Thursday, March 29, 2018


မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ၂၁ ရာစုပင်လုံတက်ရန် ဆုံးဖြတ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးသို့ အစိုးရဘက်မှ တရားဝင် ဖိတ်ကြားလာပါက တစုတစည်းတည်း တက်ရောက်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) က သဘောထားထုတ်ပြန်လိုက်သည်။ မြန်မာ-တရုတ် နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော FPNCC အနေဖြင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် ပန်ဆန်း (ပန်ခမ်း) မြို့ပေါ်တွင် မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ပြုလုပ်ခဲ့သော ဒုတိယအကြိမ် အမြဲတမ်း ကော်မတီ အစည်းအဝေးအပြီးတွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထုတ်ပြန်ချက်ထဲတွင် “FPNCC အနေဖြင့် အစိုးရ၏ တရားဝင် ဖိတ်ကြားလွှာကို လက်ခံရရှိပါက FPNCC အဖွဲ့ဝင် အားလုံး စုံစုံညီညီ တက်ရောက်သွားမည်။ ထို့အတူ အစည်းအဝေး တက်ရောက်သည့်အခါ လုံခြုံရေးအာမခံချက် ရှိရန်အတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် ခရီးစဉ်အတွက် ဆက်လက် ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု ပါရှိသည်။ FPNCC တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ (PSC/NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP/MNDAA)နှင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) တို့ ပါဝင် ကြသည်။ UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်း က “တဖွဲ့ချင်းစီကို ဖိတ်ရင်တော့ မတက်ပါဘူး။ နိုင်ငံရေးဆွေးနွေးမှု အပိုင်းမှာ FPNCC က နဂိုမူအတိုင်း ခိုင်ခိုင်မာမာ ဆုပ်ကိုင်သွားကြပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။ FPNCC သည် တဖွဲ့ချင်း ဖိတ်ကြားပါက မတတ်ရောက်ဟု ဆိုသော်လည်း ၂၀၁၈ ခုနှစ်၊ မေ ၂၄ ရက်မှ ၂၉ ရက်ထိကျင်းပခဲ့သော ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ် ညှိနှိုင်းပေးမှုမှတဆင့် ၇ ဖွဲ့လုံး တက်ရောက်ခဲ့ကြသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်နေသူ တဦးက“ အစိုးရကတော့ ဖိတ်ကြားသွားဖို့ ရှိမှာပါ။ ဒါပေမယ့် FPNCC အနေနဲ့တော့ ဖိတ်ဖို့ထက် တဖွဲ့ချင်းစီကိုပဲ ဖိတ်သွားမယ်ထင်တယ်။ အကယ်၍ FPNCC ကို ဖိတ်မယ်ဆိုရင်ရော သူတို့က လက်မှတ်ထိုးထားတဲ့ သူတွေ မဟုတ်လို့ တန်းတူ ဆွေးနွေးခွင့်တော့ ရှိမှာမဟုတ်ဘူး။ အဲလိုဆိုရင်ရော သူတို့ တက်မှာလား မေးစရာရှိလာမယ်” ဟု ပြောသည်။ UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးဒုတာဝန်ခံဦးညီရန်းကတော့ တရားဝင် ကိုယ်စားလှယ်အဖြစ် ဖိတ်ပြီး စာတမ်းဖတ်ခွင့် ပြုမှသာလျှင် တက်ရောက်မည်ဖြစ်ကြောင်းပြောသည်။ ဦးညီရန်းက “ ကျနော်တို့ လုံခြုံရေးအာမခံချက် တောင်းတာကလက်ရှိတိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေ အတွက်ပါ။ ဘယ်လိုလုံခြုံရေးပေးရမယ်ဆိုတာကတော့ အဘက်ဘက်ကလုံခြုံစိတ်ချလောက်အောင် လိုအပ်မှာပေါ့။ အနည်းဆုံးလုံခြုံမှုအတွက်တောင် စိတ်မချရရင် ဘယ်လိုရှေ့ဆက်ပြီးဆွေးနွေးရမလဲ”ဟုပြောသည်။ FPNCC အဖွဲ့ဝင်များထဲမှ KIA၊ AA၊ TNLA၊ MNDAA တို့နှင့် တပ်မတော်အကြားရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာတိုက်ပွဲများ ဖြစ်ပွားနေကြသည်။ ထို့ကြောင့် ကချင်၊ တအာင်း၊ ကိုးကန့်နှင့် ရခိုင်ဒေသများတွင် ထိုးစစ်နှင့် စစ်ဆင်ရေးများကို ပြုလုပ်နေသော မြန်မာစစ်တပ်၏ လုပ်ရပ်များကိုကန့်ကွက်ရှုံ့ချလိုက်ပြီးတိုင်းရင်းသားပဋိပက္ခ ပြဿနာများကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးသည့် နည်းဖြင့်သာ ဖြေရှင်းရန် တောင်းဆိုသည်ဟု FPNCC က ဆိုသည်။ FPNCC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ် မထိုးရန်၊ စာချုပ် အသစ်ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်းမဆွေးနွေးဘဲ FPNCC အနေဖြင့်သာ ဆွေးနွေးရန် မူဝါဒချမှတ်ထားသည်။ တဖက်တွင် အစိုးရနှင့် တပ်မတော်ဘက်က FPNCC ကိုအသိအမှတ် မပြုကြောင်း၊ NCA ပြင်ပဆွေးနွေးမှုကို လက်မခံနိုင် ကြောင်း၊ တဖွဲ့ချင်းသို့မဟုတ် လေးဖွဲ့ နှင့် သုံးဖွဲ့ခွဲကြားဆွေးနွေးနိုင်ကြောင်းစသည့် မူဝါဒချမှတ် ထားခြင်းကြောင့် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းများပိတ်နေသည်။ FPNCC ၏ ဒုတိယအကြိမ် အမြဲတမ်းကော်မတီ အစည်းအဝေးတွင် NCA စာချုပ်နှင့် ပတ်သက်သော အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း UWSA မှ လားရှိုးမြို့ဆက်ဆံရေးရုံးဒုတာဝန်ခံ ဦးညီရန်းက ပြောသည်။ ဦးညီရမ်း က “NCA ပေါ် အမြင်လောက်ပါပဲ။ ငြိမ်းချမ်းရေးကော်မရှင် က ပြင်လို့ရတယ်၊ ထွက်လို့ ရတယ်ပြောလာတဲ့အပေါ် အမြင် ဆွေးနွေးခဲ့ကြရုံပါပဲ။ ထိုးမထိုးကိစ္စ မပါဘူး” ဟု ၎င်းက ပြောသည်။ The post မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ၂၁ ရာစုပင်လုံတက်ရန် ဆုံးဖြတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2J0Dhzs
via IFTTT

No comments:

Post a Comment