ရေကူးအသံလွှင့်စက်ရုံဝင်းအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးကြိုရှို့စနစ်ဆောင်ရွက်မည်ဖြစ်ကြောင် ကြိုတင်အသိပေးခြင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၈ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ ရေကူးအသံလွှင့်စက်ရုံဝင်းသည် ဧက (၁ဝဝ)ကျော် ကျယ်ဝန်းပြီး မြက်ပင်၊ ကိုင်းပင်များမှာ ထူထပ်စွာပေါက်ရောက်လျက်ရှိရာ သဘာဝကြောင့်လည်းကောင်း၊ လူ့ပယောဂကြောင့်လည်းကောင်း မီးလောင်မှုဖြစ်ပွားနိုင်ပြီး မီးလောင်မှုဖြစ်ပွားပါက နိုင်ငံပိုင်စက်ပစ္စည်းနှင့် အဆောက်အဦများ ပျက်ဆီးဆုံးရှုံးနိုင်ပါသည်။ သို့ဖြစ်ပါ၍ ၂၉.၃.၂ဝ၁၈ နှင့် ၃ဝ.၃.၂ဝ၁၈ ရက်နေ့များတွင် ဝ၇း၃ဝ အချိန်မှစတင်၍ မီးကြိုရှို့စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။ မီးကြိုရှို့စနစ်ဆိုသည်မှာ ဆောင်ရွက်မည့် ဧရိယာအား မီးတားလမ်းများဖောက်လုပ်၍ အကွက်ငယ်များဖြင့် ခွဲထုတ်ပြီး ဘေးအန္တရာယ်မဖြစ်စေနိုင်ရန် အပိုင်းလိုက် မီးရှို့စေခြင်း၊ မီးရှို့မည့်ပတ်ဝန်းကျင်တွင် လုံလောက်သည့် မီးသတ်ယာဥ်/စက် အင်အား၊ လူအင်အားများ ကြိုတင်ဖြန့်ခွဲနေရာယူ ဆောင်ရွက်စေသည့် စနစ်ဖြစ်ပါသည်။ ရေကူးစက်ရုံဝင်းအတွင်း အကျယ် ပေ ၃ဝ ရှိ မီးတားလမ်းများ ပတ်လည်ဖောက်လုပ်ထားရှိပြီးဖြစ်ကာ မီးသတ်ဦးစီးဌာနမှ လိုအပ်သော မီးသတ်ယာဥ်/စက်အင်အား၊ လူအင်အားပြည့်စုံစွာဖြင့် အသင့်စောင့်ကြပ် ဖြန့်ခွဲနေရာယူဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော်အတွင်းရှိ ပြည်သူလူထုအနေဖြင့် မီးကြိုရှို့စနစ်ဆောင်ရွက်သည့်အချိန်တွင် အထိတ်တလန့် မဖြစ်စေရေး ကြိုတင်အသိပေးတင်ပြအပ်ပါသည်။
Source : https://ift.tt/2J3SFes
via IFTTT
No comments:
Post a Comment