေမယ့် ကျနော်တို့ အကောင်းဆုံး လုပ်ထားတာ ဖြစ်တဲ့ အတွက် သူတို့လည်း လူတယောက် ကြည့်လိုက်လို့ ကြိုက်တယ်၊ တခြား သူငယ်ချင်းတွေ လာပါဦး ဆိုပြီး တဆင့်စကား တဆင့် ပြောရင်းနဲ့ အဆင်ပြေ သွားမှာပါ။ မေး။ ။ ဒီဇာတ်ကားမှာဆိုရင် နာမည်ကြီး မင်းသမီး မသုံးဘဲ မင်းသမီးအနေနဲ့ဆို အသစ်ဖြစ်တဲ့ “အမွန်း”ကို ဘာကြောင့် သုံးထားတာလဲ။ ဖြေ။ ။ နာမည်ကြီး သုံးလို့ရှိရင် ကျနော်တို့ နာမည်ကြီးကိုပဲ လာကြည့်တာ ဖြစ်မှာပေါ့။ ဒီမှာက ရုပ်ရှင် Production Value ကို အဓိက သွားစေချင်တယ်။ ကြည့်တဲ့သူကိုလည်း အမြင်မှာ မင်းသား၊ မင်းသမီးနဲ့ လာကြည့်တာထက် ရုပ်ရှင်ကား ရိုက်ထားတဲ့ Production Value Over all ဒါရိုက်တာ ကောင်းတယ်၊ Script (ဇာတ်ညွှန်း) ကောင်းတယ်။ မင်းသား၊ မင်းသမီး ကောင်းတယ်။ ရိုက်ထားတဲ့ Setting တွေ၊ Costume (ဝတ်စုံ) တွေ အကုန်လုံး ကောင်းမှ ရုပ်ရှင်ကားကောင်း တကား ထွက်လာမယ်ဆိုတာ သူတို့ကို ကြည့်စေချင်တယ်။ အဲဒီအတွက်လည်း အရမ်းဟောင်းနဲ့ ကိုနိုင်းနိုင်းနဲ့ အရမ်းသစ်တဲ့ အမွန်းကို တွဲလိုက်တာ။ တွဲလိုက်တော့ အဲ့နှစ်ယောက် တွဲလိုက်ရင် တယောက်နဲ့ တယောက်က အဟောင်းကလည်း အသစ်ဆီကနေ သင်စရာရှိသလို အသစ်ကလည်း အဟောင်းဆီကနေ သင်စရာရှိတယ်။ အဲဒီလို တယောက်နဲ့ တယောက်ကို တည်ပေးလိုက်တာ။ တည်ပေးလိုက်တော့ သူတို့နှစ်ယောက်က ပိုပြီး ကြည့်ကောင်းသွားတာ။ Marketing (ဈေးကွက်) အရဆိုရင် အဟောင်း တယောက်ပါတော့ အဆင်ပြေတယ်။ အသစ်က သူ့ဘာသာသူ တွဲတက်သွားမှာဆိုတော့လေ။ နယ်မှာလည်း အရမ်းကြီး မစိမ်းဘူးဆိုတော့ အဆင်ပြေမှာပါ။ မေး။ ။ ဒီဇာတ်ကား အတွက်ကကော အချိန် ဘယ်လောက်ကြာ ကြိုတင် ပြင်ဆင်ခဲ့ရလဲ။ ဖြေ။ ။ ပြင်ဆင်တဲ့ အချိန်က Pre-Production ၃ လ၊ ရိုက်ကူးတာက ရက် ၉၀ (၃ လ) ဒါပေမယ့် ၃ လလုံး အပြည့် မရိုက်ဘူး။ ကြားထဲမှာ နားတာတွေ ရှိတယ်။ ဒါပေမယ့် နားနေတဲ့ အချိန်မှာ တခြားဇာတ်ကား ရိုက်ခွင့် မရှိဘူး။ နားရင် အပြည့်နား ပြီးရင် ပြန်ရိုက်။ Editing ကတော့ အချိန်ကြာတယ်။ နှစ်နဲ့ ချီပြီး အချိန်ယူထားပါတယ်။ မေး။ ။ ဒီရုပ်ရှင်ကို ရိုက်ပြီး မြန်မာ့ရုပ်ရှင် လောက အပြောင်းအလဲ ဖြစ်သွားစေမယ် ထင်လား။ အပြောင်းအလဲ ဖြစ်အောင် ရိုက်ထားလား။ ဥပမာ – နည်းပညာပိုင်းက အစပေါ့။ အပြောင်းအလဲဖြစ်အောင် ပြောင်းလဲပါစေတော့ ဆိုပြီး ရိုက်ထားတာတော့ မဟုတ်ဘူး။ ကျနော်တို့ တခုတည်းနဲ့ မပြောင်းလဲ နိုင်ဘူး။ ဒါပေမယ့် ပရိတ်သတ်က အမြင်မှာ ကြည့်လိုက်လို့ ဒီလိုကားမျိုး ကြိုက်တယ်ဆိုပြီး တောင်းဆို လာရင်တော့ ရိုက်တဲ့ ပုံစံတွေ ပြောင်းလဲလာမယ်လို့ ကျနော်ထင်တယ်။ ပြီးတော့ ပရိသတ်က ကြည့်လိုက်ပြီးတော့ မကြိုက်ဘူးဆိုတဲ့ Feedback မျိုး၊ အားမပေးဘူးဆိုရင် ဘယ်သူမှ မရိုက်တော့ဘူး။ အဲဒီတော့ ပထမဆုံး First Step က အရမ်း အရေးကြီးတယ်။ မေး။ ။ ဒီကားက ပြည်တွင်းမှာပဲ ပြမှာလား၊ နိုင်ငံတကာမှာကော ပြဖို့ ရည်ရွယ်ထားလား။ ဖြေ။ ။ ရည်ရွယ်ထားပြီးသားပါ။ ပြည်တွင်းမှာ ပြ၊ ပြပြီးတာနဲ့ အရင်ဆုံး First Step က စင်ကာပူ ဖြစ်လိမ့်မယ်။ ပြီးရင်တော့ ထိုင်း၊ ပြီးရင် သြစတြေးလျတို့မှာပါ ပြဖို့ အစီအစဉ်ရှိတယ်။ သြစတြေးကလျက တယောက်လည်း ပါတယ်။ စင်ကာပူက တယောက်လည်း ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ အားနဲ့ ကျနော်တို့က အဲ့နှစ်နိုင်ငံပြမယ်။ ပြီးရင် ကိုနိုင်းနိုင်း ကလည်း US မှာ ရှိတဲ့အတွက် US မှာလည်း ပြမယ်။ စလုံးကတော့ အကြမ်းဖျင်း ပြောထားပြီးပြီ။ ထိုင်းကလူတွေလည်း ပြောထားပြီးပြီ။ ကျနော်တို့ ဒီဘက်က ထွက်တဲ့ ရလာဒ်ကို သူတို့က ကြည့်ချင်တာ၊ မြန်မာကားဆိုတော့လည်း မယုံရဲဘူး ဖြစ်နေတာ။ မယုံရဲတော့ ခေါ်ပြပြီး ဘယ်သူမှ လာမကြည့်မှာ စိုးရိမ်တာ။ တင်နေကျ ကားလည်း မဟုတ်ဘူးလေ။ ပြီးတော့ ကျနော်တို့က သူတို့နဲ့ အရမ်းကြီး အဆက်အသွယ် ချိတ်ပြီး တလတကား ပေးနိုင်တဲ့သူမျိုးလည်း မဟုတ်တော့ ကြားက ကွက်ပျောက် ဖြစ်နေတာ။ သူတို့ ပြတဲ့အခါကျ ပိုက်ဆံ ရပါ့မလားပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာ အရင်ပြပြီးမှ သိရမှာ။ မေ။ ။ ဒီဇာတ်ကားက မြန်မာနိုင်ငံမှာ ပြတာအပြင် အခု နိုင်ငံတကာမှာပါ ပြဖို့ လုပ်နေပြီဆိုတော့ ပြည်တွင်း ဈေးကွက် အပြင် နိုင်ငံတကာ အထိပါ ထိုးဖောက်နိုင်မယ် ထင်လား။ ဖြေ။ ။ ထိုးဖောက်နိုင်မယ် ထင်လားဆိုတော့ ပထမအဆင့်က မြန်မာနိုင်ငံအတွင်းမှာပဲ မြန်မာတွေ အရင် ကြိုက်အောင် လုပ်ပြ။ ဒုတိယ အဆင့်က နိုင်ငံခြားမှာ နေတဲ့ မြန်မာတွေ ကြိုက်အောင် လုပ်ပြ၊ ပြီးတော့မှ နိုင်ငံတကာက ဖော်ရိန်နာတွေ မြန်မာကားကို အင်္ဂလိပ်စာတန်းထိုးနဲ့ ကြည့်တဲ့သူတွေ ကြိုက်အောင် လုပ်ပြရမှာ ဆိုတော့ ၃ ဆင့်ရှိတယ်။ အဲဒီ နိုင်ငံခြားမှာ နေတဲ့ မြန်မာတွေ ပြတဲ့ အဆင့်ကို ကျနော်တို့က တိုးနေတာ။ အဲ့အဆင့်ကိုပဲ လက်ခံအောင် ကျနော်တို့က မနည်း တိုးနေတာ။ အဲဒါရပြီဆို အဆင်ပြေတယ်။ အဲဒီနိုင်ငံတွေကနေ သူတို့ရဲ့ သူငယ်ချင်း ဖော်ရိန်နာ တွေကို ခေါ်လာနိုင်ပြီဆို ကျနော်တို့ နောက်တဆင့်ကို သွားလို့ရပြီ။ Global အဆင့်ပေါ့။ Global အဆင့်ကတော့ အရမ်း ဝေးသေးတယ်။ နိုင်ငံခြားမှာနေတဲ့ မြန်မာတွေပဲ မြန်မာစကား ပြောတဲ့ မြန်မာဇာတ်ကားကို လက်ခံဖို့တောင် ကျနော်တို့ တော်တော် ရိုက်ယူရမှာ။ မေး။ ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ကော ကိုယ့်ကိုကိုယ် ယုံကြည်မှု ဘယ်လောက်ရှိလဲ။ ဖြေ။ ။ ကျနော်တို့ကတော့ တတ်သလောက် မှတ်သလောက် အကုန်လုပ်ထားပေးတယ်။ အကုန်လုံး မချွင်းမချန် ခွန်အား၊ ငွေအား အကုန်ရှိသမျှ လုပ်ထားတယ်။ ပရိသတ်ဘက်က တုံ့ပြန်ချက်ကို ဘာရ ရမယ်ဆိုပြီး ကျနော်တို့ မှန်းမထားဘူး။ ပထမဆုံး First Time လုပ်တာဆိုတော့ မှားတာတွေ ရှိလိမ့်မယ်။ လိုအပ်တာတွေ ရှိလိမ့်မယ်။ လိုအပ်တာ ရှိရင်လည်း ကျနော်တို့က လူငယ်တွေပဲ Facebook ကနေ တိုက်ရိုက် “ဒီဟာ မကောင်းဘူး၊ ဒီဟာ ကောင်းတယ်” ပြောရင် Positive Feedback (အပြုသဘော ဝေဖန်အကြံပေးမှု) တွေကို ယူထားပြီး နောက်ရိုက်တဲ့ ကားတွေမှာ ပြင်သွားပြီး ကောင်းသထက် ကောင်းအောင် ပြင်သွားမယ်။ နောက်ထပ် အမှား ၂ ခေါက် မဖြစ်အောင်ပေါ့။ ကြိမ်းသေပေါက် နောက်ထပ် ၅ နှစ်၊ ၁၀ နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကျနော်တို့ရိုက်တဲ့ ရုပ်ရှင်တွေရဲ့ ကွာလတီတွေက တအားကြီး ပြောင်းလဲ သွားလိမ့်မယ်။ အဲ့အတွက် မြန်မာ့ရုပ်ရှင် လောကလည်း ပြောင်းလဲ သွားနိုင်တယ်။ ။ ဆက်စပ် သတင်းလင့်ခ် – “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ကို လူငယ်စတိုင်နဲ့ အကောင်းဆုံး ဖန်တီးထားတယ်” ဆိုတဲ့ ဒါရိုက်တာ အာကာ The post “ဒုဋ္ဌဝတီကိုလွန်၍” ရုပ်ရှင်ဖန်တီးသူ၊ ဒါရိုက်တာ အာကာနှင့် တွေ့ဆုံခြင်း appeared first on ဧရာဝတီ.
Source : https://ift.tt/2GrLXgV
via IFTTT
Source : https://ift.tt/2GrLXgV
via IFTTT
“အိမ်သာမှ ဧည့်လာမည်။ အိမ်သာတွေကို အထူး သန့်ရှင်းစေချင်” အိမ်သာဆိုတာ အိမ်တအိမ်မှာပဲဖြစ်ဖြစ် နေရာဒေသ တခုခုမှာပဲဖြစ်ဖြစ် အရေးပါသလို၊ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ အညီ ဆောက်လုပ်ထားဖို့လည်း လိုပါတယ်။ အရင်က ရွာတွေဘက် အလည်သွားမယ်ဆိုရင် နေရေး၊ ထိုင်ရေး မခက်ပေမယ့် အိမ်သာသွားမယ်ဆိုရင် အခက်အခဲတွေ ရှိပါတယ်။ ယင်လုံအိမ်သာ တက်ရဖို့ မနည်း ရှာယူရတဲ့အထိ ခက်ခဲတာပါ။ အခုနောက်ပိုင်း ကျန်းမာရေး အဖွဲ့အစည်းတွေက အသိပညာပေး လုပ်ငန်းတွေ များလာတာနဲ့ အမျှ ရွာတွေဘက်မှာ ယင်လုံအိမ်သာတွေ အသုံးများလာကြပါပြီ။ စာရေးသူရဲ့ အတွေ့အကြုံတခုကို ဝေမျှပေးရမယ်ဆိုရင် နည်းနည်းတော့ ကြာပါပြီ။ ခရီးတခုသွားရင်း နယ်ဘက် ရောက်တော့ အိမ်သာ ဝင်ချင်တာနဲ့ လမ်းမှာ လှမ်းတွေ့လိုက်တဲ့ မုန့်ဆိုင်ဖွင့်ထားတဲ့ အိမ်လေးကို အကူအညီ တောင်းပြီး “အိမ်သာ ဝင်ချင်လို့ပါ” လို့ ခွင့်တောင်းတော့ “အိမ်အနောက်ဘက်မှာ ရှိပါတယ်… သွားလိုက်ပါ” ဆိုတာနဲ့ ဝင်လိုက်ပြီးမှ တွန့်သွားမိတယ်။ သူတို့ အိမ်သာဆိုတာ ကြမ်းခင်းပေါက်ကို အပေါက်ဖောက် ထားတဲ့ အိမ်သာမို့ “ဝင်လိုက်ပြီးမှတော့ မထူးပါဘူးလေ” ဆိုပြီး မျက်စိမှိတ်သွားခဲ့ရတဲ့ အဖြစ်မျိုးပါ။ “အခုနောက်ပိုင်း အများပြည်သူသုံး အိမ်သာတွေ စနစ်တကျနဲ့ သန့်ရှင်းလာတယ်”လို့ ချီးမွမ်းမိရုံ ရှိသေး နောက် ၄ ၊ ၅ လ ကြာလို့ ခရီးသွားရင်း အဝေးပြေးလမ်းမပေါ်က အများပြည်သူသုံး အိမ်သာတွေ ဝင်လိုက်ရင် ရေပိုက်ခေါင်း ပျက်ချင်ပျက်၊ အိမ်သာရေ ဆွဲချလို့ မရ၊ ဂျက်ပျက်ပြီး တံခါး စေ့မရတွေ ဖြစ်နေတာတွေ ကြုံတွေ့ရပါတယ်။ ရန်ကုန်မြို့ရှိ အများပြည်သူသုံး အိမ်သာ တခုအား တွေ့ရစဉ် (ဓာတ်ပုံ – ထက်ဝေ/ ဧရာဝတီ) အများပြည်သူသုံး အိမ်သာတွေက နေ့စဉ် လူအများဆုံး ဝင်ထွက် အသုံးပြုနေလို့ တာရှည် မခံဘူးဆိုတာ လက်ခံ နိုင်ပေမယ့် “စနစ်တကျ သုံးမယ်၊ ပစ္စည်းတွေကို ညင်ညင်သာသာ ကိုင်တွယ်မယ်”ဆိုရင် ဒီလောက် ပျက်စီး မလွယ်ပါဘူး။ မြန်မာနိုင်ငံဟာ အခုနှစ်ပိုင်းမှာ နိုင်ငံခြားသား ခရီးသည် အဝင်အထွက် ပိုများလာတာမို့ ပြည်တွင်း အလည်အပတ်သွားတဲ့ သူတွေထဲမှာ ကိုယ့်လူမျိုးပဲ မဟုတ်တော့ပါဘူး။ နိုင်ငံခြားသားတွေလည်း လည်ပတ်နေကြပါပြီ။ ဒီထဲကမှ ပိုက်ဆံချွေတာတဲ့ နိုင်ငံခြားသားတွေဆိုလည်း တနေရာကနေ တနေရာကို လေယာဉ်နဲ့ မသွားပဲ ခရီးသွားဘတ်စ်တွေနဲ့ လိုက်လာကြတာ မြင်ရပါတယ်။ ဒီလိုမျိုးဆို ကားရပ်နား စခန်းတွေမှာရှိတဲ့ အိမ်သာတွေကြောင့် ကိုယ့်လူမျိုးတွေတောင် စိတ်အနှောင့်အယှက်ဖြစ်ရရင် သူတို့ဆို တော်တော်စိတ်ညစ်ရပါလိမ့်မယ်။ ယဉ်ကျေး သိမ်မွေ့တဲ့ လူမျိုးတွေလို့တောင် တင်စားကြတဲ့ မြန်မာတွေက ဘာ မဟုတ်တဲ့ အများသုံး အိမ်သာတွေကိုတောင် စနစ်တကျ မသုံးတတ်မှန်း သိကုန်ရင် ဘယ်လို မှတ်ချက်ပြုသွားကြမလဲ။ အများပြည်သူသုံး အိမ်သာအများစုမှာ လူကြီးတွေ သက်သောင့်သက်သာ သွားနိုင်အောင် ဘိုထိုင်အိမ်သာတွေကအစ လုပ်ပေးထားတာကို ဘိုထိုင်ပေါ် ခြေထောက်နဲ့ တက်သွားတာမျိုး ရေဆွဲချတဲ့ ခလုတ်တွေကို ပျက်အောင် အတင်း နှိပ်သွားတာမျိုးတွေ တွေ့ရတတ်ပါတယ်။ စာရေးသူရဲ့ အတွေ့အကြုံအရ မနှစ်က နိုင်ငံခြား ခရီးစဉ်တခုအသွား လေဆိပ်အဆောက်အအုံ အဟောင်းဘက် လေယာဉ်ကွင်းမှာ စောင့်နေတုန်း အိမ်သာ ခဏအဝင်မှာ နိုင်ငံခြားသူတယောက် အိမ်သာကနေ စိတ်ညစ်တဲ့ ပုံစံနဲ့ ထွက်သွားတာ တွေ့လိုက်ရတော့ စိတ်ကသိကအောက် ဖြစ်သွားမိပါတယ်။ လေယာဉ်ကွင်းဆိုတာ နိုင်ငံတကာက လူပေါင်းစုံ သွားလာနေတဲ့ နေရာမို့ သူဘာဖြစ် သွားတာလဲဆိုပြီး ကိုယ်လည်း အိမ်သာ ဝင်ကြည့်မိတော့မှ ဘယ်သူတွေ ဘယ်လိုသုံးသွားလည်း မသိ တစ်ရှူးတွေက ဟိုတစ ဒီတစ ဖြစ်လို့ဖြစ်၊ ရေဆွဲ ချလို့မရနဲ့ အတော် မသတီစရာပါ။ ဒီလို နေရာမျိုးမှာ ဒီလို ဖြစ်ရပ်မျိုးက ရှက်စရာပါပဲ။ ဒီလို ရှက်စရာ ကိစ္စတွေကြောင့် တပါးသူတွေ အထင်သေး မခံရအောင် တယောက်ချင်းစီက စလို့ အားလုံး သတိပြု ဆင်ခြင်လာမယ်လို့ စာရေးသူ ဆန္ဒပြုရေးသား လိုက်ပါတယ်။ The post “အိမ်သာမှ ဧည့်လာမည်။ အိမ်သာတွေကို အထူး သန့်ရှင်းစေချင်” appeared first on ဧရာဝတီ.
