ပြီးခဲ့သည့်ဆယ်လအ တွင်း ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လေဖြတ်လူနာ ငါးထောင်ကျော်ရှိကာ လွန်ခဲ့သောငါးနှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားလာကြောင်း သတင်းရရှိ သည်။ ယင်းဆေးရုံကြီး၏ လူနာ မှတ်တမ်းများအရ ၂၀၁၁ က အဆိုပါဆေးရုံကြီးသို့ တက်ရောက်ကု သသည့် လေဖြတ်လူနာ ၁၅၀၀ ခန့်သာ ရှိခဲ့သော်လည်း ၂၀၁၆ ဇန်နဝါရီမှ အောက်တိုဘာ ၂၉ ရက်အထိ ဆယ်လအတွင်း၌ လူနာ ၅၈၈၇ ဦးအထိရှိနေကြောင်း လေ့လာသုတေသနပြုခဲ့သော ဦးနှောက်နှင့် အာရုံကြောရောဂါပညာဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌပါမောက္ခဒေါက်တာဝင်းမင်းသစ်က ပြောသည်။ ‘‘အတိအကျစာရင်းကောက် ယူထားတာ။ ရန်ကုန်မှာတောင် ဆယ်လအတွင်းမှာ လေဖြတ်လူ နာ ၅၀၀၀၊ ၆၀၀၀ ဒီလောက်ဖြစ် တာဆိုရင် ကျန်တဲ့မြောက်ဥက္က လာပဆေးရုံမျိုးတွေမှာလည်း အဲဒီလောက်နီးနီး ရှိနိုင်တယ်။ ဒါ တောင် ပုဂ္ဂလိကဆေးရုံတွေမှာ လာတဲ့ လူနာစာရင်း မရသေးဘူး’’ ဟု ၎င်းက ပြောသည်။ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လေဖြတ်လူ နာ ၅,၀၀၀ ကျော်ထဲ၌ ဦးနှောက် သွေးကြောပေါက်သော လေဖြတ်လူနာမှာ ၄,၀၀၀ ကျော်ရှိပြီး ဦးနှောက်သွေးကြောပိတ်သော လေဖြတ်လူနာမှာ ၁,၀၀၀ ကျော်ရှိကြောင်း သိရသည်။ ‘‘လေဖြတ်တာက အသက် အရွယ်မရွေးဖြစ်ပွားတယ်။ အဓိ ကက လေဖြတ်တာမဖြစ်အောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အသောက်တွေစားမယ်။ ဆေး လိပ်မသောက်ဖို့ လိုတယ်။ လေ့ ကျင့်ခန်းလုပ်ဖို့လိုတယ်။ ပုံမှန် ကျန်းမာရေးစစ်ဆေးဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဒါလုပ်တာ နည်းတယ်။ ဥပမာအားဖြင့် တစ် နှစ်တစ်ခါ သွေးထဲမှာ ရှိတဲ့ သွေး ချိုတို့ အဆီဓာတ်များတာတွေကို တိုင်းမယ်။ လိုအပ်ရင် ကျွမ်းကျင် တဲ့ ဆရာဝန်တွေနဲ့ပုံမှန်စစ်ဆေးဖို့ လိုပါတယ်’’ဟု ရန်ကုန်ဆေးရုံ ကြီး ဦးနှောက်နှင့်အာရုံကြောခွဲ စိတ်ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြတ်သူက ပြောသည်။ ကမ္ဘာပေါ်တွင် ၂၀၀၅ က လေဖြတ်ရောဂါကြောင့် သေဆုံး သူ ၅ ဒသမ ၇ သန်းရှိကာ ၎င်း တို့အနက် ၈၇ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သ တင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ က ဖြစ်ပွားနှုန်း အများဆုံး ရောဂါများထဲတွင် လေဖြတ်ရောဂါမှာ နံပါတ်တစ်အဆင့်၌ ရှိနေကြောင်း ကမ္ဘာပေါ်ရှိ ရောဂါအခြေအနေများကို စစ်တမ်း ကောက်ယူထားသော Global Burden Diease (GBD)၏စာရင်းများအရ သိရသည်။
Source : http://ift.tt/2f8PZN9
via IFTTT
Monday, October 31, 2016
Eleven Broadcasting
အုပ်စုအဆင့်မှ တက်လှမ်းနိုင်ရေးသာ အဓိကဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ပြောကြား(ရုပ်သံ) လာမယ့်နို၀င်ဘာလ ၁၉ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်မှ တက်လှမ်း နိုင်ရေးသာ အဓိကဖြစ်တယ်လို့ မြန်မာလက်ရွေးစင်အသင်း ခေါင်းဆောင် ရန်အောင်ကျော်က ပြောကြား ပါတယ်။
Source : http://ift.tt/2edNOKA
via IFTTT
Source : http://ift.tt/2edNOKA
via IFTTT
Eleven Broadcasting
ဦးနေ၀င်း မြေးနှစ်ဦးမှ ရှမ်းပြည်နယ်တွင် လေယာဉ်ကွင်း တည်ဆောက်လိုကြောင်း ပြည်နယ်အစိုးရထံ တင်ပြ ထားဟုဆို ရှမ်းပြည်နယ်အတွင်း Solar Energy နဲ့ မီးပေးသွားဖို့နဲ့ လေယာဉ်ကွင်း တည်ဆောက်လိုတယ်လို့ ဦးနေ၀င်းရဲ့ မြေးနှစ်ဦးဖြစ်တဲ့ ဦးဇွဲနေ၀င်းနဲ့ ဦးကျော်နေ၀င်းတို့က ရှမ်းပြည်နယ်အစိုးရထံ တင်ပြထား တယ်လို့ သတင်းရရှိပါတယ်။
Source : http://ift.tt/2flT6pI
via IFTTT
Source : http://ift.tt/2flT6pI
via IFTTT
Eleven Broadcasting
၁၉၉၅-မော်ဒယ်အောက် ခရီးသည်တင်ဘတ်စ်ကားများ အပ်နှံပါက အိမ်စီးကားစလစ် ထုတ်ပေးမည့် အစီအစဉ် နို၀င်ဘာလဆန်းတွင် စတင်မည် (ရုပ်သံ) ၁၉၉၅-မော်ဒယ်အောက် ဘတ်စ်ကားတွေကိုယာဉ်အို၊ ယာဉ်ဟောင်းအဖြစ် အပ်နှံပါက လူစီးစလစ် ထုတ်ပေးမယ့် အစီအစဉ်ကို နို၀င်ဘာလဆန်းမှာ စတင်သွားမယ်လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံက သိရပါတယ်။
Source : http://ift.tt/2flXd5p
via IFTTT
Source : http://ift.tt/2flXd5p
via IFTTT
The Irrawaddy - Burmese Edition
ဒေါ်အောင်ဆန်းစုကြည် ဂျပန် သွားမည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁ ရက် မှ ၅ ရက်နေ့ အထိ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။ ၂ နိုင်ငံကြားတွင် ရှိနေပြီးဖြစ်သည့် ဆက်ဆံရေးများ ပိုမို ခိုင်မာစေရန် ရည်ရွက်ချက်ဖြင့် သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။ ယခုခရီးစဉ်သည် ဧပြီလတွင် အစိုးရသစ် တာဝန်ယူပြီး နောက်ပိုင်း ဂျပန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သွား ရောက်ခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ဝန်ကြီးချုပ် Shinzo Abe နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်မည်ဟု မျှော်လင့်ရပြီး ဂျပန်ဘုရင် Akihito နှင့် မိဖုရား Michiko တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ် အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥက္ကဌ အနေဖြင့် ဂျပန်နိုင်ငံ သို့ သွားရောက်ခဲ့ဖူးပါသည်။ မေလအတွင်းတွင် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ၍ တိုင်းပြည်၏ ဒီမိုကရေစီဖော်ဆော်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ၂ နိုင်ငံ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များအနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ၂ နိုင်ငံလုံးက သဘောတူခဲ့ကြ သည်။
Source : https://goo.gl/vb61cM
via IFTTT
Source : https://goo.gl/vb61cM
via IFTTT
7Day TV
"အကြောင်းမကြားပဲ ဘူဒိုစာနဲ့ ထိုးခံရတဲ့ မြေကွက်တွေ" တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တိုင်းရင်းသားပေါင်းစုံ သုဿန် သွားလမ်းရှိ မြေကွက်တွေမှာ ခြံစည်းရိုးတိုင် စိုက်ထားမှုကို ကျူးကျော်လို့ဆိုပြီး တောင်ကြီးမြို့ စည်ပင်သာယာရေးဌာနက ဘူဒိုဇာနဲ့ထိုးဖယ်ရှားရှင်းလင်း လိုက်တယ်လို့ ဒေသခံခြံရှင်တွေကတဆင့် သိရပါတယ်။ အောက်တိုဘာ ၂၅ ရက် က ဘူဒိုဇာဖြင့် လာရောက်ရှင်းလင်း ဖယ်ရှားခဲ့တာဖြစ်ပြီး အကြောင်းကြားစာပေးပို့ခြင်းလည်းမရှိပဲ ကျူးကျော်လို့ဆိုပြီး ဖယ်ရှား ရှင်းလင်းခံခဲ့ရတာ ဖြစ်တယ်လို့ အိမ်ဖျက်ခံလိုက်ရတဲ့ အိမ်ရှင်တစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးက ပြောပါတယ်။ (တောင်ကြီးသတင်းထောက် ဂျွန်ချစ်ငြိမ်း ရိုက်ကူးတင်ဆက် ထားပါတယ်)
Source : http://ift.tt/2e3k0wO
via IFTTT
Source : http://ift.tt/2e3k0wO
via IFTTT
Sunday, October 30, 2016
Eleven Broadcasting
တေးသံရှင်မာရဇ္ဇ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ အမာခံ ပရိသတ်တွေနဲ့စည်ကားစွာပြုလုပ်ခဲ့ (ရုပ်သံ) တေးသံရှင်မာရဇ္ဇရဲ့ တတိယမြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာပြုလုပ်ခဲ့ပြီး အမာခံပရိသတ်တွေနဲ့ စည်ကားတဲ့ပွဲတပွဲဖြစ်ခဲ့ပါတယ်။
Source : http://ift.tt/2fsGRHe
via IFTTT
Source : http://ift.tt/2fsGRHe
via IFTTT
7Day News Journal
တောင်ဥက္ကလာပမြို့ နယ် အမှတ်(၇)ရပ်ကွက်သံသုမာ လမ်းတွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ ငွေစက္ကူအတုများ လိမ်လည် ရောင်းချရန် လာရောက်သည့် နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။ လာရောက်လိမ်လည်သူ နိုင် ငံခြားသားနှစ်ဦးသည် လိုက်ဘေးရီးယားနိုင်ငံတွင် နေထိုင်ကြပြီး ကုမ္ပဏီသို့ အောက်တိုဘာ ၂၈ ရက် နံနက်က လာရောက်စဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပရဲစခန်းမှ ရဲမှူးကျော်ကျော်အောင်က ပြောသည်။ ‘‘သူတို့နှစ်ယောက်က ကုမ္ပ ဏီကို အရင်နှစ်ခါလောက်လာဖူး တယ်။ ဒေါ်လာစက္ကူ အစစ်တစ်ရွက်ကို ဆေးတွေနဲ့ ချွတ်ပြတယ်။ အဲဒီလိုစက္ကူတွေ အများကြီးပြန် ရောင်းချင်တယ် ပြောတယ်။ ကုမ္ပ ဏီကလည်း မသင်္ကာလို့ ဖုန်း ဆက်အကြောင်းကြားလို့ ဖမ်းမိတာပါ’’ဟု ရဲအရာရှိက ပြောကြားသည်။ ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြား သားနှစ်ဦးမှာ ဩဂုတ်အတွင်း မြ ဝတီမြို့မှတစ်ဆင့် ဗီဇာရယူကာ ရန်ကုန်မြို့သို့ လာရောက်နေထိုင် ပြီးနောက် ငွေစက္ကူစာရွက်ဒေါ် လာ တစ်သန်းခွဲပါရှိလာကြောင်း ပြောကြားကာ လိမ်လည်ခဲ့ခြင်း ဖြစ်သည်။ ‘‘သူတို့နှစ်ယောက်စလုံးက မြို့ထဲက ဟိုတယ်မှာ တစ်ယောက် တစ်နေရာငှားနေတယ်။ ကုမ္ပဏီ က လူတွေကို အစစ်တစ်ရွက်ပြ ပြီး လိမ်တာပါ။ ဆေးချွတ်တဲ့ ဆေးကုန်လို့ ဆေးဖိုးဒေါ်လာလေး ထောင်ကျော် အရင်တောင်းပြီး လိမ်တာပါ’’ဟု ရဲမှူးကျော်ကျော် အောင်က ပြောသည်။ လိမ်လည်ခဲ့သူ နိုင်ငံခြားသားနှစ်ဦးသည် အသက်(၃၆)နှစ်အ ရွယ် Baiiah Michel Amos နှင့် အသက်(၂၈)နှစ်အရွယ် Sire Leat Mark တို့ဖြစ်ပြီး အဆိုပါလိုက်ဘေးရီးယား နိုင်ငံသားနှစ်ဦးကို တောင်ဥက္ကလာပရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း သိရ သည်။
Source : http://ift.tt/2eImXXu
via IFTTT
Source : http://ift.tt/2eImXXu
via IFTTT
Eleven Broadcasting
၆၂ အာဏာသိမ်းမှု၊ ၈၈ ၊ ဒီပဲယင်း ၊ ရွှေ၀ါရောင် အရေးအခင်းများအပါအ၀င် သမိုင်းမှတ်တမ်းအမှန်များကို ဖော်ထုတ်ရန် ပြည်ထောင်စု၀န်ကြီး သူရဦးအောင်ကို တိုက်တွန်း (ရုပ်သံ) ၁၉၆၂ ခုနှစ်အာဏာသိမ်းမှု ၊ ၈၈၊ ဒီပဲယင်း၊ ရွှေ၀ါရောင်အရေးအခင်းတွေ အပါအ၀င် သမိုင်းမှတ်တမ်း အမှန်တွေကို ရဲ၀ံ့စွာ ဖော်ထုတ်သွားဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး သူရ ဦးအောင်ကိုက တိုက်တွန်းပြောကြားပါတယ်။
Source : http://ift.tt/2eatx8B
via IFTTT
Source : http://ift.tt/2eatx8B
via IFTTT
Saturday, October 29, 2016
Eleven Media Group
မောင်တောဒေသတွင် တပ်မတော်က ဥပဒေမဲ့ ပြုကျင့်နေခြင်းကို မတွေ့ရှိ ရကြောင်းနှင့် မီးရှို့ခံထားရသည့် ကျေးရွာများမှာလည်း ကျေးရွာသားများ ကိုယ်တိုင် မီးရှို့ထွက်ပြေးနေခြင်းသာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် အကြမ်းဖက်မှု လေ့လာစုံစမ်းရေး ကော်မတီ ပြောကြား မောင်တောဒေသတွင် တပ်မတော်မှ ဥပဒေမဲ့ ပြုကျင့်နေခြင်းကို မတွေ့ရှိရကြောင်းနှင့် မီးရှို့ခံထားရသည့် ကျေးရွာများ မှာလည်း ကျေးရွာသားများ ကိုယ်တိုင် မီးရှို့ထွက်ပြေး နေခြင်းသာဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းထားသည့် အကြမ်းဖက်မှု လေ့လာ စုံစမ်းရေး ကော်မတီက ကွင်းဆင်းလေ့လာ စုံစမ်းအပြီးတွင် ပြောကြားသည်။ လက်ရှိထွက်ပေါ်နေသည့် သတင်းများကဲ့သို့ အမှန်တကယ်တွင် စုံစမ်းလေ့လာသလောက် မတွေ့ခဲ့ရကြောင်းနှင့် ယခုကဲ့သို့ တစ်ဖက်သတ် စွပ်စွဲချက်များမှာ ထူးခြားမှုမရှိဘဲ ယခင်အစဉ်အဆက်ကလည်း မဟုတ်မမှန် စွပ်စွဲမှုများ ရှိခဲ့ကြောင်း၊ INGOs နှင့် ကုလသမဂ္ဂ အဖွဲ့များကလည်း လူ့အခွင့်အရေးအရ ၀င်ခွင့်ရအောင် မသေချာ မရေရာသော သတင်းများကို ခိုင်မာမှုရှိသည့် သဘောမျိုး လုပ်နေခြင်းသာ ဖြစ်ကြောင်း အကြမ်းဖက်မှု လေ့လာစုံစမ်းရေး ကော်မတီက ပြောကြားသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>>>> http://ift.tt/2eXm4sx
Source : http://ift.tt/2eXm4sx
via IFTTT
Source : http://ift.tt/2eXm4sx
via IFTTT
Eleven Media Group
ဖားကန့်မှ ထွက်ရှိခဲ့သည့် တန် ၂၁၀ ခန့်ရှိ ကျောက်စိမ်း အရိုင်းတုံးအား နိုင်ငံတော်မှ ကျပ်သန်း ၇၀၀၀ ကျော်ဖြင့် တန်ဖိုးဖြတ်ကာ တွင်း၀ခွန်အဖြစ် ရာခိုင်နှုန်း ၂၀ ကောက်ခံပြီးနောက် ရောင်းချရသည့်အပေါ် မူတည်၍ အခွန်ထပ်မံရရှိမည် ဖားကန့်မှ ထွက်ရှိခဲ့သည့် တန်၂၁၀ ခန့်ရှိ ကျောက်စိမ်း အရိုင်းတုံးအား နိုင်ငံတော်မှ တွင်း၀ခွန်အဖြစ် ကျပ်သန်း ၇၀၀၀ ကျော်ဖြင့် တန်ဖိုးဖြတ်ကာ ရာခိုင်နှုန်း ၂၀ ကောက်ခံပြီးနောက် ရောင်းချရသည့်အပေါ် မူတည်၍ အခွန် ထပ်မံရရှိမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာ ရောင်း၀ယ်ရေးလုပ်ငန်း လက်အောက်ရှိ တန်ဖိုးဖြတ်အဖွဲ့ (ဖားကန့်) မှ သိရသည်။ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသကဲ့သို့ ကျောက်စိမ်းရိုင်း တစ်တုံးလုံးအား ကျပ်သန်း ၇၀၀၀ ကျော်ဖြင့် တန်ဖိုးဖြတ်ကာ နိုင်ငံတော်မှ ကျပ်သန်း ၁၅၀၀ နီးပါးသာ ရရှိမည်ဆိုခြင်းမှာ အနည်းငယ် လွဲချော်မှုရှိနေပြီး ယင်းမှာ တွင်း၀ခွန် ကောက်ခံရန် ပဏာမအဆင့် တန်ဖိုးဖြတ်ခြင်း ဖြစ်ကြောင်း၊ ယင်းကျောက်စိမ်းအား ကျောက်မျက်ပြပွဲတွင် ရောင်းချရသည့် အပေါ်မူတည်၍ နိုင်ငံတော်မှ အခွန်နှင့် အကျိုးတူ ခွဲ၀ေမှုများ ထပ်မံရရှိသွားမည် ဖြစ်ကြောင်း တန်ဖိုးဖြတ်အဖွဲ့ (ဖားကန့်) မှ လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။ သတင်းအပြည့်အစုံ ဖတ်ရှုရန် >>>>> http://ift.tt/2eRxjox
Source : http://ift.tt/2eRxjox
via IFTTT
Source : http://ift.tt/2eRxjox
via IFTTT
Friday, October 28, 2016
Eleven Broadcasting
ဘီအမ်အပါအ၀င် ခရီးသည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တွေရဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုများကို ထိထိရောက်ရောက် အရေးယူမည့်အပြင် ယာဉ်ပိုင်ရှင်ကိုပါ အရေးယူမည်ဆို (ရုပ်သံ) ခရီးသည်တင်ယာဉ်လိုင်းတွေနဲ့ ယာဉ်နောက်လိုက်တွေရဲ့ ဥပဒေမဲ့ လုပ်ဆောင်မှုတွေကို ထိထိရောက်ရောက် အရေးယူမယ့်အပြင် ယာဉ်ပိုင်ရှင်တွေကိုပါ အရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်၀န်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
Source : http://ift.tt/2eURVu1
via IFTTT
Source : http://ift.tt/2eURVu1
via IFTTT
The Voice
အမျိုးသမီးများ ရထားစီရင်း အလှ မပြင်ကြရန် ဂျပန်ရထား ကုမ္ပဏီတစ်ခုက လှုံ့ဆော် ဒီနေ့ခေတ်လို လူတိုင်း အချိန်လု ပြေးလွှားနေရတဲ့ခေတ်မှာ ဖွံ့ဖြိုးတိုးတက်ပြီးသား နိုင်ငံတွေမှာ အမျိုးသမီးတွေ အလုပ်သွားဖို့အတွက် ရထားစီးရင်းနဲ့မှ အလှပြင်နေကြတာမျိုးဟာ မြင်နေ တွေ့နေကျ မြင်ကွင်းမျိုး ဖြစ်လို့နေပါပြီ။ လူတိုင်းအတွက် မြင်တွေ့နေကျ မြင်ကွင်းမျိုး ဖြစ်ပေမယ့် ဒီလို အမျိုးသမီးတွေ ရထားပေါ်မှာ အလှပြင်တာကို မသင့်လျော်တဲ့ ကိစ္စလို့ မြင်သူတွေလည်း ရှိပါတယ်။ ဂျပန်ရထား ကုမ္ပဏီ တစ်ခုဆိုရင် အမျိုးသမီးတွေ အနေနဲ့ ရထားစီးရင်းနဲ့ အလှမပြ ကြဖို့ ပညာပေး ဗီဒီယိုဖိုင် တစ်ခု ရိုက်ကူးဖြန့်ချိပြီးတော့တောင် တိုက်တွန်း လှုံ့ဆော်ခဲ့ပါတယ်။ အဲဒီလို အမျိုးသမီးတွေကို ရထားစီးရင်း အလှမပြင်ဖို့ တိုက်တွန်း လှုံ့ဆော်တဲ့ ဗီဒီယို ရိုက်ကူး ပြသခဲ့တာကတော့ Tokyu Corp ရထားကုမ္ပဏီပဲ ဖြစ်ပါတယ်။ ယင်းဗီဒီယိုဟာ စက္ကန့် ၃၀ ကြာမြင့်ပြီး “မြို့ထဲက အမျိုးသမီးတွေ အားလုံး လှကြပါတယ်။ ဒါပေမဲ့ သူတို့ကို ဒီလို မြင်ရတာကတော့ ရုပ်ဆိုးတယ်”ဆိုတဲ့ စာတမ်းနဲ့ စတင်ထားကာ ဂျပန်အမျိုးသမီး သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဆာဝါ နီမူရာက ပါဝင် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
