Monday, March 26, 2018


မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခက်အခဲများကြောင့် ရက်ရွှေ့ဆိုင်းရန် တင်ပြ မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရန် ကိစ္စကို အခက်အခဲများ ကြုံတွေ့နေ၍ ရက်ရွှေ့ဆိုင်းလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ထံသို့ မတ်လ ၂၆ ရက် နေ့က အီးမေးမှ တဆင့် အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ယခုနှစ် ဧပြီလထဲတွင် လုပ်ဆောင်ရန် မူလက လျာထားသော်လည်း ထိုပွဲများပြုလုပ်ရန် တပ်မတော်မှ လူဦးရေးကန့်သတ်မှုများ ပြုလုပ်နေ၍ ဆွေးနွေးပွဲများ ပြုလုပ်ရန် အခက်အခဲများ ရှိနေသဖြင့် မေလထဲသို့ ရက်ရွှေ့ဆိုင်းလိုကြောင်း တင်ပြထားခြင်းဖြစ်သည်ဟုဆိုသည်။ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဝင်းလှ က “လက်ရှိ မကျင်းပဖြစ်တဲ့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရက်ရွှေ့ချင်တဲ့အကြောင်းပေါ့ UPDJC ကို ဒါက တင်ဖြစ်မယ်လေ၊ လက်ရှိ အီးမေးနဲ့ ကြိုပို့ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။ မွန်ပြည်သစ် ပါတီအနေဖြင့် မွန်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် ဒေသခံလူထုများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်ရန် စီစဉ်ခဲ့ကြရာ၌ တပ်မတော်ဘက်မှ ကန့်သတ်မှုများ ရှိခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကလည်း မတ်လ ၂၃ ရက်နေ့က ပြုလုပ်သော ဒုတိယ အကြိမ် မွန်ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးသွားခဲ့သည်။ မွန်ပြည်သစ်ပါတီအနေဖြင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ရာတွင် တပ်မတော်ဘက်မှ ဖုန်းဖြင့်ဆက်သွယ်၍ လူဦးရေ ၃၀ ထက်မပိုရန် ကန့်သတ်မှုများ ရှိခဲ့သည်ဟု ကြားသိရသဖြင့် မွန်လူထုအကြား ဂယက်ရိုက်ခတ်စေခဲ့ခြင်းအပေါ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကောမတီ (JMC) အနေဖြင့် ညှိနှိင်းမှုများကို ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း ဒေါက်တာ အောင်နိုင်ဦး က ပြည်နယ်လွှတ်တော်သို့ တိုက်တွန်းအကြံပြု ဆွေးနွေးခဲ့သည်။ ဒေါက်တာ အောင်နိုင်ဦး က “မွန်ပြည်သစ်ပါတီ အနေနဲ့ ပြည်နယ် အစိုးရအဖွဲ့နဲ့ UPDJC အဖွဲ့များထံသို့ ဆက်သွယ်ပြီး ညှိနှိင်းမှုပြုလုပ်ပေးဖို့ အသိပေးခဲ့ပါသော်လည်း ယနေ့အထိ အကြောင်းမပြန်ခဲ့တဲ့အတွက် လူထုတွေ့ဆုံပွဲကို မဆောင်ရွက်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ မပြေလည်များစွာကို ဖြစ်ပေါ်စေခဲ့ပါတယ်”ဟု ဆိုသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ခင် လူထုတွေ့ဆုံပွဲများအား ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လိုခြင်းမှာ NCA နှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ပြည်သူလူထု ရှင်းပြပေးရန်သာ ဖြစ်ကြောင်း နိုင်ဝင်းလှ က ပြောသည်။ နိုင်ဝင်းလှ က “တချို့နေရာမှာကျတော့ တပ်ဘက်က လူအင်အားများတယ် ဆိုပြီးတော့ ကန့်သတ်ထားတဲ့ သဘောပေါ့လေ။ အဲဒီတော့ လူထုပါဝင်မှု၊ လူထုပူးပေါင်းမှု မရှိနိုင်ဘူးဆိုပြီးတော့ ကျနော်တို့က လူထုပါဝင်လာနိုင်အောင် ညှိနိုင်နေတဲ့ အနေထား ရှိတယ်။ သူတို့ကတော့ ဦးရေ ၃၀ ထက်မကျော်ပါစေနဲ့ ဆိုတဲ့သဘောပေါ့” ဟု ၎င်းက ဆိုသည်။ “ဟိုတုန်းကကျတော့ အကန့်အသတ်တွေ မရှိခဲ့ဘူးလေ။ အခုကျမှပဲ အကန့်အသက်တွေရှိနေတာ့ ကျနော်တို့ လည်း စဉ်းစားရ ခက်နေတယ်။ အစိုးရဘက်ရော၊ တပ်ဘက်ကရော အဆင်ပြေအောင်ဆိုပြီးတော့ ကျနော်တို့ဆန္ဒကို အောင့်အီးမြိုသိပ်ပြီးတော့ မွန်ပြည်သစ်တပ်စခန်း ၅ နေရာမှာလုပ်မယ်” ဟု သူကဆက်ပြောသည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မှုဝါဒများ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လူမျိုးကိုအခြေခံသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်တွင် ကျင်းပနိုင်ရန်အတွက် ၉ ဦးပါဝင်သည် မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီကို မတ် ၂၃ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်တီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ဖွဲ့စည်းပေးခဲ့သည်။ ယင်းကော်မတီထဲတွင် မွန်ပြည်နယ် အစိုးရဘက်မှ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်၊ တပ်မတော်ဘက်မှ ဗိုလ်မှူးကြီး တင်ထွဋ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထဲမှ ဒေါက်တာခင်ဆောင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ နိုင်ဝင်းလှ၊ နိုင်အောင်မငေး၊ ပဒိုစောလှထွန်းနှင့် နိုင်ငံရေးပါတီများထဲမှ ဒေါက်တာ အောင်ထွန်းခိုင်၊ မင်းကျော်ဇေယျာဦး၊ ဦးချမ်းမြင့်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မွန်ပြည်သစ်ပါတီ (NMSP) သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင် အဖွဲ့အစည်းတဖွဲ့ ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့်အတူ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးခဲ့သည်။ The post မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အခက်အခဲများကြောင့် ရက်ရွှေ့ဆိုင်းရန် တင်ပြ appeared first on ဧရာဝတီ.
Source : https://ift.tt/2pKNl83
via IFTTT

No comments:

Post a Comment