Source : https://ift.tt/2uA6dLB
via IFTTT
Source : https://ift.tt/2uA6dLB
via IFTTT
တောင်ကြီး မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ သေဆုံးမှု ဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသည့် တရားခံအား မတ်လ ၉ ရက်နေ့က အချုပ်ခန်းအတွင်းမှ အချုပ်သားများ၏ ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခံရခြင်းများကြောင့် သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ သည်။ သေဆုံးသူမှာ တောင်ကြီးမြို့၊ မြို့မရပ်ကွက်နေ ကိုထူးအောင်(ခ) ကိုအောင်အောင်ဖြစ်ပြီး မယ(ပ) ၁၈/ ၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေး နေသူဖြစ်သည်။ “အခုလို လုံလုံခြုံခြုံရှိတဲ့နေရာမှာ နံရိုး ၆ ချောင်း ကျိုးအောင်ရိုက်တယ်။ ဘေလုံးကွဲအောင်အထိ ရိုက်ခံရတာကတော့ လူ ကြားလို့ မကောင်းဘူးပေါ့။ အပြင်မှာ သူများရိုက်သတ်လို့ သေတယ်ဆိုရင်တောင် လူကြားလို့ကောင်းသေးတယ်၊ အဲဒီ အပေါ်မှာတော့ ကျမတို့အနေနဲ့ ရဲတွေကို သံသယဖြစ်စေပါတယ်”ဟု သေဆုံးသူ ကိုထူးအောင်၏ အစ်မရင်းဖြစ်သူ ဒေါ် ခင်မာဌေးက ပြောသည်။ အဆိုပါ သေဆုံးမှုကို မြို့မရဲတပ်ဖွဲ့စခန်းမှ မိသားစုအား အကြောင်းကြားရာတွင် ဆေးယင်းထပြီး တက်သွားသဖြင့် ဆေးရုံးသို့ ပို့ဆောင်ပေးရာက လမ်းတွင်သေဆုံးခဲ့ခြင်းဟု အကြောင်းကြားခဲ့ပြီးမှ ရင်ခွဲစစ်ဆေးချက်အရ အချုပ်သားများ၏ ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်ခံရခြင်းများကြောင့် သေဆုံးခဲ့ခြင်းဟု သိရှိခဲ့ရသဖြင့် သေဆုံးသူ၏ မိသားစုဝင်များက အဆိုပါရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များအပေါ် သံသယရှိနေကြောင်း မိသားစုဝင်များက ပြောသည်။ “အချုပ်ထဲမှာ လူတယောက်လုံး အသတ်ခံရတယ်၊ လက်လွတ်စပယ်ဖြစ်တယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ။ အခုလိုမျိုး ဘယ်နှယောက်ဖြစ်ခဲ့ပြီးပြီလဲ။ ရှိခဲ့ဘူးသလဲ။ အဲဒီအပေါ်မှာတော့ စိတ်တိုင်းမကျဘူး။ အပြင်မှာ သတ်ခံရတာနဲ့ အချုပ်ခန်းထဲ သတ်ခံရတာ ပုံစံမတူဘူး။ အပြင်မှာ အသတ်ခံရတာမျိုးက မင်းမဲ့စရိုက်ဆန်တယ်လို့ ပြောလို့ရတယ်။ အချုပ်ခန်းထဲမှာ အသတ်ခံရတာကျတော့ ဘာပြောမလဲ၊ ကျူးလွန်တဲ့သူတွေလည်း ထိရောက်တဲ့ ပြစ်ဒဏ်တော့ ခံရစေချင်တယ်၊ နောက် ရဲတပ်ဖွဲ့ရဲ့ ပေါ့လျော့အပိုင်းတွေလည်း ပေါ်လွင်တယ်။ ပေါ်ပေါက်တယ်ဆိုရင် တပ်ဖွဲ့အပေါ်မှာလည်း အရေးယူစေချင်ပါတယ်”ဟု သေဆုံးသူကိုထူးအောင်၏ မိသားစုဝင် ကိုကျော်နိုင်က ပြောသည်။ ဖြစ်စဉ်မှာ မတ်လ ၇ ရက်နေ့က တောင်ကြီးမြို့ မူးယစ်တပ်ဖွဲ့စုမှ မူးယစ်ဆေးဝါးအမှုဖြင့် ကိုထူးအောင်အား ဖမ်းဆီးခဲ့ပြီး မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ မတ်လ ၈ ရက်နေ့တွင် တောင်ကြီးခရိုင်တရားရုံးတွင် ချုပ်ရမန်ယူ၍ မြို့မစခန်း၌ပင် ချုပ်ထားခဲ့ပြီး ၉ ရက်နေ့က သေဆုံးခဲ့ခြင်းဟု သိရသည်။ “သူ ဒီကို ၇ ရက်နေ့က ရောက်တယ်၊ ဘာမှမဖြစ်ဘူး။ ၈ ရက်နေ့မှာ သူက မူးယစ်ဆေးဝါးအမှုဖြစ်တဲ့အတွက်ကြောင့်မို့ မနက်ပိုင်းမှာ ဆီးစစ်ရတယ်။ ဆီးစစ်တော့ မူခင်းဆရာဝန်နဲ့တွေ့ရတယ်၊ အဲဒီအချိန်မှာလည်း သူ ဘာမှမဖြစ်ဘူး။ ၈ ရက်နေ့မှာပဲ ချုပ်ရမန်ယူတယ်။ ၉ ရက်နေ့မှာ မျက်မြင်ပြန်စစ်ဖို့ စခန်းအချုပ်မှာ ချုပ်ထားတယ်။ ၉ ရက်နေ့မှာက ၁၀ တန်း ကျောင်းသား တယောက် အချုပ်ဖြေရှိနေတော့ ၁၂ နာရီနောက်ပိုင်းမှ မျက်မြင်ပြန်စစ်ဖို့ လုပ်ထားတာ၊ မသွားခင် အခုလို ဖြစ်သွားတာ” ဟု တောင်ကြီးမြို့နယ်၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးဦးက ပြောသည်။ အဆိုပါကဲ့သို့ ချုပ်ရမန်ယူ၍ စခန်းအချုပ်၌ ချုပ်ထားစဉ် မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသူ ကိုထူးအောင်မှာ ဆေးယင်းထခဲ့ကြောင်း စခန်းမှူး ဒုရဲမှူးမျိုးဦး၏ ပြောပြချက်အရ သိရသည်။ “၉ ရက်နေ့ မနက် ၁၀ နာရီ ၅ မိနစ်မှာ သတင်းပို့လာတာနဲ့ ချက်ချင်းသွားကြည့်ပြီးတာနဲ့ လူက အသက်တော့ ရှုသေးတယ်။ တအင်းအင်းနဲ့အော်နေသေးတယ်။ ပြင်ပဒဏ်ရာကြည့်တော့လည်း ဘာမှမရှိဘူးဆိုတော့ ချက်ချင်း တာဝန်မှူးနဲ့အဖွဲ့ ဆေးရုံပို့ဆိုပြီး ပို့လိုက်တယ်။ ဆေးရုံရောက်တော့ဆုံးတယ်။ အဲဒီလိုဆုံးပြီးတော့ နေ့ခင်း ၂ နာရီခွဲမှာ PR လုပ်တယ်၊ PR လုပ်တော့ အဓိကကျတဲ့ မှုခင်းဆရာဝန်ကြီးက နေပြည်တော်ကို ရောက်နေတယ်၊ လက်ထောက်ဆရာဝန်နဲ့ လုပ်တယ်။ အဲဒီလို ရင်ခွဲစစ်ဆေးမှုလုပ်တဲ့အခါ နံရိုး ၆ ချောင်းကျိုးတယ်၊ နံရိုးကြောင့်တော့ မသေဆုံးနိုင်ဘူး၊ ဘေလုံးလေးဆင့် ကွဲသွားတယ်။ ဘေလုံးကွဲ ဝမ်းတွင်းသွေးယိုစိမ့်မှုဖြစ်ပြီး သေဆုံးတယ်လို့ သိရတယ်”ဟု ဒူရဲမှူးမျိုးဦးက ဆက်လက်ပြောသည်။ သေဆုံးသူ ကိုထူးအောင်မှာ နံရိုး ၆ ချောင်းကျိုး၊ ဘေလုံးကွဲ ဝမ်းတွင်းသွေယိုစိမ့်မှုဖြစ်ပြီး သေဆုံးခဲ့ခြင်းကြောင့် ရဲစခန်းမှ အချုပ်ခန်း CCTV များကို ပြန်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားမှုအပိုင်းအား မိသားစုအား ခေါ်ယူပြသပေးခဲ့ကြောင်း သိရသည်။ “အဲဒီမှာ CCTV ပြန်စစ် ကြမယ်ဆိုပြီး စစ်တယ်။ CCTV ကိုကြည့်တော့ မလိုတဲ့အပိုင်းတွေကို ပယ်တယ်။ မလိုတဲ့အပိုင်း ဆိုတာက ၇ ရက်နေ့ရောက်တယ် ဘာမှမဖြစ်ဘူး၊ ၈ ရက်နေ့ ချုပ်ရမန်ယူပြီးတော့လည်း ဘာမှမဖြစ်ဘူးဆိုတော့ သူ တကယ်ဖြစ်မယ်ဆိုရင် ၈ ရက်နေ့ ညပိုင်းနဲ့ ၉ ရက်နေ့ မနက် ၁၀ နာရီအတွင်းမှာ ဘာဖြစ်သလဲ၊ ဒါကို ကျနော်တို့က CCTVကနေ ပြန်ကြည့်တယ်။ ပြန်ကြည့်တဲ့အခါကျတော့ လှုပ်ရှားမှုက ဘယ်အချိန်က စတွေ့သလဲဆိုရင် ၉ ရက်နေ့ မနက် ၈ နာရီ ၂၃ မိနစ်မှာ သူက ယင်းထပြီးတော့ ရေချိုခန်း အိမ်သာဘက်မှာ ရေအိုင်တော့ သူက ပူတော့ အဲဒီမှာ သွားလှိမ့်တယ်၊ လှိမ့်တော့ ကျန်တဲ့သူတွေက ဆွဲသွင်း အဝတ်အစားတွေ လဲပေး၊ အဲဒီလို မကြာခဏ လုပ်ပေးနေရတော့ ငြိုငြင်လာပြီး ဟို ကောင်တွေက ဖနောင့်နဲ့ နှစ်ချက်ပေါက်တာ အရင်တွေ့တယ်။ နောက်တခါ ၉ နာရီ ၄၅၊ ၄၈၊ ၅၀၊ ၁၀နာရီ အဲဒီမှာ ရိုက်တဲ့ ပုတ်တဲ့ Actionတွေ တွေ့ရတယ်။ အဲဒီမှာ ကျနော်တို့က အဲဒါတွေကို ဖော်ထုတ်လိုက်တော့ ပြစ်မှုကျူးလွန်သူ ၅ ယောက် ရတယ်”ဟု ဒုရဲမှူးမျိုးဦးက ဆက်လက်ပြောသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ကိုထူးအောင်အား သဂြိုဟ်ပြီးစီးသည်အထိ မိသားစုဝင်များအနေဖြင့် ဆေးယင်း ထပြီး တက်သွားရာက ဆေးရုံပို့စဉ် သေဆုံးခဲ့ခြင်းဟုသာ သိထားကြောင်း ဆိုကြပြီး ရဲတပ်ဖွဲ့၏ အချုပ်တွင် ဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့၏ တာဝန်လည်း မကင်းဟုလည်း ဆိုသည်။ “ကျမတို့ကို ပြတဲ့ CCTV မှတ်တမ်းမှာ မနက် ၈ နာရီ ၁၀ မိနစ်ကနေ စရိုက်တာ။ ဆေးယင်းထတယ်၊ ယင်းထတယ်ဆိုက တည်းက အော်ပြီလေ။ အဲဒီလိုအော်လို့ လက်သီးနဲ့ထိုးတာတဲ့။ အော်တဲ့အသံကိုတော့ CCTV မှာ မကြားရဘူးပေါ့။ နောက် လက်သီးနဲ့ထိုးတယ်၊ခေါင်းကို ထိုးတယ်၊ ဆံပင်ကို ဆွဲတယ်၊ နောက်ကျောကို ဖနောင့်နဲ့ပေါက်တယ် ဒါတွေကို မြင်ရတယ်။ အဲဒီကနေ အိမ်သာထဲကို သွားတယ်၊ အိမ်သာထဲကို ဝင်သွားတဲ့အချိန်မှာ အချုပ်သားသုံးယောက်ကပါ လိုက်ဝင်သွားတယ်၊ အဲဒီမှာ သူတို့ ဘာလုပ်တယ်ဆိုတာတော့ ကျမတို့ မမြင်ရဘူး။ အိမ်သာကနေပြန်ထွက်လာတော့ အချုပ်သား သုံး ယောက်က ဒရွတ်တိုက် ဆွဲထုတ်လာတာကို တွေ့ရတယ်။ အပြင်ရောက်တော့လည်း ခြေထောက်တွေနဲ့ ဝိုင်းကန်ကြတယ်။ အဲဒီလောက်ဖြစ်နေပြီး အော်နေ ရိုက်နေတာကို အချုပ်ခန်းစောင့်တဲ့ ရဲက ဘာကြောင့် မတားတာလဲ။ နောက် အဲဒီအချိန်က ရုံးထုတ်တဲ့အချိန်ဖြစ်နေပြီ။ အချုပ်ခန်းထဲကနေ ရုံးထုတ်ဖို့ လုပ်နေတာတွေကို မြင်ရတယ်။ အဲဒီအချိန်မှာပဲ ရိုက်နှက်ခံနေ ရတာတွေကို သေချာမြင်မှာပဲလေ။ သူတို့တားတာ၊ မလုပ်နဲ့လို့ပြောတာမျိုးကို မတွေ့ရဘူး။ မသိဘူးလို့ပဲ ဖြေကြတယ်။ အဲဒီလိုဆိုရင် ရဲတွေက အခုလိုရိုက်နှက်ဖို့ကို ခွင့်ပြုပေးထားသလိုဖြစ်နေတယ်”ဟု ဒေါ်ခင်မာဌေးက ဆက်လက်ပြောသည်။ သေဆုံးသူ ကိုထူးအောင်အား တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံကြီးတွင် ရင်ခွဲစစ်ဆေးချက်ပြုလုပ်ခဲ့ပြီး ဆေးစစ်ချက် အဖြေ တွင် ပြင်ပဒဏ်ရာ မတွေ့ရှိရ၊ နံရိုး ၆ ချောင်းကျိုး၊ ဘေလုံးကွဲ ဝမ်းတွင်းသွေယိုစိမ့်မှုဖြစ်ပြီး သေဆုံးခဲ့ခြင်းဟု ထုတ်ပြန်ပေးထားကြောင်း သိရသည်။ ” ၁၁ ရက်နေ့မှာ မှုခင်းဆရာဝန်နဲ့ သွားတွေ့တယ်။ ဆေးစာနဲ့ ပတ်သက်ပြီးမေးတော့ ဆရာဝန်ကြီးက ဆေးစာကို အခုပဲစခန်းက လာယူမှာ၊ ဆေးစာကို ဓာတ်ပုံရိုက်လို့မရဘူး၊ မိတ္တုကူးလို့ မရဘူးလို့ပြောပြီး ပေးဖတ်တယ်။ အဲဒီမှာ ဘာရေးထာသလဲဆိုတော့ နံရိုး ၆ချောင်းကျိုးတယ်၊ ဘေလုံးကွဲတယ်၊ ကျန်တဲ့ ပြင်ပဒဏ်ရာ ဘာမှမရှိဘူး၊ ဘေလုံးကွဲတာကြောင့် ဝမ်းတွင်းသွေးယိုစိမ့်မှုဖြစ်ပြီးသေတယ်လို့ပဲ ပြောတယ်။ ဒါပေမယ့် သေဆုံးသူရဲ့ ဘယ်ဘက်ခြမ်းမှာ ဖူးယောင် ဒဏ်ရာကတော့ ရှိနေတယ်။ သူက အသားမည်းတဲ့သူဆိုတော့ အဲဒီဒဏ်ရာက ပျောက်နေတယ်။ ဒါပေမယ့် ဆေးစာမှာတော့ ပြင်ပဒဏ်ရာမရှိလို့ ပါနေတယ်”ဟု သေဆုံးသူ ကိုထူးအောင်၏ မိသားစုဝင် ကိုကျော်နိုင်က ပြောသည်။ ဆေးပညာရပ်နယ်ပယ်တွင် လူတယောက်သည် ဘေလုံးကွဲခြင်း(သို့) ဝမ်းတွင်းကလီစာ တခုခုချို့ယွင်း၍ ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုဖြစ်ပေါ်လျှင် ထွက်ရှိသော သွေးပမာဏပေါ် မူတည်ပြီး ၂ နာရီမှ ၄ နာရီအတွင်းသာ အသက်ရှင်နိုင် ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ် CCTVမှတ်တမ်းကို သေဆုံးသူမိသားစုဝင်များအား ပြသခဲ့သော်လည်း ဖြစ်စဉ်ဖြစ်ပွားသည့် မတ်လ ၉ ရက် နေ့ နံနက်ပိုင်းဖြစ်စဉ်များကိုသာ ပြသနိုင်ခဲ့ပြီး ၈ ရက်နေ့ညပိုင်းမှ ၉ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီအထိဖြစ်စဉ်များကို ပြန် လည်ကြည့်ရှုနိုင်ရန်အတွက် မိသားစုဝင်မျုားက တောင်းဆိုခဲ့ကြောင်းသိရသည်။ CCTV မှတ်တမ်းအစအဆုံး ပြသရန် တောင်းဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် ပြသပေးနိုင်ခြင်းမရှိသလို အဆိုပါမှတ်တမ်းများမှာ ၁၅ ရက်သာ စက်က မှတ်တမ်းတင်သဖြင့် ပျောက်ဆုံးပျက်ဆီးသွားကြောင်း သိရသည်။ ထို့ပြင် ကိုထူးအောင်သေဆုံးသည့်နေ့ရက်တွင် တောင်ကြီးမြို့မစခန်းအတွင်း၌ တက္ကသိုလ်ဝင်တန်း အချုပ်ဖြေကျောင်းသားတဦး ရှိနေခြင်းနှင့်အတူ စာဖြေဌာန ၄ ခုအတွက် လုံခြုံရေးအင်အားများ ချထားပေးရသဖြင့် ရဲစခန်းတွင် လုံခြုံရေးအင်အား လျော့နည်းခဲ့သောကြောင့် ယင်းသေဆုံးမှု ဖြစ်ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ “အဲဒီနေ့က ကင်းမှူးတယောက်နဲ့ ကင်းသားလေးယောက်ရှိတယ်ဆိုပေမယ့် တရားခံတွေ အထုတ်အသွင်းဆိုရင် ရှေ့မှာ အားလုံး ဝိုင်းလုပ်နေကြရတယ်။ နောက် သူ့ကိုချုပ်ထားတဲ့ အခန်း ၅ က နောက်ပိုင်းမှာ ရှိတာဆိုတော့ စခန်းအနေအထား အရ ထွက်ပြေးနိုင်စရ ာမရှိဘူး။ လုံခြုံမှုရှိတယ်။ အဲဒီအတွက်တော့ သူ့ကို ချုပ်ထားတဲ့ အခန်း ၅ ဘက်ကို နည်းနည်းတော့ ပေါ့ လျော့သွားတယ်။ ပေါ့လျော့တယ်ဆိုတာက ၁ဝတန်းဖြေ အချုပ်သားအတွက်ကို ဦးစားပေးပြီး လုံခြုံရေးထုတ်ပေးထားရတဲ့ အတွက်ကြောင့် လုံး၀ တာဝန်ပျက်ကွက်သွားတာတော့ မဟုတ်ဘူး”ဟု ဒုရဲမှူးမျိုးဦးက ပြောသည်။ ယခုအခါ အဆိုပါကဲ့သို့ အချုပ်ခန်းအတွင်း လူသတ်မှုကျူးလွန်သည့်သူများကို တောင်ကြီးမြို့၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးဦးမှ တရားလို ပြုလုပ်၍ (ပ)၂၄၅/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ “CCTV မှတ်တမ်းအရ ကြည့်ပြီးတော့ ကျုးလွန်သူတွေကို စစ်မေးတဲ့အခါမှာ အားလုံးက ဝန်ခံကြတယ်။ အဲဒါကြောင့် ကျနော်ကိုယ်တိုင် တရားလိုလုပ်ပြီးတော့ ပထမ သေမှုသေခင်းဖွင့်တယ်၊ နောက် သေမှုသေခင်းကနေ လူသတ်မှု ပြောင်းဖွင့် တယ်။ ပြစ်မှုကျူးလွန်သူ ၅ယောက်လုံးကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဖြောင့်ချက်ယူတယ်။ ဖြောင့်ချက်ယူပြီး တော့ စခန်းပြောင်းချုပ်ရမယ်ဆိုလို့ တောင်ကြီးနယ်မြေစခန်းမှာ ပြောင်းချုပ်ထားပါတယ်။ တရားဥပဒေနဲ့အညီ တရားစွဲဆို တင်ပို့သွားမှာလည်းဖြစ်ပါတယ်”ဟု ဒုရဲမှူးမျိုးဦက ဆက်လက်ပြောသည်။ ယခုအခါ အဆိုပါဖြစ်စဉ်ကြောင့် တောင်ကြီးမြို့ရှိ မြို့မရဲစခန်းမှ တာဝန်ရှိများအား စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးပြီး အထက်အဆင့်သို့ ဆက်လက်တင်ပြထားကြောင်း သိရသည်။ “အခုဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ပက်သက်ပြီးတော့ ကျနော်တို့ကို ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုမြို့နယ်ရဲ တပ်ဖွဲ့မှူးတို့ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီးတော့ မတ်လ ၁၇၊ ၁၈ ရက်တွေက စစ်ဆေးသွားပါတယ်။ စစ်ဆေး ချက်တွေကိုလည်း အထက်ကို တင်ပြထားတယ်လို့ သိရပါတယ်။ ဘယ်လိုအရေးယူမှုတွေ လုပ်မယ်ဆိုတာတော့ ဘာမှ မသိရသေးပါဘူး။ စစ်ဆေးတဲ့အဖွဲ့ရဲ့ သုံးသပ်ချက်ဆိုတာက အထူးလျို့ဝှက်ချက်တွေပါ။ ကျနော်တို့ ဘာဖြစ်မယ်၊ ညာ ဖြစ်မယ်ဆိုတာကိုတော့ ကြိုပြောလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ကျနော် ထင်ပါတယ်၊ အရေးယူမှုတွေကတော့ ဖြစ်လာမှာပါ။ ဘာလို့လဲဆိုတော့ လူတယောက်လုံး သေဆုံးထားတဲ့ကိစ္စဖြစ်နေလို့ပါ”ဟု ဒုရဲမှူး မျိုးဦးက ပြောသည်။ ဒေါ်ခင်မာဌေးကမူ “ရဲစခန်းအနေနဲ့ တာဝန်ရှိတယ်လို့ ပြောထားတာကြောင့် ဘာတာဝန်ယူမှာလဲဆိုတာကို သိချင်ပါတယ်။ အခုဖြစ်စဉ်မှာ ကျမတို့တောင် ဒီလောက် ခံစားနေရတယ်ဆိုရင် အခုလိုဖြစ်စဉ်မျိုးတွေ ဘယ်လောက်များနေမလဲဆိုတာ ကျမတို့ မသိနိုင်ဘူး၊ ဖြစ်တယ်ဆိုရင်လည်း တိုးတိုး တိတ်တိတ်နဲ့ ပြီးသွားမှာလား၊ ဒါကြောင့် နောက်နောင်မှာ အခုလိုမျိုးတွေဖြစ်လာတယ်ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ ထိထိရောက်ရောက် အရေးယူမှုတွေ လုပ်ပေးစေချင်ပါတယ်”ဟု ပြောဆိုသည်။ The post တောင်ကြီး မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ သေဆုံးမှု ဖြစ် appeared first on ဧရာဝတီ.
Source : https://ift.tt/2GpZwgO
via IFTTT
Source : https://ift.tt/2GpZwgO
via IFTTT
Friday, March 30, 2018
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသူကို ချောက်ချားစေမယ့် “The Eyes Of My Mother” ဒီတပတ်မှာတော့ IMDB Rating (6.1) ရရှိထားတဲ့ Drama Horror အမျိုးအစား ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Nicolas Pesce ထုံးစံအတိုင်း Black & White ရိုက်ကူးထားတာ ဖြစ်ပြီး Kika Magalhaes , Will Brill , Diana Agostini တို့နဲ့အတူ တခြားသော သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ ဖရန်စစ်စကာဆိုတဲ့ ကောင်မလေးရဲ့အမေဟာ မျက်စိခွဲစိတ် ဆရာဝန်တဦးပါ။ ဖရန်စစ်စကာ လူမှန်း သိတတ်စအရွယ်မှာ လူစိမ်းတယောက်က အိမ်ထဲဝင်ပြီး သူမရှေ့မှာပဲ သူမအမေကို ရက်ရက်စက်စက် သတ်ဖြတ်တာကို ကြုံတွေ့ခဲ့ရပါတယ်။ ဖရန်စစ်စကာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သူမ အမေ သင်ကြားပေးခဲ့တဲ့အတိုင်း ပညာအမွေ ရရှိခဲ့သူပါ။ အိမ်ထဲကို ရောက်လာတဲ့ လူသတ်သမားက “မင်း ငါ့ကို သတ်မှာလား” လို့ သူမကိုမေးပါတယ်။ သူမဟာ သူ့ကို မသတ်တဲ့အပြင် အစာရေစာတွေ ကျွေးမွေးပြီး ပြုစုထားပါတယ်။ ဒါပေမယ့် လူသတ်သမားမှာတော့ မျက်လုံးတွေ မရှိတော့ပါဘူး။ လူသတ်သမားရဲ့ မျက်လုံးတွေဟာ ဖရန်စစ်စကာရဲ့ ရေခဲသေတ္တာထဲကို ရောက်သွားလို့ပါပဲ။ မိခင် မရှိတော့တဲ့ နောက်ပိုင်းမှာ သူမ တယောက်တည်းကျန်ခဲ့ပြီး အထီးကျန်နေရှာတဲ့ ဖရန်စစ်စကာ ရဲ့ ရက်ရက်စက်စက် အပြုအမူတွေကို ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကို (1) mother (2) father (3) family ဆိုပြီး အပိုင်း ၃ ပိုင်းခွဲပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အထီးကျန်မှုဟာ စိတ်ထဲမှာ ထူးဆန်းတဲ့ အရာတွေ ဖြစ်ပေါ်စေတယ် ဆိုတဲ့ ဖရန်စစ်စကာရဲ့ အမေပြောခဲ့တဲ့ စကားအတိုင်း အထီးကျန် ဆန်တဲ့ ဖရန်စစ်စကာ တယောက် သူမစိတ်ကူးထဲက အတိုင်း လက်တွေ့ဘဝမှာလည်း ထူးထူးဆန်းဆန်းနဲ့ မထင်မှတ် ထားတာတွေ ပြုလုပ်တဲ့ အပြုအမူတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး Horror ရုပ်ရှင်စာရင်းမှာ ပါဝင်တဲ့ ဒီဇာတ်ကားဟာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသူကိုပါ အသက်ရှု ကြပ်စေမှာ ဖြစ်ပြီး Horror ဇာတ်လမ်း ကြိုက်သူတွေကတော့ ဒီဇာတ်ကားကို အကြိုက်တွေ့ကြမှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆို လိုက်ပါတယ်။ The post ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသူကို ချောက်ချားစေမယ့် “The Eyes Of My Mother” appeared first on ဧရာဝတီ.
