မတ်လ ၂၆ ရက် နံနက်ပိုင်း သတင်းအစီအစဉ် (နံနက် ၇ နာရီခွဲ တိုက်ရိုက် ထုတ်လွှင့်မှု) ■ ဒုသမ္မတ ဦးဝင်းမြင့် သမ္မတအရည်အချင်း ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်တွေ့ရှိချက်ကို ယနေ့ ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်၌ တင်ပြမည်ဖြစ်ပြီး သမ္မတရွေးချယ်မည့် နေ့ရက်နှင့် အချိန်ကို ကြေညာမည် ■ ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးသို့ ခိုးဝင်လာသည့် ဘင်္ဂါလီ ၆၄ ဦးအထိ ဖမ်းဆီးရမိ ■ လပွတ္တာမြို့နယ်တွင် ခိုးမှု မသင်္ကာဟုဆိုကာ လူနှစ်ဦးကို ပိုးလောင်းရဲကင်း ရဲစခန်းမှ ရက်ရှည် ဖမ်းဆီးပြီး ပြင်းထန်စွာ နှိပ်စက်မှုများ ပြုလုပ်သည်ဟုဆိုကာ တိုင်ကြားမှုကြောင့် နှိပ်စက်သူများကို အရေးယူရန် စီစဉ်နေ ■ ယခုနှစ်အတွက် စင်ကာပူတွင် ပထမဆုံး ကျင်းပပြုလုပ်သည့် သင်္ကြန်ပွဲဖြစ်သော လုမ္ဗိနီသင်္ကြန်ပွဲတော် ကျင်းပပြုလုပ် ■ မန္တလေးမြို့တွင် သက်ငယ်မုဒိမ်း ကြီးလေးသော ပြစ်ဒဏ်ပေးရေး လက်မှတ်ကောက်ခံပွဲနှင့် ကလေးသူငယ် လိင်အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ပြုလုပ် ■ ကတ်တလန် ခေါင်းဆောင်ဟောင်းကို ဂျာမနီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဘာစီလိုနာတွင် လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြ ■ ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပပေးရန် ဒီမိုကရေစီအရေး လှုပ်ရှားသူများ ချီတက်တောင်းဆို ■ အီကွေဒေါနိုင်ငံ အနောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး လမ်းချော် တိမ်းမှောက်မှုကြောင့် လူ ၁၂ ဦးသေဆုံး
Source : https://ift.tt/2IUDynO
via IFTTT
No comments:
Post a Comment