Wednesday, March 28, 2018


အသစ် ထွက်ရှိလာတဲ့ Huawei P20 Series စမတ်ဖုန်းများ ဘာတွေ ထူးခြားမလဲ Huawei Consumer Business Group မှ လူအများ မျှော်လင့်စောင့်စားနေကြတဲ့ Huawei P20 Series ကို မတ်လ ၂၇ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့ Grand Palais ခန်းမမှာ တကမ္ဘာလုံးကို စတင် မိတ်ဆက်လိုက်ပါတယ်။ အသစ် မိတ်ဆက်လိုက်တဲ့ Huawei P20 နဲ့ Huawei P20 Pro စမတ်ဖုန်းတို့ဟာ နောက်ဆုံးပေါ် အဆင့်မြင့် AI (Artificial Intelligent) နည်းပညာများနဲ့ တည်ဆောက်ထားပြီး Huawei P20 Pro ဟာ Leica ကင်မရာ ၃ လုံး ပါဝင်တဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်း တလုံးလို့ ဆိုနိုင်ပါတယ်။ P20 Series စမတ်ဖုန်းများရဲ့ ကင်မရာ စွမ်းရည် Huawei P20 Series ရဲ့ အဓိက လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ရမယ့်ဆိုရင် P20 Pro မှာ စမတ်ဖုန်းတွေထဲ အမြင့်ဆုံး Pixel ပမာဏ ပါဝင်တဲ့ မှန်ဘီလူး ၃ လုံးနဲ့ Leica ကင်မရာ တပ်ဆင်ထားပြီး Huawei P20 မှာတော့ Leica ကင်မရာ အသစ် ၂ လုံး ပါဝင် အသုံးပြုထားတာ တွေ့ရပါတယ်။ P20 series စမတ်ဖုန်းများမှာ ဓာတ်ပုံများကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုက်ကူးနိုင်စေမယ့် Master AI (Artificial Intelligent) နဲ့ ရုပ်ထွက် တည်ငြိမ်မှုကို အထောက်အကူပြုစေတဲ့ စွမ်းအားမြင့် Huawei AIS နည်းပညာတို့ ပါဝင်ပါတယ်။ Leica ကင်မရာ ၃ လုံးနဲ့အတူ အရောင်အသွေးအစုံအလင် ရိုက်ကူးပေးနိုင်တဲ့ 40 Mega Pixel RGB sensor ၊ အဖြူ အမည်း ဓာတ်ပုံများကို ဖမ်းယူပေးနိုင်တဲ့ 20 Mega Pixel monochrome sensor ၊ 8 Mega Pixel sensor ပါဝင်တဲ့ တယ်လီဖိုတို (Telephoto) မှန်ဘီလူးများနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် Huawei P20 Series မှာ အသစ်ပါဝင်လာတဲ့ AI နည်းပညာသုံး Beautification လုပ်ဆောင်ချက်နဲ့ 3D portrait lighting လုပ်ဆောင်ချက်တို့နဲ့အတူ 24Mega Pixel အရည်အသွေးရှိ ရှေ့ကင်မရာက အသားအရောင်အနေအထားကို ပိုမို သဘာဝကျစေပြီး မျက်နှာပေါ်မှ အသေးစိတ်အချက်အလက်များကို လက်တွေ့ဆန်တဲ့ 3D ရုပ်ထွက်နဲ့ ပေါင်းစပ်ပြီး Selfie ဓာတ်ပုံများကို ဖန်တီးပေးနိုင်တာ တွေ့ရပါတယ်။ မျက်နှာပြင် အရွယ်အစားနှင့် ဒီဇိုင်းပိုင်း Huawei P20 မှာ ၅.၈ လက်မအရွယ်နဲ့ Huawei P20 Pro မှာ ၆.၁ လက်မအရွယ် မျက်နှာပြင်ပြည့် FullView Display တို့ ပါဝင်ပြီး အထူးပါးလွှာတဲ့ ဘေးဘောင်နဲ့ မျက်နှာပြင် ကိုယ်ထည် အချိုးအစား (screen-to-body-ratios) က ကိုင်ဆောင်ရ လွယ်ကူအောင် မျက်နှာပြင် အကွေးများနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာ တွေ့ရပါတယ်။ အဆင်မြင့် စွမ်းဆောင်ရည်များ စွမ်းဆောင်ရည်အနေနဲ့ Kirin 970 Processor အသုံးပြုထားပြီး Android 8.1 ကို အခြေခံထားတဲ့ EMUI 8.1 နဲ့ dedicated NPU (Neural Network Processing Unit) တို့ကို အသုံးပြုထားခြင်းကြောင့် ဓာတ်ပုံရိုက်ကူးခြင်းများကို အမှန်တကယ် လျင်မြန်သွက်လက်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး AI ပံ့ပိုးထားတဲ့ မြင်ကွင်းနဲ့ အရာဝတ္ထုများကို ခွဲခြားသိမြင်နိုင်တဲ့ နည်းပညာက မတူညီတဲ့ မြင်ကွင်းနဲ့ အရာဝတ္ထုများကို ၁၉ မျိုးအထိ ခွဲခြားသိမြင်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် Huawei P20 Series ရဲ့ နောက်ထပ် လုပ်ဆောင်ချက်အသစ် တခုဖြစ်တဲ့ AI-Assisted Composition က မိမိရိုက်ယူလိုတဲ့ ဓာတ်ပုံအနေအထားကို အလိုအလျောက်သိရှိပြီး Group shot နဲ့ landscape များအဖြစ် ပြောင်းလဲ ရိုက်နိုင်ရန် အကြံပေးနိုင်တယ်လို့ သိရပါတယ်။ Huawei ရဲ့ AIS (AI Image Stabilization) စနစ် ပါဝင်တာကြောင့်လည်း ညဘက် ဓာတ်ပုံများ ရိုက်ကူးတဲ့အခါ Tripod အကူအညီ မပါဘဲ တည်ငြိမ်ပြီး ရုပ်ထွက်ပြတ်သားတဲ့ ဓာတ်ပုံကောင်းများကို ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။ Huawei P20 Series များတွင် six-axis stabilization နဲ့ အနှေးပြကွက်များအတွက် 960fps ပါဝင်ခြင်းကြောင့် အသေးစိတ်ကျတဲ့ ဗီဒီယိုမှတ်တမ်းများကို ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။ AI အထောက်အပံ့နဲ့ အလုံးစုံ သီးသန့် ပြုလုပ်ထားသည့် EMUI 8.1 မှာ Huawei ဖုန်းများ၊ PC များနဲ့ Macbook များ အကြား ဖိုင်များကို လျင်မြန်စွာ ဝေမျှနိုင်ပေးနိုင်တဲ့ Huawei Share 2.0 ပါဝင်ပြီး Huawei P20 Series နဲ့ ပိုမိုကျယ်ဝန်းတဲ့ မျက်နှာပြင်များကို ကြိုးမဲ့ချိတ်ဆက်ပေးမယ့် projector နဲ့ အလားတူ easy projection feature၊ Application နှစ်ခုကို ဘေးချင်းယှဉ် သုံးနိုင်တဲ့ အသိဉာဏ်မြင့် split-screen ပံ့ပိုးထားသော Smart Screen function တို့ ပါဝင်ပါတယ်။ P20 Pro မှာ ဘက်ထရီအားပမာဏ 4000 mAh နဲ့ P20 မှာ 3400 mAh တို့ အသီးသီး ပါဝင်ပြီး AI နည်းပညာသုံး ဘက်ထရီထိန်းချုပ်မှု လုပ်ဆောင်ချက်တို့ ပါဝင်ပါတယ်။ Huawei P20 စမတ်ဖုန်း RAM 4GB + Storage 128 GB ကို ယူရို ၆၄၉ (မြန်မာငွေ ၁၀ သိန်းကျော်) ၊ P20 Pro စမတ်ဖုန်း RAM 6GB + Storage 128GB ကို ယူရို ၈၉၉ (မြန်မာငွေ ၁၄ သိန်းကျော်) တို့နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ အဆိုပါ Huawei P20 Series မိတ်ဆက်ပွဲမှာ P20, P20 Pro စမတ်ဖုန်းတို့ အပြင် တတိယမျိုးဆက်ဖြစ်တဲ့ Porsche Design Huawei Mate RS ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ Porsche Design Huawei Mate RS မှာ Porsche Design ရဲ့ နာမည်ကျော်ဒီဇိုင်းလက်ရာနဲ့ Huawei ရဲ့ အဆင့်မြင့်နည်းပညာတို့ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။ Huawei P20 စမတ်ဖုန်းများကို အရောင်အနေနဲ့ Twilight ၊ Black ၊ Midnight Blue နဲ့ Pink Gold ဆိုပြီး အရောင် ၄ မျိုး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ P20 Series များကို တကမ္ဘာလုံး အတိုင်းအတာဖြင့် မိတ်ဆက်သည့်ပွဲကို Huawei Myanmar မှ ရန်ကုန်မြို့ရှိ Customer Solution Innovation Center (CSIC) မှ တိုက်ရိုက် ထုတ်လွှင့် ပြသမှုကို မတ်လ ၂၇ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ကင်မရာ ၄ လုံးနဲ့ ဈေးနှုန်းသင့်တဲ့ Huawei Nova 2i စမတ်ဖုန်း The post အသစ် ထွက်ရှိလာတဲ့ Huawei P20 Series စမတ်ဖုန်းများ ဘာတွေ ထူးခြားမလဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2GjboRq
via IFTTT

No comments:

Post a Comment