Source : https://ift.tt/2J7ODSs
via IFTTT
Source : https://ift.tt/2J7ODSs
via IFTTT
နွေနေပူပူမှာ ရင်အေးစေမယ့် သခွားသီး ဖျော်ရည်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ နွေရာသီရဲ့ ပူပြင်းလှတဲ့ အပူရှိန်ကြောင့် နေ့လည်နေ့ခင်း ပင်ပန်းနွမ်းနယ်တဲ့ အခါမျိုးတွေမှာ အားဖြည့် အချိုရည်တွေ ၊ ကော်ဖီ၊ လက်ဖက်ရည် စတာတွေ သောက်သုံးမယ့်အစား သခွားသီးဖျော်ရည်ကို သောက်သုံးပေးမယ်ဆိုရင် စိတ်ရော ကိုယ်ပါ လန်းဆန်းမှုကို အချိန်အတော်ကြာတဲ့အထိ ရရှိစေမှာပါ။ တနေ့တာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေ အလုံအလောက် ပါဝင်တဲ့ သခွားသီးဖျော်ရည်ကို သောက်သုံးပေးခြင်းအားဖြင့် ရရှိလာမယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) သခွားသီး ဖျော်ရည်မှာ ရေဓာတ် အလုံအလောက် ပါဝင်တာကြောင့် နွေရာသီမှာ ဖြစ်တတ်တဲ့ ခန္ဓာကိုယ်ရဲ့ ရေဓာတ် ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး နေပူရှိန်ကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်ခြင်းကိုပါ လျော့ကျစေပါတယ်။ (၂) အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ သခွားသီး ဖျော်ရည်ကို အခုလို နွေရာသီမှာ ပုံမှန်သောက်သုံး ပေးမယ်ဆိုရင် အပူ ဝမ်းချုပ်ခြင်းကို မဖြစ်စေဘဲ သွေးပေါင်ချိန်ကိုလည်း မှန်စေနိုင်ပါတယ်။ (၃) သခွားသီး ဖျော်ရည်ဟာ ရာသီဥတု ဒဏ်ကြောင့် ခေါင်းအလွန်အမင်း ကိုက်ခဲခြင်းနဲ့ အရက်နာကျခြင်းကိုလည်း ပျောက်ကင်း စေနိုင်ပါတယ်။ သခွားသီးဖျော်ရည်မှာ လုံလောက်တဲ့သကြားဓာတ်နဲ့ electrolytes တွေပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း မျှခြေကို ထိန်းသိမ်းပေးနိုင်ကာ ခေါင်းအလွန်အမင်း ကိုက်ခဲခြင်းနဲ့ အရက်နာကျခြင်းတို့ကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ (၄) နွေရာသီမှာ ဖြစ်တတ်တဲ့ နေလောင်ဒဏ်ကြောင့် အသားအရေပေါ်မှာ နေလောင်ကွက် ဖြစ်ခြင်းကို သခွားသီး ဖျော်ရည် သောက်သုံးပေးရုံနဲ့ အသားအရေကို ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပေါ်စေပြီး အသားအရေကို ကြည်လင် တင်းရင်း စေနိုင် ပါတယ်။ (၅) သခွားသီး ဖျော်ရည်ဟာ ရေငတ် ပြေစေတဲ့အပြင် အဆာပြေစေတာကြောင့် ခန္ဓာကိုယ် အလေးချိန် လျှော့ချနေသူများ သောက်သုံးသင့်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – တပတ်အတွင်း ကိုယ်အလေးချိန် ၇ ကီလို ကျစေမယ့် သခွားသီးသုပ်နဲ့ ဖျော်ရည် Ref ; steptohealth.com The post နွေနေပူပူမှာ ရင်အေးစေမယ့် သခွားသီး ဖျော်ရည်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ appeared first on ဧရာဝတီ.
Source : https://ift.tt/2pS0RG8
via IFTTT
Source : https://ift.tt/2pS0RG8
via IFTTT
ရွာခံချင်း အချင်းများရာမှ ရဲနှင့်ပါ ပဋိပက္ခဆက်ဖြစ်ပြီး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝက်မှေးရွာဟောင်း နေအိမ်ပြောင်းရွှေ့မှုကိစ္စကို ကန့်ကွက်ခဲ့ရာတွင် ဒေသခံအမျိုးသမီးနှစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နှစ်ဦးစလုံး ကျန်းမာရေး မကောင်းသောကြောင့် အချုပ်ဖြင့် ဆေးရုံတက်ရောက်နေရကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွင်းရှိ ဝက်မှေး ရွာဟောင်း၌ နေအိမ်ပြောင်းရွှေ့မှုကိစ္စကို ကန့်ကွက်ခဲ့သူများကြား ဖမ်းဆီးထိန်းသိမ်းခံရသူတို့မှာ မသွဲ့သွဲ့ဝင်းနှင့် မစန်းစန်းလှတို့ ဖြစ်သည်။ “မနေ့ညက ကျနော်တို့ လိုက်သွားတယ်၊ သူတို့ကို ဆားလင်းကြီးအချုပ်မှာ ချုပ်ထားတာ။ အခု လောလောဆယ် ဆေးရုံမှာ အချုပ်နဲ့ ရှိနေပါတယ်” ဟု ဒေသခံသတင်းထောက် ကိုဘုန်းနိုင်က ပြောသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝက်မှေးရွာဟောင်းမှ ရွာသစ်သို့ ပြောင်းရွှေ့သည့် နေအိမ် ၇ အိမ်၏ ပစ္စည်းများ သယ်ယူရာတွင် ပစ္စည်းတင်မည့်ကားများကို ရွာအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန် ဒေသခံများက ကန့်ကွက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့၍ ပဋိပက္ခဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ “ဝက်မှေးရွာဟောင်းကနေ ရွာသစ်ကိုပြောင်းမယ့် ၇ အိမ်က သူတို့သဘောဆန္ဒအရ ပြောင်းကြတာပါ။ အိမ်ဖျက်ပြီး ဖျက်တာတွေကို သယ်တဲ့အခါမှာ ကားနဲ့သယ်ကြမှာ။ သူတို့ဖာသာ သယ်ရင် ဘာမှမဖြစ်ဘူး။ ပြောင်းမယ့် အိမ် ၇ အိမ်က သူတို့အိမ်ရှေ့အထိကို ဝမ်ပေါင်က ကားတွေ ထိုးဆိုက်ပြီးမှ လက်ခံမယ် ဆိုပြီး ပြောကြတာ။ မသွဲ့သွဲ့ဝင်းတို့ကလည်း ရွာစည်းရိုးကနေ ပြောင်းရွှေ့လို့ လွယ်မယ့်နေရာလောက် အထိကို ဝင်ခွင့်ပြုပေးခဲ့ကြတယ်။ အဲဒီမှာ ရွှေ့မယ့်အိမ်တွေက သူတို့က ခိုးထွက်တာမဟုတ်ဘူး၊ တရားဝင် ပြောင်းရွှေ့တာ ဖြစ်တဲ့အတွက် သူတို့အိမ်ရှေ့အထိ ကားရောက်မှ ပစ္စည်းတွေ အရွှေ့ခံမယ်ဆိုပြီး ပြောရာကနေ ရွာသားအချင်းချင်း ဖြစ်ကြတာပါ။ အဲဒီလိုဖြစ်နေတာကို ရဲတွေက ဝင်ခဲ့တာကြောင့် ထိပ်တိုက်တွေ့ ခဲ့ရတာပါ” ဟု ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့သည့် ပဋိပက္ခဖြစ်စဉ်၌ ရှိနေခဲ့သည့် ဒေသခံ သတင်းထောက် ကိုဘုန်းနိုင်က ပြောသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝက်မှေး ရွာဟောင်းတွင် ယခင်က အိမ်ခြေ ၂၀၀ ခန့်အထိ ရှိခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ရှိနေခြင်းကြောင့် စီမံကိန်းနှင့်လွတ်သည့် နေရာတွင် အစိုးရအဖွဲ့က ရွာအသစ် တည်ပေးထားကြောင်း သိရသည်။ “ဝက်မှေးရွာဟောင်းမှာ အရင်က အိမ်ခြေ ၂၀၀ နီးပါးအထိ ရှိတယ်၊ ပြောင်းတဲ့သူတွေလည်း ပြောင်းသွားကြ ပြီ။ အခုကျန်နေတဲ့အိမ်တွေကို အပြုတ်ဖြုတ်ချင်တဲ့ သဘောပေါ့ဗျာ။ အဲဒါကြောင့် ဝမ်ပေါင်ကနေပြီးတော့ ရဲတွေကို ဖိအားပေးတယ်၊ ဖိအားပေးတော့ ကျနော်တို့ကို မတရားသဖြင့် အကြမ်းဖက်တာပေါ့ဗျာ။ အခုဟာက ကျနော်တို့က တားရုံတားတာ၊ သူတို့ကို လမ်းပိတ်ဆို့မှု လုပ်တာလည်း မဟုတ်ဘူး၊ ကားတွေနဲ့ ရဲတွေ မဝင်ဖို့ မေတ္တာရပ်ခံတာ။ အဲဒါကိုမှ အိမ်ခြေ ၄၀ ကျော်ပဲ ကျန်တော့တဲ့ ကျနော်တို့ ရွာလေးကို မတရား လုပ်တာပါပဲဗျာ” ဟု ဝက်မှေးရွာဟောင်းမှ ဒေသခံ ကိုအောင်ဇော်ဦးက ဆက်လက်ပြောသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းရှိ ဝက်မှေးရွာဟောင်းမှ ရွာသစ်သို့ ပြောင်းရွှေ့ကြမည် ဆိုလျှင် ပစ္စည်းများ သယ်ရန်အတွက် ဝမ်ပေါင်မှ ကားအသုံးပြု၍ သယ်ယူခြင်း၊ ရဲတပ်ဖွဲ့များ ရွာအတွင်း ဝင်ရောက်ခြင်းများကို လက်မခံဘဲ ရွာထိပ်အထိ ပစ္စည်းများကို ထမ်းထုတ်ပြီးမှ သယ်ယူရွှေ့ပြောင်း ကြရမည်ဟူသည့် ဒေသခံများအချင်းချင်း သဘောတူညီမှု တခုယူထားကြောင်း သိရသည်။ “အရင်ရွာကို ဖျက်ခံရတုန်းက ဒေသခံတွေမှာ ခံစားချက်တွေ ရှိခဲ့ကြတယ်။ အရင်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်မျိုး ထပ်ပြီး မကြုံတွေ့ချင်တော့တဲ့ အတွက် ရဲနဲ့ ဝမ်ပေါင်က ကားတွေကို အဝင်မခံကြတာပါ။ နောက်ပြီး ရွာဟောင်းကနေ ရွာသစ်ကို ပြောင်းမယ်ဆိုရင် ပစ္စည်းတွေကို သယ်ဖို့အတွက် ရဲနဲ့ဝမ်ပေါင်က ကားတွေ အသုံးပြုပြီး သယ်မယ်ဆိုရင် ရွာထိပ်အထိ ပစ္စည်းတွေကို ထမ်းထုတ်ပြီးမှ သယ်ကြမယ်ဆိုတာကို သဘောတူညီမှု ယူထားကြတာရှိတယ်၊ အဲဒါကို ဖောက်ဖျက်ကြလို့ အချင်းချင်း ပဋိပက္ခဖြစ်ကြရတာပါ” ဟု ကိုဘုန်းနိုင်က ဆက်လက်ပြောသည်။ အဆိုပါဒေသတွင် တခြားအချိန်များ၌ ဝမ်ပေါင်မှ ကျောက်ကားများနှင့် အခြားကားများ ဝက်မှေး ရွာဟောင်း အတွင်းမှ ဖြတ်သန်းသွားလာမှုများရှိနေခြင်းကို ဒေသခံများက လက်ခံပေးထားပြီး အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြခြင်း၌ ဝမ်ပေါင်မှ ကားများဖြင့် ရွာအတွင်းဝင်ရောက် သယ်ယူခြင်းကိုသာ ကန့်ကွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ “အိမ်ဖျက်ပြီး ပြောင်းတဲ့သူတွေကို ရွာသူရွာသားတွေက မဖျက်ရဘူး၊ မသယ်ရဘူးလို့ မပြောဘူး။ သူတို့ သဘောနဲ့ သူတို့ ဖျက်တာ၊ သယ်တာကို ရွာရဲ့စည်းကမ်းအရ ကားတွေကို ရွာပြင်မှာထားပြီး သယ်ဖို့ပဲ ပြောခဲ့ကြတာ။ အဲဒီမှာ ပြောင်းတဲ့အိမ်တွေက ဝမ်ပေါင်နဲ့ပေါင်းပြီး လုပ်ခဲ့ကြလို့ ဖြစ်ခဲ့တာ။ သူတို့ကပဲ စပြီး စစ်ခေါ်မှာ၊ ရဲခေါ်မှာဆိုပြီး စပြောခဲ့ကြတာ။ ပြောတဲ့ အတိုင်း တကယ်လည်း ခေါ်လာကြတာ။ သူတို့ ကိုယ်တိုင် ပါဝင်သတ်မှတ်ထားတဲ့ စည်းကမ်းကို မလိုက်နာဘဲ ဇွတ်လုပ်ခဲ့တာ။ ရွာက အဝင်မခံတော့ ရဲအင်အား အလုံးအရင်းနဲ့ တိုက်ပြီး ဝင်ခဲ့ကြတာ။ အဲဒီမှာ ပဋိပက္ခဖြစ်ပြီး သွဲ့သွဲ့နဲ့ မစန်းလှကို ဖမ်း သွားတာ” ဟု ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မသွဲ့သွဲ့ဝင်း၏ ညီမဖြစ်သူ မဖြူဖြူဝင်းက ပြောသည်။ ရဲတပ်ဖွဲ့ဝင်များသည် စီမံကိန်းအရ ရွာသစ်သို့ ပြောင်းရွှေ့မည့် အိမ်ထောင်စု ၇ စု ပြောင်းရွှေ့ရာတွင် ပြဿနာဖြစ်မည်ကို စိုးရိမ်သည့်အတွက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ဆားလင်းကြီးမြို့နယ်စခန်း၊ ယင်းမာပင် စခန်း၊ ညောင်ပင်ကြီးစခန်း၊ ကနီမြို့ နယ်စခန်းများမှ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်အထိ ပါဝင် ခဲ့ကြောင်း သိရသည်။ ဝက်မှေးရွာဟောင်းအတွင်းသို့ ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်မှုမရှိစေရန်အတွက် ဒေသခံများက သံပုံးတီး နှင်ထုတ်ခဲ့ဲကြပြီး ပဋိပက္ခဖြစ်စဉ်ကြောင့် ဝက်မှေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်းနှင့် မစန်းစန်းလှ တို့နှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ဆားလင်းကြီး မြို့နယ် မြို့မရဲစခန်း၌ ပုဒ်မ ၃၃၃/ ၃၄၁ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ထိုသို့ အချုပ်ဖြင့် ဆေးရုံတက်ရောက်နေသည့် မသွဲ့သွဲ့ဝင်းနှင့် မစန်းစန်းလှတို့နှစ်ဦးနှင့် ပတ်သက်၍ ဆားလင်းကြီး မြို့နယ် မြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။ The post ရွာခံချင်း အချင်းများရာမှ ရဲနှင့်ပါ ပဋိပက္ခဆက်ဖြစ်ပြီး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ appeared first on ဧရာဝတီ.
Source : https://ift.tt/2J75c11
via IFTTT
Source : https://ift.tt/2J75c11
via IFTTT
ထိုင်းအစိုးရက အလုပ်သမားများ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် ရက်ထပ်တိုးပေး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံအတွင်း၌ လာရောက်၍ အလုပ်လုပ် ကိုင်နေကြသော ရွှေ့ပြောင်း အလုပ်သမား များကို ဗီဇာနှင့် အလုပ်လုပ်ခွင့် (Work Permit) သက်တမ်းတိုးရမည့် ရက် နောက်ထပ် အချိန် ၃ လ တိုးပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က သတင်းထုတ်ပြန်ချက်အရ ထိုင်းအစိုးရ အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အတွက် ဗီဇာနှင့် အလုပ်လုပ်ခွင့် (Work Permit) သက်တမ်းတိုးရမည့် နောက်ဆုံး ရက်ကို မူလက ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက် သတ်မှတ်ထားရာမှ ၂၀၁၈ ဇွန်လ ၃၀ ရက်နေ့ အထိ တိုးမြင့်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်) သတင်းထုတ်ပြန်ချက်တွင် “အစိုးရအဖွဲ့အနေနဲ့ အထောက်အထားမဲ့ နေထိုင်ကြတဲ့ ကျန်ရှိနေသေးတဲ့ ရွှေ့ပြောင်းအလုပ်သမား ၈ သိန်း ၈ သောင်းလောက်ကိုလည်း မှတ်ပုံတင်ရမယ့် နောက်ဆုံး ရက်ကို မတ် ၃၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ နောက်ဆုတ် ရွှေ့ဆိုင်းပေးလိုက်တယ်” ဟု ဆိုသည်။ သို့သော်လည်း မှတ်ပုံမတင်ရသေးသော ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ဘန်ကောက်မြို့နှင့် နိုင်ငံအဝှမ်းတွင် ဖွင့်လှစ် ထားသော အလုပ်သမားရုံးများတွင် လိုအပ်သည့် စာရွက်၊ စာတမ်းများကို မတ်လ ၃၁ ရက်နေ့ မတိုင်မီ တင်သွင်းရန် လိုအပ်ပြီး ထပ်မံလိုအပ်သည့် ဆေးစာ အထောက်အထားများကိုသာ ဇွန်လ ၃၁ ရက်နေ့အထိ ရွှေ့ဆိုင်း အချိန် ပေးသွားမည်ဟု ဆိုသည်။ ရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးအဖွဲ့ (MAP Foundation) အဖွဲ့၏ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းတာဝန်ခံ ထောင်းခမ်း က “မတ်လ ၃၁ ရက်နေ့ အတွင်း နာမည်စာရင်းသွားသွင်းပေးထားပြီးတော့ တုံကင်သွားယူထားပေါ့။ လုပ်နည်း လုပ်ဟန်တွေကြတော့ သူတို့ ပြောင်းလိုက်မယ်လေ။ အဲတုံကင်ပေါ်မှာ မူတည်တယ်။ ဘယ်နေ့ ဘယ်ရက်၊ ဘယ်လမှာ လာလုပ်ဆိုတာ ၃၀ ရက် ၇ လပိုင်းအထိပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်) ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း သန်းနှင့်ချီ၍ ရှိနေပြီး ယခုလထဲတွင် ဘန်ကောက်နှင့် ချင်းမိုင်မြို့များရှိ One Stop Service (OSS) ရုံးများတွင် လာရောက်၍ ဗီဇာသက်တမ်းတိုးသူများ၊ အလုပ်လုပ်ခွင့် (Work Permit) လျှောက်ထား သူများ အဆမတန်များပြားလွန်းနေသဖြင့် ယခုကဲ့သို့ ရက်တိုးပေးလိုက်ခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။ ချင်းမိုင်မြို့ပေါ်မှာတော့ ချင်းဒေါင်း၊ လမ်းဖွန်း၊ ဖန်း အပါအဝင် ချင်းမိုင်ခရိုင် အတွင်းရှိ မြို့များကပါ လာရောက်၍ ဗီဇာသက်တမ်း တိုးသူများ၊ Work Permit လျှောက်ထားသူများ များပြားနေသဖြင့် မတ်လ တတိယ ပတ်ကစ၍ ရက်ပေါင်းများစွာ ဒုက္ခခံ၍ ညအိပ်စောင့်နေရသူများရှိနေကြောင်း ကိုယ်တိုင် ဗီဇာသက်တမ်း သွားတိုးနေသည့် မခမ်းဒီး က ဧရာဝတီသို့ ပြောသည်။ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်) မခမ်းဒီး က “မနက်ကနေ ည သန်းခေါင်ကျော်ထိ သူတို့ပြန်ခိုင်းမှ ပြန်လို့ရတယ်။ ဘာလို့လဲဆိုတော့ သူတို့မပြန်ခိုင်းပဲ ပြန်လိုက်တာတို့ ထမင်းသွားစားတာတို့ ဆို ကိုယ့်ကိုခေါ်လို့ကျော်သွားရင် အစကနေပြန်စရမယ်။ ဒုက္ခအရောက်ဆုံးက မွေးကင်းစ ကလေးအမေတွေ။ အလုပ်သမားတော်တော်များများက စာမဖတ်တတ်တော့ ကိုယ့် တုံကင်နံပတ်ကိုတောင် မကြည့်တတ်တဲ့သူရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။ OSS ရုံးတွင် ဗီဇာသက်တမ်း တိုးသူများ၊ Work Permit လျှောက်ထားသူများ၏ ပြောပြချက်အရ အလှည့်ကျရန် စောင့်နေကြသည့် လူအုပ်များကြားတွင်ပင် လူသေဆုံးမှုများ ရှိခဲ့ကြောင်း ကိုယ်တိုင် သွားရောက်၍ ဗီဇာသက်တမ်း တိုးသူ တချို့က ပြောသည်။ သို့သော် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦး က OSS ရုံးတွင် ဗီဇာသက်တမ်း တိုးရန် စောင့်ဆိုင်းရင်း လူသေဆုံးမှုရှိသည်ဆိုသည့် သတင်း မရရှိသေးကြောင်း ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်မှုများ ရှိသည့် သတင်းများကို တော့ကြားသိရကြောင်း ဧရာဝတီသို့ ပြောသည်။ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်) ဦးစန်းမောင်ဦး က လူသေမှုနှင့်ပတ်သက်၍ “အဲဒါတော့ မကြားသေးဘူး။ ကြားတာတော့ နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်သည် လာတော့ မွေးပေးရတာမျိုး၊ လာရင်းနဲ့ ကျန်းမာရေးစစ်ပြီးတော့ မကောင်းတဲ့အခါကြတော့ မူးမိုက်ပြီးလဲတာမျိုးတော့ ရှိပါတယ်” ဟု ပြောသည်။ MAP Foundation အဖွဲ့၏ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းတာဝန်ခံ ထောင်းခမ်း ကလည်း “အလုပ်သမားတွေအနေနဲ့ နေ့စဉ်ရက်ဆက် စောင့်နေရတော့ အခက်အခဲက နေပူတယ်။ စောင့်နေတဲ့နေရာတွေက အရိပ်မရှိဘူး။ အိမ်သာကလည်း မလုံလောက်ဘူး။ အိမ်သာရေမရှိဘူး။ ညစ်ပတ်တယ်။ အမှိုက်တွေဆိုလည်း လာမရှင်းပေးဘူးပုံနေတာ” ဟု ဆိုသည်။ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်) ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့နေရခြင်းမှာ နှစ်နိုင်ငံ အစိုးရများအနေဖြင့် ဗီဇာသက်တမ်း တိုးသူများ၊ အလုပ်လုပ်ခွင့် (Work Permit) လျှောက်ထားရန်အတွက် နေရာနှင့် ဝန်ထမ်း အင်အား အလုံ အလောက် ချထားပေးမှု မရှိခြင်းနှင့် အဂတိ လိုက်စားမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက ပြောသည်။ ထောင်ခမ်း က “ခပ်များများက ကိုယ့်သူဌေးနဲ့ ကိုယ်တိုင် တုံကင်သွားယူရင် တော်တော်ကြာတယ်။ ပွဲစားနဲ့ တုံကင်သွားယူရင် မြန်တယ်။ အလုပ်သမားတွေဆို တုံကင်ယူခတောင် ပွဲစားငှားပြီးသွားယူခိုင်းမှ ရတယ်။ တယောက်ကို ဘတ် ၁ ထောင် (ကျန် ၄ သောင်းခန့်) ပေးရတယ်။ ရက်က အရမ်းကပ်နေတော့ ဖောင်ဖြည့်ခတောင် ဘတ် ၁ ထောင်၊ ၅ ရာ ယူတယ်။ ပွဲစားတွေ ကြီးစိုးနေတယ်” ဟု ဆိုသည်။ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ကိုယ်တိုင် ဘန်ကောက်သို့ ရောက်ရှိလာပြီး ရွှေ့ပြောင်း အလုပ်သမားအရေးနှင့်ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်နေသူများ၊ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်) ထိုသို့တွေ့ဆုံရာတွင် အလုပ်သမားအရေးဆောင်ရွက်နေသူများက မတ်လ ၃၁ ရက်နေ့နောက်ဆုံးထား လုပ်ဆောင်ရမည် ဆိုသည့် သက်တမ်းတိုးခြင်း ကဏ္ဍတွင် မြန်မာလုပ်သားများ များစွာကျန်ရှိနေသေး သဖြင့် ထိုင်းအစိုးရအနေဖြင့် ဖြေလျှော့၍ ပြီးဆုံးသည်အထိ ဆောင်ရွက်ပေးရေး တိုက်တွန်းပေးရန်၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရအကြား တရားဝင်ပြဌာန်းထားသော စာရွက်စာတမ်းများ၏ အဖိုးအခ များကို ပိုမိုကောက်ခံနေခြင်းအား ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးရန်တို့ကို တိုက်တွန်း ခဲ့ကြောင်း သိရသည်။ ထို့အတူ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ လုပ်သားများ ခံစားခွင့်ရရှိရေး၊ လုပ်ငန်းခွင်အတွင်း ထိခိုက်မှုများအတွက် နစ်နာကြေးများ ရရှိရန်နှင့် မြန်မာသံရုံး အလုပ်သမားသံအရာရှိများတိုးမြှင့်ချထားပေးရန်နှင့် အလုပ်သမားများ အရေးကို မြန်မာ သံရုံးအနေဖြင့် အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြကြောင်းလည်း သိရသည်။ မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က “အဖွဲ့အစည်း အသီးသီးက နေပြီးတော့ လုပ်ဆောင်ပေးရမယ်ဟာတွေ ဝန်ကြီးကို အကြံပေးလိုက်တာ။ ကျနော်တို့ရဲ့ အကြံပြုချက်ကိုမှ မနေ့က ၂၉ ရက် နေ့မှာ နိုင်ငံတော်အဆင့် ထိုင်းအစိုးရနဲ့ လူကြီးအချင်းချင်း သွားရောက်တွေ့ဆုံတာ” ဟု ဧရာဝတီသို့ ပြောသည်။ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းလာတိုးကြသည့် မြန်မာများ (ဓာတ်ပုံ – နန်းဆိုင်နွမ်) ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ နိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားဦးရေ ၁ ဒသမ ၆ သန်းခန့်ရှိနေပြီး ထိုအထဲမှ ထက်ဝက်ခန့်ကတော့ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသေးသူများ ဖြစ်သည်ဟု ဆိုသည်။ The post ထိုင်းအစိုးရက အလုပ်သမားများ ဗီဇာနှင့် အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် ရက်ထပ်တိုးပေး appeared first on ဧရာဝတီ.