Source : https://goo.gl/spjtkx
via IFTTT
Source : https://goo.gl/spjtkx
via IFTTT
MOI Webportal Myanmar
အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၃ ဦး ထပ်မံဖမ်းဆီးရမိ နေပြည်တော် အောက်တိုဘာ ၂၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စာကိုင်းကျေးရွာအတွင်း သတင်းအရ တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့ဖြင့် ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ပိတ်ဆို့ရှင်းလင်းရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်ရာတွင် ပါ၀င်သူများဖြစ်သည့် စာကို်င်းကျေးရွာနေ ဟာမီတူဆောင်း(ဘ) အနူဟလာမ်နှင့် နိုတူ လာမိန်(ဘ) ဆူတာနာမတ် တို့ ၂ ဦးအား ထပ်မံဖမ်းဆီးရ မိခဲ့သည်။ ထို့ပြင် ယနေ့မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်ကလည်း သတင်းအရ ရသေ့တောင် မြို့နယ် ကိုးတန်ကောက် ကျေးရွာအတွင်း ပူးပေါင်းအဖွဲဲ့ဖြင့် ၀င်ရောက်ရှင်းလင်းရှာဖွေ ခဲ့ရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာတွင် ပါ၀င်သူ အာယုဒ်(ဘ) ကာလီဟူဆောင်းကို ၎င်း၏ နေအိမ်၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပအဒေအရ အရေးယူဆောင် ရွက်နိုင်ရေး ကျောင်းတောင် ရဲကင်း စခန်းနှင့် အင်းဒင်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သိရသည်။ အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနယ်မြေများ အတွင်းသို့ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ထပ်မံ၀င်ရောက်မှု မရှိစေရေးအတွက် နတ်မြစ် အတွင်း တပ်မတော်(ရေ)မှ တပ်မတော်သားများက တိုက်ကင်းလှည့်လည် ဆောင်ရွက်စဉ် အောက် တိုဘာ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် တံချောင်းနှင့် ထန်းချောင်းကြား ရေလယ် ကျွန်း အနီး၌ တစ်ဖက်နိုင်ငံသို့ ရေကူးသွားနေသည့် မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး အမျိုးသား ၃ ဦးကို တွေ့ရှိသဖြင့် ခေါ်ယူရာ ထွက်ပြေးရန် ကြိုးစားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မောင်တော မြို့နယ်၊ လိပ်ရကျေးရွာ(အလယ်)နေ အာဘူးရှားမား (ဘ) အဒူလာလီ၊ အာလီဇော်ဟက်(ဘ) အီစမိုင်းနှင့် ရှာခွန်သာလီ(ဘ) အာဆီဇော်ဟပ် တို့ ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိ မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ၃ ဦးအား လိုအပ်သလို အရေးယူ ဆောင် ရွက်နိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း ပေးခဲ့ကြောင်း သတင်း ရရှိသည်။ (မြ၀တီ)
Source : http://ift.tt/2eZma1h
via IFTTT
Source : http://ift.tt/2eZma1h
via IFTTT
The Voice
ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြောဆိုမှုများ ရပ်တန့်ရန် ဘုရားသခင်က သူ့ကိုညွှန်ကြားဟု ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြော မနီလာ၊ အောက်တိုဘာ ၂၈ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အခြားသူများကို ရိုင်စိုင်း ကြမ်းတမ်းသည့် မှတ်ချက်များ ပေးခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဝေဖန်မှုများ ရပ်တန့်ရန် ဘုရားသခင်က သူ့ကိုညွှန်ကြားခဲ့သည်ဟု ပြောကြားလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ ဂျပန်ခရီးစဉ်မှ ပြန်လည် ရောက်ရှိပြီးနောက် သူ၏ဇာတိမြို့ ဒါဗာအို ရောက်ရှိစဉ်တွင် သမ္မတ ဒူတာတေးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှုများကို ရပ်တန့်ရန်နှင့် မရပ်တန့်က လေယာဉ်မှာ လေထဲမှာပင် ပေါက်ကွဲ သွားလိမ့်မည်ဟု လေယာဉ်စီးနင်းနေစဉ် အချိန်တွင် အသံ တစ်သံက သူ့ကို ရာဇသံပေး ပြောကြားခဲ့သဖြင့် ရပ်တန့်ပါမည်ဟု ကတိပြုလိုက်ကြောင်း သမ္မတ ဒူတာတေးက ပြောကြားခဲ့သည်။ မစ္စတာဒူတာတေးသည် အနောက်နိုင်ငံများနှင့် ခေါင်းဆောင်များကို ရိုင်းစိုင်း ကြမ်းတမ်းသည့် အသုံးအနှုန်းများနှင့် ဝေဖန် ပြောဆိုတတ်သူအဖြစ် ဖိလစ်ပိုင်တွင် လူသိများ ထင်ရှားသူဖြစ်သည်။ သူသည် အမေရိကန် သမ္မတ အိုဘားမားကို မိန်းပျက်၏သား ဟု ခေါ်ဆိုခဲ့ပြီး ဥရောပ သမဂ္ဂကို မရိုးသား၊ မယုံကြည်ရသော အဖွဲ့အစည်းအဖြစ် ဝေဖန်ခဲ့ကာ သူ့ကိုယ်သူ ဟစ်တလာနှင့်နှိုင်းယှဉ်ပြီး မူးယစ်ဆေး စွဲနေသူများကို သန်းနှင့်ချီ သတ်ဖြတ်ရန် ဝန်မလေးကြောင်း ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။ Ref : BBC
Source : https://goo.gl/Kr40Ip
via IFTTT
Source : https://goo.gl/Kr40Ip
via IFTTT
MOI Webportal Myanmar
ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ နေပြည်တော် အောက်တိုဘာ ၂၈ ရန်ကုန်မြို့၌ အသက် (၃၂) နှစ်အရွယ်ရှိ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် ရှိသည်ဟု သံသယရှိသူ နိုင်ငံခြားသူ ကိုယ်၀န်ဆောင်အမျိုးသမီး တစ်ဦးကိုတွေ့ရှိခဲ့သဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဇီကာရောဂါ ဖြစ်ပွားလျှက်ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ယမန်နေ့က အတည်ပြုခဲ့သည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ယနေ့တွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၌ ဇီကာရောဂါနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာများ တက် ရောက်ခဲ့ကြသည်။ သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန အမြဲတမ်း အတွင်း၀န် ဒေါက်တာသက်ခိုင်၀င်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာစိုးလွင်ငြိမ်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် တို့က ဇီကာရောဂါနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ အများပြည်သူသိရှိလိုသည့် သတင်းအချက်အလက်များကို ထုတ်ဖော်ပြောကြား ခဲ့ပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သတင်း မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားကြသည်။ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနအမြဲတမ်း အတွင်း၀န် ဒေါက်တာ သက်ခိုင်၀င်းက ၀န်ကြီးဌာန အနေဖြင့် ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရန် ၂၀၀၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဋ္ဌာန်း ချက်များနှင့် အညီ အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ဂိတ်များနှင့် နယ်စပ်၀င်ထွက် ဂိတ်များ၌ သက်ဆိုင်ရာ နှီးနွယ်၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းများ အစဉ်တစိုက် ပူးပေါင်း ဆောင်ရွက်ခဲ့သည့်အတွက် အောင်မြင်မှုများစွာ ရရှိခဲ့ ပါကြောင်း ပြောကြားသည်။ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဇီကာရောဂါသည် ဇီကာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး အဆိုပါ ဗိုင်းရပ်စ်ပိုးအား သယ်ဆောင်သော အေးဒီးစ်အမျိုးအစား ခြင်ကျားကိုက်ခံရခြင်းကြောင့် ရောဂါကူးစက်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ အေးဒီးစ် ခြင်ကျားသည် နေ့အချိန်တွင် ပိုကိုက်ပြီး ၎င်းသည် ရေကြည် ရေသန့်တွင် ပေါက်ပွားကာ သွေးလွန်တုပ်ကွေးနှင့် ဆင်တုပ်ကွေး ရောဂါပိုးများကို သယ်ဆောင်ပေးသော ခြင်အမျိုး အစားလည်း ဖြစ်ကြောင်း။ ဇီကာရောဂါအတွက် ကာကွယ်ဆေးမရှိသေးဘဲ ရောဂါလက္ခဏာများ သက်သာ စေရန်အတွက်သာ ကုသပေးနိုင်သေးကြောင်း၊ ရောဂါဖြစ်ပွားလာပါက လူနာအနေဖြင့် ကောင်းစွာ အနားယူရန်နှင့် လတ်ဆတ်သော သစ်သီးဖျော် ရည်များနှင့် ရေများသောက် သုံးရန် လိုအပ်ကြောင်း၊ ဇီကာရောဂါသည် ပြင်း ထန်သော ရောဂါလက္ခဏာများ ဖြစ်ပွားလေ့မရှိသော်လည်း သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာ များနှင့် ဆင်တူသောကြောင့် အထက်ဖော်ပြပါ ရောဂါ လက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ သွားရောက်ပြသ၍ ကုသမှု ခံယူရန် လိုအပ်ပါကြောင်း။ ခြင်ကျားကိုက်ခံရပြီး ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်ပြီး အများဆုံး တွေ့ရှိရသည့် ရောဂါလက္ခဏာများမှာ ရုတ်တရက်ဖျားခြင်း၊ အရေပြားတွင် အနီရောင် အကွက်၊ အစက်များ ထွက်ခြင်း၊ မျက်သားနီ၍ ရောင်ရမ်းခြင်း၊ ကြွက်သားနှင့်အဆစ်အမြစ်များ နာကျင် ကိုက်ခဲခြင်း၊ မအီမသာ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စသည်တို့ဖြစ်ကာ ရောဂါလက္ခဏာများအား (၂) ရက်မှ (၇) ရက်အထိ ခံစားရနိုင်ကြောင်း၊ ဇီကာရောဂါနှင့် ရောဂါနောက် ဆက်တွဲ အဖြစ် ကိုယ်၀န်ဆောင် မိခင်များတွင် ဦးခေါင်းသေးငယ်သော ကလေးငယ်များ မွေးဖွား လာခြင်းတို့ ဆက်စပ်မှု ရှိ မရှိကို သက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစား လျှက်ရှိကြောင်း ပြောကြားသည်။ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုအခြေအနေဖြင့် လက်ရှိလူနာ၏ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှု များသည် ၀န်ကြီးဌာန၏ ကြပ်မတ်ကွပ်ကဲမှု အောက်တွင် ရှိမရှိနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက ကမ္ဘာ့နိုင်ငံအသီးသီးက အရေးပေါ် ကျန်းမာရေး ပြဿနာအနေဖြင့် ဇီကာရောဂါကို သတ်မှတ်ထားပါကြောင်း ၊ ထို့အတွက် မိမိတို့အနေဖြင့် ရောဂါဖြစ်ပွားသည် ဆိုပါက ၂၄ နာရီအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ချက်ချင်းသတင်းပို့ရ ပါကြောင်း၊ ယင်းကိစ္စကို လည်း မိမိတို့ သတင်းပို့ဆောင်ရွက်ပြီးဖြစ် ပါကြောင်း၊ နောက်တစ်ချက်မှာ သတင်းမီဒီ ယာများအနေဖြင့် ယခုကိစ္စ တစ်ခုတည်းကိုသာ သတင်းထုတ်ပြန်ခြင်းမျိုး ဆောင်ရွက် ပေးရန် မဟုတ်ဘဲ နောက်ဆက်တွဲအနေဖြင့် ပြည်သူလူထုသိရှိစေရန်အတွက် ပညာပေး နှိုးဆော်ချက်များကို ဆောင်ရွက်ပေးစေလိုပါကြောင်း။ ရောဂါဖြစ်ပွား၍ သေဆုံးနှုန်းကို တိုင်းတာသုံးသပ်ကြည့်မည်ဆိုပါက ကြက်ငှက် တုပ်ကွေးရောဂါသည် လူတစ်ရာဖြစ်ပွား ပါက ၆၇ ရာခိုင်နှုန်း သေဆုံးပါကြောင်း၊ ဆားစ် ရောဂါသည် ၁၀ ရာခိုင်နှုန်း သေဆုံးနိုင်ပါကြောင်း ၊ အီဘိုလာ ဗိုင်းရပ်ဆိုပါကလည်း ၂၀ မှ ၃၀ ရာခိုင်နှုန်းအထိ လူအသေအပျောက် ရှိနိုင်ပါကြောင်း ၊ သို့သော် ဇီကာရောဂါတွင်မူ သေဆုံးမှုနှုန်းသည် မရှိသလောက် သုည ရာခိုင်နှုန်း ဖြစ်ပါကြောင်း။ ဇီကာရောဂါ ဖြစ်ပွားလျှင် ဆေးရုံတက်၍ ကုသရမည်ဟုူသည့် သတ်မှတ်ချက်မျိုး မရှိကြောင်းနှင့် လူနာက တောင်းဆိုပါက မိမိတို့အနေဖြင့် ဆေးရုံတင်ကုသပေးရ မည်ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ပုံမှန် စစ်ဆေးမှုမျိုးကို ပြုလုပ်ပေးကြရ မည်ဖြစ် ကြောင်း၊ ယခုလူနာအနေဖြင့် မိမိတို့ကို သတင်းပို့ကာ ပူးပေါင်းဆောင် ရွက် နေသည့် အတွက် နေအိမ်၌ပင် ဆေး၀ါးကုသမှု ခံယူလျှက် ရှိပါကြောင်း၊ မိမိတို့ သတ်မှတ်ထားသည့် ရောဂါကူးစက်နိုင်ခြေရှိသည့် နှစ်ပတ်အတွင်း အိမ်မှာပင် နေစေကာ အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ လိုအပ်သည်များကို မိမိတို့၀န်ကြီးဌာန အနေဖြင့် ၀ိုင်း၀န်းပံ့ပိုး ဆောင်ရွက် လျက်ရှိနေပါကြောင်း ၊ ယခုလူနာသည် ရောဂါ ဖြစ်ပွားနေသည့် အခြားနို်င်ငံ တစ်ခုသို့ သွားရောက်စဉ်ကာလက ကူးစက်နိုင်ဖွယ်ရာ ရှိသည်ဟု မိမိတို့အနေဖြင့် ခန့်မှန်းတွက်ဆထားပါကြောင်း ပြောကြားသည်။ လူနာသွားလာခဲ့သည့် နေရာဒေသများ၊ လူနာ၏ လက်ရှိ နေထိုင်သည့် မြို့နယ်နှင့် နေရာဒေသများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်က မိမိတို့အနေဖြင့် သံသယဖြစ်ဖွယ်ရှိသည့် လူနာပေါင်း (၃၀)ကျော် ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုတွေ့ရှိသည့် လူနာသည် (၃၂) ဦးမြောက်ဖြစ်ပါကြောင်း၊ လူနာ အနေဖြင့် နေရာအနှံ့သွားလာခဲ့သည်မှန်သော် လည်း မိမိတို့အနေဖြင့် မြို့နယ်တစ်ခုတည်းကို ဦးတည်ကာ မဖော်ပြလိုကြောင်း၊ မြို့နယ်တိုင်းအနေဖြင့် Risk ရှိနေပါကြောင်း ၊ ထို့အတွက် ယခင် သွေးလွန်တုတ်ကွေး ရောဂါအဖြစ် များခဲ့သည့် နေရာများတွင် ခြင်ကျားနှိမ်နင်းရေးနှင့် ပိုးလောက်လန်း နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ (သတင်းစဉ်)
Source : http://ift.tt/2eZ9Myf
via IFTTT
Source : http://ift.tt/2eZ9Myf
via IFTTT
Thursday, October 27, 2016
Eleven Broadcasting
ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ဒုဦးစီးမှူးနှင့် အကြီးတန်းစာရေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့်ဖမ်းဆီး(ရုပ်သံ) ပြည်ထဲရေး အမည်ပေါက်ရွာမြေတိုးချဲ့ပေးဖို့အတွက် ရွာသားများနှင့်ကုမ္ပဏီထံမှ ငွေကြေးရယူခဲ့တယ် ဆိုပြီး ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်း စာရေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အောက်တိုဘာ ၂၆ရက်က အမှုဖွင့် ဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။
Source : http://ift.tt/2eVBlIM
via IFTTT
Source : http://ift.tt/2eVBlIM
via IFTTT
Kumudra
