အာရှဒေသရဲ့ အလွှမ်းမိုးနိုင်ဆုံး အသက် ၃ဝ အောက် လူငယ် ၃၀ ဦး စာရင်း Forbes မှ ထုတ်ပြန် Forbes မဂ္ဂဇင်းဟာ ဒီနှစ် ၂၀၁၈ ခုနှစ်ရဲ့ အာရှဒေသမှာ အလွှမ်းမိုးနိုင်ဆုံး အသက် ၃၀ အောက်၊ လူပုဂ္ဂိုလ် ၃ဝ ဦး စာရင်းကို မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နှစ်စဉ် ထုတ်ပြန်နေကျ ဒီစာရင်းထဲမှာ အာရှဒေသမှ ကဏ္ဍ ၁၀ ခုထဲကနေ ကဏ္ဍတခုချင်းစီမှာ အလွှမ်းမိုးနိုင်ဆုံး အသက် ၃ဝ အောက် လူပုဂ္ဂိုလ် ၃၀ ဦးနဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။ ဆန်ခါတင်စာရင်း ၂ဝ၀၀ ကျော်ထဲက ၃၀၀ ကို ရွေးထုတ် ထားတာလည်း ဖြစ်ပါတယ်။ အခု ရေးသား ဖော်ပြပေးမယ့် စာရင်းက ဖျော်ဖြေရေးနဲ့ အားကစား ကဏ္ဍအတွက်ဖြစ်ပြီး အရွေးချယ်ခံရသူတွေကို တရုတ်အဆိုတော်၊ သရုပ်ဆောင် Kris Wu နဲ့ ထိုင်းနိုင်ငံမှ သိုင်းပညာရှင်နဲ့ စွန့်ဦးတီထွင် ပညာရှင်တဦး ဖြစ်သူ Chatri Sityodtong တို့က ဒိုင်အဖြစ် ဆောင်ရွက် ရွေးချယ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးနဲ့ အားကစားကဏ္ဍအတွက် အရွေးချယ်ခံရသူ လူပုဂ္ဂိလ် ၇ ဦးကတော့ တောင်ကိုရီးယား နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အားကစားသမားတွေထဲမှာဆိုရင် Rock Climber တဦးဖြစ်တဲ့ Kim Ja In၊ ဂေါ့ဖ်အားကစားသမား Park Sung Hyun ၊ စကိတ ်အားကစားမယ် You Young နဲ့ Skeleton Racer တဦးဖြစ်တဲ့ Yun Sung Bin တို့ ပါဝင် ပါတယ်။ အနုပညာရှင်တွေထဲမှာဆိုရင်တော့ Okja ရုပ်ရှင်ထဲက မင်းသမီးလေး Ahn Seo Hyun နဲ့ စန္ဒရားပညာရှင် Cho Seong Jin တို့ ပါဝင်ပါတယ်။ ကမ္ဘာကျော် K-pop အမျိုးသား အဆိုတော်အဖွဲ့တခုဖြစ်တဲ့ BTS ကတော့ စာရင်းထဲမှာ ပါဝင်လာတဲ့ တခုတည်းသော K-pop အနုပညာရှင် အဖွဲ့လည်း ဖြစ်ပါတယ်။ အခြား အနုပညာရှင်တွေထဲမှာဆိုရင် တရုတ်နိုင်ငံ ဈေးကွက်ထဲအထိ ထိုးဖောက်နိုင်တဲ့ ပထမဆုံး မလေးရှားအဆိုတော် သီချင်းရေးဆရာမ Shila Amzah၊ အင်ဒိုနီးရှား နိုင်ငံရဲ့ လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ Rap ရွတ်တဲ့ သီချင်းတွေကို တင်ခဲ့ပြီး နာမည်ကျော်ကြားလာခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် Brian Imanuel နဲ့ မြန်မာနိုင်ငံမှ Me N Ma Girls အဖွဲ့ဝင်ဟောင်း