Source : https://ift.tt/2GmFUKg
via IFTTT
Source : https://ift.tt/2GmFUKg
via IFTTT
“တောင်းပန်တယ်ဆိုရင် ကျနော် မှားသွားမှာပေါ့”လို့ ဆိုတဲ့ စန္ဒရား တင်ဝင်းလှိုင် ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲ အခမ်းအနားမှာ စန္ဒရား တင်ဝင်းလှိုင် ပြောကြားခဲ့တဲ့ စကားများနဲ့ ပတ်သက်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက ပြန်လည်တောင်းပန်ရန် ပြောခဲ့တဲ့ အပေါ် စန္ဒရား တင်ဝင်းလှိုင်က အမှန်တကယ် ခံစားရသည်များကို ပြောခဲ့တာ ဖြစ်တဲ့အတွက် တောင်းပန်ပါက မှားသွားလိမ့်မယ် လို့ ဧရာဝတီကို ပြောပါတယ်။ “တောင်းပန်တယ်ဆိုရင် ကျနော် မှားသွားမှာပေါ့။ ကျနော် ပြောခဲ့တာတွေ အားလုံးက အမှန်တွေ တကယ် ခံစားရတာ ဖြစ်တဲ့အတွက် သူတို့ ရူထောင့်အရ၊ လုပ်ထုံးလုပ်နည်းအရ ကျနော်တို့ အပြင်က ပုဂ္ဂိုလ်တွေရဲ့ ဆန္ဒနဲ့ တထပ်တည်း ဘယ်ကျမလဲ။ ကျနော် ခံစားရတာ ကျနော်ပြောတာ။ ကျနော်ပြောတာ အမှန်လို့ ပြောတာ မဟုတ်ဘူး” “ကျနော် ခံစားရတာတော့ အမှန်ပဲ။ အချက်အလက်အနေနဲ့ တင်ပြတာ ဖြစ်တယ်။ ကျနော့်ဥစ္စာဟာ တရား နည်းလမ်းတကျ မှန်ကန်တယ်လို့ ကျနော် မပြောပါဘူး။ ကျနော်ပြောတာကို အမှန်ဆိုပြီး ဖင်ပိတ်ငြင်းနေတာ မဟုတ်ဘူး”လို့ စန္ဒရားတင်ဝင်းလှိုင်က ပြောပါတယ်။ အဆိုပါ အကယ်ဒမီ စင်မြင့်ထက်မှာ ပြောခဲ့တဲ့ စကားများဟာ အမှန်တကယ် ခံစားရသည်များကို ပြောခဲ့ခြင်းဖြစ်ပြီး အချက်အလက်အဖြစ်သာ လက်ခံပေးပါလို့လည်း ပြောပါတယ်။ “ကျနော်ပြောတဲ့ အပေါ်မှာ ကျနော်ကသာ မှန်တယ် ပြောနေပေမယ့် သူတို့ကတော့ သတင်းစာထဲမှာ မမှန်မကန် စွပ်စွဲ ပုတ်ခတ် တိုက်ခိုက်တယ်လို့ ဒီလိုပဲ တောက်လျှောက် သုံးနေတယ်ပေါ့လေ။ အဲဒီ အသုံးလေးကို ပြင်ပေးဖို့အတွက် ကျနော်ကပြန်ပြီး တောင်းပန်ပါရစေ” “ကျနော် ချွတ်ချော်တဲ့ဟာကို အချက်အလက်အနေနဲ့ပဲ လက်ခံပေးပါ။ အမျက် အမျက်သင့် မနေပါနဲ့။ သူတို့က အမျက် သဘောနဲ့ တမင်တကာကို ရည်ရွယ်ချက်အပြည့်နဲ့ လုပ်မိတယ်။ ဆက်လုပ်တယ် ထားဦး။ ရပ်လိုက်ပါတော့။ ကျနော့် ဘက်က အမျက်ဖြစ်စရာ တုံ့ပြန်လို့ ရပေမယ့် တုံ့ပြန်တယ်ဆိုတဲ့ စကားကို လက်မခံပါဘူး”လို့ စန္ဒရား တင်ဝင်းလှိုင်က ဆိုပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးမှာ “ကွမ်းလုံရက် ၄၀” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရုပ်ရှင်နောက်ခံ တေးဂီတဆု ရရှိခဲ့တဲ့ စန္ဒရားတင်ဝင်းလှိုင်ရဲ့ အဆိုပါနေ့က ပြောခဲ့တဲ့ စကားများအပေါ် မတ်လ၂၈ ရက်နေ့မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဘက်ကနေ စန္ဒရာတင်ဝင်းလှိုင်ကို သတ္တိရှိရှိ ပြန်လည် တောင်းပန်ရန် သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ကာ တောင်းဆိုခဲ့ပါတယ်။ အဆိုပါ အကယ်ဒမီဆုကို ရရှိစဉ် ကျေးဇူးတင်စကား ပြောကြားရမှာ အခုလို သူ့ရဲ့မကျေနပ်ချက်တွေကို ထည့်ပြော ဖြစ်တဲ့အပေါ် မေးကြည့်တဲ့အခါ “ဘာလို့ အဲ့ဒီလို ပြောလဲဆိုရင် ကျနော်က ကြွယ်ဝတဲ့ မိသားစုက ပေါက်ဖွားတယ်။ ဂီတကို ချစ်မြတ်နိုးပြီးတော့ ပညာကို လေးစားပြီးတော့ တောက်လျှောက် လိုက်စားခဲ့တဲ့အတွက် တော်တော် နိမ့်ပါး ရတယ်။ အခုချိန်မှာ စီးပွားရေးကလည်း တော်တော် နိမ့်ပါးနေတယ်” “အကြပ်အတည်းတွေလည်း တော်တော် တွေ့နေ ပါတယ်။ ဇနီးသည်ကလည်း လေဖြတ်နေတာ ၃ ကြိမ် ၁၆ နှစ် ရှိပါပြီ။ အသိဉာဏ်တော့ ရှိပါတယ်။ နှာခေါင်းပိုက်နဲ့ အစာလုံးဝ စားလို့ မရတော့ဘူး။ လျှာလှုပ်လို့ မရတော့တာ လူမတ်တပ်နဲ့ မတ်တပ် လမ်းလျှောက်လို့ မရတော့တာ ၁၆ နှစ် ရှိပါပြီ။ ဒီလိုမျိုးအနေအထားကို အသက်ရှင်ဖို့အတွက် ကုန်ကျစရိတ်က ဈေးကြီးပါတယ်။ အဲ့ဒီ အခက်အခဲကို ရုန်းကန်နေရတဲ့ အတွက် အချိန်ပြည့် ဒေါသ ဖြစ်ရင်ဖြစ်မယ်။ အဲ့ဒါကြောင့် ကျနော်ပြောတဲ့ စကားတွေက ဘယ်လိုမှ ချစ်ခြင်းမေတ္တာ စကားတွေ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။ ထပ်ဆင့် အကယ်ဒမီ ဆုရှင် စန္ဒရား တင်ဝင်းလှိုင်ဟာ၂၀၁၃ ခုနှစ်မှာ “ကြယ်စင်မော်ကွန်း” ရုပ်ရှင် ဇာတ်ကားကြီးဖြင့် တကြိမ် အကောင်းဆုံး တေးဂီတဆု ရရှိခဲ့ပြီး၊ ယခုနှစ်မှာ “ကွမ်းလုံ ရက် ၄၀” ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင် နောက်ခံ တေးဂီတဆု ထပ်မံ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – မြန်မာအသံက စန္ဒရားတင်ဝင်းလှိုင်ကို သတ္တိရှိရှိ ပြန်လည် တောင်းပန်ရန်ပြော The post “တောင်းပန်တယ်ဆိုရင် ကျနော် မှားသွားမှာပေါ့”လို့ ဆိုတဲ့ စန္ဒရား တင်ဝင်းလှိုင် appeared first on ဧရာဝတီ.
Source : https://ift.tt/2H2bNsZ
via IFTTT
Source : https://ift.tt/2H2bNsZ
via IFTTT
ပုဏ္ဏားကျွန်းတွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်၍ တဦး သေဆုံး ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ကျေးရွာတွင် မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရဲ တပ်ဖွဲ့ဝင် အချင်းချင်း စကားများ ရန်ဖြစ်ရာမှ သေနတ်ပစ်ခတ်မှု ဖြစ်ပွားကာ တဦး သေဆုံးသွားကြောင်း သတင်း ရရှိသည်။ ယိုးတရုတ် ကျေးရွာ ကားဂိတ် ရန်ကုန်-စစ်တွေ ကားလမ်းမ ပေါ်တွင် ယိုးတရုတ် ရဲကင်းစခန်းမှ ရဲတပ်ကြပ် သန်းဖေ၊ ဒုတပ်ကြပ် ကျော်အောင်ဝင်း၊ တပ်သား အောင်ကိုဦး တို့ ၃ ဦးသည် ယိုးတရုတ် ပင်မကျောင်း ဘုရားပွဲ လုံခြုံရေး နှင့် လုံခြုံရေး လမ်းကြောင်း တာဝန် ဆောင်ရွက်နေကြောင်း၊ ရဲတပ်သား အောင်ကိုဦးမှာ ဖုန်းဝင်လာ၍ ဖုန်းပြောနေစဉ် ယိုးတရုတ်ရဲ ကင်းမှူး ရဲအုပ် ဘစံ ရောက်ရှိလာပြီး ဖုန်းပြောသည့်ကိစ္စကို ဆိုဆုံးမကြောင်း၊ ထိုသို့ ဆိုဆုံးမနေစဉ် ဒုတပ်ကြပ် ကျော်အောင်ဝင်း က ရဲအုပ်ဘစံအား မချေမငံပြောဆို၍ ရဲအုပ်ဘစံက ဒုတပ်ကြပ် ကျော်အောင်ဝင်းအား မျက်နှာကို လက်သီးဖြင့် တစ်ချက်ထိုးကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။ ယင်းသို့ လက်သီးဖြင့်ထိုးစဉ် ဒုတပ်ကြပ် ကျော်အောင်ဝင်းက ဓားဦးချွန်းဖြင့် တချက်ထိုး၍ ရဲအုပ် ဘစံ၏ ဝဲဘက် နား နောက်တွင် ပြတ်ရှ ဒဏ်ရာ တချက် (မစိုးရိမ်ရ) ရရှိသွားကြောင်း၊ ရဲအုပ်ဘစံကလည်း ၎င်းကိုင်ဆောင်သည့် ခြောက် လုံးပြူး သေနတ်ဖြင့် တချက် ပစ်ခတ်ရာ ဒုတပ်ကြပ် ကျော်အောင်းဝင်း၏ ညာဘက်နားထင်သို့ ကျည်ဆန် ထိမှန်ပြီး ဝဲဘက်နားထင်သို့ ဖောက်ထွက် သွားကြောင်း၊ ၎င်းတို့ နှစ်ဦးအား ယိုးတရုတ် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ သေနတ် ဒဏ်ရာ ရရှိသွားသော ဒုတပ်ကြပ် ကျော်အောင်ဝင်းသည် ည ၈ နာရီ ကျော် အချိန်တွင် သေဆုံးသွားခဲ့ ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့ရာ သဲတက် ရဲစခန်းမှ ပ နံပါတ် ၇ ဖြင့် အမှုဖွင့်ထားသည့် အတွက် အသေးစိတ်ကို သဲတက် ရဲစခန်းမှူးကိုသာ ဆက်သွယ် မေးမြန်း ရန် ပုဏ္ဏားကျွန်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် တင်မောင်ဝင်းက ဧရာဝတီသို့ ပြောသည်။ ယင်းဖြစ်စဉ် အတွက် ပုဏ္ဏားကျွန်းမြို့နယ် သဲတက် ရဲစခန်းက ပ / ၇ ၊ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည် The post ပုဏ္ဏားကျွန်းတွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်၍ တဦး သေဆုံး appeared first on ဧရာဝတီ.
Source : https://ift.tt/2Gk5Ie1
via IFTTT
Source : https://ift.tt/2Gk5Ie1
via IFTTT
ဗြိတိန်တော်ဝင် မင်းသား Harry ရဲ့ မင်္ဂလာပွဲအတွက် လုံခြုံရေးစာရင်း ထုတ်ပြန်ကြေညာ ဗြိတိန် တော်ဝင်မင်းသား Harry နဲ့ အမေရိကန် မင်းသမီး Meghan Markle တို့ရဲ့ လက်ထပ်ပွဲအတွက် လုံခြုံရေးအရ ဆောင်ရွက်ချက်တွေကို Thames Valley ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ်၊ တော်ဝင်မင်းသား Harry နဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး Meghan Markle တို့ဟာ လာမယ့် မေလ ၁၉ ရက်နေ့မှာ လက်ထပ်တော့မှာ ဖြစ်ပြီး လက်ထပ်ပွဲ ကျင်းပမယ့် ဝင်ဆာနန်းတော်ကို စောင့်ကြပ်တဲ့ Thames Valley ရဲတပ်ဖွဲ့က အဲဒီနေ့မှာ ဦးဆောင်ပြီး လမ်းမတွေထက်မှာ ကင်းလှည့်ကြမယ့် တပ်ဖွဲ့ဝင်တွေ၊ လက်နက်ကိုင်နဲ့ လက်နက်မဲ့ အရာရှိတွေနဲ့ ပတ်သက်လို့ အခုလို ထုတ်ပြန် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ကြေညာချက် တခုမှာဆိုရင် “Thames Valley ရဲတပ်ဖွဲ့ဟာ Royal Borough of Windsor နဲ့ Maidenhead တို့အတွက် ဂုဏ်ယူစွာနဲ့ တာဝန်ယူမှာပါ။ ကျနော်တို့ဆီမှာ နှစ်စဉ် ပြုလုပ်နေကျ Windsor Garter အခမ်းအနားမှသည် နိုင်ငံတော် အကြီးအကဲတွေရဲ့ ခရီးစဉ်အထိ၊ မကြာသေးခင်ကပဲ ဘုရင်မကြီးရဲ့ သက်တော် ၉၀ နှစ်ပြည့် မွေးနေ့အထိ တာဝန်ယူ စောင့်ကြပ်ပေးခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ မင်းသား Harry နဲ့ မစ္စ Markle တို့ရဲ့လက်ထပ်ပွဲမှာလည်း ချွင်းချက်မရှိ တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်” “လူအတိုင်းအတွက် လုံခြုံဘေးကင်းပြီး ပျော်ရွှင်ဖို့ ကောင်းတဲ့ ပွဲတခုကို ဆောင်ကျဉ်းပေးနိုင်ဖို့ ကျနေနာ်တို့ဟာ ကျနော်တို့ရဲ့ မိတ်ဖက် လက်တွဲဖော်တွေ၊ ဒေသခံ စီးပွားရေးလုပ်ငန်းတွေ၊ လူမှုအသိုက်အဝန်းတွေနဲ့ အတူ အလုပ် လုပ်ကိုင်သွားမှာပါ” “ဒီလက်ထပ်ပွဲဟာ ဝင်ဆာနန်းတော်ကို ကမ္ဘာတဝန်းမှ လူထောင်နဲ့ ချီပြီး ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး အစီအစဉ်တွေကိုလည်း ပြင်ဆင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ မြို့ကိုလာမယ့် ဧည့်သည်တော်တွေဟာ လက်နက်ကိုင်နဲ့ လက်နက်မဲ့ ကျနော်တို့ရဲ့ အရာရှိတွေ၊ ကျနော်တို့ရဲ့ ရှာဖွေရေးခွေးတွေကို ကြည့်ရှုဖို့ မျှော်လင့်နိုင်ပြီး ကျနော်တို့ရဲ့ ပြင်ဆင်မှုတွေဟာ လာမည့် သီတင်းပတ်တွေနဲ့ လတွေမှာ ပြီးစီးတော့မှာ ဖြစ်ပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။ လက်ထပ်ပွဲအတွက် လုံခြုံရေးအဖွဲ့တွေဟာ လုံခြုံတဲ့ နေရာတခု ဖြစ်စေဖို့ ဝင်ဆာနန်းတော်ကို ဝင်ရောက်မယ့် လမ်းတလျှောက်လုံးမှာ တော်ဝင်ရွှေပွဲလာ ပရိသတ်တွေအပေါ် စောင့်ကြပ်ကြည့်ရှု၊ ရှာဖွေမယ့် အစီအစဉ်တွေကို လုပ်ဆောင်မှာ ဖြစ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဆက်လက် ဖော်ပြထားတာက “အဲဒီနေ့မှာ ကားနဲ့ လာရောက် လည်ပတ်မယ်ဆိုရင် သင်တို့ဟာ ကျနော်တို့ရဲ့ လမ်းမ ပေါ်မှာရှိတဲ့ ရဲဝန်ထမ်း တယောက်ရဲ့ ရပ်တန့်စေမှုကို ခံရနိုင်ပါတယ်။ ရထားနဲ့ ခရီးသွားမယ်ဆိုရင် ဗြိတိသျှ သယ်ယ ူပို့ဆောင်ရေး ရဲတပ်ဖွဲ့က ကင်းလှည့်စခန်းတွေနဲ့ ရထားတွဲဆိုင်းတွေမှာ ရှိနေမှာပါ။ ဝင်ဆာနန်းတော်ကို ရောက်မယ် ဆိုရင် စောင့်ကြပ်ကြည့်ရှုမှုနဲ့ ရှာဖွေမှုကိုလည်း ခံရနိုင်မှာပါ” “မြို့ဗဟို တခွင်လုံးမှာ လူမှုအသိုင်းအဝိုင်း အကြီးအကဲတွေလည်း ရှိနေမှာပါ။ ဒါတွေဟာ အများပြည်သူ လုံခြုံမှု ရှိစေဖို့ ဆောင်ရွက်ချက် တစိတ်တပိုင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရဲတပ်ဖွဲ့ကလည်း ဝင်ဆာနန်းတော်မှာ အများပြည်သူကို မြင်တွေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။ သူတို့ဆီ ချဉ်းကပ်ပြီး လွတ်လွတ်လပ်လပ် မေးခွန်းမေးတာ၊ စိုးရိမ်မှု ပြောကြားတာမျိုး၊ ဟယ်လိုလို့ နှုတ်ဆက်နိုင်ပါတယ်” လို့ ဆက်လက် ဖော်ပြထားပါတယ်။ မင်းသား Harry နဲ့ ရုပ်ရှင်မင်းသမီး Meghan Markle တို့ဟာ မေ ၁၉ ရက်မှာ ဝင်ဆာနန်းတော်မှာရှိတဲ့ စိန့်ဂျော့ချ် ဘုရားကျောင်းမှာ လက်ထပ်ကြတော့မှာ ဖြစ်ပါတယ်။ ဗြိတိန်တော်ဝင် မင်းသား Harry နဲ့ သူ့ဇနီးလောင်း မင်းသမီး Meghan Markle တို့ရဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းဟာလည်း မကြာခင် ရုပ်ရှင်အဖြစ် ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းလင်ခ့် – တော်ဝင်မင်းသား Harry နဲ့ ရုပ်ရှင်မင်းသမီး Meghan Markle တို့ရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်း ရုပ်ရှင် Ref ; contactmusic The post ဗြိတိန်တော်ဝင် မင်းသား Harry ရဲ့ မင်္ဂလာပွဲအတွက် လုံခြုံရေးစာရင်း ထုတ်ပြန်ကြေညာ appeared first on ဧရာဝတီ.