ရန်ကုန်၊ အောက်တိုဘာ ၂၃ – အခုအခါ ရန်ကုန်မြို့နယ်အချို့မှာ နေ့ချင်းရှင်းစနစ်နဲ့ အဆောင်တွေ ဖွင့်လာကြတာ တွေ့ရပါတယ်။ ပြည်ပကို သွားရောက်လုပ်ကိုင်ဖို့ ရန်ကုန်ကို လာပြီး သင်တန်းတက်နေသူတွေ သင်တန်းကျောင်းနဲ့ နီးတဲ့နေရာတွေမှာ အဆောင်ငှားနေကြတာ ဖြစ်ပါတယ်။ တစ်နေ့ကို ကျပ် ၁ဝဝဝ၊ ကျပ် ၁၅ဝဝ တွေနဲ့ နေခွင့်ပြုတဲ့အဆောင်တွေ၊ တစ်လကို ကျပ် ၁၅,ဝဝဝ နဲ့ ၂ဝ,ဝဝဝ ကြားပေးရ ပြီး နယ်ကလာ အလုပ်လုပ်ကြသူတွေ တစ်အိမ်တည်းမှာ ယောကျာ်းလေး၊ မိန်းက လေးစုပြီး နေကြရတာတွေလည်း ရှိတယ် လို့ သိရပါတယ်။ မြောက်ဒဂုံမြို့နယ်ရှိ အဆောင်ဖွင့်ထားရာ အိမ်အနီးနားနေသူတစ်ဦးဖြစ်တဲ့ ဦးမြင့်က “အဆောင်ဖွင့်ထားကြတာက ရပ်ကွက်နားမှာ၊ မလေးတို့၊ ထိုင်းတို့မှာ အလုပ်သွားလုပ်ဖို့ လျှောက်လို့ရတဲ့ သင်တန်း ကျောင်း ရှိတယ်၊ ဒီသင်တန်းကျောင်းကို လာတဲ့ နယ်ကလူတွေနေဖို့ထိုင်ဖို့ အခက် အခဲ ရှိရာကနေ ရပ်ကွက်ထဲမှာ အဆောင်ဖွင့်တာတွေ များလာတာ၊ တစ်နေ့ကို ဘယ် လောက်နဲ့ တစ်လကို ဘယ်လောက် ထမင်းစရိတ် အပြီးအစီးဆိုဘယ်လောက်ဆိုပြီး ငှားကြတယ်”လို့ ပြောပါ တယ်။ တိုက်ခန်းအငှားချထားသူတစ်ဦး ဖြစ်တဲ့ ဦးကိုနိုင်က “လွှတ်တော်မှာ ဆွေးနွေးတာတွေ့တယ်၊ အဆောင်ကိစ္စနဲ့ပတ်သက် ပြီး မြို့ထဲပိုင်းတွေမှာ စိစစ်ကြပ်မတ်ပြီး လုပ် ဆောင်နေတယ်လို့ ဖြေတာတွေရှိတယ်၊ မြို့တွင်း ဆက်စပ်မြို့နယ်တွေ၊ မြို့သစ်ပိုင်းတွေမှာလဲ ဖွင့်ပြီး စီးပွားဖြစ်လုပ်နေတာတွေရှိတာပဲ၊ မြို့ထဲပိုင်းမှာပဲ တချို့တွေဆို ၁၂ ပေခွဲ x ပေ ၅ဝ အခန်းတွေမှာ လူ ၁၂ ယောက်ကျော်လောက်အထိ နေနေကြရတာတွေရှိတယ်”လို့ ပြောပါတယ်။ မြို့ထဲပိုင်းတွေမှာလည်း တရားဝင် မဟုတ်ဘဲ ဖွင့်လှစ်တာတွေ ရှိပါတယ်။ အဆောင်ဖွင့်သူ တချို့က လမ်းဘေးတွေမှာ လက်ကမ်းစာစောင်တွေနဲ့ ကြော်ငြာတယ်။ စုံစမ်းကြည့်ရင် တကယ်နေမှ ပြောတာမျိုး၊ နေရာလိပ်စာပြတာမျိုးနဲ့ ပွင့်လင်းမှုမရှိပါ ဘူး။ အဆောင်နေသူတွေက တစ်ဦးတည်းနေသူတွေတင်မက လင်မယားတွေပါ နေထိုင်ကြတာတွေရှိတယ်။ အပြင်ဈေးကွက်မှာ အိမ်ငှားခတွေ မြင့်လာတာကြောင့် အဆောင်နေသူတွေက ပိုများလာတာလို့လည်း ပြောကြပါတယ်။ မတတ်သာလို့ လသာမြို့နယ်ရှိ အဆောင်နေသူ မသီတာအေးက “အဆောင်နေရတာက ညအိပ်ရုံလေး သဘောပဲရှိတာ၊ အရင်ကဆို အဆောင်မှာ ချက်ပြုတ်ခွင့်ရသေးတယ်၊ မီးကို သတ်မှတ်ချက်နဲ့ သုံးခွင့်ပြုကြသေးတယ်၊ ဒီနောက်ပိုင်း ဆိုးလာတာက ချက်ပြုတ် စားသောက်ခွင့်ပါ မပေးတော့တာတွေ၊ဘာဝန်ဆောင်မှုမှမရဘဲလစာကို ကျပ် ၂ဝ,ဝဝဝ ကျော် ၃ဝ,ဝဝဝ ဝန်းကျင် တစ်လကို ပေးနေရတယ်၊ မတတ်နိုင်သေးတဲ့ သူ တွေကတော့ အဆောင်မှာပဲတစ်လချင်းလစာပေး ပြီး နေကြရတာပဲ” လို့ ပြောပါ တယ်။ တချို့အဆောင်တွေမှာ ဝန်ဆောင်မှုတွေ ရေ၊ မီးသုံးရတာတွေနဲ့ နေခွင့်ရတဲ့ အ ကျယ်အဝန်းကအစ သက်သောင့်သက် သာ ရှိတာတွေလည်း ရှိပါတယ်။ တချို့ အဆောင်တွေကတော့ နေရတာ ကျပ်တည်းမှုတွေ ရှိတယ်လို့ သိရတယ်။ သည်တစ်ပတ် လွှတ်တော်မှာ ဆွေးနွေးစဥ်မှာတော့ မြို့တွင်းရန်ကုန်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှာ အခါအားလျော်စွာ အဆောင်တွေကို စိစစ်နေကြတယ်။ သတ်မှတ်ထားတဲ့ ပုဒ်မတွေနဲ့ ကြပ်မတ်စစ်ဆေးနေတယ်လို့ သိရ ပါတယ်။ အဆောင်နေသူတွေမှာလည်း အခက်အခဲတွေနဲ့ တချို့က အခွန်ပေးဆောင်ရတာတွေ ပါရှိလာရင် နေရသူတွေအတွက် အခက်အခဲတွေ ပိုရှိလာနိုင်စေတယ်လို့ သိရတယ်။ အိမ်ငှားမနေနိုင်ကြလို့ အဆောင် ငှားနေကြရာက အဆောင်ခတွေပါ အခွန်ကြောင့် ဈေးပိုတက်လာရင် ပိုပြီး ခက်ခဲလာမှာလို့ ပြောပါတယ်။ အဆောင်နေကြသူတွေက နယ်ကနေအလုပ်လာလုပ်တဲ့သူတွေ၊ တစ်ဦးတစ်ယောက်တည်းနေသူတွေ၊ အိမ်ငှားခမတတ်နိုင်တဲ့ လင်မယား၊ မိသားစုတွေ အမျိုးမျိုးရှိကြတာပါ။ ဥပဒေအရ စိစစ်ကြပ်မတ်မှုတွေ ပြု လုပ်တယ်ဆိုရင်လည်း တရားဝင်ဖွင့်ခွင့်မရှိ တဲ့ အဆောင်တွေကို ထိထိရောက်ရောက် အရေးယူလုပ်ဆောင်မှသာပပျောက်မှာလို့ ပြောကြပါတယ်။ အဆောင်ဖွင့်ပြီး စီးပွားရှာသူတွေအတွက် သတ်မှတ်ချက်တွေ၊ စည်းကမ်းချက်တွေထားပြီး ရပ်ကွက်အတွင်းမှာ ဖွင့်တာတွေကိုလည်း သေချာ စိစစ်သင့်တယ်လို့ သိရပါတယ်။ Author အေးမွန် Photo / မျိုးခိုင်
Source : http://ift.tt/2dZOPWl
via IFTTT
Source : http://ift.tt/2dZOPWl
via IFTTT
Eleven Broadcasting
ကမ္ဘာ့ပထမဆုံး ဧရာမပြင်ပလေထုသန့်စင်ကိရိယာကို ဒတ်ခ်ျတီထွင်သူများက ပြသ (ရုပ်သံ) ကမ္ဘာ့ပထမဆုံး ဧရာမပြင်ပလေထုသန့်စင်ကိရိယာလို့ဆိုတဲ့ စက်ပစ္စည်းကို ဒတ်ခ်ျတီထွင်သူတွေက ပြသခဲ့ပါတယ်။
Source : http://ift.tt/2f9wmsP
via IFTTT
Source : http://ift.tt/2f9wmsP
via IFTTT
Tuesday, October 25, 2016
The Voice
ရန်ကုန် အောက်တိုဘာ ၂၅ စမ်းချောင်းမြို့နယ် ပဏ္ဍိတလမ်းရှိ မြေညီထပ် တိုက်ခန်း တစ်ခု၌ အောက်တိုဘာ ၂၄ ရက် ည ၇ နာရီက ပုပ်ပွ သေဆုံးနေသော အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။ အဆိုပါ သေဆုံးသူမှာ ယင်းတိုက်ခန်းတွင် တစ်ဦးတည်း နေထိုင်သော ကိုနိုင်ငံငြိမ်းဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲရာမှ ရုတ်တရက် သေဆုံးခ့ဲခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ စမ်းချောင်းမြို့နယ် ရဲမှူး ဝင်းမြင့်ဦးက ပြောကြားသည်။ “သေဆုံးသူက မြေညီထပ်မှာ တစ်ယောက်ထဲ နေတယ်။ အပေါ်ထပ် တစ်လွှာမှာ သူ့မိဘတွေက နေကြတယ်။ စနေနေ့ ညနေအထိ သေဆုံးသူက အပေါ်ထပ်က မိဘတွေထံ လာပြီး ထမင်း စားခဲ့တယ်။ နောက်နေ့တွေမှာ လာမစားလို့ သူနေတဲ့ တိုက်ခန်းတံခါးသော့ ဖျက်ပြီး ဝင်ကြည့်ရာက အပုပ်နံ့ ထွက်နေတဲ့ သူ့အလောင်းကို တွေ့ခဲ့တာ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ပြင်ပ ဒဏ်ရာ မရှိဘဲ သေဆုံးနေသူ၏ ဘေးတွင် ဘိန်းဖြူဟု ယူဆရသော အမှုန့်များနှင့် အသုံးပြုထားသည့် ဆေးထိုးအပ် တစ်ချောင်းကို တွေ့ရှိခ့ဲပြီး ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကာ သေမှုသေခင်း အမှတ်စဥ် ၁ဝ/၂ဝ၁၆ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း စမ်းချောင်း မြို့မရဲစခန်းထံမှ သိရသည်
Source : https://goo.gl/jp4QUK
via IFTTT
Source : https://goo.gl/jp4QUK
via IFTTT
Eleven Broadcasting
မာဒူရိုအစိုးရက အာဏာသိမ်းယူမှုပြုလုပ်လိုက်ကြောင်း ဗင်နီဇွဲလား ပါလီမန်လွှတ်တော် ကြေညာ (ရုပ်သံ) အတိုက်အခံတွေ ဦးဆောင်ထားတဲ့ ဗင်နီဇွဲလားရဲ့ ဥပဒေပြုလွှတ်တော်က သမ္မတနီကိုလက်မာဒူရိုရဲ့ အစိုးရဟာ သူ့ကို ဖယ်ရှားရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲကို ဟန့်တားပိတ်ပင်ပြီး အာဏာသိမ်းမှုကျူးလွန်ခဲ့တယ်လို့ အောက်တိုဘာလ ၂၃ ရက်နေ့က ကြေညာခဲ့ပါတယ်။
Source : http://ift.tt/2e642Tu
via IFTTT
Source : http://ift.tt/2e642Tu
via IFTTT
MOI Webportal Myanmar
ကိုရီးယားနိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာသင်္ချာပြိုင်ပွဲအား မြန်မာကျောင်းသားကျောင်းသူများ ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ရန်ကုန် အောက်တိုဘာ ၂၃ ကိုရီးယားနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၂၃ ရက် မှ ၂၇ ရက်ထိ ပြုလုပ် မည့် နိုင်ငံတကာ သင်္ချာပြိုင်ပွဲဖြစ်သော World Mathematics Team Championship (WMTC) ပြိုင်ပွဲသို့ နိုင်ငံတကာသင်္ချာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် နေသည့် T&H MATHS CENTRE မှ မြန်မာ ကျောင်းသားကျောင်းသူများ ပထမဦးဆုံးအကြိမ်ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ နိုင်ငံတကာသင်္ချာပြိုင်ပွဲဖြစ်သော World Mathematics Team Championship (WMTC) ပြိုင်ပွဲမှာ တစ်နှစ်လျှင် နိုင်ငံတစ်နိုင်ငံစီ အလှည့်ကျလုပ်ဆောင်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ စတင်ကျင်းပခဲ့ကာ ယခု နှစ်တွင်လည်း မြန်မာနိုင်ငံရှိ အသက် (၁၁) နှစ်နှင့် (၁၅) နှစ်ကြား သင်္ချာထူးချွန်ကျောင်းသား ကျောင်းသူ များအား ပထမဦးဆုံးအနေဖြင့်ဖိတ်ခေါ်ခြင်းဖြစ် ကြောင်းနှင့် ခန့်မှန်းမြန်မာကျောင်းသား ကျောင်းသူ ဦးရေ ၂ဝ ကျော်သွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း T&H MATHS CENTRE မှသိရသည်။ T&H MATHS CENTRE တည်ထောင်သည့် ကျောင်းအုပ် ဆရာမ ဒေါ်နှင်းဆက်အေးက ''ဒီပြိုင်ပွဲဝင်ရောက်ကြမယ့် ကလေးများအတွက် လူရွေးချယ်ပြီးသွားပါပြီ။ ဒီကမ္ဘာ့အဆင့် နိုင်ငံတကာ သင်္ချာပြိုင်ပွဲမှာလည်း တိုက်ကြီး ခုနစ်တိုက်က ကလေးတွေအကုန် ဝင်ရောက်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ ကျွန်မတို ့မြန်မာနိုင်ငံအနေနဲ့ကတော့ ဒီနှစ်မှ စတင်သွားရောက်ယှဉ်ပြိုင်မှာပါ။ ''ဒီ WMTC ကလည်း ကျွန်မတို့ T&H MATHS CENTRE က ကျောင်းသား ကျောင်းသူ တွေကိုသာ ဖိတ်ခေါ်တာပါ၊ သင်္ချာထူးချွန် ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း တစ်ဦး ချင်းအလိုက်၊ နှစ်ယောက်တွဲအလိုက်နဲ့ အဖွဲ့ အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံက သင်္ချာ ထူးချွန်ကျောင်းသား ကျောင်းသူတွေ ဒီလိုနိုင်ငံ တကာသင်္ချာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း အားဖြင့် နိုင်ငံတကာက ကလေးတွေနဲ့ ဆက်ဆံခွင့် ရတယ်။ ပြီးတော့ နိုင်ငံတစ်နိုင်ငံကိုကိုယ်စားပြု ပြီး သွားကြတာဆိုတော့ သူတို့အချင်းချင်းတွေ့ဆုံကြ ရတယ်။ ကိုယ့်နိုင်ငံ၊ သူ့နိုင်ငံအကြောင်းတွေ ကို ဆွေးနွေးခွင့်ရတယ်ဆိုတော့ သူတို့ဘဝ တစ်သက်တာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ရရှိစေတော့မှာပါ'' ဟုပြောသည်။ အမေရိကန်နိုင်ငံမှ ဦးဆောင်ကျင်းပပေး နေသော နိုင်ငံတကာ သင်္ချာပြိုင်ပွဲမှာလည်း နှစ်စဉ် အောက်တိုဘာလ၌ ကျင်းပလေ့ ရှိကြောင်း၊ ပြင်သစ် နိုင်ငံမှ ဦးဆောင်ကျင်းပပေးနေသော ကမ္ဘာ့အကြီးဆုံး သင်္ချာပြိုင်ပွဲမှာလည်း နှစ်စဉ် မတ်လတွင် ပြုလုပ်လျက် ရှိကြောင်း၊စင်ကာပူနိုင်ငံမှ ဦးဆောင်ကျင်းပပေးနေသော ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံအများဆုံးသင်္ချာ ပြိုင်ပွဲမှာလည်း နှစ်စဉ်ဧပြီလ ၌ ပြုလုပ်နေကြောင်း သိရပြီး ထိုပြိုင်ပွဲများမှ ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆွတ်ခူး ရရှိသည့် ကျောင်းသား ကျောင်းသူများသည် တစ်နှစ် လျှင် အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်ကျင်းပသည့် Asia International Mathematical Olympiad နှင့် Singapore International Mathematical Olympiad Challenge ပြိုင်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့်ရရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၂ ရက်မှ ၆ ရက်ထိ ဟောင်ကောင်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် အာရှ သင်္ချာထူးချွန်သူ လူငယ်များတွေ့ဆုံပွဲ၊ ယဉ်ကျေးမှု ဖလှယ်ပွဲနှင့် သင်္ချာပြိုင်ပွဲ (Asia International Mathematical Olympiad)၌ မြန်မာနိုင်ငံမှ သင်္ချာထူးချွန်ကျောင်းသား ကျောင်းသူ ၄၅ ဦးသွား ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ၃၈ ဦး ဆုဆွတ်ခူးရရှိခဲ့ပြီး ရွှေတံဆိပ် တစ်ဆု၊ ငွေတံဆိပ် ခုနစ်ဆု၊ ကြေး တံဆိပ် ၃ဝ ဆွတ်ခူးရရှိခဲ့ကြောင်း၊ ဩဂုတ် ၁၂ ရက် မှ ၁၆ ရက်ထိပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ် ဖိတ်ခေါ်ပြိုင်ပွဲ (Singapore International Mathematical Olympiad Challenge)၌လည်း မြန်မာနိုင်ငံမှ သင်္ချာထူးချွန်ကျောင်းသား ကျောင်းသူ ၁ဝ ဦး သွား ရောက်ယှဉ်ပြိုင်ခဲ့ကြ ရာ ခြောက်ဦး ဆုဆွတ်ခူးရရှိခဲ့ ပြီး ရွှေတံဆိပ် တစ်ဆု၊ ငွေတံဆိပ် သုံးဆု၊ ကြေး တံဆိပ်နှစ်ဆုဆွတ်ခူးရရှိခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ထူးချွန်ကျောင်းသား ကျောင်းသူများ အတွက် ပြည်တွင်း၌ပုံမှန်ကျင်းပ နေသော သင်္ချာပြိုင်ပွဲများမှာလည်း လေးနှစ်တာ ကာလကို လေးကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ စိုးဝင်း(MLA)
Source : http://ift.tt/2eA17FY
via IFTTT
Source : http://ift.tt/2eA17FY
via IFTTT
Monday, October 24, 2016
The Voice
တောင်ကိုရီးယားမှ Galaxy Note 7 ဝယ်ယူခဲ့သူများကို ပိုမြင့်သည့် ဖုန်းနှင့် လဲလှယ်နိုင်မည့် အစီအစဉ်တစ်ရပ် ဆမ်ဆောင်း ကမ်းလှမ်း Galaxy Note 7 ဖုန်း မီးလောင်ပေါက်ကွဲမှုတွေကြောင့် အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတဲ့ ဆမ်ဆောင်းကုမ္ပဏီဟာ တောင်ကိုရီးယား နိုင်ငံက Galaxy Note 7 ဖုန်းဝယ်ယူထားတဲ့သူတွေ အတွက် မော်ဒယ်လ်ပိုမြင့်တဲ့ ဆမ်ဆောင်းဖုန်းအသစ်နဲ့ လဲလှယ်ရယူနိုင်မယ့် အစီအစဉ်တစ်ရပ်ကို ကမ်းလှမ်းလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက Galaxy Note 7 ဖုန်းကို ဝယ်ယူခဲ့ပြီး Galaxy S7၊ S7 edge တို့နဲ့ ပြန်လည်လဲလှယ်ခဲ့ရသူတွေ အနေနဲ့ လာမယ့်နှစ်မှာ ထွက်ရှိမယ့် Galaxy S8 ဒါမှမဟုတ် Note 8 တို့ကို ကုန်ကျစရိတ် သက်သက်စွာနဲ့ လဲလှယ်နိုင်မယ့် အခွင့်အရေးကို ဆမ်ဆောင်းက ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ S8 ဒါမှမဟုတ် Note 8 နဲ့ လဲလှယ်မရယူခင်မှာ S 7၊ S7 Edge တို့ရဲ့ တန်ဖိုး တစ်ဝက်ကိုတော့ ပေးသွင်းဖို့ လိုမယ်လို့ ဆမ်ဆောင်းက ပြောကြားခဲ့ပါတယ်။ ဆမ်ဆောင်းဟာ Galaxy Note 7 ဖုန်းတွေမှာ မီးလောင်ပေါက်ကွဲမှု ပြဿနာကို ပြင်ဆင်နိုင်ဖို့ မကြိုးစားတော့ဘဲ ယင်းဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကာ အဆိုပါ ဖုန်းဝယ်ယူထားသူတွေကို ပိုက်ဆံပြန်အမ်းတာ၊ S7 နဲ့ လဲလှယ်ပေးတာတွေ လုပ်ဆောင်လျက် ရှိပါတယ်။ ဆမ်ဆောင်းကုမ္ပဏီဟာ Note 7 ပြဿနာကြောင့် လက်တလောမှာ ကုမ္ပဏီတန်ဖိုး ကြီးကြီးမားမား ကျဆင်းမှုနဲ့ ကြုံတွေ့နေရပါတယ်။ Ref: CNA
Source : https://goo.gl/wAjFB3
via IFTTT
Source : https://goo.gl/wAjFB3
via IFTTT
The Voice
‘ဝ’ အဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် မိုင်းလားမြို့နှင့် မိုင်းယန်းမြို့ ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ကျိုင်းတုံမြို့သို့ တိမ်းရှောင် ကျိုင်းတုံး၊ အောက်တိုဘာ ၂၄ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ တပ်စခန်းများကို ဝင်ရောက်သိမ်းပိုက် တပ်စွဲထားသည့် ‘ဝ’ လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ စစ်ရေးတင်းမာမှု ဖြစ်ပေါ်လာခြင်းကြောင့် မိုင်းလားမြို့နှင့် မိုင်းယန်းမြို့များရှိ ဒေသခံများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများသည် အောက်တိုဘာ ၂၄ ရက်နေ့က ကျိုင်းတုံမြို့သို့ ထွက်ပြေး တိမ်းရှောင်လာကြသည်။ မိုင်းလားဒေသရှိ စစ်စခန်းများကို သိမ်းပိုက်တပ်စွဲထားသည့် ‘ဝ’ တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၂၄ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် တပ်မတော်က ညွှန်ကြားထားသည့်အပြင် နယ်စပ်တစ်လျှောက်ရှိ မော်တော်ကားလမ်းများကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက တပ်မတော်နှင့် ‘ဝ’ တပ်ဖွဲ့များက ပိတ်ဆို့ထားထားလိုက်ပြီ ဖြစ်သည်။ “ ‘ဝ’ တပ်ဖွဲ့က တန့်ယန်းမြို့ နယ်စပ်ပေါက်တွေကို ပိတ်လိုက်တဲ့အပြင် အဲဒီဒေသမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို မောင်းထုတ်တယ်။ တပ်ကလည်း မိုင်းလားလမ်းနဲ့ မိုင်းယန်းလမ်းအပြင် မိုင်းယုလမ်းတွေပါ ပိတ်လိုက်တော့ အားလုံးက စစ်ဖြစ်မှာ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတာပါ” ဟု အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။ နယ်စပ်လမ်းကြောင်းများ ဖြစ်သည့် ကျိုင်းတုံ-မိုင်းလားလမ်း၊ ကျိုင်းတုံ-မိုင်းယန်းလမ်းနှင့် မိုင်းယောင်း-မိုင်းယု လမ်းများကို စစ်ရေးအခြေအနေအရ အောက်တိုဘာလ ၂၃ ရက်က စတင်ပြီး ခေတ္တဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်း ဖြစ်ကြောင်း၊ တပ်မတော်အနေနှင့် နယ်စပ်လုံခြုံရေးအတွက် အပြည့်အဝ စီမံဆောင်ရွက်ထားသည့်အပြင် ရဲတပ်ဖွဲ့ အနေနှင့်လည်း နယ်စပ်မြို့များရှိ ရဲစခန်းများ အလစ်အငိုက် တိုက်ခိုက်ခံရခြင်း မရှိစေရန် စီမံဆောင်ရွက်ထားကြောင်း ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က ဆိုသည်။ “ဒီနေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရမယ်လို့ တိုင်းစစ်ဌာနချုပ်က ညွှန်ကြားထားပေမယ့် ဆုတ်ပေးမယ်၊ မပေးဘူး ဆိုတာကို အထက်က မဆုံးဖြတ်သေးဘူး။ အရင်ကဆို ဒီထက်တောင် တင်းမာမှုဖြစ်ပြီး တုံတာနားအထိ ကျွန်တော်တို့တပ်ဖွဲ့တွေ ရောက်ပေမယ့် တိုက်ပွဲမဖြစ်ခဲ့ပါဘူး။ အခုလဲ စစ်မဖြစ်နိုင်လောက်သလို မဖြစ်ပါစေနဲ့ပဲ ဆုတောင်းတယ်” ဟု ကျိုင်းတုံမြို့‘ဝ’ အထူးဒေသ (၂) ဆက်ဆံရေးရုံး တာဝန်ခံ ဦးအားမင်က ယနေ့ ညနေ ၄ နာရီခန့်တွင်The Voice သို့ ပြောကြားသည်။ အဆိုပါ ‘ဝ’ အထူးဒေသ (၂) လက်နက်ကိုင် တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၈ ရက်က မိုင်းလားအထူးဒေသ (၄) ရှိ တပ်စခန်းများ ဖြစ်သည့် လွယ်ဆမ်ဆုံ၊ လွယ်ကျူဆိုင်းနှင့် ဝမ့်နောင်ဟုတ် စခန်းများကို ဝင်ရောက်သိမ်းပိုက် တပ်စွဲခဲ့၍ နှစ်ဖက်လက်နက်ကိုင်များ အချင်းချင်း ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း အဆင်ပြေမှု မရရှိခဲ့ပေ။
