Saturday, March 24, 2018

Lashio Media

Amazing Myanmar Post တင်ထားတာနဲ့ ပတ်သပ်ပြီး ဖော်ပြပါ အမည်ပါဝင်သူ အနုပညာရှင်တချို့ငြင်းဆို လူမှုကွန်ယက်စာမျက်နှာမှာပေါ်မှာ ပျံ့နှံ့ နေတဲ့” အနုပညာ အသိုင်းအဝိုင်းမှ Kyi Couple ကို ကြိုဆိုကြပုံ “ဆိုတဲ့ စာသားနဲ့ တင်ထားတဲ့ Amazing Myanmar Post မှာ အနုပညာသမားတချို့ရဲ့ Group Chat ပုံစံနဲ့ ပြောဆိုထားတဲ့ စာမှတ်တမ်းပုံတွေ ပြန့်နှံ့နေပါတယ် ။ ဒီအကောင့်မှာ တင်ထားတဲ့ စာဖိုင်ဓာတ်ပုံ မှာ ခီမောင်နှံဆိုတဲ့ အသုံးအနှုန်း နဲ့ အနုပညာ လောကသား ဓာတ်ပုံ အကောင့်တချို့ က ဝင်ရောက်ရေးသားထားတာကို တွေ့ရပါတယ် ။ ဒီအကောင့် ဖော်ပြချက်တွေနဲ့ ပတ်သတ်ပြီး ဝင်ရောက်ရေးသားထားတဲ့ နာမည်ဖော်ပြအနုပညာရှင်တွေကို ဖုန်းဆက်အတည်ပြုပြီး မေးမြန်းတဲ့အခါ ဒါရိုက်တာကိုပေါက် ကတော့ Messenger မှာ ဖော်ပြပါ အနုပညာရှင်တွေ နဲ့ အုပ်စုဖွဲ့ ပြောဆိုတာတွေမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ သရုပ်ဆောင်သဥ္ဇာနွယ်ဝင်းကတော့ “ဒီကိစ္စနဲ့ ပတ်သက်ပြီး မသိဘူးလို့ ဖြေဆိုခဲ့ပါတယ် ။ “ တခြားအနုပညာရှင်တွေကို အတည်ပြုဖို့ ကြိုးစားတဲ့အခါ “မဖြေချင်ဘူးလို့” ငြင်းဆန်ခဲ့တဲ့ အနုပညာရှင် တချို့နဲ့ မအားလပ်တာကြောင့် မဖြေနိုင်သေးဘူးလို့ ပြန်လည်ဖြေကြားခဲ့ကြပါတယ် ။ Amazing Myanmar အကောင့်ကနေ တင်ထားတဲ့ အနုပညာရှင်တချို့ရဲ့ ရင်ဖွင့်သံဆိုတဲ့ အရေးအသားတွေကို စာဖတ်ပရိသတ်တွေ ဝင်ရောက်ဖတ်ရှုကြ ရှယ်ကြတဲ့ အခါ တချို့ အကောင့်တွေကျသွားပြီး ဖြစ်ရပ်မျိုးတွေ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ် ။ ရှယ် သူတချို့ဟာ ရှယ်ပြီး မိနစ်ပိုင်းအလိုမှာ မိမိဖွင့်ထားတဲ့ Facebook အကောင့် က Lock ကျပြီး password တွေပြန်တောင်းပြီး ခတ္တမျှ ပြန်ဝင်မရတာတွေ ဖြစ်နေတယ်လို့သိရပါတယ် ။ ဒါပေမယ့် Amazing Myanmar ကတင်ထားတဲ့ အနုပညာရှင်တချို့ရဲ့ အပြောအလှန်ပြောဆိုမှု ဓာတ်ပုံတွေ ကို စိတ်ပါဝင်စားသူတွေများနေသလို ကျယ်ကျယ်ပြန့်ပြန့်မျှဝေသူတွေလည်း ရှိပါတယ် ။
Source : https://ift.tt/2pEPnFF
via IFTTT

No comments:

Post a Comment