Source : https://ift.tt/2Idb8UP
via IFTTT
Source : https://ift.tt/2Idb8UP
via IFTTT
မျက်နှာ အသားအရေအတွက် ရေခဲတုံးရဲ့ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများ ရာသီဥတု အပူရှိန် ၊ ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် သင့်မျက်နှာ အသားအရေဟာ ညစ်နွမ်း ခြောက်သွေ့နေနိုင်ပါတယ်။ မျက်နှာ အသားအရေ ပြန်လည် တင်းရင်းကြည်လင်စေဖို့ အတွက် အိမ်မှာ အလွယ်တကူရှိတဲ့ ရေခဲတုံးလေးတွေက ကူညီပေး ပါလိမ့်မယ်။ မျက်နှာ အသားအရေ ပြဿနာတွေအတွက် ရေခဲတုံးရဲ့ အံအားသင့်ဖွယ် အသုံးတည့်လှတဲ့ အကျိုးကျေးဇူးတွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) မိတ်ကပ် မလိမ်းခင် မျက်နှာ အသားအရေအနှံ့ကို ရေခဲတုံး ကပ်ပေးမယ်ဆိုရင် မိတ်ကပ်သားကို စွဲစေပြီး မိတ်ကပ် လိမ်းပြီးချိန်မှာပါ မျက်နှာ အသားအရေကို ချောမွေ့ ကြည်လင်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာ အဆီပြန်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ (၂) နီရဲ ရောင်ရမ်းနေတဲ့ ဝက်ခြံ အဖုတွေပေါ်မှာ ရေခဲတုံး ကပ်ပေးမယ်ဆိုရင် ဝက်ခြံဖုလေးတွေ ချပ်သွားမှာဖြစ်ပြီး ဝက်ခြံဖုတွေပေါ်က ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေမှာ ဖြစ်ပါတယ်။ ဝက်ခြံဖုတွေပေါ်ကို နေ့စဉ်ပုံမှန် ရေခဲတုံး ကပ်ပေးမယ်ဆိုရင် ဝက်ခြံအမာရွတ်တွေကိုပါ မှေးမှိန် ပျောက်ကွယ်စေနိုင်ပြီး ချွေးပေါက် ကျဉ်းစေနိုင်ပါတယ်။ (၃) နေလောင်ထားတဲ့ မျက်နှာ အသားအရေ နေရာကို ရေခဲတုံးကပ်ပေးခြင်းအားဖြင့် နေလောင်ကွက်တွေကို လျော့ပါး စေပြီး မျက်နှာ အသားအရေကို ကြည်လင် လန်းဆန်းစေပါတယ်။ (၄) မျက်နှာပေါ်က အရေးအကြောင်းတွေ နေရာကို ရေခဲတုံး ကပ်ပေးခြင်းအားဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အရေးအကြောင်းတွေကို လျော့ပါးစေကာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေမှလည်း ကာကွယ်ပေးနိုင် ပါတယ်။ (၅) အိပ်ရာဝင် နောက်ကျတာနဲ့ အိပ်ရေးမဝခြင်းတို့ကြောင့် ဖြစ်ပေါ်တတ်တဲ့ မျက်ကွင်းညိုခြင်းတို့ကို မျက်လုံး အောက်နားမှာ ရေခဲတုံး ကပ်ပေးရုံနဲ့ သက်သာပျောက်ကင်း စေနိုင်ပါတယ်။ Ref : steptohealth.com The post မျက်နှာ အသားအရေအတွက် ရေခဲတုံးရဲ့ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများ appeared first on ဧရာဝတီ.
Source : https://ift.tt/2GFDGZK
via IFTTT
Source : https://ift.tt/2GFDGZK
via IFTTT
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ရာနှုန်းပြည့် မီးလင်းမည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားပေးဝေနိုင်ရေး အတွက် ကမ္ဘာ့ဘဏ်ချေးငွေနှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ (YESC) မှ သိရသည်။ “အခု ပေးနေတာက ၇၄ ရာခိုင်နှုန်းအထိ မီးပေးနေပြီ။ ကျန်တာက ကျေးရွာတွေပဲ ကျန်တော့တယ်။ ကျေးရွာ ပေါင်း ၂ ထောင်ကျော်ရှိတဲ့ အနက် ကျေးရွာ ၈ ရာလောက်ပဲ မီးမပေးနိုင်တဲ့ ဧရိယာကျန်တယ်။ အဲဒါအတွက် လည်း ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကျေးရွာမီးလင်းရေးတွေလည်း လုပ်ငန်းတွေလည်း လုပ်နေပါတယ်။ ရှေ့နှစ်ဘတ် ဂျက်မှာဆိုရင် စတော့မှာပေါ့။ ပစ္စည်းဝယ်တဲ့ လုပ်ငန်းတွေ ပြီးသွားပြီ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးသန့်ဇင်က ဧရာဝတီသို့ ပြောသည်။ ၂၀၁၇-၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက် သွား မည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရရှိရေး (၅) နှစ်စီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ သန်း ၃၀၀ ကျော်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ယင်းကို ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၇ ခုနှစ် သြဂုတ်-၁၆ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ် တော် အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍ အရှုံးပေါ်မှုအားကာမိစေရန် အစီအစဉ်များနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်တဦး၏ မေးခွန်းအား ယင်းသို့ ဖြေကြားသွားခြင်း ဖြစ်သည်။ “၅ နှစ်စီမံချက်အား ရေးဆွဲထားရာ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အပြီးမှာ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ် အား ရရှိသုံးစွဲလျက်ရှိသော ၆၆ မြို့နှင့် ကျေးရွာ ၂၉ ရွာအား ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါတယ်။၂၀၃၀ ခုနှစ်တွင် မြန်မာတနိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်၏ ချေးငွေ အမေ ရိကန် ဒေါ်လာသန်း ၃၁၀ ဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) အား အဆင့် ၄ ဆင့်သတ် မှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းနိုင်က ဆက်လက် ပြောကြားသွားသည်။ ထို့ပြင် ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင် လွန်ခဲ့သည့် ၄ နှစ်ကစတင်ပြီး လျှပ်စစ်မီး အပြည့်ရရှိနေပြီဖြစ်ကာ ရံဖန် ရံခါ ဖြစ်တတ်သည့် ချို့ယွင်းမှုများမှ အပ လျှပ်စစ်ဓာတ်အား မနိုင်သဖြင့် လျှပ်စစ်မီးပေးချိန် လျှော့ချဖြတ် တောက်ရခြင်းများလည်း မရှိတော့ကြောင်း ဦးသန့်ဇင်က ထပ်မံပြောဆိုသည်။ စက်မှုဇုန်များအတွက် ပေးဆောင်ရသည့် မီတာခနှုန်းထားမှာ အခြားနိုင်ငံများနှင့် ယှဉ်လျှင်များသော်လည်း ယခင် လျှပ်စစ်မီးမရသည့် အချိန်က ဒီဇယ် မီးစက်များနှင့် အသုံးပြုရသည်ထက် ကုန်ကျစရိတ်များစွာသက် သာပြီး လျှပ်စစ်မီးအပြည့်ရလာပါက လုပ်ငန်းလည်ပတ်မှုနှုန်း ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန်ဥက္ကဌ ဦးမြတ်သင်းအောင်က ဧရာဝတီသို့ ပြောသည်။ “၁ ယူနစ်ကို ၁၅၀ ကျပ်အခြေခံဆိုပေမယ့် စောင့်ရှောက်ခလည်း ပေးရတယ်။ နောက် Lost (ပျောက်ဆုံးခ) ကလည်း ၁၀ ရာခိုင်နှုန်းဆိုတော့ ၁ ယူနစ်ကို ၁၆၅ ကျပ်ပေးနေရတယ်။ မီတာခကတော့ တော်သေးတာပေါ့ ကိုယ့်ဘာသာ ဒီဇယ်နဲ့ လည်မယ်ဆိုရင် ၁ ယူနစ်ကို ၃၀၀ ကျော်ကျနေတာလေ။ ဒီနှစ်ကတော့ တော်တော်လေး ကောင်းလာပါတယ်” ဟု ၎င်းက သုံးသပ်သည်။ ဆက်လက်ပြီး ဦးမြတ်သင်းအောင်က “၂၄ နာရီပုံမှန်မီးရမယ်ဆိုရင်တော့ လုပ်ငန်းရှှင်တွေက အလုပ်သမား ၂ ဆိုင်း ၃ ဆိုင်းနဲ့ လည်နိုင်တယ်။ လောလောဆယ်တော့ အဲဒီလို မသေချာတဲ့အတွက် စက်ရုံတွေက ၁ ဆိုင်းနဲ့ပဲ သွားတာများတယ်။ ၂ ဆိုင်းဆိုတာ ရပ်လို့မရတဲ့ လုပ်ငန်းမျိုးလောက်ပဲ သွားတာများတယ်”ဟု ဆိုသည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့အနေဖြင့် နှစ်စဉ် အမြတ်ငွေ ၁၈ ဘီလီယံခန့်ရှိသော်လည်း နှစ်စဉ် တိုးတက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် တည်ဆောက်နိုင်ရန် လိုအပ်ချက် ရှိနေဆဲဖြစ်သဖြင့် ချေးငွေဖြင့် တည်ဆောက်နေရခြင်းဖြစ်ကြောင်း ဦးသန့်ဇင်က ပြောသည်။ မြန်မာတစ်ပြည်လုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်တွင် လျှပ်စစ်မီးအသုံးပြုနေသည့် အိမ်ထောင်စုပေါင်း ၄ သန်းကျော်ရှိသည့်အနက် ရန်ကုန်မြို့သည် ၁ ဒသမ၃ သန်းခန့် အသုံးပြုလျက်ရှိပြီး နိုင်ငံ တော်၏ စီးပွားရေး စီမံကိန်းများနှင့်ဦးစားပေးအစီအစဉ်အရ ရန်ကုန်မြို့၏ လျှပ်စစ်ကဏ္ဍသည် နံပါတ် ၁ ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ လူဦးရေ ၅၃ သန်းခန့်ရှိသည့်အနက် လူဦးရေ ၆ သန်းခန့်သည် ရန်ကုန် တိုင်းဒေသကြီးတွင် နေထိုင်လျက်ရှိပြီး လက်ရှိ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၃၇၅၀ မဂ္ဂါဝပ် ကျော်ခန့် ဖြစ်ပြီး ၁၃၉၃ မဂ္ဂါဝပ်ကို ရန်ကုန်တိုင်းဒေသကြီးမှ သုံးစွဲလျက်ရှိကြောင်း သိရသည်။ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် လျှပ်စစ်ဓာတ်အားကို ပြည်ထောင်စုအစိုးရထံမှ တယူနစ် လျှင် ၆၀ ကျပ်ဖြင့် ဝယ်ယူနေခြင်းဖြစ်ပြီး အများပြည်သူကို ၃၅ ကျပ်မှ ၅၀ ကျပ်အထိ နှုန်းထားဖြင့် လည်း ကောင်း လုပ်ငန်းသုံးအတွက် တယူနစ်လျှင် ၇၅ ကျပ်မှ ၁၅၀ ကျပ်အထိလည်းကောင်း နှုန်းထားဖြင့် ပြန်လည် ဖြန့်ဖြူးနေခြင်း ဖြစ်ကြောင်း သိရသည်။ The post ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ရာနှုန်းပြည့် မီးလင်းမည် appeared first on ဧရာဝတီ.
Source : https://ift.tt/2J7kXEU
via IFTTT
Source : https://ift.tt/2J7kXEU
via IFTTT
ပြည်သူများ မြင်တွေ့ချင်သည့် အပြောင်းအလဲကို ဖော်ဆောင်မည်ဟု သမ္မတသစ် ကတိပြု ပြည်သူများ မြင်တွေ့ချင်သည့် အပြောင်းအလဲများကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်အောင် မမှိတ်မသုန် ကြိုးပမ်း ဆောင်ရွက်မည်ဟု သမ္မတသစ် ဦးဝင်းမြင့်က သူ၏ ပထမဆုံး ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သည်။ မတ်လ ၃၀ ရက်၌ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်၌ ကျင်းပသော သမ္မတသစ် ဦးဝင်းမြင့် ကတိသစ္စာ ပြုခြင်း နှင့် မိန့်ခွန်းပြောကြားခြင်း အစီအစဉ်တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ သမ္မတ ဦးဝင်းမြင့်က “ကျတော်တို့ တွေ့ကြုံခဲ့ရတဲ့ အတိတ်က အဖြစ်အပျက်တွေ ကျော်လွှားဖြတ်သန်းခဲ့ရတဲ့ အကျပ် အတည်းတွေ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် မိဘပြည်သူများ လိုလား တောင့်တနေကြတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ခြည်ပြတ်မခံဘဲ အဂတိတရား ကင်းရှင်းစွာနဲ့ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောဆိုသည်။ ဆက်လက်၍ နိုင်ငံတကာ မျက်နှာစာတွင်လည်း ဖိအားပေးမှုများ၊ ဝေဖန်မှုများနှင့် အထင်အမြင် လွဲမှားမှုများကိုလည်း ရင်ဆိုင်နေရကြောင်း၊ ပြည်သူများအနေဖြင့် ယနေ့ တွေ့ကြုံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ အရာရာ တိုင်းကို အလွယ်တကူ မဖြေရှင်းနိုင်ပေမယ့်လည်း အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍ အလိုက် ဖြေရှင်း ဆောင်ရွက် သွားမည်ဟု ပြောသည်။ ဦးဝင်းမြင့်က “ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင် နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိ လိုက်စားမှုကို ပိုမို တိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်းများကို မြှင့်တင် ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းရပါလိမ့်မယ်”ဟု ပြောကြား သည်။ နိုင်ငံ၏ အဓိက ရင်ဆိုင်ဖြေရှင်း နေရသည့် ပြဿနာများကို ကဏ္ဍအလိုက် ဆောင်ရွက်သွားမည် ဟုလည်း သမ္မတက ထည့်သွင်း ပြောကြားသည်။ မန္တလေးတိုင်း ဝန်ကြီးချူပ် ဒေါက်တာ ဇော်မြင့်မောင်က “ဦးဝင်းမြင့်က နိုင်ငံရေး အတွေ့အကြုံကလည်း ၈၈ ပါတီ ထောင်ကတည်း က ပါလာတဲ့သူဆိုတေ့ာ ဘာမှတော့ ပြောစရာမရှိပါဘူး။ နိုင်ငံရေးရော လွှတ်တော် အပိုင်းမှာရော အတွေ့အကြုံ ရှိပြီးဆိုတော့ အုပ်ချူပ်ရေး အပိုင်းမှာ နက်နက်နဲနဲ ပိုပြီးလုပ်နိုင်မယ်ထင်ပါတယ်”ဟု ယနေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများအား ပြောသည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတက ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲသွားမည် ဖြစ် ကြောင်း၊ ဥပဒေမဲ့ သိမ်းဆည်းခဲ့သည့် လယ်ယာမြေများပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေး ရရှိရေးတို့ကို ဥပဒေ နှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူလယ်သမားများ၏ လူနေမှု ဘဝမြင့်မား တိုးတက်ရေး၊ အလုပ်သမား များ ၏ ဘဝသာ ယာစိုပြေရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့် ရရှိရေး စသည်တို့ကို ဖော်ဆောင်သွားမည်ဟု ဆိုသည်။ မအူပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက “ဒီနေ့ သမ္မတကြီး ပြောသွားတဲ့ မိန့်ခွန်းဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့် သိပ်ကောင်းတဲ့ မိန့်ခွန်းလို့ ပြောချင်တယ်။ ပြောတဲ့ အတိုင်း တကယ် အလုပ်လုပ်ဖို့ အတွက် သမ္မတကြီး တယောက်တည်း တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူ တွေ ရော ပြည်ထောင်စု အဖွဲ့အားလုံး ပူးပေါင်းဆောင်ရွက်မှု လိုတယ်လို့ မှတ်ချက်ပေးချင်ပါတယ်”ဟု ပြောသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် (NLD) ၏ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကလည်း သမ္မတပြောသွားသည့် မိန့်ခွန်းမှာ လိုတာကို တိုတိုနှင့် ရှင်းရှင်းလေး ပြောသွားသည့် အတွက် ကျေနပ်ကြောင်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်မည့် သူ တဦးဖြစ်မည်ဟု ယုံကြည်ကြောင်း မီဒီယာများအား ပြောကြားသည်။ သမ္မတက ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းများမှာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တို့ကို ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများ မျှော်လင့်နေသည့် အပြောင်းအလဲကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ရန် အတွက် ဆောင်ရွက် ကြိုးပမ်းသွားမည်ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။ မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတ ဖြစ်သော ဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်၌ ပြည်ထောင်စု လွှတ်တော်တွင် မဲပေးရွေးချယ်ခဲ့ရာမှ ထောက်ခံမဲ ဆန္ဒ ၄၀၃ မဲဖြင့် အများဆုံး ရရှိခဲ့ပြီး သမ္မတ ဖြစ်လာသူ ဖြစ်သည်။ The post ပြည်သူများ မြင်တွေ့ချင်သည့် အပြောင်းအလဲကို ဖော်ဆောင်မည်ဟု သမ္မတသစ် ကတိပြု appeared first on ဧရာဝတီ.
Source : https://ift.tt/2J8A1Cf
via IFTTT
Source : https://ift.tt/2J8A1Cf
via IFTTT
အမေရိကန်သံတမန်များကို နှင်ထုတ်ကာ ကောင်စစ်ဝန်ရုံး ပိတ်ပစ်ခြင်းဖြင့် ရုရှားလက်တုံ့ပြန် ရုရှားသံတမန်များကို အမေရိကန်နှင့် ဗြိတိန်က စတင်နှင်ထုတ်ခြင်းကို လက်တုံ့ပြန်သည် အနေဖြင့် စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်မည်ဖြစ်ပြီး၊ သံတမန် ၆၀ကိုလည်း နှင်ထုတ်ကြောင်း ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီ လက်ရော့ဗ်က ပြောသည်။ အလားတူ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကိုလည်း ဒု နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ရက်ကောဗ်နှင့် တွေ့ဆုံရန် လည်း ဆင့်ခေါ်ထားကြောင်း၊ ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်နှင့် တွေ့ဆုံအပြီးမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ ဗြိတိန်တွင် ခိုလှုံနေသည့် ရုရှား နှစ်ဖက်ချွန် ထောက်လှမ်းရေး သူလျှို အဆိပ်ခပ်ခံရပြီးနောက် ဗြိတိန်က ရုရှားသံတမန် ၂၃ဦးကို နှင်ထုတ်ခဲ့သလို ပြီးခဲ့သည့် တနင်္လာနေ့က အမေရိကန်ကလည်း ဆီယက်တဲလ်မြို့ရှိ ရုရှားကောင်စစ်ဝန်ရုံးကို ပိတ်ကာ ရုရှားသံတမန် ၄၈ဦးနှင့် ကုလသမဂ္ဂမစ်ရှင်မှ ၁၂ဦးကို နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။ အလားတူ အမေရိကန်နှင့် ဗြိတိန်၏ နောက်လိုက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ သြစတြေးလျ၊ ဒိန်းမတ် အစရှိသည့် နိုင်ငံများ ကလည်း ရုရှားသံတမန် ၉၀ကျော်ကို နှင်ထုတ်သည်။ ထို့အတွက် အထက်ပါ အမေရိကန်နှင့် ဗြိတိန်၏ နောက်လိုက်နိုင်ငံများကိုလည်း ၎င်းတို့ နှင်ထုတ်သည့် ရုရှားသံတမန် အရေအတွက်နှင့် တူညီသည့် သံတမန် ဦးရေအချိုးအစားတိုင်း ဆက်လက်နှင်ထုတ်ဦးမည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး လက်ရော့ဗ်က ပြောသည်။ နှင်ထုတ်ခံ အမေရိကန်သံတမန်များသည် ဧပြီ ၅ရက်နေ့ မတိုင်မီ ရုရှားမှ ထွက်ရမှာဖြစ်သလို၊ စိန့်ပီတာစဘတ်မြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးမှာလည်း မတ် ၃၁ရက်တွင် ပိတ်ရမှာဖြစ်သည်။ “ကျနော်တို့ကို ထိပါးတဲ့ လှုပ်ရှားမှုတွေကို ပြန်စဉ်စားဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားစေသည့် လုပ်ရပ်တွေကို ရပ်တန်ဖို့ အမေရိကန်အစိုးရကို ဖိတ်ခေါ်ကမ်းလှမ်းပါတယ်”ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားသည်။ ရုရှားရဲ့ အမေရိကန် သံတမန်တွေ နှင်ထုတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဋ္ဌာန ပြောခွင့်ရ ဟီသာနူးယက် က မိမိတို့၏လုံးဝတရားမျှတသည့်လုပ်ဆောင်ချက်ကို ရုရှားဘက်က တရားမျှတမှုကင်းမဲ့စွာ တုံ့ပြန်ခြင်းသာဖြစ်ကြောင်း စောဒကတက်သည်။ The post အမေရိကန်သံတမန်များကို နှင်ထုတ်ကာ ကောင်စစ်ဝန်ရုံး ပိတ်ပစ်ခြင်းဖြင့် ရုရှားလက်တုံ့ပြန် appeared first on ဧရာဝတီ.
