Sunday, March 25, 2018


ဒေါ်အောင်ဆန်းစုကြည် အနားယူလိုသည်မှာ မဟုတ်ကြောင်း NLD ပြောခွင့်ရ ဆို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနားယူလိုသည့်အတွက် နိုင်ငံ့တာဝန်များမှ နားတော့မည်ဆို သည်မှာ မဟုတ်ကြောင်း၊ ပါတီ အလုပ်အမှုဆောင်များကို လူမှုရေးအရာ ပြောရိုးပြောစဉ်သာ ပြောဆိုခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွှန်က ဧရာဝတီသို့ ပြောသည်။ “အခု သတင်းဖြစ်နေတာက ဒေါ်အောင်ဆန်းစုကြည်က အနားယူတော့မယ်ဆိုတဲ့ သတင်းမျိုးတွေ ပြောနေတယ်။ အဲဒါ ကျနော်မပြောဘူး။ ကိုယ့်ရဲ့အဖွဲ့ ပါတီဝင်တွေဟာ ကြိုးစားလုပ်ကြမယ်ဆိုရင် သူမြန်မြန်နားရတာ ပေါ့။ အဲဒီလို ပြောတယ်။ သူ ပြောနေကြပါ။ လတ်တလော အနားယူမယ်ဆိုတဲ့ အဓိပ္ပါယ် လုံးဝ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။ မီဒီယာတချို့တွင် ဖော်ပြမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် အနားယူနိုင်ကြောင်း ပြောဆိုလာသဖြင့် ယခုလို ထပ်မံရှင်းပြ ရခြင်း ဖြစ်ပြီး နေပြည်တော်တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်များကြား တွေ့ဆုံမှုမှာ လည်း လူမှုရေးအရ တွေ့ဆုံခြင်းသာ ဖြစ်၍ နိုင်ငံရေး ဆွေးနွေးမှု မရှိကြောင်း ၎င်းက ပြောသည်။ ဒေါက်တာ မျိုးညွှန့်က “ဒါက လူမှုရေးအရ တွေ့ဆုံတဲ့အခါ ပြောတာပါ။ အပြောင်းအလဲကိစ္စနဲ့ ရှင်းပြ တာမျိုး လုံးဝ မလုပ်ပါ ဘူး။ လူမှုရေး တွေ့ဆုံမှု သက်သက်ပါ။ ကျနော်တို့ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်တွေနဲ့ လူချင်းကို မဆုံရတာ ကြာပြီ။ ဦးဝင်းမြင့်ကလည်း တာဝန်ကြီး ယူရဖို့ အခြေအနေလေး မှာ ကျနော်တို့ အားလုံး အလုပ်မှုဆောင် အဟောင်းတွေ အသစ် တွေ စုစုစည်းစည်း ဝိုင်းပြီး လူမှုရေးအရ တွေ့ဆုံ စားသောက်ကြတဲ့ သဘောပါ”ဟု ရှင်းပြသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အစိုးရ အဖွဲ့ဝင်များသည် ပါတီလုပ်ငန်းများနှင့် ပတ်သက်ခြင်း မရှိစေရဟု ကန့်သတ် ထားသဖြင့် ယခုတွေ့ဆုံမှုသည် လူမှုရေးအရ တွေ့ဆုံခြင်း ဖြစ်၍ ဥပဒေနှင့်အညီ ဖြစ်ကြောင်း သိရသည်။ NLD ပါတီမှ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက “တိုင်းပြည်မှာ သူဦးဆောင်တဲ့ နေရာ မှာ ရှိနေဖို့ကို လိုတယ်။ သူရဲ့ သြဇာ၊ သူ့ရဲ့ ပညာနဲ့က ကျနော်တို့က မညှာ တာတော့ မဟုတ်ဘူး။ သူ အမေစု အသက်ရှင် နေသရွေ့ကို တိုင်းပြည်အတွက် တကယ့်အရေးပါတဲ့ အခန်းကဏ္ဍမှာပဲ ရှိသင့်တယ်။ ရှိလည်း ရှိနေမှာပါ။ ရှိမှပဲ ဒီတာဝန်ကို ထမ်းဆောင်မှာပါ။ ကျမလည်း အသက်ကြီးပြီ။ နားချင်ပြီဆိုတာဟာ သူက ကျန်တဲ့လူတွေပိုပြီး လုပ်နိုင်အောင် မိသားစု အချင်း ချင်းပြောတဲ့ ပုံစံပါ”ဟု ပြောသည်။ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် နောက်ဆုံး သွားရောက်ခဲ့သည့် သြစတေးလျ ခရီး စဉ်တွင် ခရီးပန်းလွန်း၍ ကျန်းမာရေး မကောင်းသဖြင့် စကားပင် မပြောနိုင်ဘဲ အိပ်ရာပေါ်တွင်သာ အနားယူခဲ့ရသည် ဟု သြစတေးလျတွင် သွားရောက်တွေ့ဆုံခဲ့သူ NLD ဗဟို အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။ ဦးဝင်းထိန်က “သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ စကားပြောဖို့ နေနေသာသာ လေယာဉ်ပျံမူးလို့ အိပ်ရာပေါ်မှာ ဖလက်ပြနေ တာ။ မိန့်ခွန်းပြောဖို့ပျက်၊ ဝန်ကြီးချုပ်နဲ့ တွေ့ဖို့ဟာလည်း ဖျက်ခဲ့ရတယ်”ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား တိုင်းပြည်မှ မလိုအပ်တော့သည့် အချိန်မျိုးကို မျှော်လင့် ကြောင်း ယခုနှစ်ပိုင်း အတွင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ The post ဒေါ်အောင်ဆန်းစုကြည် အနားယူလိုသည်မှာ မဟုတ်ကြောင်း NLD ပြောခွင့်ရ ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2Gmna0A
via IFTTT

No comments:

Post a Comment