Source : https://goo.gl/i0pB3w
via IFTTT
Source : https://goo.gl/i0pB3w
via IFTTT
The Voice
အမုန်းစကားများ ပြောကြားခဲ့သည့် ထရမ့်၏ စကားများကို Facebook မှ ဖယ်ရှားမည် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ ပြောစကားများသည် အမုန်းစကားများ ဖြစ်နေသောကြောင့် Facebook ဝန်ထမ်းများက ဖယ်ရှားပစ်ရန် ကြိုးစားနေကြကြောင်း Facebook ၏ ထုတ်ပြန်ချက်ကို The Wall Street Journal သတင်းတွင် ဖော်ပြထားသည်။ Facebook မှ ဝန်ထမ်းအချို့က ထရမ့်၏ ပြောဆိုမှုများသည် မွတ်ဆလင်များကို စော်ကားသည့် ပြောဆိုမှုများ ဖြစ်နေကြောင်း ဝေဖန်နေသဖြင့် အမုန်းစကားများအဖြစ် သတ်မှတ်ပြီး မိမိတို့ ဆိုရှယ်မီဒီယာပေါ်မှ ဖယ်ရှားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
Source : https://goo.gl/xarwMc
via IFTTT
Source : https://goo.gl/xarwMc
via IFTTT
Sunday, October 23, 2016
Eleven Media Group
၂၀၁၆ ခုနှစ်အတွင်း အာဖဂန်နိုင်ငံထဲ၌ ဘိန်းစိုက်ပျိုးမှု ၁၀ ရာခိုင်နှုန်း ခုန်တက်လာကြောင်း ကုလသမဂ္ဂ ထုတ်ပြန် ယခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် ၁၀ ရာခိုင်နှုန်း ခုန်တက်လာခဲ့သည်ဟု ကုလသမဂ္ဂက အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အာဖဂန်နိုင်ငံထဲ၌ မတည်ငြိမ်မှုများ မြင့်တက်လာပြီး နီကိုတင်း တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ၏ ထောက်ပံ့မှုများ လျော့ကျလာစဉ် ယခုကဲ့သို့ အာဖဂန်ဘိန်းစိုက်ပျိုးမှုများ ရုတ်ချည်း မြင့်တက်လာခြင်းဖြစ်သည်။ အမေရိကန် ဦးဆောင်သော နီကိုတင်း တိုက်ဖျက်ရေး စီမံကိန်းများတွင် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့သော်လည်း ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း တာလီဘန်တို့၏ သူပုန်ထမှုအတွက် လောင်စာဖြစ်သော ဘိန်းစိုက်ပျိုးမှုမှာ များပြားနေဆဲဖြစ်သည်။ သို့သော် ယခင်နှစ်ကမူ မိုးခေါင်မှုကြောင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားခဲ့ရသည်။ ယခုနှစ်တွင် ဘိန်းစိုက်ပျိုးမှုမှာ တစ်ဖန်ပြန်လည် မြင့်တက်ခဲ့သဖြင့် အာဖဂန်၏ ဘိန်းထုတ်လုပ်မှုသည် ခန့်မှန်းခြေ ၄၃ ရာခိုင်နှုန်း မြင့်တက်လာပြီး တန်ချိန် ၄၈၀၀ အထိ ရှိလိမ့်မည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုရေးရာဌာန (UNODC) ၏ အစီရင်ခံစာထဲတွင် ဖော်ပြထားခဲ့သည်။ ဆက်လက်ဖတ်ရှုရန်
Source : http://ift.tt/2eGYPB8
via IFTTT
Source : http://ift.tt/2eGYPB8
via IFTTT
The Voice
ရုပ်ရှင်ခံစားမှု War Witch War Witch ဆိုတဲ့ စစ်ကဝေမလေး ဘွဲ့အမည် ရထားသည့် Komona လို မိန်းကလေးငယ်လေးအတွက် အခုလို ယမ်းခိုး တဝေဝေ သွေးပွက်ရဲရဲတွေအကြား ဘယ်လိုများ ဖြတ်သန်းနေသလဲဆိုတာ သူမကိုယ်တိုင်ပင် မေ့ချင်ယောင်ဆောင်ထားသလား နိုးလျက်နဲ့ အိပ်မက်မက်နေသူ တစ်ယောက်လိုများ နေထိုင်နေသလား ဆိုတာတော့ မပြောတတ်ပေ။ ဂိုဏ်းဂဏ ကွဲပြားနေကြသည့် အာဖရိက ပြည်တွင်း စစ်ပွဲကာလမှာ တံငါသည်မိဘ နှစ်ပါးဖြစ်သူက သမီးကလေး Komona ကို မွေးဖွားခဲ့ပါသည်။ သူတို့ နေထိုင်နေရာအရပ်က မည်သည့် အစိုးရဖြစ်သူ၏ သြဇာခံ နယ်မြေ။ မည်သည့် ဆန်ကျင်နေသူတွေရဲ့အသိမ်းပိုက်ခံရမည့် နယ်မြေ တစ်ခုလဲဆိုတာ သူတို့အားလုံး ကွဲကွဲပြားပြား မသိကြပါ။ Komona အသက် ဆယ့်နှစ်နှစ် အရွယ်မှာပင် သူပုန်တပ်သား ဆိုသူတွေ သူတို့ရိပ်မြုံ ကလေးဆီ ရောက်လာသည်။ လူသတ် လက်နက် အမြောက်အမြားဖြင့် ဓါးမတို တစ်ချောင်းပင် အိမ်တိုင်း မရှိသော သူတို့ ရွာကလေးထဲကို ကျည်ဆန်မိုးတွေ ရွာသွန်းဖြိုးတော့သည်။ Komona တစ်ယောက် အသက် မပျောက်ခဲ့သော်လည်း ရွာကလေးထဲက ရပ်ဆွေ ရပ်မျိုးတွေကတော့ အတုံးတုံး အရုံးရုံး သေကုန်ရှာပြီ။ တိုက်ခိုက်တဲ့ လူတွေကိုလည်း ကြည့်ကြည့်လိုက်တော့ ရင်နင့်ဖွယ် ကောင်းလွန်း၏။ သူမလို အရွယ်ကလေးတွေ ဖြစ်ပါသည်။ နုနယ်လှသည့် အရွယ်တွေ ဖြစ်ပေမယ့် အနိဌာရုံများအကြားဝယ် နှစ်ရှည်လများ ယဉ်ပါးခဲ့ပြီ ဖြစ်ပုံရ၏။ မျက်လုံးများသည် မြွေဟောက်၏ သူငယ်အိမ်များသဖွယ် လှုပ်ရှားမှု ကင်းမဲ့လျက်။ ခံစားမှု ကင်းမဲ့လျက်။ Komona ကို သူပုန်ခေါင်းဆောင်ကြီးက သေနတ်ထိုးပေးပြီး မသေသေးပဲ ရှိနေသည့် မိဘနှစ်ပါးအား ပစ်သတ်ခိုင်း၏။ အကယ်၍ မသတ်ပဲ ငြင်းဆန်လိုက်လျှင်လည်း သူပုန်ခေါင်းဆောင်၏ ဓါးဖျားအောက်ဝယ် လည်ချောင်းသွေးတွေ ပန်းထွက်ကုန်မှာ သေချာသည်။ ကလေးမလေး Komona တစ်ယောက် အော်ဟစ်ပြီး ငိုယိုသည်။ နုနယ်လှသည့် သူမအတွေး အိမ်ဝယ် ဘာကို ရွေးချယ်ရမှန်း မသိသေး။ မိဘနှစ်ပါး၏ မျက်နှာကို ကြည့်လိုက်။ သူပုန်ဗိုလ်ဆိုသူ၏ မျက်နှာကို ကြည့်လိုက်နှင့် တုံဏှိဘာဝေ ဖြစ်နေရှာသည်။ နောက်ဆုံးမှာတော့ ယမ်းငွေ့ဝေနေသော ရွာကလေးထဲမှာ အေကေ မောင်းပြန်ရိုင်ဖယ်၏ ကသောကမျောနိုင်လှသည့် ပေါက်ကွဲသံအချို့ ထွက်ပေါ်လာလေသည်။ ထို့နောက်မှာ Komona တစ်ယောက် သူပုန်ဗိုလ်ကျားကြီး၏ ကလေးတပ်သား တစ်ယောက် ဖြစ်သွားရလေသည်။ အစိုးရတပ်နှင့် ချုံခိုတိုက်ပွဲ ဖြစ်ပွားစဉ်မှာ Komona က ဝိဉာဉ်အရိပ်များကို တွေ့မြင်ပြီး အော်ဟစ်ခဲ့ရာကနေ အသက်ဘေးက လွတ်မြောက်ခဲ့ကြသည်။ ထိုအဖြစ်အပျက်မှာ သူပုန်ဗိုလ်ကျားကြီးဆီကို ပေါက်ရောက်သွားခဲ့ပြီး အကြားအမြင်ရှိသူ စစ်ကဝေမလေးအဖြစ် ဂုဏ်ပြုခြင်း ခံရလေသည်။ တပ်ထဲမှာ နေထိုင်ရင်း အတူနေ မှော်ဆရာဟု ခေါ်ဝေါ်ကြတဲ့ Albinism အနွယ်ဖွား အသားဖြူဖြူ စပ်စပ်အဆင်း ရှိသည့် ကောင်လေး တစ်ယောက်နှင့် မိတ်ဆွေ ဖြစ်ခဲ့ကြသည်။ ကျားကြီး၏ လူမဆန်သော နှိပ်စက်မှုများ။ စစ်ပွဲ၏ သွေးဆုတ်ဖွယ် ဖြစ်ရပ်များကို ထပ်ဖန်တလဲလဲ ကြုံလာသည့် အခါမှာတော့ သူတို့နှစ်ဦးသား မရပ်တည်နိုင်ကြတော့။ မှော်ဆရာလေးနှင့်အတူ ထွက်ပြေးခဲ့တော့သည်။ မှော်ဆရာလေးက သူမအပေါ် အရမ်းဂရုစိုက်သလို သံယောဇဉ်လည်း ကြီးရှာသည်။ ခရီးလမ်းကြောင်း တစ်လျှောက်လုံး သူနှင့်အတူ သွားရတာ ပျော်စရာ အရမ်း ကောင်းလွန်းလှ၏။ အရင်က ဖြစ်ခဲ့သော အတိတ်ဆိုးတွေကိုပင် မေ့သွားရ၏။ မှော်ဆရာလေးက သူမအပေါ် ချစ်လွန်း၍သာ အသက်စွန့် ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ အစွဲအလန်း ယုံကြည်မှု အားကြီးလွန်းလှသည့် သူပုန်ဗိုလ်ကျားကြီးသည် သူ့ရဲ့ လက်စွဲတော် မှော်ကဝေမလေးအား လက်လွတ်ခံမည် မဟုတ်ပါ။ ထို့သို့သော အခြေအနေမျိုးမှာ သူမတို့ နှစ်ဦးသား ဘဝသည် ဘာတွေ ဆက်ဖြစ်နိုင်မှာလဲ။ 2012 ခုနှစ်က ဖြန်ချိခဲ့သော အာဖရိကဒေသ၏ အဖြစ်အပျက်များအား အခြေခံ ရိုက်ကူးထားသည့် ယခု ရုပ်ရှင်သည် ဥရောပနိုင်ငံ အများအပြားက ရုပ်ရှင်ပွဲတော်များတွင် ဆုတံပေါင်း များစွာဖြင့် အောင်ပွဲခံနိုင်ခဲ့သလို ရှစ်ဆယ့်ငါးကြိမ်မြောက် အော်စကာ ဆုနှင်းသဘင်မှာလည်း ဆန်ကာတင်စာရင်း ငါးဆုအထိ ပါဝင်ခွင့် ရခဲ့သည့် ဇာတ်ကား တစ်ကား ဖြစ်ပါသည်။ အထူးသဖြင့် Komona နေရာကနေ သရုပ်ဆောင်ခဲ့သော Mwanza မှာ အထူးပင် ချီးကျူး ဂုဏ်ပြုမှုကို ရရှိခဲ့ပါသည်။ ယခုဇာတ်ကား War Witch ကို ရိုက်ကူးဖို့ရာ သူမကို ရွေးချယ်လိုက်ချိန်မှာ အသက် ဆယ့်သုံးနှစ် သာသာပဲ ရှိသေးသည်။ ကွန်ဂိုနိုင်ငံဖွား သူမကို ဒါရိုက်တာဖြစ်သူနှင့် ထုတ်လုပ်သူတို့ တွေ့ရှိချိန်မှာ လမ်းပေါ်နေ လမ်းပေါ်စားတဲ့ ကလေးမလေး တစ်ယောက်သာ ဖြစ်သည်။ စာလည်း မသင်ခဲ့ရတော့။ စာလည်း မဖတ်တတ်။ ရိုက်ကူးချိန်မှာ ရုပ်ရှင်အဖွဲ့သားတွေက စာသင်ပေးခဲ့ရသည်။ War Witch ဇာတ်ကားဖြင့် အောင်မြင်သွားပြီးသည့် နောက်မှာတော့ Mwanza ၏ ဘဝမှာ ပြောင်းလဲသွားပေပြီ။ ရုပ်ရှင်လောကသားတိုင်း အားကျ စိတ်ကူးယဉ်ကြသည့် ဟောလိဝုဒ် အော်စကာ စင်မြင့်ဆီကို တက်ရောက်ခွင့် ရရန်အတွက်ပင် တစ်လေးတစ်စား ဖိတ်ကြားခွင့်ကို ရရှိခဲ့တော့သည်။ War Witch ရုပ်ရှင်သည် ကမ္ဘာတစ်လွှားက စစ်ပွဲ မီးတောက်များ၏ ပြယုဂ်တို့ကို သဘာဝ အကျဆုံး ပြကွက်များဖြင့် မီးမောင်းထိုးပြ နိုင်ခဲ့ပါသည်။ Komona ဆိုသော စစ်ပွဲဓါးစာခံ မိန်းကလေးသည် ကျွန်တော်တို့ ကမ္ဘာကြီး၏ တရားမျှတသည်ဆိုသော စစ်ပွဲများအတွက် ပြဆိုရာ နိမိတ်ပုံ တစ်ခုဖြစ်သည်။ မီးလျှံများရဲ့ အပြိုင်လောင်ကျွမ်းမှုများ၏ အဆုံးသတ် သက်သေခံ ပြာမှုန်အပိုင်းအစ ကလေးတစ်ခုဟု သတ်မှတ်လို့ ရသည်။ ကမ္ဘာကြီးအတွင်းက လူသားများသည် မည်မျှအထိ လောင်ကျွမ်းကြဦးမှာလဲ။ အဘယ်သို့သော အချိန်အခါကြမှ ရပ်တန့် ငြိမ်းသတ်ပစ်ကြမှာလဲ ဆိုတာတော့။ War Witch ရုပ်ရှင်ထဲက အကြားအမြင်ရသည်ဟု ဆိုတဲ့ စစ်ကဝေမလေး Komona လည်း သိနိုင်မည်မဟုတ်။ ကျွန်တော်တို့လည်း သိနိုင်သေးမည် မဟုတ်တာတော့ လုံးဝ သေချာသည်။ ညီလင်းအိမ်
Source : https://goo.gl/LmXgqD
via IFTTT
Source : https://goo.gl/LmXgqD
via IFTTT
Eleven Broadcasting
■ ပရီမီးယားလိဂ် ပွဲစဉ် (၉) ချယ်လ်ဆီး - မန်ယူ အောက်တိုဘာ ၂၃ ရက်နေ့ ည ၉း၃၀ နာရီတွင် ယှဉ်ပြိုင်ကစားမည့် ချယ်လ်ဆီးအသင်း နှင့် မန်ယူအသင်းတို့၏ ပွဲစဉ်ကို Eleven Sports မှ အယ်ဒီတာချုပ် ကိုမြတ်ထွဋ်၀င်းနှင့် အကြီးတန်း အယ်ဒီတာ ကိုနန္ဒဝန်ငြိမ်းချမ်း တို့မှ သုံးသပ်တင်ပြထားပါသည်။
Source : http://ift.tt/2eH6HUD
via IFTTT
Source : http://ift.tt/2eH6HUD
via IFTTT
Eleven Broadcasting
ငါးနှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းထားခဲ့သည့် ဓားစာခံတွေအား ဆိုမာလီ ပင်လယ်ဓားပြများ ပြန်လွှတ်ပေး (ရုပ်သံ) အောက်တိုဘာ ၂၂ရက်နေ့က ဆိုမာလီပင်လယ်ဓားပြတွေဟာ ငါးနှစ်နီးပါးလောက် ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အာရှလူမျိုး ဓားစာခံ ၂၆ ဦးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Source : http://ift.tt/2ewdct3
via IFTTT
Source : http://ift.tt/2ewdct3
via IFTTT
Eleven Broadcasting
ပရီမီးယားလိဂ် ပွဲစဉ် (၉) (ရုပ်သံ) မန်စီးတီး - ဆောက်သမ်တန် အောက်တိုဘာလ (၂၃)ရက်နေ့ ည ၇း၀၀ နာရီတွင် ယှဉ်ပြိုင်ကစားမည့် မန်စီးတီး အသင်း နှင့် ဆောက်သမ်တန် အသင်းတို့၏ ယှဉ်ပြိုင်ကစားကြပုံကို eleven sports မှ အယ်ဒီတာချုပ် ကိုမြတ်ထွဋ်၀င်း နှင့် အကြီးတန်းအယ်ဒီတာ ကိုနန္ဒဝန်ငြိမ်းချမ်း တို့၏ သုံးသပ်တင်ပြချက်။
Source : http://ift.tt/2ewbnwj
via IFTTT
Source : http://ift.tt/2ewbnwj
via IFTTT
The Voice
ရွန်နေးကို တရုတ်စူပါလိဂ် ကလပ်က တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းဖြင့် ထပ်မံ ကမ်းလှမ်းမည် တရုတ်စူပါလိဂ် ကလပ်မှာ နည်းပြလုပ်နေတဲ့ အင်္ဂလန် နည်းပြဟောင်း ဆဗန်ဂိုရန် အဲရစ်ဆင်က မန်ယူအသင်း ခေါင်းဆောင် ရွန်နေးကို ခေါ်ယူဖို့ နောက်ထပ် တစ်ခါ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ လာမယ့်နှစ်ကုန်မှာ ရွန်နေးအတွက် ကမ်းလှမ်းမှုကို နောက်တစ်ကြိမ် ထပ်လပ်သွားဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ယခုနှစ် အစောပိုင်းမှာ နည်းပြအဲရစ်ဆင်ရဲ့ ရှန်ဟိုင်း အက်စ်အိုင်ပီဂျီ ကလပ်က ရွန်နေးကို တစ်ပတ်လုပ်ခ ပေါင် ငါးသိန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ရွန်နေး ကိုယ်တိုင်က မန်ယူအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမယ့် မော်ရင်ညို ရောက်လာပြီးနောက်ပိုင်း ရွန်နေးဟာ ပွဲထွက်ခွင့် ပျောက်ဆုံးလာတဲ့အတွက် ရှန်ဟိုင်းကလပ် အသင်းက နောက်တစ်ကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရွန်နေးအတွက် စုစုပေါင်း ပေါင်သန်း ၈၀ ခန့် အကုန်ကျခံပြီး အဆိုပါ တရုတ်စူပါလိဂ်ကလပ်က ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြပါတယ်။ လက်ရှိမှာတော့ ရွန်နေးအတွက် လစာငွေ အပါအဝင် အခြားသော ကမ်းလှမ်းမှုတွေမှာ တရုတ် စူပါလိဂ်ကလပ် ရှန်ဟိုင်း အသင်းကို ယှဉ်နိုင်တဲ့အသင်း မရှိပဲ ဖြစ်နေပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ရွန်နေးဟာ ဂျာရတ်နဲ့ လမ်းပတ်တို့လို အမေရိကန် မေဂျာလိဂ် ကလပ်တွေဆီ ပြောင်းရွှေ့ဖို့လည်း ရွေးချယ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Source : https://goo.gl/uNdqEL
via IFTTT
Source : https://goo.gl/uNdqEL
via IFTTT
The Voice
နေမာကို ရေဘူးနဲ့ပေါက်တဲ့ ပြိုင်ဘက် ပရိသတ်တွေကို ဆဲရေး တိုင်းထွာခဲ့တဲ့ မက်ဆီ ဗလန်စီယာ အသင်းကို ဘာစီလိုနာ ၃-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဗလန်စီယာ ပရိသတ်တွေကို မက်ဆီက ဆဲရေး တိုင်းထွာခဲ့ကြောင်း သိရပါတယ်။ ပွဲပြီးခါနီး နာကျင် အချိန်ပိုရောက်မှ ဘာစီလိုနာ အသင်းက ပင်နယ်တီ ရခဲ့တာဖြစ်ပြီး အဲဒီပင်နယ်တီကို မက်ဆီက ကန်သွင်းယူခဲ့ပါတယ်။ နာကျင်အချိန်ပို ပင်နယ်တီကြောင့် ဘာစီလိုနာအသင်း အနိုင်ရခဲ့တာ ဖြစ်ပြီး ဗလန်စီယာအသင်း ပရိသတ်တွေ အနီးမှာ အောင်ပွဲခံနေစဉ် ပရိသတ်ထဲက တစ်ဦးက ရေဘူးနဲ့ ပေါက်လိုက်လို့ နေမာရဲ့ မျက်နှာကို ထိမှန်ခဲ့ပါတယ်။ မျက်နှာကို ရေဘူးမှန်သွားတဲ့ နေမာ လဲကျသွားတာကို တွေ့လိုက်ရပြီးနောက် မက်ဆီဟာ ဒေါသထွက်ပြီး ပရိသတ်တွေဘက်လှည့် ကြိမ်းမောင်း ဆဲဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ မက်ဆီက စပိန်ဘာသာစကားနဲ့ “la concha de sus madres, hijos de puta” လို့ ပရိသတ်တွေဘက်ကို လက်သီး ဆုတ်ပြကာ ဆဲရေးခဲ့တာဖြစ်ပြီး “အပျက်မသားတွေ၊ နင့်အမေ _____”လို့ အဓိပ္ပါယ်ရတဲ့ စကား ဖြစ်ပါတယ်။ ဗလန်စီယာနဲ့ပွဲစဉ်မှာ အင်နီယေစတာ ဒဏ်ရာ ရရှိခဲ့ပြီး အဲဒီဒဏ်ရာကြောင့် နှစ်လခန့် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ် ဖြစ်ပွားပြီးနောက် မက်ဆီဟာ ဗလန်စီယာ ပရိသတ်တွေဘက်လှည့်ပြီး အနမ်းခြွေ အောင်ပွဲခံခဲ့ပါသေးတယ်။
Source : https://goo.gl/DGoeQv
via IFTTT
Source : https://goo.gl/DGoeQv
via IFTTT
The Irrawaddy - Burmese Edition