Source : https://ift.tt/2E6n3RR
via IFTTT
Source : https://ift.tt/2E6n3RR
via IFTTT
Reuters သတင်းထောက်များအမှု နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ လိုက်ပါဆောင်ရွက် အစိုးရ လျှို့ဝှက် စာရွက်စာတမ်းများ ပေါက်ကြားမှုဖြင့် တရားစွဲခံနေရသည့် Reuters သတင်း ထောက် ၂ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ အမှုတွင် လိုက်ပါဆောင်ရွက်နေသည့် ဥပဒေအထောက်အကူအဖွဲ့သို့ ထင်ရှားသည့် လူ့အခွင့် အရေးရှေ့နေ အေမယ်ကလူနေး ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်း၏ ရုံးက မနေ့က ပြောသည်။ ရှေ့နေ အေမယ်ကလူနေးသည် ဟောလီးဝုဒ်၏ နာမည်ကျော် ရုပ်ရှင်မင်းသားကြီး ဂျော့ကလူးနေး၏ ဇနီးဖြစ်ပြီး၊ သူမက အမှု၏ ရလာဒ်က တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကတိကဝတ် ဘယ်သို့ ရှိသည်ဆိုသည်ကို အများကြီး ပြောပြနိုင်ကြောင်းလည်း ဆိုသည်။ “ဝလုံးနဲ့ကျော်စိုးဦးတို့ဟာ သတင်းပို့မိလို့ ရိုးရိုးရှင်းရှင်းပဲ တရားစွဲခံနေရတာပါ။ ကျမက အမှုတွဲကို သုံးသပ်ပြီးပါပြီ။ သူတို့နှစ်ယောက် အပြစ်ကင်းတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ချက်ချင်း ပြန်လွှတ်ပေးသင့်ပါတယ်” ဟု အေမယ်ကလူနေးက သူမရုံးမှထုတ်ပြန်သည့်ကြေညာချက်တစောင်ကို ကိုးကား၍ ပြောဆိုသည်။ Reuters သတင်းဌာန၏ အကြီးအကဲ ဂါးလ်ဂေါ့ဗ်ကလည်း လူ့အခွင့်အရေး ရှေ့နေ အီမယ်ကလူနေး ရောက်ရှိလာ ခြင်းက မိမိတို့ ကုမ္ပဏီ၏ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်မှု ပိုမိုအားကောင်းစေပြီး၊ မိမိ သတင်းထောက်များ ပြန်လည်လွတ် မြောက်ရေး ကြိုးပမ်းမှုအတွက် ပိုမိုဖြည့်ဆည်းပေးရာ ရောက်ကြောင်း ဆိုသည်။ အသသက် ၃၁ နှစ်အရွယ်ရှိ ဝလုံးနှင့် အသက် ၂၈ ရှိ ကျော်စိုးဦးတို့ကို ရခိုင်ပြည်နယ် အင်းဒင်ရွာ လူသတ်မှုနှင့် ပတ်သက်၍ သတင်းရယူခြင်းကြောင့် အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေ ဖြင့် စွဲချက်တင်ထားပြီး၊ ယင်းဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၁၄နှစ်အထိ ချမှတ်နိုင်သည်။ သတင်းထောက်နှစ်ဦး၏ရှေ့နေများက ယင်းအမှုတွက် စွဲချက်တင်ရန် သက်သေအထောက်အထား မခိုင်လုံဟုဆို၍ အမှုရုတ်သိမ်းပေးပါရန် ပြီးခဲ့သည့် ဗုဒ္ဒဟူးနေ့က တရားရုံးကို လျှောက်လဲခဲ့ကြသည်။ မြန်မာအစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယင်းအမှုကို မှတ်ချက်ပေးရန် ငြင်းဆန်ထားပြီး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဟောက်ဒိုဆွမ်းကလည်း Reuters သတင်းထောက် ၂ဦးကို ဖမ်းဆီးခြင်းမှာ သတင်းပေးပို့ မှုကြောင့် မဟုတ်ဘဲ၊ အစိုးရ၏ လျှို့ဝှက် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုကြောင့် ဖြစ်ကြောင်း ပြီးခဲ့သည့်လ ပြောကြားခဲ့သည်။ သို့သော် အဆိုပါ သတင်းထောက် ၂ဦးကမူ ရန်ကုန်မြို့ မြောက်ပိုင်းရှိ စားသောက်ဆိုင် တဆိုင်တွင် ယခင်က မမြင်ဖူး သည့် ရဲအရာရှိများနှင့် ညစာအတူစားရန် ချိန်းဆိုမှုကြောင့် သွားရောက်စဉ် စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ချက်ခြင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းတို့တို့၏ ဆွေမျိုးများကို ရင်ဖွင့်သည်ဟု Reuters က ရေးသားသည်။ ၎င်းသတင်းထောက် ၂ဦးဖြစ်သည့် ဝလုံးနှင့်ကျော်စိုးဦးကို ဒီဇင်ဘာလ ၁၂ ရက်စပြီး အချုပ်ချထားခဲ့ခြင်းဖြစ်သည်။ ဆက်စပ်ဖတ်ရှု့ရန် – အမှန်တရားကို မျက်ကွယ်ပြု၍ မရကြောင်း ဖမ်းဆီးခံ Reuters သတင်းသမား နှစ်ဦး ပြော The post Reuters သတင်းထောက်များအမှု နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ လိုက်ပါဆောင်ရွက် appeared first on ဧရာဝတီ.
Source : https://ift.tt/2GWv9iN
via IFTTT
Source : https://ift.tt/2GWv9iN
via IFTTT
The Voice သတင်းထောက် သေဆုံးမှု အကြိမ်ကြိမ်တောင်းပန်၍ ကျေအေးပေးလိုက်ရဟုဆို တပ်မတော်သား တဦး၏ ကားဖြင့်တိုက်မိပြီး သေဆုံးခဲ့သည့် The Voice ဂျာနယ် အကြီးတန်း သတင်းထောက် ဦးတင်လင်း အမှုတွင် ကျူးလွန်သူ ဘက်မှ မိသားစုဝင်များက အကြိမ်ကြိမ် လာရောက် တောင်းပန်မှုကြောင့် မတ်လ ၂၈ ရက်နေ့တွင် အမှုအား ကျေးအေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ ဦးတင်လင်း၏ ညီမဖြစ်သူ ဒေါ်စန်းစန်းကြူက “အမေက ကျန်းမာရေး မကောင်းတော့ အမေ့အတွက် ကူညီပံ့ပိုးမှုတွေပေးမယ်။ ကိုကြီးအစား သားတွေရတယ်လို့ သဘောထားပါ။ အမေကြီးကို သားတို့ ကူညီပါရစေ။ တလတခါလည်း ပံ့ပိုးပါရစေလို့ ငိုပြီးတေ့ာအမေ့ကို ကျေအေးပေးဖို့ သူ့ညီကိုယ်တိုင်က လာတောင်းပန်တာ။ အမေကအဲဒီလိုတွေပြောတေ့ာ သားသမီးချင်း ကိုယ်ချင်းစာပြီး ကျေအေး ပေးလိုက်တာ” ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့တွင်နေထိုင်သည့် ဦးတင်လင်း၏ အသက် ၈၅ နှစ်အရွယ် မိခင်ဖြစ်သူမှာ နှလုံးရောဂါ အခံရှိပြီး သားဖြစ်သူ သေဆုံးမှုကြောင့် စိတ်သောကရောက်နေချိန်တွင် ကျူးလွန်သူဘက်မှ မိသားစုဝင်များက ၃ ကြိမ်တိုင် လာရောက် တောင်းပန်ကြောင်း ထို့နောက် အမှုကိုကျေအေးပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ပုဗ္ဗသီရိ မြို့နယ်၊ နေပြည်တော် ဘူတာကြီးအနီးတွင် မတ်လ ၁၇ ရက်နေ့က ပုဗ္ဗသီရိ ဘက်သို့ သံလွင်လမ်းမကြီးအတိုင်း ဦးတင်လင်း မောင်းနှင် လာသည့် မော်တော် ဆိုင်ကယ်အား ဇေယျာသီရိမြို့နယ်၊ ကျန်းမာရေးနှင့် ရောဂါ နှိမ်နှင်းရေးတပ်မှ ဗိုလ်မှူး ကောင်းထူးလွင် မောင်းနှင် လာသည့် ကားက အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ အခင်းဖြစ်ပွားခဲ့သည့် နေ့က ဗိုလ်မှူး ကောင်းထူးလွင်သည် ပျဉ်မနားဘက်မှ အမှတ် (၂) စစ်ဆေးရုံသို့ အပြန် အရပ်ဝတ်ဖြင့် သွားလာစဉ် ယဉ်တိုက်မှု ဖြစ်ပွားခြင်းဖြစ်ပြီး ဦးတင်လင်းမှာ ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ဦးတင်လင်း သေဆုံးမှုနှင့် ပတ်သက်ပြီး လူသေမှု၊ ယာဉ်တိုက်မှုတို့ဖြင့် ဇေယျာသီရိမြို့နယ်၊ ကျန်းမာရေးနှင့် ရောဂါ နှိမ်နှင်းရေး တပ်မှ ဗိုလ်မှူး ကောင်းထူးလွင် ကို ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် နယ်မြေရဲစခန်းတွင် ကနဦး အမှုဖွင့် ထားသော်လည်း တပ်စည်းကမ်း အတိုင်း အရေးယူရန် အတွက် သက်ဆိုင်ရာ တပ်ရင်းသို့ လွှဲပြောင်း ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ အမှုဖွင့်ထားသော်လည်း ကာယကံရှင်၏ ဆန္ဒအရ၎င်းတို့ ကိုယ်တိုင်က အမှုအား ကျေအေးကြောင်းနှင့် အမှုပိတ်သိမ်းလိုပါက ဥပဒေအရ ခွင့်ပြု၍ ရကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သည့် ပုဗ္ဗသီရိနယ်မြေရဲစခန်းမှ ရဲအုပ် သောင်းထိုက်ဦးက ဆိုသည်။ ရဲအုပ် သောင်းထိုက်ဦး က “အမှုက ရုပ်သိမ်းပြီဆိုရင်တေ့ာ ထောင်မကျတေ့ာဘူး။ ကာယကံရှင်က အမှုကို ဆက်မလုပ်လိုတော့ဘဲ လူမှုရေးအရ ကျေနပ်တယ်ဆိုပြီး တင်ရင် ဥပဒေအရ ခွင့်ပြုချက်ရရင် ထောင်မကျဘူး။ အဲဒါ ရုပ်သိမ်းခွင့်ပြုလို့ရတယ်။ ရုပ်သိမ်းခွင့်ပြုလို့ရတဲ့ အမှုအမျိုးအစားလည်း ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါအမှုကို ဦးတင်လင်း၏ မိခင်ကြီးဆန္ဒအရ မိခင်ကြီးအပါအဝင် မိသားစုဝင် ၃ ဦး၊ ရပ်မိရပ်ဖများ၊ ရပ်ကွက် အုပ်ချူပ်ရေးမှူး တို့က မတ်လ၂၈ ရက်က အမှုကို ကျေအေးကြောင်း ဦးတင်လင်း၏ မိခင်နေအိမ်တွင် လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ The Voice မှ အမှုဆောင် အယ်ဒီတာ ကိုအောင်စိုး က“ အမေကြီးရဲ့ ဆန္ဒအရ ကျေအေးပေးလိုက်တာပါ။ အမေကြီးရဲ့ ဆန္ဒကိုပဲ ဖြည့်ပေးရမယ့် တာဝန်ရှိတယ်လေ။ အမေကြီးရဲ့ ဆန္ဒကို လွန်ဆန်ပြီးတေ့ာ ကျနော်တို့က ဘာမှလုပ်ပိုင်ခွင့် မရှိပါဘူး” ဟု ပြောသည်။ ယင်းဖြစ်စဉ်မှာ အရက်ဖက်တွင် ဖြစ်သည့်အတွက် အရပ်ဖက်တရားရုံး၌ ရင်ဆိုင်ရမည်ဖြစ်ပြီး တပ်မတော်သား ဖြစ်သည့် အတွက် တပ်အားပြန်လည် လွှဲပြောင်းပေးရန် ဥပဒေ၌ မပါရှိကြောင်းနှင့် ယာဉ်တိုက်သည့်အတွက် လူသေမှု ဖြစ်သဖြင့် အရပ်ဖက် တရားရုံးတွင် ရင်ဆိုင်ရမည်ဖြစ်သည်ဟု နေပြည်တော်ရှိ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ညိုက ဆိုသည်။ ဦးခင်မောင်ညိုက “မမျှော်လင့်ပဲ မတော်တဆဖြစ်တဲ့ အတွက် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ကိစ္စ မဟုတ်တာကြောင့် ရုပ်သိမ်းပေးလို့ ရပါတယ်။ ရုပ်သိမ်းပေးရင် ထောင်မကျဘဲ လွှတ်ပေးလို့ရပါတယ်။ တဖက်ပုဂ္ဂိုလ်ကလည်း နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ ပညာရှင်တဦး ဖြစ်နေတော့ အပေါ်ရုံးကလည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။ ကာယကံရှင် ကျေနပ်ဖို့ပဲလိုတာပါ” ဟု ၎င်းကပြောသည်။ ယာဉ်မတော်မဆ ဖြစ်မှုတွင် ဆရာဝန် တဦးမှ ယာဉ်တိုက်ပြီး ထွက်ပြေးသွားသည့်အတွက် ပြည်သူများအကြား ဝေဖန်မှုများရှိခဲ့သည်။ Frontier Myanmar နေပြည်တော် တာဝန်ခံ ဦးဉာဏ်လှိုင်လင်း က “ကာယကံရှင် မိသားစုကျေအေးတာနဲ့ ပတ်သက်ပြီး ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမယ့် တပ်မတော်ဘက်က ကျူးလွန်သူကို တခုခုတော့ အရေးယူသင့်တယ်။ ဘာကြောင့်လဲဆိုတေ့ာ သာမန်တိုက်ပြီး ထွက်ပြေးတယ်။ ထွက်ပြေးတာမှ တော်တော်လေးကို လိုက်ဖမ်းရတယ်” ဟု ပြောသည်။ ဆက်လက်၍ ၎င်းက “စစ်ဘက်ဆိုင်ရာက ဆရာဝန်တယောက်လည်း ဖြစ်တာကြောင့် သူ့ရဲ့အပြုအမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အရေးယူသင့်တယ်လို့ မြင်တယ်။ အရပ်သား သတင်းထောက် တယောက်ကားနဲ့ အတိုက်ခံရတယ်။ ဒါပေမယ့် ထင်သာမြင်သာ သူ့ကို အရေးယူမှုမရှိဘူး။ ဒီလိုနမူနာမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် တပ်မတော်အပေါ် တိုင်းပြည်က အထင်လွဲမှုက တော်တော်နဲ့ပြီးဆုံးမှာ မဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။ သေဆုံးသူ ဦးတင်လင်းသည် ပုဗ္ဗသီရိ မြို့နယ်တွင် တစ်ဦးတည်း အိမ်ငှားရမ်းနေထိုင်သူဖြစ်ပြီး သတင်းထောက်လုပ်သက် ၁၅ နှစ်ကျော် ရှိပြီ ဖြစ်ကာ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ကွမ်းခြုံကုန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးခံခဲ့ဖူးသည်။ ဆက်စပ်ဖတ်ရှုရန် – The Voice သတင်းထောက် သေဆုံးခဲ့သည့် ယာဉ်တိုက်မှုကို တပ်မတော်က စစ်မည် The post The Voice သတင်းထောက် သေဆုံးမှု အကြိမ်ကြိမ်တောင်းပန်၍ ကျေအေးပေးလိုက်ရဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2pTCuHV
via IFTTT
Source : https://ift.tt/2pTCuHV
via IFTTT
မွေးနေ့ အမှတ်တရအဖြစ် “စိတ်ကျန်းမာရေး အသိပညာပေး ရန်ပုံငွေ” ထူထောင်ခဲ့တဲ့ အဆိုတော် Lady GaGa အဆိုတော် Lady GaGa ဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အသက် ၃၂ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုပြီး စိတ်ကျန်းမာရေး အသိပညာပေးမှု ရန်ပုံငွေတရပ်ကို ထူထောင်လိုက်တယ်လို့ သိရပါတယ်။ “Born This Way” သီချင်း အဆိုတော် Lady GaGa က စိတ်ကျန်းမာရေးကို မြှင့်တင်ပေးဖု့ိ ရည်ရွယ်ထားတဲ့ ကိုယ်ကျိုး မဖက်တဲ့ အဖွဲ့အစည်း “Born This Way ဖောင်ဒေးရှင်း” အတွက် ငွေကောက်ခံနိုင်ဖို့ ပရဟိတ ရန်ပုံငွေ အစီအစဉ်တခုရဲ့ အသေးစိတ် အချက်အလက်တွေကို သူ့မွေးနေ့မှာ သူရဲ့ Facebook အကောင့်ကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူက “ကျမရဲ့ အသက် ၃၂ နှစ်မွေးနေ့အတွက် ပိုပြီးကြင်နာပြီး သတ္တိရှိတဲ့ ကမ္ဘာကြီးကို ဖန်တီးတဲ့နေရာမှာ သင်တို့ရဲ့ အကူအညီကို ကျမတောင်းနေပါတယ်။ လူငယ်တွေနဲ့အတူ Born This Way ဖောင်ဒေးရှင်းဟာ သူတို့နဲ့ထိုက်တန်တဲ့ အနာဂတ်ကို တည်ဆောက်ဖို့ အလုပ်အတူ တွဲလုပ်နိုင်မှာ ဖြစ်ပါတယ်၊ အဲဒါက ဖြစ်နိုင်မယ်လို့လည်း ကျမတို့ သိပါတယ်” “စိတ်ကျန်းမာရေး ကောင်းမွန်မှုအတွက် မြှင့်တင်ပြီး အချစ်၊ ကြင်နာမှုနဲ့ သတ္တိတို့ကို ဝေမျှဖို့ ကျမတို့နဲ့ ပူးပေါင်းလိုက်ပါ၊ BTWF ရဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုပြီး ကျမတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်နိုင်အောင် ကူညီပေးကြပါ” လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကြောင်းအရာ ရေးသားနေချိန်မှာပဲ သူရည်မှန်းထားတဲ့ ဒေါ်လာ ၃၂၀၀၀ မှာ ဒေါ်လာ ၃၀၀၀၀ စုဆောင်း ရရှိထားပြီ ဖြစ်ပါတယ်။ “Born This Way ဖောင်ဒေးရှင်း” ကို ၂၀၁၁ ခုနှစ်မှာ ထူထောင်ခဲ့တာ ဖြစ်ပြီး အနာဂတ်အတွက် ပိုမိုကြင်နာပြီး သတ္တိရှိတဲ့ ကမ္ဘာကြီးကို တည်ဆောက်တဲ့ နေရာမှာ လူငယ်တွေကို ကူညီဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်မှာ ပရဟိတရန်ပုံငွေရှာဖွေရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာမှာတော့ “Born This Way ဖောင်ဒေးရှင်းဟာ ပိုမိုကြင်နာပြီး သတ္တိပိုရှိမယ့် ကမ္ဘာကြီးကို တည်ဆောက်ဖို့ လူငယ်တွေကို ခွန်အားပေးပြီး သူတို့တွေရဲ့ ကျန်းမာကြံ့ခိုင်မှုကို ထောက်ပံ့ပေးဖို့ ကတိပြုထားပါတယ်၊ ကြင်နာမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှုတို့ကို ဖြည့်ဆည်းပေးဖို့ အာရုံစိုက်ပြီးတော့ ဖောင်ဒေးရှင်းဟာ စိတ်ကျန်းမာရေး အတွက် ချို့ယွင်းချက် ပပျောက်ရေး၊ လူငယ်တွေရဲ့ စိတ်ခံစားချက်တွေကို မှန်ကန်ကြောင်း သက်သေပြနိုင်ရေး၊ လူမှု အသိုက် အဝန်းနဲ့ အသက်ရှင်နေထိုင်မှု ပုံစံကို ပြောင်းလဲဖု့ိ အကြင်နာတရားကို ဖော်ထုတ်ပြရေးအတွက် ရည်ရွယ်ပြီး စိတ်အား ထက်သန်တဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ အရည်အသွေးရှိတဲ့ သုတေသနနဲ့ ဆန်းသစ်တဲ့ အစီအစဉ် ရေးဆွဲမှုတွေကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ အဆိုတော် Gaga ဟာ အသက် ၁၉ နှစ်အရွယ်မှာ သူ့ထက် အသက် ၂၀ ကျော်ကြီးတဲ့ အမျိုးသားတဦးရဲ့ မုဒိန်းကျင့်မှုကို ခံခဲ့ရပြီးတဲ့နောက် စိတ်ဒဏ်ရာကြောင့်ရရှိတဲ့ စိတ်ဖိစီးမှု ဝေဒနာ (PTSD) ကို ခံစားခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ LGBT လူငယ်စင်တာကို သွားရောက်လက်ည်ပတ်ခဲ့ပြီးနောက် သူက “ကျမ စိတ်ကျန်းမာရေး နာမကျန်းဖြစ်နေတာကို ခံစားနေခဲ့ရတယ်လို့ ကလေးတွေကို ဒီနေ့ပြောခဲ့ပါတယ်၊ ကျမ PTSD ကို ခံစားနေရတာပါ၊ အရင်တုန်းက ကျမဘယ်သူ့ကိုမှ မပြောခဲ့ဖူးပါဘူး၊ ဒါကြောင့် ကျမတို့ အခုဒီမှာရှိနေတာပါ၊ ဒါပေမယ့် ဆရာဝန်တွေ၊ ကျမမိသားစုနဲ့ သူငယ်ချင်းတွေကနေ ပြသခဲ့တဲ့ ဒီကြင်နာမှုကြောင့် ကျမဘဝကို ကယ်တင် နိုင်ခဲ့တာပါ။ ကျမမှာလည်း စိတ်ရောဂါရှိပါတယ်။ နေ့တိုင်း အဲဒီစိတ်ရောဂါနဲ့ ကျမတိုက်ခိုက် နေရပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။ Ref ; contactmusic The post မွေးနေ့ အမှတ်တရအဖြစ် “စိတ်ကျန်းမာရေး အသိပညာပေး ရန်ပုံငွေ” ထူထောင်ခဲ့တဲ့ အဆိုတော် Lady GaGa appeared first on ဧရာဝတီ.
Source : https://ift.tt/2E75JMl
via IFTTT
Source : https://ift.tt/2E75JMl
via IFTTT
တခြားသူတွေနဲ့ အတူ မျှဝေ မသုံးစွဲသင့်တဲ့ တကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ တကိုယ်ရေ သန့်ရှင်းရေးအတွက် နေ့စဉ်ပုံမှန် အသုံးပြုနေတဲ့ အသုံးအဆောင် ပစ္စည်းတွေထဲမှာ တချို့သော အသုံးအဆောင် ပစ္စည်းတွေဟာ တခြားသူတွေနဲ့ မျှဝေ မသုံးစွဲသင့်ပါဘူး။ မျှဝေ မသုံးစွဲသင့်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို မျှဝေအသုံးပြုမိမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်တာကြောင့် အတူမျှဝေ မသုံးစွဲသင့်တဲ့ တကိုယ်ရေ သန့်ရှင်းရေး ပစ္စည်းတွေကို ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) ရေချိုးတဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာခဲတွေမှာ ပြည်တည်နာကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေများစွာ ကပ်ငြိနေနိုင်တာကြောင့် ဆပ်ပြာခဲတွေကို မျှဝေမသုံးစွဲသင့်ဘူးလို့ ဆေးသုတေသနပညာရှင်တွေက ဆိုပါတယ်။ (၂) နေ့စဉ်အသုံးပြုတဲ့ မျက်နှာသုတ်ပုဝါတွေဟာ စိုလိုက်၊ခြောက်လိုက်ဖြစ်နေတာကြောင့် ဘက်တီးရီးယားနဲ့ မှိုတွေ အလွယ်တကူ ပေါက်ဖွားတဲ့ နေရာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ ်ခြောက်သွေ့အောင် အသုံးပြုတဲ့ မျက်နှာသုတ် ပုဝါတွေကို မျှဝေအသုံးပြုခြင်းဟာ မျက်စိနာရောဂါက အစပြုလို့ အရေပြားဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဖြစ်ပေါ်လာ စေနိုင်တာကြောင့် မျှဝေ မသုံးစွဲသင့်ပါဘူး။ (၃) လက်သည်းညှပ်ကို မျှဝေ အသုံးပြုခြင်းဟာ လက်သည်းမှိုစွဲခြင်းအပြင် လက်သည်းညှပ်က တဆင့် ဗိုင်းရပ်စ် ရောဂါပိုးတွေကို ကူးစက်နိုင်စေတာကြောင့် လက်သည်းညှပ်တွေကို မျှဝေ မသုံးစွဲသင့်ပါဘူး။ (၄) ခန္ဓာကိုယ်ရဲ့ အနံအသက်တွေကို ပျောက်ကင်းစေတဲ့ ကိုယ်နံ့ပျောက်ဆေးတွေနဲ့ ချွေးနံ့ပျောက်ဆေး၊ Roll on အစရှိတာတွေကို ချွေးနံ့နဲ့ကိုယ်နံ့တွေကိုသာ သက်သာစေနိုင်တာပါ။ Roll on နဲ့ ချွေးနံ့ပျောက်ဆေးတောင့်တွေမှာ ကပ်ငြိပြီး ပါလာမယ့် ဘက်တီးရီးယားတွေဟာ အရေပြားယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖြစ်ပေါ်လာစေနိုင်တာ ကြောင့် မျှဝေမသုံးစွဲသင့်ပါဘူး။ (၅) ခေါင်းဖြီးတဲ့အခါ အသုံးပြုတဲ့ ဘီးဟာ ဦးရေပြားနဲ့ တိုက်ရိုက်ထိတွေ့နေတာကြောင့် ဘီးကတဆင့် ဦးရေပြားပေါ်က မှိုတွေ ကူးစက်စေနိုင်ပြီး ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်း ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့ ဘီးကိုလည်း မျှဝေမသုံးစွဲသင့်ပါဘူး။ Ref ; buzzfeed.com The post တခြားသူတွေနဲ့ အတူ မျှဝေ မသုံးစွဲသင့်တဲ့ တကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင် ပစ္စည်းများ appeared first on ဧရာဝတီ.
