အရှေ့တောင် အာရှဒေသတွင်း လုပ်ငန်းလည်ပတ်မှုများ အတွက် Uber နှင့် Grab ပူးပေါင်းလိုက်ပြီ အမေရိကန် အခြေစိုက် အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Uber ရဲ့ အရှေ့တောင်အာရှ နိုင်ငံများမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းလည်ပတ်မှုများကို Grab က လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း ယနေ့ မတ်လ ၂၆ ရက်နေ့မှာ Grab ကုမ္ပဏီမှ သတင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။ သတင်းထုတ်ပြန်ချက် အရ စင်ကာပူအခြေစိုက် Grab ကုမ္ပဏီဟာ အရှေ့တောင် အာရှ အခြေပြ နည်းပညာ ကုမ္ပဏီ တခုအနေနဲ့ ယခုလို လုပ်ငန်းလွှဲပြောင်း ရယူခြင်းဟာ အကြီးမားဆုံးသော လွှဲပြောင်းရရှိမှု ဖြစ်တယ်လို့ သိရပါတယ်။ Grab ကုမ္ပဏီဟာ အရှေ့တောင် အာရှဒေသတွင်းမှာရှိတဲ့ Uber ရဲ့ အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းနဲ့ အစားအသောက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို Grab ရဲ့ လက်ရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ ပလက်ဖောင်း အမျိုးမျိုးတို့မှာ ပေါင်းစည်းလည်ပတ်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ပေါင်းစည်းမှုနဲ့ Grab ဟာ အရှေ့တောင်အာရှဒေသတွင်းမှာ ထိပ်တန်း online-to-offline (O2O) မိုဘိုင်း ပလက်ဖောင်း အဖြစ် လည်းကောင်း၊ အစားအသောက် ပို့ဆောင်ပေးတဲ့ လုပ်ငန်းမှာ အဓိကကျတဲ့ လုပ်ငန်းဆောင်ရွက်သူ အဖြစ် လည်းကောင်း ရပ်တည်နိုင်ရန် ဦးတည်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် စတဲ့ နိုင်ငံများမှာရှိတဲ့ Uber ရဲ့ လုပ်ငန်းများနဲ့ ပိုင်ဆိုင်မှုကို လွှဲပြောင်းရယူပြီးနောက် Grab ဟာ ၎င်းရဲ့ စရိတ်စက သက်သာပြီး အလုပ်အတွင်ဆုံး အရှေ့တောင်အာရှ ပလက်ဖောင်းအဖြစ် ဆက်လက် ဦးဆောင်နေဦးမယ်လို့ သိရပါတယ်။ ယခုလုပ်ငန်း လွှဲပြောင်းရယူခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ် အနေနဲ့ Uber ဟာ Grab ကုမ္ပဏီမှာ ၂၇ ဒဿမ ၅ ရာခိုင်နှုန်း ဝေစုကို ရရှိမှာ ဖြစ်ပြီး Uber ရဲ့ CEO ဖြစ်တဲ့ Dara Khorowshahi ကတော့ Grab ရဲ့ ဘုတ်အဖွဲ့ထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ရန်ကုန်မြို့အငှားယာဉ် ဝန်ဆောင်မှု ပိုကောင်းလာမလား The post အရှေ့တောင် အာရှဒေသတွင်း လုပ်ငန်းလည်ပတ်မှုများ အတွက် Uber နှင့် Grab ပူးပေါင်းလိုက်ပြီ appeared first on ဧရာဝတီ.
Source : https://ift.tt/2IPwyIG
via IFTTT
No comments:
Post a Comment