ဟိုင်းကြီးကျွန်းမြို့ခံများ မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းဗဟိုချက်မှာ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီး ရောက်ရှိနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည့်အတွက် ဟိုင်းကြီးကျွန်းအခြေစိုက် ရေတပ်နှင့် ဒေသအာဏာပိုင်များက ကြိုတင် သတိပေးချက်များ ထုတ်ပြန်နေကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒဌာနကလည်း ယနေ့နံနက် ၁၁း၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာ့ကမ်းရိုး တန်း(မြစ်ဝကျွန်း ပေါ်)နှင့် နီးကပ်လာသည့်အတွက် ဆီသို့ ဦးတည်ရွေ့လျားလျှက်ရှိနေပြီးအနီရောင် အဆင့် သတ်မှတ်ထား ကြောင်း သတင်းထုတ် ပြန်ထားသည်။ “ကျနော်တို့ဆီမှာ မနက်ပိုင်းကတော့ မိုးဖွဲဖွဲရွာပြီးတော့ အခု နေ့လည်ပိုင်းမှာ မိုးမရွာတော့ဘူး။ လေလည်း မတိုက်တော့ဘူးဖြစ်နေတယ်။ မြို့က အုပ်ချုပ်ရေးဌာနနဲ့ စစ်တပ်ကတော့ မုန်တိုင်းသတိပေးချက် တွေ မြို့ထဲမှာ လော်စပီကာနဲ့ လိုက်အော်နေတယ်။ကမ်းနားဘက်ခြမ်းက မိသားစုတွေကတော့ အထုပ်အပိုးပြင်ပြီး ကုန်းမြင့်ရာတွေကို ရွှေ့တဲ့လူတွေလည်း ရွှေ့ကုန်ပြီ”ဟု ဟိုင်းကြီးကျွန်းမြို့ခံ ကိုဌေးဝင်းဇော်က ပြောသည်။ ပုသိမ်မြို့ပေါ်တွင် ဆွေမျိုးများရှိသူ၊ နေအိမ်ရှိသူ ဟိုင်းကြီးဒေသခံတချို့မှာ မုန်တိုင်းဖြစ်မည့် သတင်းကြောင့် ပုသိမ်သို့ ခေတ္တာသွားရောက်နေထိုင်ကြပြီး မုန်တိုင်းဘေး ရှောင်တိမ်းကြသည်များလည်း ရှိကြောင်း ဟိုင်းကြီးဒေသခံများက ပြောသည်။ ကမ်းနားလမ်းနေ ကိုအောင်နိုင်ဝင်းက “ငါးဖမ်းစက်လှေတွေ အကုန်လုံး ပင်လယ်ထဲက ပြန်လာကြပြီ။ ဒီနေ့ ငါးဖမ်းမထွက်ဘဲ ကမ်းမှာပဲ နားနေကြတယ်။ ကျနော်တို့ကတော့ အဝတ်အစားတွေ၊ အစားအစာတွေ ထုပ်သင့်တာထုပ်၊ သိမ်းသင့်တာ သိမ်းပေါ့။ မီးတွေဘာတွေ ပျက်မယ်ဆိုတော့ ဒိုင်နမိုတွေကို ရေလွတ်တဲ့နေရာ ရွှေ့ထားတာတွေ လုပ်ထားတယ်”ဟု ပြောသည်။ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း မုန်တိုင်းဗဟိုချက်မှာ မြန်မာ့ကမ်းရိုးတန်းနှင့် အနီးဆုံးနေရာ ဖြစ်သည့် ဟိုင်းကြီးကျွန်းအနောက်ဘက် ရေပြင်ပေါ်သို့ အောက်တိုဘာ ၂၄ ရက် နံနက် ၆ နာရီခန့်တွင် ရောက် ရှိနိုင်ကြောင်းနှင့် အများဆုံး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၃၀ မှ ၄၀ ခန့်အထိ ရှိနိုင်ပြီး၊ ဗဟိုချက်အနီးတွင် တနာရီ မိုင် ၄၀ခန့်နှင့် မုန်တိုင်းစက်ကွင်းအဆုံးတွင် တနာရီမိုင် ၃၀ ခန့် ရှိနိုင်ကြောင်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ မုန်တိုင်းဗဟိုချက်မှာ ဟိုင်းကြီးကျွန်းအနီး ရောက်ရှိနိုင်သည့်အပြင် မုန်တိုင်းစက်ကွင်းမှာ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ အိမ်မဲ၊ မော်လမြိုင်ကျွန်း၊ သာပေါင်းစသည့် ဒေသများသို့ ကျရောက်နိုင်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အမြင့် ၁ ပေခန့်ရှိသည့် ပင်လယ်ဒီရေတက်ရောက်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ မုန်တိုင်းကာလဟု ခန့်မှန်းထားသည့် အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အတွင်း ဧရာဝတီတိုင်းအတွင်း ပြေးဆွဲနေသည့် ရေယာဉ်များအားလုံးနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းယာဉ်များအားလုံး ရပ်နားထားရန် ညွန်ကြားထားကြောင်းနှင့် မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများအား ကူညီကယ်ဆယ်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ထားကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဟိုင်းကြီး အခြေစိုက် ရေတပ်မှ မိသားစုဝင်များ၊ ဟိုင်းကြီးကျွန်းတဝိုက်မှ ဒေသခံများ သေဆုံးမှု တချို့ရှိခဲ့ပြီး အိုးအိမ်တိုက်တာ၊ စီးပွားရေးလုပ်ငန်း အမြောက်အမြား ဆိုးဝါးစွာထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
Source : http://goo.gl/xwIkpD
via IFTTT
Source : http://goo.gl/xwIkpD
via IFTTT
Eleven Media Group
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်ရှိ ကျန်းမာရေးလမ်းနှင့် ဂေါက်ကွင်းလမ်းတို့၌ ညအချိန် ချိန်းတွေ့ စကားပြောနေသော ချစ်သူစုံတွဲများအား ရဲယူနီဖောင်း ဝတ်ဆင်၍ ငွေကြေးနှင့် ဖုန်းများ တောင်းယူခ့ဲသူများကို အောက်တိုဘာ ၂၁ ရက် ညက ဖမ်းဆီးရမိခ့ဲကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရှိ ချစ်သူစုံတွဲများ ချိန်းတွေ့ရာ နေရာများဖြစ်သော ဂေါက်ကွင်းလမ်းနှင့် ကျန်းမာရေးလမ်းတို့၌ ချိန်းတွေ့ကြသော စုံတွဲများအား ရဲယူနီဖောင်းဝတ်ဖြင့် လူအချို့မှ ခြိမ်းခြောက်ပြီး လက်ကိုင်ဖုန်းနှင့် ငွေများ တောင်းခံခ့ဲမှုများမှာ ယခုလပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားခ့ဲကြောင်း၊ အောက်တိုဘာ ၂၁ ရက် ည ၇ နာရီတွင် ထားဝယ်မြို့မ ရဲစခန်းမှ ရဲအုပ်စိုးနိုင် ဦးစီးသည့် အဖွဲ့က သက်သေများနှင့်အတူ သတင်းအရ ကျန်းမာရေးလမ်းနှင့် မီးရထားလမ်းဆုံ၌ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဥ် ည ၇ နာရီခွဲခန့်၌ နက်ပြာရောင် ဘောင်းဘီရှည်နှင့် ပြောက်ကျားလည်တို၊ ဖိနပ်စီးထားသော မင်းဇော် (၃၂ နှစ်) ထိန်ဟောင်းရပ်ကွက် ထားဝယ်မြို့နေသူအား မသင်္ကာ၍ စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ နှာခေါင်းစည်း အမည်းရောင် သုံးခု၊ OPPO အမျိုးအစား (ဆင်းကတ်မပါ) လက်ကိုင်ဖုန်း အဖြူ ရောင် တစ်လုံး၊ ခါးကြားထဲတွင် လက်ထိတ်တစ်ကွင်း ထိုးထားသည်ကို တွေ့ရှိခ့ဲသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခ့ဲပြီး လက်ကိုင်ဖုန်းအား မင်းဇော်က ပိုင်ဆိုင်ကြောင်း အထောက်အထားပြောပြနိုင်ခြင်း မရှိသဖြင့် ပိုင်ရှင်စုံစမ်းနေစဥ်အတွင်း မင်းဇော်အား ဥပဒေအရ အယူပေးရန် ရဲအုပ်စိုးနိုင်က တိုင်တန်းခဲ့သောကြောင့် ထားဝယ်မြို့မ ရဲစခန်းမှ (ပ) ၁၂၈၁/၂ဝ၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့်ထားခ့ဲကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။ ထို့နောက် မင်းဇော်အား စစ်ဆေးချက်အရ အောက်တိုဘာ ၂၂ ရက် နံနက် ၂ နာရီ မိနစ် ၂ဝ တွင် ကွင်းဆက် တရားခံများဖြစ်သည့် ထိန်ဟောင်းရပ်ကွက်နေ ကျော်မြတ်သူ (၂၈ နှစ်) နှင့် အိမ်ရှေ့ပြင်ရပ်ကွက်နေသူများဖြစ်သည့် ခင်မောင်ထွေး (ခ) ကန်းကန်း(၃ဝ နှစ်)၊ ရဲဝင်း(ခ) နိုင်နိုင်(၃၅ နှစ်) တို့အား စုံစမ်းဖမ်းဆီးခ့ဲပြီး အောက်တိုဘာ ၂၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် မင်းဇော်၏ ယောက္ခမနှင့် ဇနီးဖြစ်သူ ထိန်ဟောင်းရပ်ကွက်နေ ဒေါ်ကြည်နွယ် (၄၄ နှစ်)နှင့် မသီအေး (၂၈ နှစ်) တို့အား ဖမ်းဆီးခ့ဲကြောင်း သိရသည်။ ဖမ်းဆီးရမိခ့ဲသူများအား စစ်ဆေးချက်အရ ကျော်မြတ်သူထံမှ နံပါတ်မပါ Wave-100 ဆိုင်ကယ်တစ်စီးနှင့် ဆိုင်ကယ်အံခွက် အတွင်းမှ နက်ပြာရောင် ရဲအကင်္ျီ နှစ်ထည်၊ တောဆောင်းပြောက်ကျား ဦးထုပ်တစ်လုံး၊ ဒေါ်ကြည်နွယ်ထံမှ လက်ကိုင်ဖုန်း သုံးလုံး (နံပါတ်စိစစ်ဆဲ) တို့အား သိမ်းဆည်းရမိခ့ဲသည့်အပြင် သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ စစ်ဆေးဖော်ထုတ်ချက်အရ တရားခံ မင်းဇော်၊ ကျော်မြတ်သူ၊ ခင်မောင်ထွေးနှင့် ရဲဝင်းတို့ လွန်ခ့ဲသည့် တစ်လကျော်ခန့်က ဂေါက်ကွင်းလမ်းနှင့် ကျန်းမာရေးလမ်းတို့တွင် ရဲယူနီဖောင်း လက်ထိတ်တို့ဖြင့် ရဲအသွင် ဟန်ဆောင်၍ ချစ်သူစုံတွဲများအား ဖမ်းဆီးမည် စသဖြင့် အမျိုးမျိုးခြိမ်းခြောက်ကာ လက်ကိုင်ဖုန်းနှင့် ရွှေငွေများကို တောင်းခံခ့ဲကြောင်း၊ တောင်းခံရရှိသည့် လက်စွပ်နှစ်ကွင်းအား ထားဝယ်မြို့ စည်ပင်သာယာစျေးရှိ ရွှေဆိုင်တွင် မင်းဇော်၏ဇနီးနှင့် ယောက္ခမဖြစ်သူတို့က ရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်ခ့ဲပြီး သက်သေခံပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ရှင်များအား စုံစမ်းဖော်ထုတ်ရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း ထားဝယ်မြို့မ ရဲစခန်း၏ မှုခင်းမှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် တရားခံများကို ထားဝယ်မြို့မ ရဲစခန်း၌ ဖမ်းဆီးစစ်ဆေးနေပြီး ရာဇသတ်ကြီးပုဒ်မ ၃၈ဝ/၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ Writer: ဖြိုးဇင်
Source : http://ift.tt/2ewLzl5
via IFTTT
Source : http://ift.tt/2ewLzl5
via IFTTT
7Day News Journal
စစ်ကိုင်းမြို့တွင် အောက်တိုဘာ ၂၂ ရက်က ရွာ သွန်းခဲ့သောမိုးကြောင့် မြို့ပေါ်နှင့် မြို့သစ်ရပ်ကွက်များ ရေဝင် ရောက်ကာ နေအိမ်အမြောက်အ မြား ရေလွှမ်းမိုးနေကြောင်း စစ် ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။ စစ်ကိုင်းမြို့ ရပ်ကွက်များ ဖြစ်သည့် ချင်းစု၊ နန္ဒဝန်၊ အေးမြ ဝတီ၊ အုတ်စက်၊ တကောင်း၊ မင်းလမ်း၊ ပိုးတန်း၊ စိန်ကုန်း၊ မိုး ဇာ၊ ထုံးဘို၊ မြို့သစ် အစရှိသည့် ရပ်ကွက်များတွင် ၂ ပေခွဲမှ ၃ ပေအထိ ရေနစ်မြုပ်နေ သည်။ ထို့အပြင် ရွာထောင်ရှိ အောင်သာယာရပ်ကွက်နှင့် အ ခြားမြေနိမ့်ရပ်ကွက်များတွင်လည်း ရေများဝင်ရောက်နေကြောင်း စစ် ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးမျိုးသူအောင် နှင့် စစ်ကိုင်းမြို့တွင်နေထိုင်သူ များက ပြောသည်။ ရေကြီးရေလျှံမှုကြောင့် မြို့ သစ် ခုနစ်ရပ်ကွက်ရှိ နေအိမ်တစ် လုံး ရေစီးအားကြောင့် ယိုင်နဲ့ ခြင်း၊ တကောင်းရပ်ကွက် စကင်္ြံန် ချောင်းကမ်းပါးအနီး နေအိမ်တစ် လုံး၏ ဝင်းနံရံပြိုကျမည့်အခြေအ နေဖြစ်ပေါ်လာခြင်း၊ စစ်ကိုင်းတံ တားဟောင်း တက်လမ်းအနီး စိန် ပန်းပင်အချို့ လဲကျခြင်း၊ စစ်ကိုင်း သမဝါယမတက္ကသိုလ်၊ ရေထွက် ပေါက်အုတ်တံတိုင်း ပြိုကျခြင်း များဖြစ်ပေါ်ပြီး သဲအိတ်များကာ ရံခြင်းနှင့် လိုအပ်သည့် ခုတ်ထွင် ရှင်းလင်းခြင်းများ ပြုလုပ်ရကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်တာဝန် ရှိသူများနှင့် ဒေသခံများက ပြော သည်။ ‘‘တစ်မြို့လုံး နီးပါးလောက် ပဲ။ နည်းတာနဲ့ များတာပဲကွာ မယ်။ အဆိုးဆုံးက တကောင်းနဲ့ မင်းလမ်းပတ်ဝန်းကျင်တွေပါ’’ဟု စစ်ကိုင်းမြို့နယ် လက်ထောက်မီး သတ်ဦးစီးမှူး ဦးဟိန်းသူက ပြော ကြားသည်။ ယခင်က မိုးရက်ဆက်ရွာ သွန်းမှသာ ရေအနည်းငယ်ဝင် ရောက်ခြင်းများ ဖြစ်ပေါ်တတ်ပြီး ယခုအခါအချိန်အနည်းငယ်အ တွင်း ရေများဝင်ရောက်ခဲ့ခြင်းဖြစ် ၍ ပစ္စည်းသိမ်းဆည်းချိန် မရ ကြောင်း စစ်ကိုင်းမြို့တွင် နေထိုင် သူများက ပြောသည်။ ‘‘တစ်ခါမှ ဒီလိုမဖြစ်ဖူးဘူး။ ရေခဲသေတ္တာထဲတွေကိုတော့ အ ကုန်ရေတွေဝင်ကုန်တာ။ ပစ္စည်း တွေတော့ ဆုံးရှုံးကြမှာပဲ’’ဟု မင်း လမ်းရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောသည်။ စစ်ကိုင်းမြို့တွင် ရေကြီးနစ် မြုပ်သည်အထိ ရွာသွန်းခဲ့သော မိုးမှာ မိုးရေချိန် ၇ ဒသမ ၄၈ လက်မရှိခဲ့ကြောင်း စစ််ကိုင်းမြို့ နယ် မိုးလေဝသနှင့် ဇလဗေဒဦး စီးဌာနမှ သတင်းရရှိသည်။
Source : http://ift.tt/2ewPZbD
via IFTTT
Source : http://ift.tt/2ewPZbD
via IFTTT
7Day News Journal
လူ ၇၀ကျော်သေဆုံးခဲ့သည့် အောင်စိုးမိုးကျော်ရေယာဉ်ကို ခရီးသည် ၃၆ဦးသာ တင်ဆောင်ခွင့်ပြုထား တရားဝင်စာရင်းများအရ လူ ၇၀ကျော်သေဆုံးခဲ့သည့် အောင်စိုးမိုးကျော်ရေယာဉ်သည် ခရီးသည် ၃၆ဦးသာ တင်ဆောင် ခွင့်ပြုထားကြောင်း ရေယာဉ်နစ်မြုပ်မှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က ပြောသည်။ ‘‘ ဒီရေယာဉ်ကို ၃၆ယောက် သာ စီးနင်းဖို့ သတ်မှတ်ထားတာ ပါ။ သုံးလအတွင်း လွန်းတင်စစ်ဆေးဖို့ မှတ်ချက် ပေးထားတဲ့အတွက် ယာယီအသိအမှတ်ပြုလက် မှတ်ပဲထုတ်ပေးထားတယ်’’ဟု ဦးသောင်းကြိုင်ကပြောသည်။ ကနီမြို့နယ် မိကျောင်းတွင်း ကျေးရွာအနီး ချင်းတွင်းမြစ် ကြောင်းတွင် ဟုမ္မလင်း-မုံရွာခရီးသည်တင် အမြန်ရေယာဉ် နစ်မြုပ် မှုဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ရှင်းလင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ရက် နံနက် ၁၂နာရီ၌ မုံရွာခရိုင် အုပ်ချုပ်ရေးမှူးရုံး အတွင်းရှိ မြသလ္လာခန်းမ၌ကျင်းပစဉ် ဦးသောင်းကြိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ‘‘ကယ်ဆယ်ရရှိတဲ့ ခရီးသည် က ၁၅၉ဦးတွေ့ရှိ၊ အလောင်း ၆၈လောင်း၊ လက်ဝယ်မရရှိဘဲ သတင်းအရ ငါးလောင်းနဲ့ဆိုရင် စုစုပေါင်း ၇၃လောင်းဆိုတော့ရေ ယာဉ်ပေါ်လိုက်ပါလာသူ ၂၃၂ဦး ရှိပါတယ်။ ရေယာဉ်ပေါ်မှာပါလာ တဲ့သူတွေထဲမှာ ပျောက်ဆုံးနေတဲ့ သူ ၈၀ခန့်ထဲမှာ ဆယ်ယူရရှိတာ က ၇၃ဦးဆိုတော့ အလောင်းမရ ဘဲ ပျောက်ဆုံးနေသူက ခုနစ်ဦး ခန့်ပဲရှိတယ်’’ဟု စစ်ကိုင်းတိုင်းဒေ သကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက် မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန် ကြီးဦးသန်းညွန့်ဝင်းက ပြောသည်။ အဆိုပါရေယာဉ်၏ မှတ်ပုံ တင်အမည်မှာ ရွှေသီဟဖြစ်ပြီး မူလပိုင်ရှင်မှာ ဦးစန်းဝင်းဖြစ် ကြောင်း၊ အောင်စိုးမိုးကျော်အ မည်နှင့် မှတ်ပုံတင်ထားခြင်းမရှိဘဲ မူလပိုင်ရှင်ဦးစန်းဝင်းဆီမှ တရားမဝင်ဝယ်ယူထားပြီး အမည်ပြောင်းလဲထားကြောင်း၊ မူလမှတ်ပုံတင်ထားသည့် ရွှေသီဟနှင့် လက်ရှိ အမည်တပ်ထားသော အောင်စိုးမိုးကျော်ရေယာဉ်မှာ တစ်စီးတည်းဖြစ်ကြောင်း ဦးသန်းညွန့်ဝင်းက ရှင်းလင်းပြောကြားခဲ့သည်။ ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော အောင်စိုးမိုး ကျော်ရေယာဉ်သည် အောက်တို ဘာ ၁၅ရက်နံနက် ၅နာရီခန့်တွင် ကနီမြို့နယ် မိကျောင်းတွင်းကျေး ရွာအနီး ချင်းတွင်းမြစ်အတွင်း၌ ကျောက်ဆောင်ကို ရှောင်တိမ်း ရာမှ အရှိန်လွန်တိမ်းမှောက်ခဲ့ပြီးခရီးသည် ၁၅၉ဦးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သည်။ ခရီးသည် ၇၃ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့ပြီး ခရီးသည် ခုနစ်ဦးခန့် ပျောက်ဆုံးလျက်ရှိကြောင်း ဝန်ကြီးဦးသန်းညွန့်ဝင်းက ပြောသည်။ နိုင်ငံတော်သမ္မတ၏ ကြေ ညာချက်တွင် ရေယာဉ်နစ်မြုပ်မှု ဖြစ်စဉ်ဖြစ်ပွားမှုအပေါ် စနစ်တ ကျစစ်ဆေးပြီး တာဝန်ရှိသူများကို ဖော်ထုတ်အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်းဖော်ပြချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုး ရအဖွဲ့က မည်သို့အရေးယူဆောင် ရွက်မှုများရှိကြောင်း ရေယာဉ်အသင်းတာဝန်ရှိသူတစ်ဦးက မေး မြန်းခဲ့သည်။ အဆိုပါ မေးခွန်းနှင့်ပတ် သက်၍ ‘‘သမ္မတကြီးရဲ့ထုတ်ပြန် ကြေညာချက်မှာတာဝန်ရှိတဲ့အဖွဲ့ အစည်းတွေကို အရေးယူမယ်ဆို ရင် ဝန်ကြီးအနေနဲ့ လက်ခံပါ တယ်’’ဟု ဝန်ကြီးဦးသန်းညွန့်ဝင်းကပြောကြားခဲ့သည်။ ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်တွင် စုံစမ်းစစ်ဆေးတွေ့ရှိချက် များအပေါ် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအ ဖွဲ့ထံသို့ အမြန်ဆုံးတင်ပြမည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
Source : http://ift.tt/2eu6iJn
via IFTTT
Source : http://ift.tt/2eu6iJn
via IFTTT
7Day TV
"မောင်တောနယ်စပ်မှာ စခန်း၁၂ခု တိုးချမယ်" မောင်တောနယ်စပ်မှာ လုံခြုံရေးနဲ့ ကာကွယ်ရေးစခန်း ၁၂ ခုတိုးချဲ့ တည်ဆောက်သွားမယ်လို့ သတင်းရရှိပါတယ်။ ဒေသခံတွေ လုံခြုံရေးအတွက် စခန်းတွေအခုလို တိုးချဲ့တည်ဆောက်မှာ ဖြစ်ပါတယ်။ စခန်းတွေမှာ နယ်ခြားစောင့် တပ်ဖွဲ့တွေကို အဓိကထားမှာဖြစ်ပြီးတော့ တပ်မတော်ကတော့ နယ်မြေကင်းလှည့်တာ လှုပ်ရှားတဲ့ အဆင့်မှာ ရှိနေမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောပါတယ်။ အကာလ်မူလ်ဂျာဟီဒင်န် အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ မောင်တော နယ်စပ်မှာ ဒေသခံ ရခိုင်လူမျိုးတွေက သူတို့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ (မောင်တောသတင်းထောက် မောင်ကံ ရိုက်ကူး တင်ဆက်ထားပါတယ်။)
Source : http://ift.tt/2dze66l
via IFTTT
Source : http://ift.tt/2dze66l
via IFTTT
7Day News Journal
