Monday, March 26, 2018


ဦးဝင်းမြင့် နိုင်ငံတော်သမ္မတ အရည်အချင်းပြည့်မီကြောင်း ပြည်ထောင်စု လွှတ်တော် အတည်ပြု ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံထားရသည့် ဦးဝင်းမြင့်ကို နိုင်ငံတော် သမ္မတ နေရာ အတွက် သတ်မှတ်ထား သည့် အရည်အချင်းများနှင့် ပြည့်မီခြင်းရှိသည်ဟု ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။ “စိစစ်တွေ့ရှိမှုများ အရ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်ထားသည့် ဦးဝင်းမြင့် (တာမွေမဲဆန္ဒနယ်) သည် နိုင်ငံတော် သမ္မတ အရည်အချင်းများနှင့် ပြည့်စုံမှု ရှိကြောင်း အတည်ပြု ကြေညာသည်” ဟု လွှတ်တော်အတွင်း ဖတ်ကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲကို မတ်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီ အချိန်၌ ပြည်ထောင် စုလွှတ်တော် အစည်းအဝေးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ မတ်လ ၂၆ ရက်နေ့က ကျင်းပသည့် ဒုတိယ အကြိမ်၊ ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် ဦးမန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ အဆိုပါ ဒုတိယ သမ္မတအား နိုင်ငံတော် အရည်အချင်းနှင့် ပြည့်စုံမှု ရှိမရှိ စိစစ်နိုင်ရန်အတွက် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ များနှင့် ဒုဥက္ကဋ္ဌများ၊ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ကိုယ်စား ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ရွေးကောက်ခံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ကိုယ်စား မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ( ၄) မှ ဦးအောင်ကြည်ညွှန့်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဗိုလ်ချုပ် သန်းစိုးတို့ ပါဝင်သည့် စိစစ်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းစိစစ်ရေး အဖွဲ့မှ အစည်းအဝေးကို ပြည်ထောင်စု လွှတ်တော် နာယက နားနေခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးဝင်းမြင့်သည် နိုင်ငံတော် သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိကြောင်း တင်ပြခဲ့သည်ဟု ဦးမန်းခိုင်သန်းက ဆိုသည်။ ဒေါ်ခင်စန်းလှိုင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ နဲ့ ကိုက်ညီမှုရှိတယ်။ သမ္မတ အရည်အချင်း အတွက် ပြဋ္ဌာန်းထားတဲ့ အခန်း ၂ ရဲ့ ပုဒ်မ ၃ နဲ့ဆိုရင် ပါတဲ့အချက်တွေက ၅၉ မှာပါတဲ့ အချက်တွေနဲ့ အတူတူပဲ။ စိစစ်တဲ့ အခါမှာလည်း ကျမတို့နဲ့ အတူပါတဲ့ အစုအဖွဲ့ ၇ ဖွဲ့ထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ် အားလုံးကလည်းပဲ ထောက်ခံတယ်။ အထူးသဖြင့် တပ်မတော်သား အစု အဖွ့ဲ ကိုယ်စားလှယ် အနေနဲ့ကလည်း ဒါနဲ့ ပက်သက်ပြီး သူ့အနေနဲ့ ဘာမှ ကန့်ကွက်စရာမရှိဘူး၊ သူတို့ဘက်က ကန့်ကွက် စရာ မရှိဘူးလို့ပြောတယ်” ဟု လွှတ်တော် ခဏရပ်နားချိန်တွင် မီဒီယာများကိုပြောသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားများ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက် ထားသည့် ဒုတိယ သမ္မတ တဦးကို စိစစ် အတည်ပြုပြီး ဖြစ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဃ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင် မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၇၊ နည်းဥပဒေခွဲ (ခ) တို့အရ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး ပါဝင်သည့် နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့က ဒုတိယ သမ္မတ ၃ ဦး အနက် မိမိတို့ ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးရမည် ဖြစ်သည်။ လာမည့် မတ်လ ၂၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အတွင်း ကျင်းပမည့် သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် မဲအများဆုံးရသူက သမ္မတဖြစ်လာကာ ကျန်နှစ်ဦးမှာ မဲအရေအတွက် အလိုက် ဒုတိယသမ္မတ ( ၁) နှင့် ဒုတိယ သမ္မတ ( ၂) တို့ ဖြစ်လာမည်။ မတ်လ ၂၁ ရက်နေ့က ဦးထင်ကျော် သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည့် အတွက် လစ်လပ်သွားသည့် သမ္မတနေရာအတွက် သမ္မတရွေးချယ် တင်မြှောက်ပွဲကိုကျင်းခြင်းဖြစ်ပြီး ယင်းသမ္မတနေရာအတွက် ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဦးဝင်းမြင့်တို့ သုံးဦးတို့ ထဲမှ ရွေးချယ်သွားမည် ဖြစ်သည်။ The post ဦးဝင်းမြင့် နိုင်ငံတော်သမ္မတ အရည်အချင်းပြည့်မီကြောင်း ပြည်ထောင်စု လွှတ်တော် အတည်ပြု appeared first on ဧရာဝတီ.
Source : https://ift.tt/2pFvj6V
via IFTTT

No comments:

Post a Comment