အဆိုတော် အမွန်းတို့လည်း ပါဝင်ပါတယ်။ “Ghost Ship” ရုပ်ရှင်နဲ့ နာမည်ကျော်ကြားခဲ့တဲ့ သြစတေးလျနိုင်ငံမှ ရုပ်ရှင်မင်းသမီး Emily Browning လည်း စာရင်းမှာ ပါဝင်တာဖြစ်ပြီး အဲဒီ စာရင်းထဲမှာပါဝင်ခဲ့တဲ့ ရုပ်ရှင်အနုပညာနယ်ပယ်ထဲက မင်းသမီး ၂ ဦး ရှိပါသေးတယ်။ သူတို့တွေ ကတော့ အိန္ဒိယနိုင်ငံက အသက် ၂၉ နှစ်အရွယ် မင်းသမီး Anushka Sharma နဲ့ Netflix ရုပ်သံဇာတ်လမ်းတွဲ “13 Season Why” ထဲက မင်းသမီး Katherine Langford တို့ ဖြစ်ပါတယ်။ အားကစားသမားတွေထဲမှာဆိုရင် သြစတေးလျနိုင်ငံမှ အသက် ၂၄ နှစ်အရွယ်၊ ဘောလုံး အကျော်အမော် Bradon Ellis ၊ ဂျပန်နိုင်ငံမှ နာမည်ကျော်လူငယ် ရေခဲပြင်စကိတ်အားကစားသမားဖြစ်တဲ့ Yuzuru Hanyu ၊ ဘေ့စ်ဘော အားကစားသမား အသက် ၂၃ နှစ်အရွယ် Shohei Ohtani၊ အမေရိကန်နဲ့ ဗြိတိသျှနိုင်ငံသား တွေသာ လွှမ်းမိုးထားတဲ့ ဂေါ့ဖ်လောကထဲမှာ ထူးထူးခြားခြား အောင်မြင်မှုသရဖူဆောင်းနိုင်သူ ဂျပန်နိုင်ငံသား Hideki Matsuyama ၊ အိန္ဒိယအမျိုးသား ပိုလိုအသင်း အဖွဲ့ခေါင်းဆောင် Padmanabh Singh ၊ သြစတေးလျ ဟော်ကီအားကစားသမား Nathan Walker နဲ့ တရုတ်နိုင်ငံမှ ဘတ်စကတ်ဘော အားကစားသမား Zhou Qi တို့ပါဝင်ပါတယ်။ လူသိထင်ရှားနယ်ပယ်ထဲမှာတော့ တရုတ်ရိုးရာသိုင်းပညာနဲ့ အတွေးအခေါ်ပညာတွေကို အခန်းဆက်ဝတ္ထုတွေ အဖြစ် ရေးသားနေတဲ့ အသက် ၂၈ နှစ်အရွယ် Li Hu ၊ ဖက်ရှင်ဘလော့ဂါ တယောက်ဖြစ်တဲ့ တရုတ်နိုင်ငံမှ အသက် ၂၅ နှစ် အရွယ် Liang Tao ၊ အင်ဒိုနီးရှားနိုင်ငံမှ အသက် ၂၇ နှစ်အရွယ် Dian Pelangi ၊ ဖိလစ်ပိုင် နိုင်ငံမှ ဘလော့ဂါ Bretman Sacayanan ၊ သြစတေးလျမော်ဒယ် ဘလော့ဂါ Alexandra Spencer ၊ Flume လို့ လူသိများတဲ့ သြစတေးလျနိုင်ငံသား ထုတ်လုပ်သူ၊ ဂီတပညာရှင်၊ ဒီဂျေ Harley Streten နဲ့ ပါကစ္စတန်နိုင်ငံသူ အသက် ၂၆ နှစ်အရွယ် Momina Mustehsan တို့ ပါဝင်တာ တွေ့ရပါတယ်။ ဆက်စပ် သတင်းလင့်ခ် – ကမ္ဘာ့ အသက်အငယ်ဆုံး လူငယ် ဘီလီယံနာများ Ref ; Forbes The post အာရှဒေသရဲ့ အလွှမ်းမိုးနိုင်ဆုံး အသက် ၃ဝ အောက် လူငယ် ၃၀ ဦး စာရင်း Forbes မှ ထုတ်ပြန် appeared first on ဧရာဝတီ.
Source : https://ift.tt/2pNEUI1
via IFTTT
No comments:
Post a Comment