အမေရိကန်စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားခဲ့ခြင်းကြောင့် ရလာမည့် အကျိုးကျေးဇူးများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကိုယ်ကျိုးအတွက် သုံးမည်လား၊ နိုင်ငံအတွက် သုံးမည်လားဆို ခြင်းကို ပြည်သူများက စောင့် ကြည့်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က အသိပေးပြော ကြားသည်။ ‘‘စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပေးနိုင်တယ်။ ဒီအခွင့် ကောင်းကို အများအတွက်ယူစေ ချင်တယ်။ တစ်နိုင်ငံလုံးကစောင့် ကြည့်နေတယ်။ စီးပွားရေးပိတ်ဆို့ မှု ဖယ်ရှားလိုက်လို့ ရလာမယ့် အ ကျိုးကျေးဇူးတွေကို စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက နိုင်ငံအ တွက် သုံးမှာလား၊ ကိုယ်ကျိုးအ တွက် သုံးမှာလားဆိုတာ အားလုံး က စောင့်ကြည့်နေတယ်လို့ ကျွန်မ သတိပေးလိုက်ပါရစေ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးမှု မိတ်ဆက်တွေ့ဆုံပွဲ၌ ပြောကြားသည်။ အမေရိကန်အစိုးရကမြန်မာ အပေါ် စီးပွားရေးအရ ပိတ်ဆို့ အ ရေးယူမှုများကို အောက်တိုဘာ ၇ ရက်တွင် ဖယ်ရှားကြောင်း ကြေ ညာပြီး ၁၆ ရက်အကြာ၌ စီးပွား ရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေ သောပြည်ပလုပ်ငန်းရှင်များ၊ ဖွံ့ ဖြိုးရေးအတွက် အကူအညီပေး နေသော အဖွဲ့အစည်းများမှ တာ ဝန်ရှိသူများ တက်ရောက်သော အခမ်းအနားတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။ ကန်စီးပွားရေး ပိတ်ဆို့မှုမှ လွတ်မြောက်ခဲ့သူ ၁၄ဝ ကျော်ရှိပြီး စစ်ဗိိုလ်ချုပ် ဟောင်းများ၊ စစ်တပ်ပိုင်လုပ်ငန်း များ၊ ခရိုနီလုပ်ငန်းရှင်အများစု ပါဝင်ခဲ့သည်ကိုတွေ့ရသည်။ ထို့အပြင် အစိုးရသက်တမ်း ခြောက်လအတွင်းနိုင်ငံ့စီးပွားရေး တိုးတက်မှုမရှိကြောင်းကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပထမဆုံးအကြိမ်ဝန်ခံပြော ကြားသည်။ ‘‘ကျွန်မတို့အစိုးရသက်တမ်း ပထမခြောက်လအတွင်းမှာ မျှော် မှန်းသလောက် စီးပွားရေးဘက် မှာ လျင်မြန်စွာတိုးတက်နိုင်မှု မရှိ ဘူးဆိုတာ ဝန်ခံပါတယ်’’ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးမှု မိတ်ဆက် တွေ့ဆုံပွဲအခမ်းအနား တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ စီးပွားရေးဖွံ့ဖြိုးမှုမရှိခြင်း သည် အကြောင်းရင်းများစွာရှိနိုင် သော်လည်း အားလုံးဝိုင်းဝန်းကူ ညီမှုဖြင့် ကျော်လွှားနိုင်မည်ဟု ၎င်းက ဆက်လက်ပြောသည်။ ‘‘ကျွန်မတို့လုပ်ငန်းရှင်တွေ ဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် အောင် လုပ်ပေးနိုင်တဲ့နေရာမှာ ရှိနေပါတယ်’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။ အစိုးရသစ် စတင်တာဝန်ယူ စဥ်ကတည်းက ယခုကဲ့သို့ အခမ်း အနားမျိုး ကျင်းပမည်ကို ပြော ကြားထားကြောင်း၊ နိုင်ငံရေးစနစ် သစ်ပြောင်းချိန်တွင် စီးပွားရေး စနစ်ပြောင်းရကြောင်း၊ စီးပွားရေး စနစ်ပြောင်းလဲမှုကြောင့် စီးပွား ရေးသမားများ စိုးရိမ်ပူပန်မှု မဖြစ် စေရန် တွေ့ဆုံခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်းရည်ရွယ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။ ‘‘အတိတ်ဆိုတာ ကိုယ့်ကို ချည်နှောင်ထားဖို့မဟုတ်ဘူး။တစ် ချိန်တစ်ခါက ကိုယ့်အတွက်ပဲ လုပ်တဲ့ ပုဂ္ဂိုလ်တွေက နောင်တစ် ချိန် အများအတွက်မလုပ်နိုင်ဘူး လား’’ဟု ဒေါ်အောင်ဆန်းစုကြည် က မေးခွန်းထုတ်သည်။ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက် အရေးအကြီးဆုံး အချက်သည် နိုင်ငံသူ နိုင်ငံသား များကို အရည်အချင်းမြှင့်တင်နိုင် ရေးဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုးမှု အတွက် တရားဥပဒေစိုးမိုးမှု အ ရေးကြီးသည်ဟု ပြောကြားသည်။ ‘‘တရားဥပဒေစိုးမိုးရေး ဆို တာ ဥပဒေနဲ့ ဘောင်ခတ်ထား တာမဟုတ်ဘူးဆိုတာ နားလည် ဖို့လိုတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားသည်။ တွေ့ဆုံပွဲ အပိတ်မိန့်ခွန်း တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားပေးသည့် အခွင့်အရေး နှင့်ပတ်သက်၍ လုပ်ငန်းရှင်များ အား သတိပေးပြောကြားသည်။ အောက်တိုဘာ ၂၂ ရက်က နေပြည်တော်ရှိ မြန်မာကွန်ဗင်း ရှင်း စင်တာတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦး ဝင်းအောင်၊ မြန်မာနိုင်ငံ ဘဏ် များအသင်းဥက္ကဋ္ဌ ဦးခင်မောင် အေး၊ ကမေ္ဘာဇဘဏ် အမှုဆောင် ဒါရိုက်တာ ဒေါ်နန်းလိုင်းခမ်း၊ ဂျပန်နိုင်ငံအခြေစိုက် မြန်မာနိုင်ငံ တွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် ဆူမီတိုမိုမစ်ဇူအီဘဏ်မှ တာဝန် ရှိသူတစ်ဦးနှင့် သံတမန်အဖွဲ့ နာ ယက မြန်မာနိုင်ငံဆိုင်ရာ စင်ကာ ပူသံအမတ်တို့က စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ အ ကြံပြုဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်၊မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်း စသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများအ ပါအဝင် အခွန်အများဆုံးထမ်း ဆောင်သည့်လုပ်ငန်းရှင် ၁၅ဝ ကျော်တက်ရောက်သည်။ ထို့အ ပြင် အခမ်းအနားသို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်၊ ဦးတေဇ၏ သား ပြည့်ဖြိုးတေဇတို့လည်း တက်ရောက်ခဲ့သည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဦးကျော်ဝင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်ပတ်သက် ၍ ရှင်းပြသည်။ ရင်းနှီးမြှုပ်နှံမှုများ ကို ပြည်သူပိုင်မသိမ်းကြောင်း လည်း အာမခံကြောင်း ကတိပေး ပြောကြားသည်။ စိုက်ပျိုးရေးကဏ္ဍတွင် တန် ဖိုးမြင့်ပို့ကုန်များ ထုတ်လုပ်နိုင် ရန်၊ နိုင်ငံခြားဘဏ်များ ထပ်မံ ခွင့်ပြုမည့် အစီအစဥ်၊ အသေးစား အလတ်စားလုပ်ငန်းများ အပေါင် ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် အစီအစဥ်၊ ဟွန်ဒီ တရားမဝင် ငွေ လွှဲစနစ်ကို တရားဝင်ခွင့်ပြုပေး မည့်အစီအစဥ်များကိုလည်း ဦး ကျော်ဝင်းက အကျဥ်းချုပ်ပြော ကြားသည်။ ထို့အပြင် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမရှိခြင်းသည် အစိုးရ အပြောင်းအလဲတွင် ဖြစ်တတ် သည့် အခြေအနေမျိုးဖြစ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းနှင့်ပတ်သက်၍ လွှတ် တော်ကိုယ်စားလှယ်ဟောင်းတစ် ဦးဖြစ်ခဲ့သည့် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေက ‘‘ပြောင်းလဲ တာက အပေါ်ပိုင်းပဲပြောင်းလဲ တာပါ။ အောက်ခြေက အရင်အ တိုင်းပဲ။ လက်ရှိ အောက်ခြေက လူတွေ လုပ်နေနေတာတွေမှာ ပို ခက်ခဲအောင်၊ ပိုအာဏာရှိအောင် လုပ်နေတာတွေရှိတယ်။ အဲဒီ ကိစ္စတွေက အခုအချိန်အထိ အရိုးစွဲနေတော့ မပျောက်သေး ဘူး’’ဟု ပြောသည်။ အောက်ခြေဝန်ထမ်းများ အဂတိလိုက်စားပါက အစိုးရအ ဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ အား အသိပေး တိုင်ကြားနိုင် ကြောင်း၊ တိုင်ကြားရာတွင် အ မည်၊ မှတ်ပုံတင် နံပါတ်တို့ကို ထည့်သွင်းပြီး တိုင်ကြားနိုင် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်က ပြောကြားသည်။ ‘‘ဒီနေ့က လုပ်ငန်းရှင်တွေ အားလုံးရဲ့စိတ်ထဲက စိုးရိမ်မှုတွေ ကိုလျော့ပါးသွားစေပါတယ်’’ဟု မြန်မာနိုင်ငံံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။ အစိုးရသစ်လက်ထက် တွင် လုပ်ငန်းရှင်များနှင့် အစိုးရအဖွဲ့ ဝင်များအကြား နွေးထွေးသော ဆက်ဆံမှုကို ပြန်လည်ရရှိလာ မည်ဟု ၎င်းကဆိုသည်။ နိုင်ငံ့ထိပ်တန်းလုပ်ငန်းရှင် များသည် အတိိတ်ကာလက လုပ် ဆောင်ချက်များကြောင့် အစိုးရ သစ်လက်ထက်တွင် စိုးရိမ်စိတ် များရှိနေကြောင်း ဦးဝင်းကြိုင်က ပြောကြားသည်။
Source : http://ift.tt/2ejBH1k
via IFTTT
Source : http://ift.tt/2ejBH1k
via IFTTT
7Day News Journal
မြန်မာလိဂ် အကောင်းဆုံးကစားသမားဆု အောင်သူ ၂ နှစ်ဆက်ရရှိ မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးကစားသမားဆုကို ၂ဝ၁၅ နှင့် ၂ဝ၁၆ အတွက် ရတ နာပုံအသင်း တိုက်စစ်မှူး အောင် သူနှင့် ၂ဝ၁၄ အကောင်းဆုံး ဆု ကို ရတနာပုံ(ယခုရှမ်း) ဂိုးသမား သီဟစည်သူက ရရှိခဲ့သည်။ မြန်မာလိဂ်အကောင်းဆုံးဆုပေးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့သည်။ ၂ဝ၁၆ အတွက် အကောင်းဆုံး အမျိုးသမီးဘောလုံးသမားဆုကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက ရရှိခဲ့သည်။ ၂ဝ၁၄ နှင့် ၂ဝ၁၅ ဘောလုံး ရာသီအတွက် ဂိုးသွင်းဘုရင်ဆု ကို ရန်ကုန်ယူနိုက်တက် ကစား သမားဟောင်း ဘရာဇီးတိုက်စစ် မှူး ဆီဇာက ၂ နှစ်ဆက် ရရှိခဲ့ပြီး ၂ဝ၁၆ ဘောလုံးရာသီအတွက် ဂိုး သွင်းဘုရင်ဆုကို ရတနာပုံမှ ဝင်း နိုင်စိုးနှင့် ကိသ်၊ ဧရာဝတီမှ ခရစ္စတိုဖာတို့ သုံးဦးက ပူးတွဲရရှိခဲ့သည်။ ဆက်လက်ဖတ်ရှုရန်
Source : http://ift.tt/2eFLCK8
via IFTTT
Source : http://ift.tt/2eFLCK8
via IFTTT
Eleven Broadcasting
အမှတ်ပေးဇယားဒုတိယနေရာသို့ တက်လှမ်းလာသည့် လီဗာပူးလ်နှင့် (၆)ပွဲဆက်အနိုင်ရရှိမှုရပ်တန့်ခဲ့သည့် အာဆင်နယ် (ရုပ်သံ) ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ လီဗာပူးလ် လက်စတာတို့ အနိုင်ရရှိခဲ့ပြီး စပါးအသင်း နဲ့ အာဆင်နယ်အသင်းတို့ကတော့ သရေရလဒ် နဲ့သာ အသီးသီးကျေနပ်ခဲ့ရပါတယ်။
Source : http://ift.tt/2ejltp0
via IFTTT
Source : http://ift.tt/2ejltp0
via IFTTT
Saturday, October 22, 2016
The Voice
ချယ်လ်ဆီး အသင်းဘက် မန်ယူ ဂိုးသွင်းနိုင်လျှင် မော်ရင်ညို အလွန်အကျွံ အောင်ပွဲခံမည် မဟုတ် ချယ်လ်ဆီး အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရမယ့်ပွဲမှာ မန်ယူအသင်း ဂိုးသွင်းခဲ့မယ်ဆိုရင် ကလေး တစ်ယောက်လို အရူးအမူး အောင်ပွဲခံမှာ မဟုတ်ဘူးလို့ နည်းပြမော်ရင်ညိုက ပြောကြားလိုက်ပါတယ်။ မော်ရင်ညိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီး အသင်းက ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ ဖြစ်တဲ့အတွက် အခု မန်ယူအသင်းနဲ့အတူ ချယ်လ်ဆီးကို ပြန်လည် ရင်ဆိုင်တဲ့အခါ အားရပါးရ အောင်ပွဲခံပြီး လက်စားချေမှာလားလို့ မီဒီယာတွေက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မော်ရင်ညိုရဲ့ မန်ယူအသင်းဟာ အခု တနင်္ဂနွေနေ့မှာ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မော်ရင်ညိုက သူ့ထံမှာ ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ ရင့်ကျင့်မှု ရှိတယ်လို့လည်း ပြောခဲ့တာပါ။ “ကျွန်တော့်အသင်း ဂိုးသွင်းနိုင်ခဲ့ရင် ကလေး တစ်ယောက်လို အရူးအမူး အောင်ပွဲခံမှာလားလို့ ခင်ဗျားတို့က မေးပါတယ်။ ဒီလို မလုပ်ပါဘူး။ ကျွန်တော့်ကို မကောင်းမြင်စိတ်တွေနဲ့ ကွင်းထဲမှာ ပြောဆိုကြရင် တုန့်ပြန်မှာလားလို့ မေးတယ်။ ကျွန်တော် မလုပ်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ ရင့်ကျက်မှု ရှိပါတယ်”လို့ မော်ရင်ညိုက ပြောပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ ပတ်သတ်ပြီး ကောင်းမွန်တဲ့ အမှတ်တရတွေကိုသာ သိမ်းဆည်းထားချင်လို့လည်း လက်ရှိမှာ မန်ယူနည်းပြ ဖြစ်နေသူ မော်ရင်ညိုက ဆိုခဲ့ပါတယ်
Source : https://goo.gl/RgczRr
via IFTTT
Source : https://goo.gl/RgczRr
via IFTTT
Eleven Broadcasting
ပထမဆုံးတန်းဖိုးနည်းအိမ်ရာများ ရောင်းချရာတွင် မဲနှိုက်ရွေးချယ်မည်မဟုတ်ပဲ CHD ဘဏ်မှာ ငွေစုထားသူများ ကိုသာ အစဉ်လိုက် အတိုင်းရောင်းချပေးမည် ဟုဆို (ရုပ်သံ) မြန်မာနိုင်ငံရဲ့ ပထမဆုံးတန်ဖိုးနည်းအိမ်ယာတွေကို ၂၀၁၆ ခုနှစ် နို၀င်ဘာလအတွင်းမှာ စတင် ရောင်း ချမှာဖြစ်ပြီး ဆောက်လုပ်ရေးနဲ့ အိမ်ယာဖွံ့ဖြိုးရေးဘဏ် (CHD) မှာ အိမ်ယာတိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ငွေစုထားပြီးသူတွေ ကိုသာ ဦးစားပေးရောင်းချပေးမယ်လို့ သိရပါတယ်။
Source : http://ift.tt/2eg9pCq
via IFTTT
Source : http://ift.tt/2eg9pCq
via IFTTT
The Voice
ဘူးခွံများကို စနစ်တကျ စွန့်ပစ်ခြင်းဖြင့် လမ်းဘေး ကလေးငယ်များကို ကူညီကြမည် ရန်ကုန်၊ အောက်တိုဘာ ၂၂ သုံးစွဲပြီးသော ကော်၊ ပလက်စတစ်စသည့်ဘူးခွံများကို Care Teen က စီစဉ်ထားသည့် အမှိုက်ပုံးအတွင်း စနစ်တကျ စွန့်ပစ်ပေးခြင်းဖြင့် လမ်းဘေးကလေးငယ်များ စာသင်ကြားနိုင်ရေး ကူညီနိုင်မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ် ဆောင်ရွက်နေသည့် Care Teen အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘူမိဗေဒအထူးပြု ပထမနှစ်ကျောင်းသား ကိုစည်သူအောင်က The Voice သို့ ပြောကြားသည်။ အဆိုပါအစီအစဉ်ကို ဇူလိုင်လကုန်ကတည်းက ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် အမှိုက်ပုံးငါးပုံး ထားရှိပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများထံမှ သိရှိရသည်။ “အမှိုက်တွေ စနစ်တကျ စွန့်ပစ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်း ရောက်အောင်၊ လမ်းဘေးနေ ကလေးငယ်တွေ စာသင်ကြားရေးမှာလည်း ငွေကြေးအထောက်အပံ့ ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ စတဲ့အချိန်တုန်းက တစ်ချို့က အမှိုက်ပုံးထဲကို ညစ်ပတ်တာ တွေကအစထည့်ကြပါတယ်” ဟု ကိုစည်သူအောင်က ပြောကြားသည်။ ထိုသို့ပြုလုပ်ရန်စိတ်ကူးကို ပြည်မြို့ ကရုဏာလက်များ ကွန်ရက်အသင်းတွင် ပါဝင်လှုပ်ရှားနေသူ ကိုပုညထံက ရရှိခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ စွန့်ပစ်ဘူးခွံ ရောင်းရငွေများကို ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ တံတားကလေး ဘူတာအနီးတွင် အသက် ငါးနှစ်မှ ၁၀နှစ်ကြားလမ်းဘေး ကလေးငယ် ၃၀ဦးခန့် စာသင်ကြားရေးအတွက်အသုံးပြုနေကြောင်း ကိုစည်သူအောင်က ဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် အမှိုက်ပုံးနှစ်ပုံးစီ၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်တွင် အမှိုက်ပုံး တစ်ပုံးထားရှိထားပြီး ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ထပ်မံ၍ အမှိုက်ပုံးသုံးပုံးစီ ထားနိုင်ရန် စီစဉ်နေသည့်အပြင် ရန်ကုန်ဆေးတက္ကသိုလ် (၂) နှင့် သွားဆေးတက္ကသိုလ် တို့တွင်လည်း အမှိုက်ပုံးများတိုးချဲ့ထားနိုင်ရန် စီစဉ်လျက်ရှိကြောင်း Care Teen အဖွဲ့ထံမှသိရှိရသည်။
Source : https://goo.gl/7t3Eyj
via IFTTT
Source : https://goo.gl/7t3Eyj
via IFTTT
Eleven Broadcasting
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် အဖွင့်မိန့်ခွန်း (ရုပ်သံ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များ တွေ့ဆုံပွဲအခမ်းအနားမှာ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Source : http://ift.tt/2etbx9l
via IFTTT
Source : http://ift.tt/2etbx9l
via IFTTT
MOI Webportal Myanmar
ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၃၅) အား စီရင်ချက် (အမိန့်) ချမှတ် နေပြည်တော် အောက်တိုဘာ ၂၁ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးသက်ထွန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ) က ပဲခူးတိုင်း ဒေသကြီး ကျောက်ကြီး မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) ရရှိသော ခိုင်လုံမဲ၊ ပယ်မဲများအား ပြန်လည် စိစစ်ရေတွက် ပေးပါရန်နှင့် လျှောက်ထားခံရသူ ရရှိသော မဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသော မဲများမပါရှိ ခဲ့သော် ခိုင်လုံမဲ အများဆုံးရရှိသူ လျှောက်ထားသူအား တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ်(၃၅/၂၀၁၅)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ လက်ခံခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် လျှောက်ထားသူ ဦးသက်ထွန်းသည် တောင်းဆိုသည့် သက်သာခွင့်ကို ရထိုက်သည်မဟုတ်၍ လျှောက်ထားသူ၏ ရွေးကောက်ပွဲကန့်ကွက် လျှောက်ထားလွှာအမှုအား စရိတ်နှင့်တကွ ပလပ်ကြောင်းဆုံးဖြတ်ပြီး အမှုစရိတ်ငွေကျပ် နှစ်သိန်း တိတိကို လျှောက်ထားသူမှ လျှောက်ထားခံရသူအား ပေးစေသည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံး များမှ ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ပြီးသော ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုပေါင်းမှာ အောက်တိုဘာ ၂၁ ရက်အထိ ၃၉ မှု ရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်း တွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ ၂၇ မှု ရှိပြီးဖြစ် ကြောင်း သတင်းရရှိသည်။
Source : http://ift.tt/2epZbzO
via IFTTT
Source : http://ift.tt/2epZbzO
via IFTTT
The Voice
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁ ရက်နေ့ ဂျပန်သွားမည် ရန်ကုန်၊ အောက်တိုဘာ ၂၁ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီဟီဒဲဆူဂက အတည်ပြု ပြောဆိုလိုက်သည်။ ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ် အာကီဟီတိုနှင့် မိဖုရားမီချီကို၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့နှင့် တွေ့ဆုံမည်ဟု ၎င်းက အောက်တိုဘာလ ၂ဝ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုကြောင်း ဂျပန်သတင်းဌာန The Mainichi တွင် ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ လာရောက်စဉ် ဂျပန်ရောက် မြန်မာမိသားစုများက တွေ့ဆုံခွင့်ရရန် ကြိုတင်ပြင်ဆင် နေသော်လည်း တွေ့ဆုံခွင့်ရ မရကိုမူ မပြောနိုင်သေးကြောင်း ဂျပန်ရောက် မြန်မာ အသိုင်းအဝိုင်းထံမှ သိရသည်။ NLD ပါတီက မတ်လအကုန်တွင် အစိုးရအာဏာကို လွှဲပြောင်းရယူပြီး ချက်ခြင်း ဆိုသလို ဂျပန်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ဂျပန်ခရီးစဉ် မတိုင်မီ တရုတ်၊ ဥရောပနှင့် အမေရိက ခရီးစဉ် အများအပြား သွားရောက်ခဲ့သလို အိန္ဒိယနိုင်ငံသို့လည်း ယခု တစ်ပတ်အတွင်း သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံသို့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ လှုပ်ရှားသူ မြန်မာ အများအပြား နိုင်ငံရေး ခိုလှုံသူများအဖြစ် ရောက်ရှိခဲ့ကြသည်။ ယခု ဒီမိုကရေစီအစိုးရတစ်ရပ် အာဏာရလာချိန်တွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများ ပြည်တော်ပြန်ခွင့်ရရန် မြန်မာသံရုံးနှင့် ညှိနှိုင်းလျက် ရှိကြောင်း ဂျပန်ရောက် မြန်မာ အသိုင်းအဝိုင်းထံမှ သိရသည်။
Source : https://goo.gl/clRXiT
via IFTTT
Source : https://goo.gl/clRXiT
via IFTTT
Friday, October 21, 2016
The Voice
ကလေးငယ်သုံးဦး သရဲဝင်ပူးသည်ဟုဆိုကာ ရိုက်သတ်သူ ဖမ်းမိ တွံတေးမြို့နယ် ၂၀ မိုင်ကုန်း ကျေးရွာတွင် ကလေးငယ်များကို သရဲဝင်ပူးသည်ဟုဆိုကာ ထိုးကြိတ်ကန်ကျောက် ရိုက်သတ်ခဲ့သော အသက် ၃၀ အရွယ် အမျိုးသားကို အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ ယင်းဖမ်းမိသူမှာ မအူပင်မြို့နယ် တာတပေါကျေးရွာတွင် နေထိုင်သော ကိုထွန်းနိုင်ဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက် ညသန်းခေါင်ချိန်က မိသားစု လေးစုကို တစ္ဆေသရဲ ဝင်ပူးနေသည်ဟုဆိုပြီး စည်းဝိုင်းအတွင်း ဝင်စေ၍ ၎င်းက ထိုးကြိတ်ရိုက်နှက်ခဲ့ရာ သုံးနှစ်အရွယ် ယောကျင်္ားလေးငယ်တစ်ဦး ရှစ်လ နှင့် နှစ်နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦး သေဆုံးခဲ့ကြောင်း တွံတေးမြို့နယ် ရဲမှူး ခင်မောင်ဆွေက ပြောကြားသည်။ "ရွာပြင်မှာနေတဲ့ ကိုစိုးမင်းတို့ မိသားစုဆီ ပြစ်မှုကျူးလွန်သူက အလည်လိုက်လာရာက မင်းတို့ အိမ်တွေမှာ တစ္ဆေသရဲတွေ ဝင်ပူးနေတယ်။ ငါက ပယောဂဆရာ တစ်ယောက်ပါ သရဲမောင်းထုတ်ပေးမယ် ပြောပြီး တဲအိမ်လေးလုံးက မိသားစု အယောက် ၂၀ ကို စည်းဝိုင်းထဲထည့်ပြီး ကလေးငယ်တွေကို သူက ထိုးကြိတ် ကန်ကျောက်ခဲ့တာ။ သုံးယောက် သေသွားတယ်။ တစ်ယောက်က ရန်ကုန်ဆေးရုံမှာ"ဟု ၎င်းက ဆက်လက် ပြောကြားသည်။ သရဲဝင်ပူးသည်ဟုဆိုကာ ရိုက်နှက်မှုကြောင့် သုံးနှစ်အရွယ် မောင်နေလလင်း သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူက တွံတေးတူးမြောင်းထဲ လှေဖြင့် သွားရောက် စွန့်ပစ်ခဲ့ကြောင်း ယင်းနောက် ၂၀ မိုင်ကုန်း ကျေးရွာသို့ ပြန်လာပြီး ရှစ်လအရွယ် မယမင်းနှင့် နှစ်နှစ်အရွယ် မလှနှင်းရွှေကို ထပ်မံ ရိုက်သတ်ကာ နေအိမ်ဘေးတွင် မြေမြုပ်ခဲ့ကြောင်း တွံတေးမြို့မ ရဲစခန်းထံမှ သိရသည်။ ကလေးသုံးယောက် သေပြီး သူ့ကို ရွာအလည်ခေါ်လာတဲ့ ကိုစိုးမင်းရဲ့ သုံးနှစ်အရွယ်သမီးကို သူက သရဲဝင်ပူးတယ်ဆိုပြီး ထပ်ထိုးကြိတ် ကန်ကြောက်တယ်။ ပေါက်ဆိန်နဲ့ ထုတယ်။ ဒဏ်ရာရတဲ့ ကလေးကို ဖအေက ရွာမှာရှိတဲ့ ဆရာဝန်ထံ သွားပြရာက ရာဇဝတ်မှုမှန်းသိပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့လို့ ပြစ်မှုကျူးလွန်သူကို ဖမ်းမိတာဟု ရဲမှူး ခင်မောင်ဆွေက ပြောကြားသည်။ ယင်းပြစ်မှုကျူးလွန်သူ အမျိုးသားကို တွံတေးမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး အလောင်းဖျောက်ဖျက်မှုဖြင့် ထပ်မံအရေးယူရန် စစ်ဆေးနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
Source : https://goo.gl/9owORA
via IFTTT
Source : https://goo.gl/9owORA
via IFTTT
The Voice
ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အမေရိကတွင် သွားရောက် ကျင်းပခြင်းမျိုး ရှိလာနိုင်ဟု UEFA ဥက္ကဌသစ် ပြော အနာဂတ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဥရောပ ပြင်ပနိုင်ငံ တစ်ခုခုတွင် သွားရောက်ကျင်းပခြင်းမျိုး ရှိလာနိုင်သည်ဟု UEFA ဥက္ကဌသစ် အလက်ဇန္ဒား စီဖရင်က ပြောကြားလိုက်သည်။ လက်ရှိတွင် ချန်ပီယံလိဂ် ပွဲစဉ်များကို ဥရောပ၏ မြို့ကြီးတစ်မြို့မြို့တွင်သာ ကျင်းပလျှက် ရှိသော်လည်း အနာဂတ်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက် မြို့ကဲ့သို့သော ဥရောပ မဟုတ်သည့် မြို့ကြီးတစ်မြို့မြို့တွင် သွားရောက်ကျင်းပခြင်းမျိုး ရှိနိုင်သည်ဟု အလက်ဇန္ဒား စီဖရင်က ပြောကြားလိုက်ခြင်း ဖြစ်သည်။ နယူးယောက်လို ဥရောပပြင်ပ မြို့ကြီးတစ်မြို့မြို့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပမယ့် အစီအစဉ်ဟာ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ စိတ်ကူးတစ်ခု ဖြစ်ပေမယ့် ဆွေးနွေးမှုတွေ အမြောက်အများလုပ်ဖို့ လိုအပ်နေသေးတယ်လို့လည်း AFP သတင်းဌာနနဲ့ အင်တာဗျူးမှာ မစ္စတာစီဖရင်က ပြောကြားခဲ့ပါတယ်။ UEFA ဟာ လက်ရှိအချိန်ထိ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကျင်းပမယ့်ကွင်းကို တင်ဒါစနစ်နဲ့ ဖိတ်ခေါ်ရွေးချယ်ခြင်းမျိုး မရှိဘဲ ခေါင်းဆောင်ပိုင်းရဲ့ ဆွေးနွေးဆုံးဖြတ်မှုဖြင့်သာ ရွေးချယ်လျှက် ရှိပါတယ်။ Ref: Daily Mail
Source : https://goo.gl/CA13Zz
via IFTTT
Source : https://goo.gl/CA13Zz
via IFTTT
7Day News Journal
ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ရွေးကောက်ပွဲအပြီး လေးရက်အကြာတွင် ထုတ်ပြန်ရန် လျာထားဟုဆို ကြားဖြတ်ရွေးကောက် ပွဲအနိုင်ရ လွှတ်တော်ကိုယ်စား လှယ်များ၏ အမည်စာရင်းများကို ရွေးကောက်ပွဲကျင်းပပြီး လေး ရက်အတွင်း ထုတ်ပြန်ပေးရန် လျာထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။ လာမည့်နှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေး ကောက်ပွဲအတွက် ရွေးကောက်ပွဲ လျာထားလုပ်ငန်းစဉ် အချိန်စာ ရင်းကို အောက်တိုဘာ ၁၈ ရက် က ထုတ်ပြန်ရာတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းကို ၂၀၁၇ ဧပြီ ၂ ရက်မှ ၅ရက်အထိ ကြေညာပေးမည်ဟု ပါရှိသည်။ ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေ ထွေအရွေးကောက်ပွဲ ရလဒ်များ ကိုလည်း ရွေးကောက်ပွဲကျင်းပပြီး သည့် တစ်ပတ်အတွင်း ယခင် ရွေးကောက်ပွဲ ကော်မရှင်များက ထုတ်ပြန်ကြေညာပေးမှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ရွေး ကောက်ပွဲ လျာထားလုပ်ငန်းစဉ်ကို ထုတ်ပြန်ပေးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း နိုင်ငံရေး ပါတီများက ဆိုသည်။ ‘‘အရင်ကလည်း ရွေး ကောက်ပွဲရလဒ်တွေကို ခပ်မြန် မြန် ထုတ်ပေးတာပဲ။ ဒီတစ်ခါ ထူးခြားတာကတော့ လုပ်ငန်းစဉ် လျာထားကို ထုတ်ပြန်ပေးလိုက် တာ။ အရင်က တစ်ခုပြီးမှ တစ်ခု ထုတ်ပြန်ပေးတာ။ အခုလို လုပ် ငန်းစဉ်ကြီးတစ်ခုလုံးရဲ့ လျာထား ချက်ကို ထုတ်ပြန်ပေးတာ မရှိခဲ့ဘူး’’ ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)အထွေထွေအတွင်းရေးမှူး ဦးနေမင်းကျော်က ပြောသည်။ အဆိုပါရွေးကောက်ပွဲ လျာ ထားလုပ်ငန်းစဉ် အချိန်စာရင်း အရ မဲဆွယ်စည်းရုံးခွင့်ကာလကို ၂၀၁၇ ဇန်နဝါရီ ၃၀ မှ မတ်လ၃၀ အထိ နှစ်လသတ်မှတ်ပေးထား သည်။ ရွေးကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်မည့် ယခုနှစ် နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ သတ်မှတ်ထားကာ အမည်စာရင်း တင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ တင်သွင်းလွှာများကို ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက် အထိ စိစစ်မည်ဟု ရွေးကောက်ပွဲ လျာထား လုပ်ငန်းစဉ်အချိန်စာရင်းတွင် ပါရှိသည်။ စိစစ်ပြီး ရွေးကောက်ပွဲဝင် ပြိုင်ခွင့်ရသည့် လွှတ်တော်ကိုယ် စားလှယ်လောင်းများ၏ အမည် စာရင်းကို ၂၀၁၇ ဇန်နဝါရီ ၂ ရက်တွင် ကြေညာမည်ဖြစ်ကာ ပြည်ပရောက် မဲဆန္ဒရှင်များမှ ကြိုတင်မဲလက်မှတ်ဖြင့် ဆန္ဒမဲ ပေးနိုင်ရန် ပုံစံ(၁၅)များကို သက် ဆိုင်ရာ သံရုံးများသို့ ယခုနှစ် နိုဝင် ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၅ ရက် အထိ ပေးပို့ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်က အဆိုပါအချိန်စာရင်း၌ ဖော်ပြ ထားသည်။ လက်ရှိ လွှတ်တော်တွင်းရှိ လစ်လပ်နေရာများအတွက် ကြား ဖြတ်ရွေးကောက်ပွဲကို လာမည့် နှစ် ဧပြီ ၁ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က အောက် တိုဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာ ကျင်းပမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ တွင် လစ်လပ်နေရာ ၁၈ နေရာရှိ ရာ လစ်လပ်မဲဆန္ဒနယ်များရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု မှ မြို့နယ် ၂၁ မြို့နယ်တို့၌ ကျင်းပမည်ဖြစ်သည်။ လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာတွင် ပြည်သူ့လွှတ်တော် အတွက် ကိုးနေရာ၊ အမျိုးသား လွှတ်တော်အတွက် သုံးနေရာ၊ ပြည်နယ်လွှတ်တော်အတွက် ခြောက်နေရာတို့ဖြစ်ကြသည်။
Source : http://ift.tt/2ecqRHU
via IFTTT
Source : http://ift.tt/2ecqRHU
via IFTTT
7Day News Journal
NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရမည်မဟုတ် ဟုဆို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသည် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များစတင်ချိန်အထိ NCA လက် မှတ်မထိုးရသေးပါက ယင်းဆွေး နွေးပွဲများတွင် ပါဝင်ခွင့်ရမည်မ ဟုတ်ကြောင်း အစိုးရနှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ကိုယ် စားလှယ်များက ပြောကြားသည်။ ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် သုံးသပ်ခြင်း အစည်းအဝေး ဒုတိယနေ့၌ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲကျင်းပမည့်ပုံစံနှင့် ဆွေးနွေးပွဲများကို မည်သူများဦး ဆောင်ခွင့်ရှိသည်၊ ဆွေးနွေးခွင့် ရှိသည်ဆိုသည့် ကိစ္စများချမှတ်ရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း နှင့် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ NCA လက်မှတ်မထိုးရသေးသည့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြင့် စုဖွဲ့ထားသည့် UNFC ၏နိုင် ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)လည်း တက်ရောက်လျက် ရှိ သည်။ ထိုသို့ NCA လက်မှတ်မထိုး ရသေးသည့်အဖွဲ့များ မူဘောင် သုံးသပ်ခြင်းအစည်းအဝေးတွင် ပါဝင်စေခြင်းမှာ NCA လက်မှတ် ထိုးပြီးပြီးချင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ခွင့် ရရှိစေရန် ရည်ရွယ်ကြောင်း NCA လက်မှတ်ထိုးထားသည့် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောသည်။ သို့ရာတွင် ရှေ့ဆက်လုပ် ဆောင်မည့် ကိစ္စများသည် NCA ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ် ၍ အကယ်၍ လက်မှတ်မထိုးရ သေးသည့်အဖွဲ့များသည် လက် မှတ်မထိုးရသေးပါက ပါဝင်ခွင့် ရဦးမည်မဟုတ်ဟု ၎င်းက ဆို သည်။ ‘‘တကယ်စပြီးတော့ ပွဲလုပ် တဲ့အချိန်ထိ သူတို့လက်မှတ်မထိုး သေးဘူးဆိုရင်တော့ ကျွန်တော်တို့ ဝမ်းနည်းစွာနဲ့ပဲ သူတို့ကို ချန်ထား ခဲ့ရမှာဖြစ်ပါတယ်။ သို့သော် အဲဒီ လိုမဖြစ်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ ဘက်ပေါင်းစုံကနေ ကြိုး စားနေတာ ဖြစ်ပါတယ်။ ကြိုး စားပြီးတော့ တကယ်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စတင်ကျင်းပတဲ့အခါကျရင် သူတို့ပါနိုင်ဖို့အတွက် ကြိုးစားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာဆလိုင်း လျန်မှုန်းက ပြောသည်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)က ချမှတ်ပေးသည့် အခြေခံလမ်းညွှန်မှုများနှင့် အညီ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အရပ် ဘက်လူမှုအဖွဲ့အစည်းများက အစုအဖွဲ့တစ်ဖွဲ့ချင်း သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း ကျင်းပနိုင်သည်ဟု မူ ဘောင်တွင် ဖော်ပြထားသည်။ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က ‘‘လောလောဆယ် အနေအထားမှာ တော်တော်များများ ပြည်နယ်တချို့တွေမှာ အပစ်အခတ်ရပ်စဲရေး အထူးသဖြင့် NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရှိတဲ့ နေရာဒေသတွေမှာ ကတော့ ဦးဆောင်ခွင့်မရဘူး၊ ကျင်းပခွင့်မပြုဘူးဆိုရင် ကျွန်တော်ထင်တယ်။ အဲဒီဒေသမှာရှိတဲ့ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ဆွေးနွေး မယ့်သူတွေအနေနဲ့ နည်းနည်း အခက်အခဲများ ရှိလေမလား’’ဟု