Thursday, March 29, 2018


ရေသောက်ခြင်းနဲ့ ပက်သက်ပြီး ရှောင်ကြဉ်သင့်တဲ့ အခြေအနေများ ရေသောက်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်ဆိုတာ လူတိုင်းက နားလည်လက်ခံ ထားကြပါတယ်။ ရေသောက်များတဲ့ အလေ့အကျင့်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တယ် ဆိုပေမယ့် မသောက်သင့်တဲ့ အခြေအနေမျိုးမှာ သောက်သုံးမယ်ဆိုရင်တော့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင် သောက်သင့်တဲ့ အချိန်မှာ ရေကို စနစ်တကျ သောက်သုံးဖို့ လိုပါတယ်။ ရေသောက်ခြင်းနဲ့ ပက်သက်ပြီး ရှောင်ကြဉ်သင့်တဲ့ အခြေအနေတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြ လိုက်ပါတယ်။ (၁) အစားစားနေစဉ်နဲ့ အစားစားပြီးချင်း ရေသောက်ခြင်းဟာ ခံတွင်းထဲရှိ တံတွေးထုတ်လုပ်မှုကို လျော့နည်း စေတာကြောင့် အစာမကြေခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အစာအိမ်ရဲ့ အစာခြေစနစ်ကို ထောက်ပံ့ပေးဖို့အတွက် ခံတွင်းဟာ တံတွေးကို ထုတ်လုပ်ပေးရတဲ့အချိန်မှာ ရေကိုသောက်သုံးလိုက်ခြင်းကြောင့် အစာအိမ်ရဲ့ အစာခြေစနစ်ကို နှောင့်နှေးစေပြီး အစားစားနေစဉ် အတောအတွင်းနဲ့ အစားစားပြီးချင်း အချိန်တွေမှာ ရေသောက်သုံးခြင်းကို ရှောင်ကြဉ် သင့်ပါတယ်။ (၂) လေ့ကျင့်ခန်း လုပ်နေစဉ် အတောအတွင်းမှာ ရေသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်း အပူချိန်ဟာ သာမန်ထက် ပိုမိုမြင့်တက်နေတာကြောင့် ဒီလိုအချိန်မှာ ရေသောက်လိုက်မယ်ဆိုရင် လျှပ်လိုက်ရေ လို့ခေါ်တဲ့ Electrolyte တွေကို ကုန်ခမ်းစေနိုင်ပြီး ခေါင်းကိုက်ခြင်းနဲ့ ရုတ်တရက ်မူးဝေခြင်း တို့ကို ခံစားရစေ နိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးချိန်မှသာ ရေကို သောက်သုံးသင့်ပါတယ်။ (၃) တခါတရံမှာ ဆီးသွားတဲ့အခါမှာ ဆီးအရောင် ဝါနေတာဟာ ရေသောက် နည်းတာကြောင့်ဆိုပြီး ဆီးအရောင် ကြည်လင်အောင် ရေကို အလွန်အကျွံ သောက်သုံးလေ့ ရှိကြပါတယ်။ ဒီလိုမျိုး ဆီးအရောင်ကို ကြည်လင်အောင်ဆိုပြီး ရေကို အလွန်အကျွံ သောက်သုံးခြင်းဟာ ဆိုဒီယမ် level ကို နိမ့်စေတာကြောင့် နှလုံးနဲ့ ပက်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ရေကို စနစ်တကျ မှန်ကန်စွာ သောက်သုံးပြီး ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုး ၅ ခု Ref ; lifeadvancer.com The post ရေသောက်ခြင်းနဲ့ ပက်သက်ပြီး ရှောင်ကြဉ်သင့်တဲ့ အခြေအနေများ appeared first on ဧရာဝတီ.
Source : https://ift.tt/2IdccI8
via IFTTT

No comments:

Post a Comment