Source : https://ift.tt/2GVGf7V
via IFTTT
Source : https://ift.tt/2GVGf7V
via IFTTT
7Day News Journal
ခရီးသည်တင်ယာဉ်ပေါ် တွင် ညအိပ်စောင့်သူနှစ်ဦး ခြင် ဆေးခွေထွန်းပြီးအိပ်ပျော်နေစဉ် ကားမီးလောင်မှု ဖြစ်ပွားသဖြင့် အသက်(၁၃)နှစ်အရွယ် လူငယ်တစ်ဦးအပါအ၀င် ညအိပ်စောင့်သူနှစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ လှိုင်သာယာမြို့နယ် အလယ်ရွာကျေးရွာရှိ YBS (၅၃)ကား ဂိတ်တွင် ညအိပ်ရပ်နားထားသည့် အဆိုပါ ယာဉ်လိုင်းမှ ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင်ယာဉ် တစ်စီးပေါ်၌ မတ်လ ၂၈ ရက် ည ၁၁ နာရီခန့်က (၂၂) နှစ်အရွယ်ယာဉ်မောင်းနှင့် အဖော်လာအိပ်ပေးသူတို့ ခြင်ဆေးခွေထွန်းပြီး အိပ်ပျော်ခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ ထိုသို့ အိပ်ပျော်စဉ်ယာဉ်ပေါ်တွင် ထွန်းထားသည့်ခြင်ဆေးခွေအနီးရှိဆိုဖာကူရှင်များနှင့် ထိမိရာမှ မီးစတင်လောင်ပြီးမီးသတ်တပ်ဖွဲ့ က ငြိမ်းသတ်ခဲ့ရာ ၂၅ မိနစ်အကြာ၌ မီးငြိမ်းခဲ့ကြောင်း ရဲအရာရှိက ဆက်လက်ပြောသည်။ ကားမီးလောင်မှုကြောင့် ယာဉ်အတွင်းရှိ ဆိုဖာထိုင်ခုံများ၊ ရှေ့လေကာမှန်၊ပြတင်းမှန်နှင့် ယာဉ်အတွင်းခန်းစုစုပေါင်း ကျပ်ငါးသိန်းဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်ပေါ်တွင် အိပ်ပျော်နေသည့် ယာဉ်မောင်းဇော်ချစ်နှင့် အဖော်လာအိပ်သူ (၁၃) နှစ်အရွယ် ဝေလင်းအောင်တို့ ခန္ဓာကိုယ်အနှံ့မီးလောင်ဒဏ်ရာများရရှိကာ သေဆုံးသွားကြောင်း ၎င်းကဆိုသည်။
Source : https://ift.tt/2pQi6Iu
via IFTTT
Source : https://ift.tt/2pQi6Iu
via IFTTT
Eleven Broadcasting
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများလိုက်ပါလာသည့် ဘတ်စ်ကားမီးလောင်ခဲ့မှုကြောင့် လူ၂၁ သေဆုံး (ရုပ်သံ) ထိုင်းနိုင်ငံ၊ Tak ခရိုင်မှာ မတ်လ ၃ဝ ရက်နေ့ အစောပိုင်းက မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ နှစ်ထပ်ဘတ်စ်ကားတစ်စီး မီးလောင်ခဲ့တာကြောင့် လူ၂၁ ဦး ပိတ်မိသေဆုံးသွား တယ်လို့ ရဲတပ်ဖွဲ့ ကပြောပါတယ်။
Source : https://ift.tt/2pSCfgm
via IFTTT
Source : https://ift.tt/2pSCfgm
via IFTTT
၂၀၁၈ ကားဈေးကွက် ဘယ်လဲ ဘာလဲ တကယ်ဆိုရင် ၂၀၁၈ ထဲ ရောက်နေခဲ့တာ ၃ လ ရှိနေပါပြီ။ ဒါပေမယ့် ဘဏ္ဍာရေးနှစ် သဘောတရားအရတော့ အခုမှ နှစ်သစ် ရောက်မယ်ပေ့ါ။ အခွန်ပုံစံ အသစ်တွေလည်း လာမယ်ပေါ့။ အခုနှစ် ကားဈေးကွက်အတွက် လှုပ်ခတ်စရာ အကြောင်ရင်း များများစားစား မရှိခဲ့ပေမယ့် လက်ရှိ အစိုးရသက်တမ်း အစကတည်းက မြင့်တက်သွားတဲ့ အခွန်နဲ့ ကားဈေးတွေအတွက် ဖြေလျှော့မှု အနည်းငယ် ရှိလာလို့ အရင်နှစ်တွေထက် စာရင်တော့ နည်းနည်း ထူးမယ့်နှစ်လို့ ဆိုရပါလိမ့်မယ်။ လိုင်စင်မဲ့ကားတွေ ပိတ်တော့မှာလား ဒီမေးခွန်း အတွက် အဖြေကို ကိုယ်တိုင်ပဲ စဉ်းစားကြည့်ပါတော့။ တကယ်တမ်း ပြည်တွင်းမှာ လိုင်စင်မဲ့ကားတွေ ကုန်အောင် ဖမ်းနိုင်မှာလား။ စာရင်း အတိအကျ မရှိပေမယ့် ယခင့်ယခင်က သတင်းတွေမှာ ဖတ်ဖူး၊ ဖတ်မိ သလောက် ပြည်တွင်းမှာ ခန့်မှန်း လိုင်စင်မဲ့ကား အစီးရေက မနည်းပါဘူး။ ရန်ကုန်လို နေရာမှာလည်း လိုင်စင်မဲ့ ကားတွေ အများကြီး ရှိပါတယ်။ ဒီတော့ စာဖတ်သူတို့ အနေနဲ့လည်း အစိုးရ အနေနဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းမယ် ဆိုရင်တောင် စီမံချက်တော့ ကျချင်ကျမယ်။ ဖမ်းလို့တော့ ကုန်မှာ မဟုတ်ဘူးဆိုတာ စိတ်ထဲက သိနေလောက် ပါတယ်။ ဒါပေမယ့် လိုင်စင်မဲ့ ကားတွေ ပိတ်တော့မှာလားလို့ အခုစာပိုဒ်လေး ရေးရတာက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မြန်မာ့တပ်မတော်က လိုင်စင်မဲ့ကားတွေ အဓိက ဝင်ရာ လမ်းကြောင်း တစ်ခု ဖြစ်တဲ့ မြန်မာ-ထိုင်း နယ်စပ်၊ မြဝတီမှာရှိတဲ့ နယ်ခြားစောင့်တပ်ကို ဝင်စစ်တယ်၊ လိုင်စင်မဲ့ ကားတွေ ဝင်နေတဲ့ နယ်စပ်စစ်ဆေးရေးဂိတ် ၂ ခုကို ပိတ်ဖို့ ပြောလာတာကြောင့်ပါ။ ဒီတော့ ပြည်တွင်း လိုင်စင်မဲ့ကားဈေးကွက်ကိုလည်း အနည်းငယ်တော့ လှုပ်ခတ်မှု ရှိသွားတယ်ပေါ့။ မြဝတီနယ်တွင်းရော မြန်မာပြည် အထက်ပိုင်း ပြင်ဦးလွင် လိုင်စင်မဲ့ ကားဈေးကွက် အထိအောင် ကားဈေးနှုန်း အနည်းငယ် တက်သွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဒါပေမယ့် အစကတည်းက ဈေးချိုတဲ့ လိုင်စင်မဲ့တွေ ဖြစ်လို့ သိသာလောက်အောင် ဈေးတက်သွားတာ မဟုတ်ဘဲ ကျပ် ၁၀ သိန်းလောက်ပဲ ကွာဟချက် ဖြစ်နေတယ်လို့ ဈေးကွက်ကနေ သိရပါတယ်။ တဖက်ကလည်း နယ်ခြားစောင့်တပ်တွေရဲ့ နယ်စပ် စစ်ဆေးရေးဂိတ်တွေကို တပ်မတော်က ဝင်ရောက် စစ်ဆေးမှုနဲ့ ကိုင်တွယ်မှုတွေဟာ တဖက်နဲ့ တဖက်အကြား အငြင်းပွားစရာ ကိစ္စတွေ ရှိလို့ စစ်ဆေးခြင်း ဖြစ်တယ်လို့ မြဝတီနယ်ခံတချို့ရဲ့ Facebook သတင်း Comment တွေမှာ တွေ့ရပါတယ်။ ဒါလည်း အမှန်တကယ် ဖြစ်နိုင်ပါတယ်။ လက်ရှိ ပြည်တွင်းကို လိုင်စင်မဲ့ကား တင်သွင်းမှု နယ်စပ်ဝင်ပေါက်တွေ အများကြီး ရှိပေမယ့် မြဝတီနယ်ကိုပဲ ဝင်စစ်တယ်၊ ကားလောကမှာ သတင်း ကြီးကြီးမားမား မထွက်လိုက်ဘဲ ရုတ်တရက် ဝင်စစ်တယ်၊ တပ်မတော်ကပဲ အဓိက ကိုင်တွယ်တယ်၊ ဒီလို အချက်တွေက မြဝတီနယ်ခံတွေ ပြောသလို တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အကြား အကြောင်းရှိလို့ အချင်းချင်း ကိုုင်တွယ်ပုံပဲ ရပါတယ်။ ပြင်ဦးလွင် လိုင်စင်မဲ့ ကားဈေးကွက် အတွင်းက ဝယ်၊ ရောင်းတွေကလည်း ဒီလိုပဲ သုံးသပ်ပါတယ်။ မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်မယ်လို့ ယူဆနေကြပါတယ်။ ဒါဆိုရင်တော့ လိုင်စင်မဲ့ကားတွေ ပိတ်တော့မှာလား ဆိုတဲ့ မေးခွန်းအတွက် အဖြေက ပိတ်မယ်၊ မပိတ်ဘူး ဆိုတာထက် အခွန်မဲ့နေတဲ့ လိုင်စင်မဲ့ ဘယ်ကားကိုမှတော့ နိုင်ငံတော်က လိုချင်၊ ရှိချင်မှာ မဟုတ်ပေမယ့် ချက်ချင်းတော့ ပိတ်နိုင်၊ ဖမ်းနိုင်၊ အရေးယူနိုင်မယ် မထင် သေးပါဘူး။ လတ်တလော ပြည်တွင်း ကားဈေးကွက် လက်ရှိ အစိုးရသစ် အာဏာရလာပြီး နောက်ပိုင်း ဈေးနှုန်း မြင့်တက်သွားတဲ့ ပြည်တွင်း ကားဈေးကွက် အနေအထားမှာ ပြည်သူ အများစုက ကားဈေး ပြန်ကျစေချင်ပေမယ့် အခွန်အနေအထားအရတော့ ဈေးက တင်းခံနေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ၂၀၁၈ ခုနှစ် အခွန်အကောက်ဥပဒေအရ အင်ဂျင်ပါဝါ ၁၅၀၁ စီစီကနေ ၂၀၀၀ စီစီ အကြား အင်ဂျင်တပ် မော်ဒယ်တွေက ယခင် အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်း ပေးသွင်းရပေမယ့် အခုတော့ ၁၀ ရာခိုင်နှုန်းပဲ သွင်းရပါတော့မယ်။ ဒီမော်ဒယ်တွေက ၁၅၀၀ စီစီ အောက်ဖက် အင်ဂျင်တပ် မော်ဒယ်တွေ ပြီးရင် ပြည်တွင်းမှာ ဒုတိယ လူကြိုက်အများဆုံး မော်ဒယ်တွေပါ။ ဒါပေမယ့် ခက်နေတာက ကားဈေးနှုန်း၊ အခု အခွန်လျှော့လိုက်တဲ့ အင်ဂျင်တပ် မော်ဒယ်တွေက လူကြိုက်များ မော်ဒယ်တွေ အနေနဲ့ Toyota Wish လို မော်ဒယ်တွေ ရှိနေတယ်။ ဒီမော်ဒယ်တွေက လက်ရှိ ဈေးကွက် အတွင်းမှာ ကျပ်သိန်း ၃၀၀-၄၀၀ ဝန်းကျင်တွေ ဖြစ်နေတော့ အခွန် ၁၀ ရာခိုင်နှုန်း လျော့သွားလို့ ဈေးနှုန်း ကျပ်သိန်း ၂၀ လောက် သက်သာသွားနိုင်တာက လွဲရင် ထူးခြားလောက်အောက်၊ ယခင် အစိုးရလက်ထက်တွင်း ဈေးနှုန်းလို ပြန်ကျဖို့ မရှိသေးပါဘူး။ အထူးသဖြင့်တော့ ဝင်ငွေရလမ်း မပြနိုင်တဲ့ ဝင်ငွေအပေါ် စည်းကြပ်တဲ့ ဝင်ငွေခွန် ကောက်ခံတဲ့ နှုန်းထား ပြောင်းလဲမှု မရှိသေးလို့ ကားဈေးတွေ မကျနိုင်ဘဲ ဖြစ်နေတယ်လိ့ု ကားလောက အတွင်း သုံးသပ်ပါတယ်။ လက်ရှိ အထိအောင်လည်း အဆိုပါ ဝင်ငွေခွန်နဲ့ ပတ်သတ်ပြီး ကောက်ခံမှု ပုံစံသစ် မလာသေးပါဘူး။ အနီးစပ်ဆုံး အနေနဲ့ ဇွန်လအတွင်းမှာ ဝင်ငွေခွန်နဲ့ ပတ်သတ်ပြီး လွှတ်တော်တွင်း ဆွေးနွေးဖို့ ရှိတယ်လို့ သိရတာကြောင့် အဆိုပါ ဆွေးနွေးချက်နဲ့ ဆုံးဖြတ်ချက်တွေကိုပဲ စောင့်နေရဖို့ ရှိပါတယ်။ ကားဈေးဆက်တက်နိုင်သလား အခွန်အကောက် ဥပဒေပုံစံနှုန်းထား အသစ်အရတော့ အထူးကုန်စည်ခွန် ၂၀ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ထိအောင် နည်းနည်း လျှော့ပေးလိုက်ပါတယ်။ တခြားတော့ သိသာအောင် ပြောင်းလဲမှု မရှိဘူးပေါ့။ ဒါတောင် ၁၅၀၁ စီစီနဲ့ ၂၀၀၀ စီစီ အတွင်း အင်ဂျင်တပ် မော်ဒယ်တွေပါ။ ဒီတော့ အစိုးရသစ် လက်ထက် အစကနေ ဈေးမြင့် လာနေတဲ့ ကားဈေးတွေ အခုနှစ်ရော ဆက်တက်နိုင်ပါ့မလား။ ပြည်တွင်း ကားဝယ်၊ ရောင်း ဈေးကွက်အတွင်းက ခန့်မှန်းချက်တွေ အရတော့ ကားဈေးဆက်တက်ဖို့ထက် ကျဖို့ မရှိ၊ တက်ဖို့ မရှိ၊ တန်နေ့ဖို့ပဲ ရှိတယ်လို့ ဆိုကြပါတယ်။ ဒါကလည်း အဓိက အနေနဲ့ အချက် ၂ ချက်ကြောင့် သူတို့ သုံးသပ်ကြတာပါ။ ပထမ တချက်က ကားသစ်တွေ ပြည်တွင်းမှာ ဝယ်လို့ ရနိုင်လာမှုပါ။ အထူးသဖြင့်တော့ ကျပ်သိန်း ၂၅၀ ဝန်းကျင်တန် ဈေးနှုန်းသင့်၊ အရည်အသွေးသင့်၊ မော်ဒယ်သစ်ပြီး မြင့်တဲ့ အိမ်စီးကားလေးတွေ ပြည်တွင်းမှာ ရနိုင်လာပါတယ်။ Suzuki Ciaz နဲ့ Nissan Sunny လို မော်ဒယ်တွေပေါ့။ အရစ်ကျနဲ့လည်း ရနိုင်လာသေးတယ်၊ ပြီးတော့ ပြည်တွင်းမှာပဲ တပ်ဆင် ထုတ်လုပ်တယ် ဆိုတဲ့ မော်ဒယ်တွေက ရန်ကုန်လိုင်စင်နဲ့ပါ ရနိုင်နေပါတယ်။ ဒါဆို စလစ်တွေ ကပ်စရာ မလိုတော့ဘူးပေါ့။ Ford Ranger ဆိုရင် ပြီးခဲ့တဲ့ နှစ် အတွင်းက ရန်ကုန်လိုင်စင်နဲ့ ရောင်းချနိုင်ကတည်းက ရောင်းအား သိသိသာသာ တက်သွားခဲ့တယ်လို့ သိရဖူးပါတယ်။ ဒီလို ကိုယ်ထည်လည်း စုံတယ်၊ ဈေးလည်း သင့်တယ်၊ လိုင်စင်လည်း လွယ်တယ်၊ ကားသစ်ဖြစ်လို့ အာမခံတွေပါ ပါနေတယ်၊ အရစ်ကျ ရနိုင်တယ်၊ ဒီလို အားသာချက်တွေ ရှိတဲ့ ကားသစ်တွေ ဈေးကွက်ဝင်လာနေတော့ ဂျပန် တစ်ပတ်ရစ် မော်ဒယ်တွေ ဈေးတက်ချင်တိုင်း တက်မရတော့တာပါ။ လက်ရှိ Ciaz နဲ့ Sunny လို မော်ဒယ်တွေနဲ့ အင်ဂျင် အရွယ်တူ၊ အရည်အသွေး သိပ်မကွာနိုင်မယ့် ဂျပန်တပတ်ရစ် မော်ဒယ်တွေရဲ့ ဈေးနှုန်း အနေအထား မှာ ကားသစ်တွေနဲ့ သိပ်မကွာတော့လို့ နောက်ထပ်လည်း ဈေးထပ် တက်လို့ မရတော့ပါဘူး။ ဈေးထပ်တက်ရင် ကားလည်း ရောင်းထွက်မှာ မဟုတ်တော့ပါဘူး။ ဒီတော့ ကားသစ် ဈေးကွက် တွင်ကျယ်လာမှုက တပတ်ရစ် ကားဈေးနှုန်းတွေကို ထပ်မတက်စေဘဲ ထိန်းထားမိစေပါလိမ့်မယ်။ နောက်တချက်ကတော့ အထက်မှာ ပြောခဲ့သလို အခွန်နှုန်းထား လျော့လာတယ်၊ ရန်ကုန်လိုင်စင်တွေ ပြန်ပေးဖို့ အစီအစဉ်တွေ လုပ်နေပြီး ဆွေးနွေးမှုတွေ ရှိနေတယ်။ ဒီလို အခွန်ကောက်ခံမှု ပုံစံ အသစ်တွေ၊ ရန်ကုန် လိုင်စင်တွေ ပြန်ရလာနိုင်မယ့် သတင်းတွေအရ ကားဝယ်လက်တွေကလည်း စောင့်ကြည့်မှုတွေ ရှိလာသလို တဖက်က ဝယ်၊ ရောင်းတွေကလည်း ဈေးအရမ်း မမာဘဲ ထားကြတော့မှာ ဖြစ်လို့ပါ။ ဘဏ္ဍာရေးနှစ်သစ်ကနေ ကြိုဆိုပါတယ်။ ပြည်တွင်းကားဈေးကွက်ဟာ လက်ရှိ အစိုးရ လက်ထက်မှာ မိုးမှောင် ကျနေပေမယ့် သန်းခေါင်ထက် ညဉ့်နက်စရာ မရှိတော့ပြီမို့ နောက်ထပ် ကားဈေးတွေထပ် တက်ဖို့ မရှိသေးဘူးလို့ သုံးသပ်မိပါတယ်။ အစိုးရ အနေနဲ့လည်း သက်တမ်း ၄ နှစ်အတွင်း အနည်းငယ် ဖြေလျော့မှု လုပ်ဆောင် လာသလို မြင်မိပါတယ်။ ကားသစ်တွေ တင်သွင်း စီးနင်းစေချင်လို့ တပတ်ရစ်ကား တင်သွင်းမှုကို တင်းကျပ်ထားပေမယ့် ရလဒ်က ကားဈေးနှုန်း မြင့်တက်သွားမှုဆီကို ဦးတည်စေခဲ့ပါတယ်။ ဒါပေမယ့် အထက်မှာ ပြောခဲ့သလို ကားသစ်နဲ့ ကားဟောင်း၊ ဈေးနှုန်း ကွာဟချက် သိပ်မရှိတော့လို့ လူကြိုက်များ အင်ဂျင် အသေးတပ် အိမ်စီးကားတွေ ဈေးထပ်မတက်နိုင်တော့ပါဘူး။ ဒါဆို တပတ်ရစ်ကားတွေ ဘာကြောင့် ဈေးမာနေတာပါလဲ။ ကားဈေးကွက် ကျွမ်းကျင်သူတချို့ရဲ့ သုံးသပ် ချက်တွေ ရှိပါသေးတယ်။ အဲဒါကတော့ လက်ရှိ အကြီးစား တပတ်ရစ် ကားတင်သွင်းသူတွေက ပိုက်ဘော မိတယ် ဆိုတဲ့ စကားလုံးနဲ့ သူတို့ လက်ထဲမှာ ဈေးမြင့်၊ အခွန်မြင့် အနေအထား သွင်းထား၊ ကိုင်ထားတဲ့ ကားတွေ ရှိနေပါတယ်။ ဒါကတော့ သုံးသပ်သူတွေရဲ့ အမြင်ပါ။ ဒီတော့ သူတို့ ဈေးမချချင်ပါဘူး။ ဒါပေမယ့် ဈေးလည်း ထပ်တက်ဖို့ မလွယ်တော့ပါဘူး။ သင့် အနေနဲ့ ဈေးကြီး မမိဖို့ပဲ လိုမယ်လို့ ထင်မိပါတယ်။ The post ၂၀၁၈ ကားဈေးကွက် ဘယ်လဲ ဘာလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2uwEGuz
via IFTTT
Source : https://ift.tt/2uwEGuz
via IFTTT
Thursday, March 29, 2018
