ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် ဘောလုံးကို ဝေဖန်လိုက်တဲ့ ဒီဂီယာ၊ စတီဂျန်နဲ့ ရေနာ စပိန်အသင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းတို့ရဲ့ ဂိုးသမားတွေဖြစ်ကြတဲ့ ဒေးဗစ်ဒီဂီယာနဲ့ မတ်တာစတီဂျန် တို့ဟာ မကြာခင် ကျင်းပပြုလုပ်တော့မှာ ဖြစ်တဲ့ ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြသလို စပိန်အသင်းရဲ့ အရန်ဂိုးသမားကြီး ရေနာကလည်း အဆိုပါဘောလုံးကို ပြိုင်ပွဲမစတင်မီ ပြောင်းလဲဖို့ အကြံပြုတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ မကြာခင် ကျင်းပပြုလုပ်တော့မယ့် ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် အဆိုပါဘောလုံးကို Adidas Telstar 18 လို့ အမည်ပေးထားပြီး ၁၉၇၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြု ခဲ့တဲ့ ပုံစံကို အခြေခံပြီး ပြန်လည်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အာဂျင်တီးနား ကစားသမား မက်ဆီကတော့ အဆိုပါဘောလုံးဟာ ထူးခြားကောင်းမွန် ကြောင်းနဲ့ သူ့အတွက် သက်တောင့်သက်သာ ကစားနိုင်ကြောင်း ချီးကျူးစကား ဆိုထားပေမယ့်လည်း လက်ရွေးစင် ဂိုးသမား ၂ ဦးကတော့ အဆိုပါဘောလုံးနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ စပိန်နဲ့ ဂျာမဏီ တို့ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ခြေစမ်းပွဲ အပြီးမှာတော့ စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာက “ဒီဘောလုံးက တော်တော်ထူးဆန်းနေတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒီထက်ပိုကောင်းအောင် လုပ်ထားသင့်တယ်လို့ ထင်ပါတယ်။ ဒီဘောလုံးက လိုတာထက် ပိုမြန်လွန်းနေပါတယ်" လို့ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဂျာမဏီ ဂိုးသမား စတီဂျန်ကလည်း အဆိုပါဘောလုံးဟာ ခန့်မှန်းရ ခက်ခဲပြီး ဂိုးသမားတွေအနေနဲ့ ကစားပွဲစဉ်တွေမှာ အခက်မတွေ့စေဖို့ အသားကျအောင် တော်တော်လေး လေ့ကျင့်ဖို့ လိုအပ်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ “ဒီဘောလုံးက တော်တော်လေးကို မြန်လွန်းနေပြီး မှန်းဆရအရမ်းကို ခက်ခဲပါတယ်။ တကယ်လို့ ပြိုင်ပွဲကြီး ကျင်းပချိန်မှာ ဒီဘောလုံးနဲ့ပဲ ကစားရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဂိုးသမားတွေအနေနဲ့ တော်တော်လေး အသားကျအောင် လေ့ကျင့်ယူဖို့ လိုအပ်မှာပါ။ ပြိုင်ပွဲက သိပ်လိုတော့တာမဟုတ်ဘူးလေ။ ဒါ့ကြောင့် ကျွန်တော်တို့မှာ အသားကျအောင် လေ့ကျင့်ရုံကလွဲပြီး အခြားနည်းလမ်းမရှိပါဘူး" လို့ စတီဂျန်က ဆိုထားပြီး စပိန် လက်ရွေးစင် အသင်းဖော် ဂိုးသမားကြီး ပီပီရေနာကလည်း တာဝန်ရှိသူတွေ အနေနဲ့ အဆိုပါ ဘောလုံးကို အမြန်ဆုံး လဲလှယ်သင့်တယ်လို့ ထပ်မံ အကြံပြုပြောကြားခဲ့ပါတယ်။ “ဒီဘောလုံးက အရင်ကစားနေကျ ဘောလုံးတွေနဲ့ မတူပါဘူး။ အရမ်းမြန်လွန်းနေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ လဲပေးသင့်ပါတယ်။ ပြိုင်ပွဲကျင်းပဖို့က သိပ်မကြာတော့ပေမယ့် အခုအချိန်မှာ အပြောင်းအလဲ လုပ်မယ်ဆိုရင်လည်း နောက်မကျသေးပါဘူး” လို့ ရေနာက ပြောကြားခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ရုရှားနိုင်ငံမှာ လာမယ့်ဇွန်လမှာ စတင်ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး ၁ လတိုင်တိုင် ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ Ref: Goal.com The Ladies News
Source : https://ift.tt/2GcWufz
via IFTTT
No comments:
Post a Comment