လောက်ကိုင်မြို့၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၁ ဦး ဖမ်းဆီရမိ လောက်ကိုင်မြို့၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၂၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက် များအရ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လောက်ကိုင်မြို့ နယ်၊ တုံချိန် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ လောက် ကိုင်မြို့၊ တုံချိန်ရပ်၊ ရပ်ကွက်(၁) အိမ်အမှတ်(၁/၈၃၀)သို့ ဝင်ရောက် ရှာဖွေရာ တရုတ်နိုင်ငံ၊ ကျီးလင်ပြည်နယ်၊ ကျီးလင်မြို့၊ ကျွန်းရရွာ နေ တရုတ်နိုင်ငံသား ကျင်းကွေ့ကျင်း (၃၆)နှစ်ပါ ကျား(၂၁)ဦးအား တွေ့ရှိ သဖြင့် စစ်မေးရာ လွန်ခဲ့သော ၅ ရက်ခန့်က တရုတ်နိုင်ငံမှ လောက် ကိုင်မြို့နယ်၊ ဆီအောကျေးရွာမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းသို့ တရားမဝင် ဝင်ရောက်လာသူ ကျင်းကွေ့ကျင်း ပါ(၂၁)ဦးအား တုံချိန်နယ်မြေ ရဲစခန်း(ပ) ၂/၂၀၁၈၊ လဝကအက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် အရေးယူထားကြောင်းလည်း သိရသည်။ https://ift.tt/2GfgDlq The Ladies News
Source : https://ift.tt/2GfgDlq
via IFTTT
No comments:
Post a Comment