Friday, March 30, 2018


ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသူကို ချောက်ချားစေမယ့် “The Eyes Of My Mother” ဒီတပတ်မှာတော့ IMDB Rating (6.1) ရရှိထားတဲ့ Drama Horror အမျိုးအစား ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Nicolas Pesce ထုံးစံအတိုင်း Black & White ရိုက်ကူးထားတာ ဖြစ်ပြီး Kika Magalhaes , Will Brill , Diana Agostini တို့နဲ့အတူ တခြားသော သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ ဖရန်စစ်စကာဆိုတဲ့ ကောင်မလေးရဲ့အမေဟာ မျက်စိခွဲစိတ် ဆရာဝန်တဦးပါ။ ဖရန်စစ်စကာ လူမှန်း သိတတ်စအရွယ်မှာ လူစိမ်းတယောက်က အိမ်ထဲဝင်ပြီး သူမရှေ့မှာပဲ သူမအမေကို ရက်ရက်စက်စက် သတ်ဖြတ်တာကို ကြုံတွေ့ခဲ့ရပါတယ်။ ဖရန်စစ်စကာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သူမ အမေ သင်ကြားပေးခဲ့တဲ့အတိုင်း ပညာအမွေ ရရှိခဲ့သူပါ။ အိမ်ထဲကို ရောက်လာတဲ့ လူသတ်သမားက “မင်း ငါ့ကို သတ်မှာလား” လို့ သူမကိုမေးပါတယ်။ သူမဟာ သူ့ကို မသတ်တဲ့အပြင် အစာရေစာတွေ ကျွေးမွေးပြီး ပြုစုထားပါတယ်။ ဒါပေမယ့် လူသတ်သမားမှာတော့ မျက်လုံးတွေ မရှိတော့ပါဘူး။ လူသတ်သမားရဲ့ မျက်လုံးတွေဟာ ဖရန်စစ်စကာရဲ့ ရေခဲသေတ္တာထဲကို ရောက်သွားလို့ပါပဲ။ မိခင် မရှိတော့တဲ့ နောက်ပိုင်းမှာ သူမ တယောက်တည်းကျန်ခဲ့ပြီး အထီးကျန်နေရှာတဲ့ ဖရန်စစ်စကာ ရဲ့ ရက်ရက်စက်စက် အပြုအမူတွေကို ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားကို (1) mother (2) father (3) family ဆိုပြီး အပိုင်း ၃ ပိုင်းခွဲပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အထီးကျန်မှုဟာ စိတ်ထဲမှာ ထူးဆန်းတဲ့ အရာတွေ ဖြစ်ပေါ်စေတယ် ဆိုတဲ့ ဖရန်စစ်စကာရဲ့ အမေပြောခဲ့တဲ့ စကားအတိုင်း အထီးကျန် ဆန်တဲ့ ဖရန်စစ်စကာ တယောက် သူမစိတ်ကူးထဲက အတိုင်း လက်တွေ့ဘဝမှာလည်း ထူးထူးဆန်းဆန်းနဲ့ မထင်မှတ် ထားတာတွေ ပြုလုပ်တဲ့ အပြုအမူတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး Horror ရုပ်ရှင်စာရင်းမှာ ပါဝင်တဲ့ ဒီဇာတ်ကားဟာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသူကိုပါ အသက်ရှု ကြပ်စေမှာ ဖြစ်ပြီး Horror ဇာတ်လမ်း ကြိုက်သူတွေကတော့ ဒီဇာတ်ကားကို အကြိုက်တွေ့ကြမှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆို လိုက်ပါတယ်။ The post ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုသူကို ချောက်ချားစေမယ့် “The Eyes Of My Mother” appeared first on ဧရာဝတီ.
Source : https://ift.tt/2J7ODSs
via IFTTT

No comments:

Post a Comment