သမ္မတ ဦးဝင်းမြင့် နှင့် တိုင်းရင်းသားတို့၏ ဘာမျှော်လင့်ချက်များ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် နယ်ပယ်၊ ကဏ္ဍများတွင် မည်ကဲ့သို့ တိုးတက်ဖွံ့ဖြိုးစေရန် လုပ်ဆောင်ပေးနိုင်မည်နည်းဟု လူအများ စိတ်ဝင်စားနေကြသကဲ့သို့ တိုင်းရင်းသား ခေါင်းဆောင်များတွင်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး မျှော်လင့်ချက်များရှိနေသည်။ မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတ ဖြစ်လာသည့် သမ္မတ ဦးဝင်းမြင့် အပေါ် မျှော်လင့်ချက်များနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသား နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများကို ဧရာဝတီ သတင်းထောက်များက ဆက်သွယ်မေးမြန်းထားသည်။ ဒေါက်တာတူးဂျာ (ဥက္ကဋ္ဌ) ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ကျနော် ဦးဆုံးပြောချင်တာက သမ္မတသစ် တက်လာတယ်ဆိုတော့ NLD အနေနဲ့လည်း ပြုပြင်ပြောင်းလဲရေး လုပ်နိုင်အောင် ဝေဝေဆာဆာ လုပ်နိုင်အောင် Reform လုပ်တဲ့ ပုံစံနည်းနည်း ကြားတယ်။ နောက်ဆက်တွဲပြောင်းလဲစရာတွေလည်းတချို့ ရှိကောင်းရှိမယ်။ နောက်ဆက်တွဲပေါ့လေ။ အပြောင်းအလဲလုပ်တာကတော့ အလကားသက်သက်တော့ လုပ်တယ် မထင်ဘူး။ ပြည်သူတွေရဲ့ ဆန္ဒပြည့်ဝရေး၊ ပြည်သူတွေ ကြိုက်နှစ်သက် အောင်၊ အားရစရာကောင်းအောင် လုပ်ပေးချင်တဲ့ ဆန္ဒနဲ့ အပြောင်းအလဲလုပ်တယ်လို့ ယူဆတယ်။ အခြေအနေအရပ်ရပ် ကိုသုံးသပ်ခြင်းအားဖြင့် အခုအသစ်တတ်လာတဲ့ သမ္မတဦးဝင်းမြင့်က ယခင် သမ္မတဟောင်းထက် ပိုပြီးလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့ တပ်မတော်ကိုလည်း သူပြောနိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။ အရေးကြီးတာကတော့ ငြိမ်းချမ်းရေးရဖို့ ဖြစ်တယ်။ ငြိမ်းချမ်းရေးရဖို့ကတော့ တိုက်ပွဲရပ်ဖို့ အဓိက ဖြစ်တယ်။ တိုက်ပွဲမရပ်နိုင်ပဲ ငြိမ်းချမ်းရေးရဖို့ ဆိုတာမဖြစ်နိုင်ဘူး။ ဒါ့ကြောင့် သမ္မတဟောင်း လက်ထက်တုန်းက တိုက်ပွဲရပ်အောင် ကျနော်တို့က မလုပ်နိုင်ခဲ့တာလည်းရှိတယ်။ ဒါလည်း အကြောင်း ကြောင်းကြောင့် စိန်ခေါ်မှုအမျိုးမျိုးကြောင့်ပါ။ အခုလက်ရှိတတ်လာတဲ့ သမ္မတသစ်အနေနဲ့ ဆက်ကြိုးစားပြီး တိုက်ပွဲရပ်နိုင်အောင် KIO နဲ့လည်း ညှိနှိုင်းပြီး အားလုံးပင်လုံညီလာခံမှာ ဆုံနိုင်အောင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းတဲ့ အခါမှာ အားလုံးတတ်စုံလူစုံ ဖြစ်နိုင်အောင် သမ္မတသစ် အနေနဲ့ ကြိုးစားမယ်လို့ မျှော်လင့်တယ်။ ကြိုးလည်း ကြိုးစားသင့်တယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပေါ်မှာ မူတည်တာလည်းရှိတယ်။ တာဝန်တွေ ခွဲဝေပေးမယ် ဆိုရင်ပေါ့။ ဒါပေမယ့် အတိုင်ပင်ခံက သမ္မတအထက်က ဖြစ်နေတော့ အတိုင်ပင်ခံကပဲ တာဝန်တွေ အားလုံးယူထားပြီး လုပ်ဆောင်နေမယ်ဆိုရင် သမ္မတက လုပ်စရာ မရှိတော့ဘူး ဖြစ်နေမှာပေါ့။ လာမယ့် ကာလမှာ အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့လည်း သမ္မတကို လုပ်ပိုင်ခွင့် ခွဲဝေပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲ့လိုဆိုရင်တော့ ခုဏပြောတာတွေကို သမ္မတအနေနဲ့ လုပ်ဆောင်နိုင်မှာပေါ့။ မဟုတ်ရင် အရင်တိုင်းပဲ ကန့်သတ်ထားမယ် ဆိုရင်တော့ လူသာပြောင်းတာဘာမှ ဖြစ်ပေါ်လာဖို့ ကျနော်တို့ သိပ်မထင်ဘူးဗျ။ ကျနော်မြင်တာကတော့ NLD ခေါင်းဆောင်ပိုင်းမှာ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံရဲ့ စဉ်းစားချက်၊ သူ့ မူဝါဒပေါ့ ။ အရင်ကထက် သမ္မတသစ်က ပိုလုပ်နိုင်အောင် လမ်းဖွင့်ပေးမယ် ဆိုတဲ့ အနေအထားမျိုးသူ့မှာရှိမယ်။ အရင်ကထက် ပိုလုပ်နိုင်တဲ့ သမ္မတဖြစ်လာဖို့ ဘေးကနေ ဖေးဖေးမမရှိလာမယ်လို့ ကျနော်တို့ မျှော်လင့် တယ်။ လူပုဂ္ဂိုလ် အရည်အချင်းပေါ်မှာ မမူတည်ဘူးလားဆိုတော့လည်း မူတည်ပါတယ်။ အခုတတ်လာတဲ့ သမ္မတက သူကအသက်အရွယ် အရလည်းငယ်သေးတယ်။ လုပ်နိုင်ကိုင်နိုင်တာတွေလည်း အများကြီးရှိတယ်။ အတွေ့အကြုံလည်းရှိတော့ နိုင်ငံတော်အတိုင်ပင်ခံလည်း အများအကျိုး မျှော်ကိုးပြီး သူ့ကိုလုပ်ပိုင်ခွင့် တွေ ခွဲဝေပေးလိမ့်မယ်လို့ ထင်ပါတယ်။ အဲ့ခါကျရင် ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာတွေမှာ မိန့်ခွန်းပြောတာတို့ ထဲထဲဝင်ဝင် ဝင်ရောက် လုပ်ကိုင်တာမျိုးတို့က ကျနော်တို့ မြင်တွေ့စရာရှိပါတယ်။ နိုင်အောင်မငေး (ဗဟိုကော်မတီဝင်) မွန်ပြည်သစ်ပါတီ (NMSP) အခုကျနော်တို့ သမ္မတ အသစ်အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပီပီပြင်ပြင် အကျိုးရလာဒ်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ နောက်တော့ ကျနော်တို့ ပိတ်ဆို့နေတဲ့ NCA ထိုးပြီးတဲ့ အဖွဲ့အစည်းတွေရော၊ NCA မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရော ဒီငြိမ်းချမ်းရေး အပေါ်မှာ တင်းကြပ်မှုရှိနေတာကို သမ္မတကြီးအနေနဲ့ ဝိုင်းဝန်းဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတက ပြီးခဲ့တဲ့ လွှတ်တော်မှာလည်း အတွေ့အကြုံ အများကြီးရှိတယ်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း NLD အစိုးရအနေနဲ့ သူ့ သက်တမ်းမှာ အောင်မြင်စေချင်တဲ့ ဆန္ဒက အပြည့် ရှိတယ်ဆိုတော့ ဒီကိစ္စကို သမ္မတကိုယ်တိုင် ဦးစီးပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အတူလုပ်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ NLD အစိုးရသက်တမ်းကျော်ကျရင် ကျနော်တို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုက ဘယ်လိုရလဒ်မျိုး ဘယ်လိုအကျိုးဆက်မျိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ မပြောနိုင်ဘူး။ ဒါကြောင့်မလို့ ဒီသမ္မတ သက်တမ်းမှာ အစွမ်းကုန် ကြိုးုစားရမယ်လို့ ပြောချင်ပါတယ်။ တပ်မတော်နဲ့ကတော့ အလျှော့အတင်း အပေးအယူတော့ ရှိသင့်တယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့ဆို ရှေ့ဆက် လုပ်ငန်းစဉ်မှာ တပ်မတော်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာတွေ အများကြီး ရှိနေတော့လေ။ ဒါကြောင့် အပေးအယူ မရှိပဲနဲ့ အလျှော့အတင်း မရှိပဲနဲ့ ဘယ်လိုမှ ဒီဖြစ်စဉ်ကိုမကျော် ဖြတ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့်မလို့ အပေးအယူ၊ တဖက်နဲ့တဖက် နားလည်မှု သုံးပွင့်ဆိုင်ပေါ့ နော်။ တပ်မတော်ရော၊ အစိုးရရော၊ ကျနော်တို့ တိုင်းရင်းသား EAOs တွေရောအပေးအယူ မျှမျှတတလုပ်မယ် ဆိုရင် ကျနော်တို့ အခု ဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ပိတ်ဆို့ကိုတော့ ကျနော် ထင်တယ်။ ဒါအပေးအယူလိုပါတယ်။ ဦးကြည်မြင့် ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- မိုင်းလားတပ်ဖွဲ့ (NDAA) ကျနော့်အနေနဲ့ကတော့ ကြိုဆိုပါတယ်။ သမ္မတကြီးနဲ့အတူ ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းပေါ်မှာ အတူတူချီတက်ကြမယ်။ ဒါကြောင့် ကြိုဆိုပါတယ်။ သမ္မတ အသစ်ပဲဖြစ်ဖြစ်ပေါ့။ အားလုံးက တိုင်းပြည်က ငြိမ်းချမ်းရေး ရပြီးတော့မှ ဖွံ့ဖြိုးတိုးတက်တဲ့ စည်ပင်သာယာတဲ့ မြန်မာပြည်ပေါ်လာဖို့လေ။ အဲလိုဆန္ဒရှိပါတယ်။ တပြည်လုံးလည်း ဆန္ဒရှိပါတယ်။ ကျနော်တို့ တိုင်းပြည် ချမ်းသာကြီးထွားအောင်၊ ငြိမ်းချမ်းသာယာတဲ့ ဘဝရောက်အောင် အားလုံးကမျှော်လင့်နေတယ်။ ဆိုတော့ သမ္မတသစ် ပေါ်လာတာလဲ ကျနော်တို့ကို ဦးစီးပြီးတော့မှလည်း ချီတက်သွားမှာပါလို့ အဲလိုပဲ ယုံကြည်တယ်။ မျှော်လလည်း မျှော်လင့်တယ်။ ဗိုလ်မှူးကြီး ကြာဆော်လမွန် (ဒုဥက္ကဋ္ဌ) လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) သမ္မတ သစ်ကလည်း အသက်အရွယ်အရရော၊ ပညာရေး၊ ကျန်းမာရေး အခြေအနေအရရော သင့်တော်တဲ့ သမ္မတဖြစ်နေတယ်။ ကျနော်တို့နိုင်ငံမှာတော့ တိုင်းပြည် နိုင်ငံရေး၊ ဖွံ့ဖြိုးရေး အတွက် တိုးတက်အောင် သူလုပ်နိုင်မယ်လို့ ကျနော်ကတော့ ယုံကြည် ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့လည်း သူက ကြိုးစားဆောင်ရွက်သွားမယ်လို့ ထင်တယ်။ အပြည့်အဝ ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကိစ္စတွေကို သူ့အနေနဲ့ သူ့သက်တမ်းအတွင်းမှာ အလေးထားဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်။ ဗိုလ်ချုပ် စောအိုက်ဇက်ဖိုး (ဒုဥက္ကဌ -၁) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အခုရပ်တန့်နေတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ ပြေလည်အောင် ဖြေရှင်းပေးစေချင်တယ်။ အဓိက ဖြစ်နိုင်ရင်တော့ နိုင်ငံရေး ညှိနှိုင်းမှုတွေ လုပ်ပေးစေချင်တယ်။ အဲဒီ နိုင်ငံရေးညှိနှိုင်းမှုနေရာမှာလည်း ဆွေးနွေးပွဲတွေကို တက်ဖို့ အခက်အခဲတွေ မရှိစေဖို့လိုတယ်။ ပထမဆုံးတော့ ဖြစ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ပေါ့။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ၂ ဖက်စလုံး တဖက်စီမှာတော့ အားနည်းချက်တွေ ရှိတတ်ကြတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီဟာတွေကို ဘယ်လို ကျော်လွှားနိုင်မလဲ၊ သဘောကတော့ တကယ်လို့ ကျနော်တို့ ညှိနှိုင်းမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ တကယ်ဖြစ်နေတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကိုရှာပြီးတော့ ဘယ်လိုညှိနှိုင်းမယ် ဆိုတာကပိုပြီးတော့ လုပ်စေချင်တယ်။ စေတနာမှန်မှန်နဲ့ ထိုင်ပြီးတော့ ရှင်းကြမယ်ဆိုရင်ပေါ့။ သဘောကတော့ တဖက်နဲ့ တဖက် တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီးတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းသွားတဲ့ အခင်းအကျင်းကို ဖော်ဆောင်စေချင်ပါတယ်။ ဒေါက်တာရွှေခါးရ် (တွဲဖက်အတွင်းရေးမှူး) ချင်းအမျိုးသားတပ်ဦး (CNF) ပထမအနေနဲ့ကတော့ လောလောဆယ် သမ္မတအသစ် တတ်လာတာပေါ့။ အခုလောလောဆယ်မှာ ကျနော်တို့ တွေ့နေရတာက အစိုးရတခုလုံးက နိုင်ငံတော် အတိုင်ပင်ခံကနေ ဦးစီးပြီးတော့ အကောင် အထည်ဖော်နေတာ တွေ့ရတာကိုး။ ဆိုတော့ သူ့အနေနဲ့လည်း တော်တော် အလုပ်များတာ အဲဒါကြောင့် သမ္မတအသစ် တက်လာတယ်ဆိုတော့ တာဝန်နည်းနည်း ခွဲဝေမှုတွေ လုပ်ပြီးတော့ လုပ်စေချင်တာပေါ့။ အတိုင်ပင်ခံဆိုရင် နိုင်ငံခြားရေးရာကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စကို ဆောင်ရွက်ဖို့ပေါ့နော်။ ပြီးလို့ရှိရင် ကျနော်တို့ အစိုးရ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းစဉ်တွေကိုတော့ သမ္မတကို တာဝန်ခွဲပြီးတော့ သမ္မတက အဆင့်ဆင့် ကြီးကြပ်တဲ့ ဟာမျိုး အဲဒါမျိုးပုံစံလေးနဲ့ သွားရင်တော့ ပိုကောင်းမယ်လို့ ကျနော်တို့ ထင်တယ်။ ဗိုလ်မှူးချုပ် တာဘုန်းကျော် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မျှော်လင့်ချက်တော့ အများကြီး မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ဘယ်သူပဲ သမ္မတ တက်လုပ်၊ တက်လုပ် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်မှုတွေများတော့ လုပ်နိုင်ဖို့က တော်တော် ခက်လိမ့်မယ် လို့ပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုရင် ပိုဆိုးတာပေါ့။ လက်ရှိ ရှိနေတဲ့ အစိုးရက ငြိမ်းချမ်းရေးကိစ္စကို ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်နေသးဘူး။ ဆိုတော့ ဒီအပေါ်မှာ မျှော်လင့်ချက်ထားဖို့ ခက်တယ်လို့ပဲ မြင်ပါတယ်။ NLD အစိုးရ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာ ငြိမ်းချမ်းရေးကိစ္စကို ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူးလို့ မြင်တယ်။ တိုက်ပွဲတွေ ပိုပြီးဖြစ်လာတယ်။ ဒီလိုဖြစ်အောင်လည်း မြန်မာ့ တပ်မတော်က လုပ်ဆောင်နေတယ်လို့ မြင်တယ်လေ။ ဦးမန်းအောင်ပြည်စိုး (ဒုဥက္ကဋ္ဌ) ဖလုံ/စဝေါ်အမျိုးသား ဖွံ့ဖြိုးတိုးတတ်ရေးပါတီ ဦးဝင်းမြင့်က ပြတ်သားတဲ့ ပုံတော့ ရှိတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ အပေါ်မှာ ဘယ်လိုသဘောရှိတယ်။ ဘယ်လိုသဘောထားတယ် ဆိုတာကတော့ ခဏလေးတော့ စောင့်ကြည့်ပါဦးမယ်။ ပြောသံဆိုသံအရတော့ သူက ပြတ်သားတယ်။ တိကျတယ်ဆိုတော့ ဒီကတိုင်းရင်းသားတွေ လိုအင်ဆန္ဒကိုတစုံတခုများသတ္တိရှိရှိနဲ့ ဖြည့်ဆည်းပေးနိုင်မလားလို့ မျှော်လင့်တယ်။ စောင့်လည်း စောင့်ကြည့်နေပါတယ်။ ဖာပွန်မှာတပ်မတော်နဲ့ KNU ဘက်ကပစ်ကြခတ်ကြ ကိစ္စမှာညှိနှိုင်းတာလည်း KNU ဘက်ကညှိနှိုင်းဖို့ သွားတော့ တပ်မတော်ဘက်က နိုးပဲ မညှိဘူးကြားတယ်။ ဒီကိစ္စက အခြေခံဥပဒေနဲ့ ပတ်သတ်လာရင် ကာကွယ်ရေးဦးစီးချုပ်ကပဲ တာဝန်ယူဆောင်ရွက်ရမယ် ဆိုတာတွေ ပြောတယ်။ စစ်ရေးစစ်ရာနဲ့ ပတ်သတ်လို့ ဆွေးနွေးစရာမရှိဘူးပြောတယ်။ အဲ့လိုဆိုရင် ကျနော်တို့ NCA က အဓိပ္ပာယ် သိပ်မရှိတော့ဘူး။ NCA အရဆို ညှိနှိုင်းဆွေးနွေးရမယ့် အဖွဲ့တွေ ရှိတယ်။ ကျနော်တို့ တိုင်းရင်းသားဘက်ကနေ ကြည့်မယ်ဆိုရင် နိုင်ငံရေး၊ စစ်ရေးအရ လက်ဦးမှု ယူတယ်လို့ မြင်တယ်။ ကျနော်တို့ တိုင်းရင်းသားနယ်မြေတွေကို ဖွံံ့ဖြိုးရေး အကြောင်းပြပြီး လက်ဦးမှု ရယူတာတွေ မြင်တယ်။ ကျနော်တို့ အဲ့လိုပဲခံစားနေရတယ်။ သမ္မတသစ်မှာဒီလိုကိစ္စတွေ ညှိနှိုင်းပေးတာမျိုးမျှော်လင့်ပါတယ်။ ဦးထင်ကျော် လက်ထက်တုန်းက ဘာဆိုဘာတခုမှ မပြောဘူး။ ဦးဝင်းမြင့်ကတော့ သတ္တိရှိတယ်။ ပြတ်သားတယ် ဆိုတော့ တပ်နဲ့ပတ်သတ်ရင် ပြောများပြောမလားမျှော်လင့် နေပါတယ်။ ပြောပါစေလို့လည်းဆုတောင်းနေပါတယ်။ ဦးညီပလုပ် (ဥက္ကဋ္ဌ) ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ သူတတ်လာတာကောင်းပါတယ်။ ကျနော်ကတော့ ကြိုဆိုတယ်။ သမ္မတကြီးဦးဝင်းမြင့်နဲ့ ပတ်သတ်ရင် ကျနော်က ဖွဲ့စည်းပုံရေးဆွဲတဲ့ အမျိုးသား ညီလာခံကတည်းက သူနဲ့ တွေ့ဖူးတယ်။ သိတယ်။ သူ့အနေအထားကမဆိုးပါဘူး။ တော်တော်ကောင်းပါတယ်။ နောက် ရှေ့ဆက် လွှတ်တော် သက်တမ်းမှာလည်း လုပ်လာတော့ အထူးသဖြင့် ငြိမ်းချမ်းရေးကိစ္စ၊ တိုင်းရင်းသားတွေ အပေါ်မှာ စိတ်သဘောထားတွေ ဘယ်လိုပဲ ဖြစ်ဖြစ် နားလည် သဘောပေါက် မှာပါ။ သူ့အနေအထားကလည်း ကောင်းတယ်။ မဆိုးဘူး။ တိုင်းရင်းသားတွေနဲ့လည်း သူတော်တော်လေး တွေ့ဆုံခဲ့တယ်။ ဟိုးအရင် ကတည်းကလေ။ အဲ့တာကြောင့် တိုင်းရင်းသားတွေ အပေါ်လည်းသူနားလည် သဘောပေါက်မှာပါ။ သမ္မတကြီး ဦးထင်ကျော်ကတော့ ပြီးလည်း ပြီးသွားပြီ။ သူ့အနေအထားကလည်း အသက်ကလည်း စကားပြောလာတယ်။ သူကလုပ်ခိုင်းသလိုပဲ သူလုပ်ရတော့မှာလေ။ အခုဦး ဝင်းမြင့်ကတော့ တော်တော်လေး အခြေအနေကောင်းသေးတယ်။ သူအများကြီး ပြောဆိုနိုင်တယ်။ လုပ်နိုင်တယ်။ ကျနော်တို့ကအဲ့လိုပဲ မြင်ပါတယ်။ ဦးဝင်းမြင့်က NLD အစိုးရအနေနဲ့ ထဲထဲဝင်ဝင် ပါနေတော့ ပါတီဆိုက် အနေနဲ့ရော သူခံယူချက်၊ မျှော်လင့်ချက်တွေ အရရောပိုပြီး အလုပ်လုပ်နိုင်မယ်လို့ မြင်တယ်။ ဒါ့ကြောင့် သူတို့ အပြောင်းအလဲ လုပ်တာလည်း ဖြစ်မယ်လို့ ကျနော်တို့ သုံးသပ်တယ်။ တချိန်တခါတုန်းကတော့ တပ်မတော်ကို ပြောဆိုတာရှိမယ်။ အခုကတော့ သူလည်းသမ္မတ ဖြစ်လာပြီဆိုတော့ ချင့်ချိန်ပြီး သူလုပ်ရတော့မယ်လေ။ တပ်မတော်အခန်းကဏ္ဍ၊ တပ်မတော်နဲ့ ပတ်သတ်တာတွေပေါ့။ သူပိုပြီးတော့ ထဲထဲဝင်ဝင် ဖြစ်လာတော့ သူပိုကောင်းအောင် လုပ်ဖို့ လိုမယ်။ သူလုပ်နိုင်မယ်လို့လည်း ကျနော်တို့က ယုံကြည်တယ်။ The post သမ္မတ ဦးဝင်းမြင့် နှင့် တိုင်းရင်းသားတို့၏ ဘာမျှော်လင့်ချက်များ appeared first on ဧရာဝတီ.
Source : https://ift.tt/2IasXUr
via IFTTT
Source : https://ift.tt/2IasXUr
via IFTTT
Subscribe to:
Posts (Atom)