ပြောသည်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာ တွင် အလွန်အရေးကြီးသည့် အ စိတ်အပိုင်းတစ်ခုဖြစ်သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ အောင်မြင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ် များအား အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင် မျိုးဝင်းက မေတ္တာရပ်ခံထား သည်။ NCA လက်မှတ်ရေးထိုးပြီး သည်မှာ တစ်နှစ်ကြာပြီဖြစ်သော် လည်း အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ မစတင်နိုင်သေး၍ ယခုနှစ် နိုဝင်ဘာတွင် စတင်ကျင်း ပနိုင်ရေး အစိုးရနှင့် NCA လက် မှတ်ထိုးထားသည့် အဖွဲ့အစည်း များက စီစဉ်ထားကြောင်း သိရ သည်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျင်းပ မည်ဖြစ်ပြီး လူမျိုးအလိုက် ကျင်းပသည့် ဆွေးနွေးပွဲ၊ ဒေသအလိုက် ကျင်းပသည့် ဆွေးနွေးပွဲ၊ အ ကြောင်းအရာအလိုက် ဆွေးနွေး သည့် ဆွေးနွေးပွဲဟူ၍ ကျင်းပမည့် ပုံစံသုံးမျိုးရှိကြောင်း သိရသည်။ NCA စာချုပ် အခန်း(၅)နိုင်ငံ ရေးဆွေးနွေးပွဲဆိုင်ရာ အာမခံ ချက်များတွင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပခြင်းလုပ်ဆောင် ရန် ဖော်ပြထားသည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အခန်း(၄)အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းတွင် အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို UPDJC မှ ချမှတ်ပေးသည့် အခြေခံလမ်းညွှန်ချက်များနှင့် အညီ ကျင်းပနိုင်ကြောင်း၊ နိုင်ငံရေး၊ လူ မှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေ ယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင် ရာ မူဝါဒကိစ္စရပ်များ စသည်တို့ ကို ဆွေးနွေးနိုင်ပြီး ယင်းဆွေးနွေး ပွဲများမှ ချမှတ်သော အဆိုပြုချက် နှင့် အကြံပြုချက်များကို သက် ဆိုင်ရာလုပ်ငန်းကော်မတီမှ တစ် ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မှု များ ပြုလုပ်နိုင်ရန် တင်ပြသွားရ မည်ဖြစ်ကြောင်း ပါရှိသည်။ လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ(UNFC)အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့များ NCA တွင် ပါဝင်နိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏ DPN တို့ တွေ့ဆုံညှိနှိုင်းလျက် ရှိရာ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သဘောတူညီချက်အချို့ ရရှိခဲ့ပြီး ကျန်နေသည့် အချက်များ ပြေလည်မှုရရှိရန် နိုဝင်ဘာတွင် ထပ်မံ တွေ့ဆုံညှိနှိုင်းမည် ဖြစ်သည်။
Source : http://ift.tt/2dTzN25
via IFTTT
Source : http://ift.tt/2dTzN25
via IFTTT
7Day News Journal
ငွေလဲနှုန်းတည်ငြိမ်ရေး ငွေစက္ကူရိုက်ထုတ်မှု လျှော့ချရန် လိုအပ်ဟုဆို အစိုးရသစ်အနေဖြင့် ဗဟိုဘဏ်က ငွေစက္ကူရိုက်ထုတ် မှုများ လျှော့ချပြီး ငွေလဲနှုန်းတည် ငြိမ်အောင် လျင်မြန်စွာ ပြုလုပ်ရန် လိုအပ်ကြောင်း အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ကမ္ဘာ့ဘဏ်၏ စီးပွားရေးဆိုင်ရာ အရာရှိချုပ် မစ္စတာ Sudhir Shett က ပြောသည်။ အမေရိကန်ဒေါ်လာတန်ဖိုး သည် ရက်ပိုင်းအတွင်း အတက် အကျမြန်ခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအတွက် အတားအဆီး ဖြစ်နေကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်အချို့က ပြောသည်။ ‘‘ကာလတိုအတွက် အရေး တကြီးပြုပြင်ရမှာ ငွေလဲနှုန်းတည် ငြိမ်မှုပဲ။ ဗဟိုဘဏ်အနေနဲ့က လည်း ငွေလဲနှုန်းတည်ငြိမ်ဖို့ကို ငွေရိုက်ထုတ်မှုတွေ လျှော့ချသင့် တယ်’’ဟု မစ္စတာ Sudhir Shett က ပြောသည်။ ပြည်တွင်းငွေလဲနှုန်းသည် အောက်တိုဘာလဆန်းပိုင်းရက် များတွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၉၀ မှ ၁,၂၅၉ ကျပ်သို့ ကျ ဆင်းသွားပြီး အောက်တိုဘာ ၂၀ ရက်တွင် ၁,၂၉၁ ကျပ်အထိ ပြန် လည်မြင့်တက်လာသည်။ ပြည်ပ စျေးကွက်တွင် အမေရိကန်ဒေါ် လာ စျေးနှုန်း မြင့်တက်သကဲ့သို့ ဗဟိုဘဏ်က သတ်မှတ်ထားသည့် ရည်ညွှန်း ငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၁,၂၇၂ ကျပ်သို့ မြင့်တက်လာသည်။ အစိုးရသစ်လက်ထက်တွင် ငွေလဲနှုန်းတည်ငြိမ်အောင်မထိန်း နိုင်ခြင်းကြောင့် နိုင်ငံခြားလုပ်ငန်း ရှင်အချို့က ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် အစီအစဉ်များ ခေတ္တရပ် ထားပြီး စောင့်ကြည့် လေ့လာမှု များရှိကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် အချို့က ပြောသည်။
Source : http://ift.tt/2e6ohSq
via IFTTT
Source : http://ift.tt/2e6ohSq
via IFTTT
Wednesday, October 19, 2016
Myanmar State Counsellor Office
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယသမ္မတနိုင်ငံ တရားဝင်ခရီးစဥ်အတွင်း ထုတ်ပြန်ကြေညာသည့် ပူးတွဲကြေညာချက် ၁။ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ် သွားရောက်ပါသည်။ ခရီးစဥ်မတိုင်မီ အောက်တိုဘာလ ၁၆ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂိုအာမြို့တွင် ကျင်းပသည့် BRICS-BIMSTEC Outreach Summit သို့ တက်ရောက်ခဲ့ပါသည်။ ၂။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းတို့လည်း အတူလိုက်ပါခဲ့ကြပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အိန္ဒိယသမ္မတ၏ အိမ်တော် Rashtrapati Bhavan ရင်ပြင်၌ တရားဝင်အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြပါသည်။ အိန္ဒိယဝန်ကြီးချုပ်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဂုဏ်ပြုသောအားဖြင့် နေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Rajghat ရှိ မဟတ္တမဂန္ဒီ၏ အထိမ်းအမှတ် ဂူဗိမ္မာန်သို့ သွားရောက်ဂါရဝပြုပြီး၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ လွတ်လပ်ရေး ရရှိရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ၏ သမိုင်းဝင် ကြိုးပမ်းလှုပ်ရှားမှုများတွင် ညီရင်းအစ်ကိုပမာ အပြန်အလှန် ကူညီပံ့ပိုးခဲ့ခြင်းများကို ပြန်ပြောင်းသတိရခဲ့ပါသည်။ ၄။ အိန္ဒိယပြည်ပရေးဝန်ကြီး ဆူရှမာ ဆွာရာ့ရ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အား လာရောက်တွေ့ဆုံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ၅။ အိန္ဒိယခေါင်းဆောင်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ပြီးခဲ့သည့်နှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ သမိုင်းဝင် အောင်မြင်အနိုင်ရရှိမှုအတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ မြန်မာပြည်သူများမှ လိုလားတောင့်တသည့် မျှော်မှန်း ချက်များ အောင်မြင်စေရန် အိန္ဒိယနိုင်ငံ အနေဖြင့် ထောက်ခံအားပေးမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ ၆။ နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ကျယ်ပြန့်စွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေးများတွင် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ အရည်အသွေးများ မြှင့်တင်ပေးခြင်း၊ လမ်းများ ပြန်လည် တည်ဆောက်ခြင်း၊ လျှပ်စစ်စွမ်းအား ပံ့ပိုးပေးခြင်း၊ ပညာရေး အဆောက်အအုံနှင့် ကျန်းမာရေး အခြေခံအဆောက်အအုံတို့တွင် ပံ့ပိုး ကူညီခြင်းဖြင့် မြန်မာပြည်သူများ တိုးတက်စည်ပင် ဝပြော မှုများ ရရှိစေရေးအတွက် အထောက်အကူ ပြုပေးမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ အိန္ဒိယနိုင်ငံခရီးစဥ်အတွင်း ပူးပေါင်းဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် နယ်ပယ်များကို လျင်မြန်စွာ အကောင်အထည်ဖော်သွားကြရန် သဘော တူညီခဲ့ကြပါသည်။ ၇။ လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသော လူမှုအဖွဲ့အစည်းဖြစ်သည့် မြန်မာ နိုင်ငံတွင် သက်ဆိုင်သူများ အားလုံးအကြား ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးခြင်းဖြင့် တူညီမျှတသည့် ဖြေရှင်းမှုများ ရှာဖွေနိုင်မည်ဟု အိန္ဒိယနိုင်ငံအနေဖြင့် မျှော်လင့်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီအဖွဲ့အစည်းများ ပိုမို အားကောင်းလာစေရန် ကြိုးပမ်းမှုကို ကူညီမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ဆဲ ဖြစ်သည့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေး လုပ်ငန်းစဥ်အား ထောက်ခံအားပေးမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါသည်။ ယင်းကြိုးပမ်းမှုများမှ ရေရှည် တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိစေရေးကို ဦးတည်စေမည်ဟု မျှော်လင့်ထားပါသည်။ ၈။ မကြာမီကအူရီမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့်စပ်လျဥ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အကြမ်းဖက်မှုဖြစ်စဥ်ကို ရှုံ့ချကြောင်းနှင့် အသက်ဆုံးရှုံးခဲ့ ရသူများ၏ မိသားစုဝင် များအတွက် ဝမ်းနည်းစာနာမိကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယ ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်စခန်းသုံးခုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်တိုက်ခိုက်မှုများကို ရှုံ့ချကြောင်းနှင့် အကြမ်းဖက်တိုက်ခိုက် ခံရမှုများတွင် ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား စာနာထောက်ထားကြောင်း ဖော်ပြခဲ့ပါသည်။ ၉။ နှစ်ဖက်လုံးမှ အကြမ်းဖက်တိုက်ခိုက်မှု၏ မည်သည့်ပုံစံမျိုးကိုမဆို ရှုံ့ချကြောင်း၊ မည်သည့်နေရာ၌ မည်သူကျူးလွန်သည်ဖြစ်စေ၊ အကြမ်းဖက်တိုက်ခိုက်မှုမှန်သမျှကို ရှုံ့ချပါ ကြောင်းဖော်ပြခဲ့ကြသည်။ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရာတွင် အကြမ်းဖက်သမားများ ကို ပြစ်မှတ်ထား တိုက်ခိုက်ရန်နှင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ အချိတ် အဆက် များမှ အကြမ်းဖက်မှုအား အားပေးခြင်း၊ ပံ့ပိုးကူညီခြင်း (သို့မဟုတ်) ငွေကြေးပံ့ပိုးမှုများကို ပိတ်ပင်တားဆီးရန် သဘောတူညီကြောင်း ဖော်ပြခဲ့ ပါသည်။ နှစ်ဖက်လုံးမှ အကြမ်းဖက်မှုသည် လူအခွင့်အရေး ချိုးဖောက်မှုတွင် အဆိုးဆုံးဖြစ်ကြောင်းနှင့် အပြစ်မဲ့သူများအား ပျက်သုဥ်း စေသည့် အကြမ်းဖက်သမားများအား သင်တန်းပေးခြင်း (သို့မဟုတ်) ပစ္စည်း ထောက်ပံ့ ပေးခြင်း၊ ငွေကြေးပံ့ပိုးပေးခြင်း၊ ထောက်ခံခြင်းတို့သည် ကောင်းမွန်သည့် ဆောင်ရွက်မှု မဟုတ်ကြောင်းကိုလည်း သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံစလုံးမှ ကုလသမဂ္ဂတွင် ဆွေးနွေးနေဆဲ ဖြစ်သော အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုဆိုင်ရာ ကွန်ဗင်းရှင်း အား အမြန်ဆုံး အပြီးသတ်ရေးကို တိုက်တွန်းကြပါသည်။ ၁ဝ။ နှစ်ဖက်စလုံးက နယ်စပ်တစ်လျှောက် လုံခြုံရေးထိန်းသိမ်းမှုသည် နယ်စပ်ဒေသ စီးပွားရေးနှင့် လူမှုဘဝတိုးတက်စေရေးအတွက် အရေးပါသည်ဟု တူညီစွာ ရှုမြင်ကြကြောင်း၊ အချုပ်အခြာ အာဏာ ပိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားကြောင်းနှင့် သောင်းကျန်းသူများ၏ လှုပ်ရှားမှု များနှင့် အကြမ်းဖက်မှုအန္တရာယ်ကို ဆန့်ကျင်တိုက်ဖျက် သွားကြရန် ကတိကဝတ်ပြုကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ နယ်စပ်တစ်လျှောက် နေထိုင်သူများ၏ဘဝ သာယာဝပြောစေရေးအတွက် တစ်နိုင်ငံ အနေဖြင့် အခြားနိုင်ငံအား ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ရေးအတွက် သောင်းကျန်းသူများအား မိမိတို့၏ ပိုင်နက် နယ်မြေကို အသုံးပြုခွင့်မပြုကြရန် ကာလရှည်ကြာစွာ နှစ်နိုင်ငံအကြားထားရှိခဲ့သည့် ကတိပြုမှုကို နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံ နယ်စပ် လုံခြုံစေရန် ရည်ရွယ်၍ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ရန်နှင့် သတင်းအချက်အလက် ဖလှယ်ရေးအတွက် ဆက်လက်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပါသည်။ သက်ဆိုင်ရာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့များအကြား ဆွေးနွေးမှုများ အရှိန်မြှင့် ဆောင်ရွက်ရန်အတွက်လည်း နှစ်ဖက်စလုံးမှ သဘောတူညီခဲ့ကြပါသည်။ ၁၁။ နှစ်ဖက်စလုံးမှ နှစ်နိုင်ငံအကြား သဘောတူသတ်မှတ်ထားပြီးဖြစ်သော နယ်နိမိတ် မျဥ်းကြောင်း အား အပြန်အလှန် လေးစားကြောင်းဖော်ပြခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား အထူးသဖြင့် ဖြေရှင်းရန် ကျန်ရှိ နေသည့် နယ်နိမိတ်သတ်မှတ်ရေးကိစ္စရပ်များအား လက်ရှိအစည်းအဝေး ယန္တရားများဖြင့် ဆောလျင်စွာ ဖြေရှင်းကြရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ကြပါသည်။ ၁၂။ နှစ်ဖက်အကျိုးစီးပွားအတွက် ပြည်သူများအနေဖြင့် စီးပွားရေး၊ ခရီးသွားလုပ်ငန်းနှင့် အခြားသော အကြောင်းရင်းများဖြင့် ကုန်းလမ်းကြောင်းများမှတစ်ဆင့် လွယ်ကူချောမွေ့စွာ ပုံမှန်ဖြတ်သန်း သွားလာ နိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးရမည်ကို နားလည်ကြသည့် အလျောက် နှစ်ဖက်လုံးမှ တမူး-မိုးရေး၊ ရိဒ်-ဇိုခေါတာ နယ်စပ်ဖြတ်သန်းသည့် ဂိတ်များတွင် လူဝင်/လူထွက် စိစစ်ရေးရုံးများကို ဆောလျင်စွာ ထူထောင်ရန်အတွက် သံတမန်လမ်းကြောင်း မှတဆင့် အသေးစိတ်ညှိနှိုင်းရန် သဘောတူညီခဲ့ကြပါသည်။ ၁၃။ နှစ်ဖက်လုံးမှ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအား အပြည့်အဝ ဆောင်ရွက်နိုင်သော အခြေအနေသို့ ရောက်ရှိစေရန်အတွက် ကုန်သွယ်မှုနှင့် စီးပွားကူးသန်း ရောင်းဝယ်မှုတို့တွင် အတားအဆီး များအား ဖယ်ရှားရန် သဘောတူညီခဲ့ကြပါသည်။ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲ ကော်မတီ၊ နယ်စပ် ကုန်သွယ်ရေးနှင့် နယ်စပ်ဈေးများဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့များနှင့် မီးရထားနှင့် ရေကြောင်းဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့များ အစည်းအဝေးများအား ဆောလျင်စွာ ကျင်းပရန် သဘောတူညီခဲ့ကြပါသည်။ ရေနံဓာတုနှင့် ရေနံထွက်ကုန်များ ရောင်းချရေးဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် LPG terminals များ တည်ဆောက်ရာတွင် ယှဥ်ပြိုင်ဆောင်ရွက် ရသည့် တင်ဒါများတွင် အိန္ဒိယကုမ္ပဏီများပါဝင်ရန်အတွက် ဖိတ်ကြားလိုကြောင်း မြန်မာဘက်မှ ထပ်လောင်း ပြောကြားခဲ့ပါသည်။ ၁၄။ ပင်လယ်သမုဒ္ဒရာအခြေပြု အပြာရောင်စီးပွားရေး (Blue Economy) တိုးတက်ရေးနှင့် ဘင်္ဂလား ပင်လယ်အော်တွင် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုများ အတွက် နည်းလမ်းများ ချမှတ်ရန်အတွက် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နှစ်ဖက် စလုံးက သဘောတူညီခဲ့ကြပါသည်။ ၁၅။ နှစ်ဖက်လုံးမှ အိန္ဒိယအစိုးရ၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများဖြင့် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု စတင်ဆောင်ရွက်နေ ခြင်းများအား ပြန်လည် သုံးသပ်ခဲ့ကြပြီး၊ လမ်းပန်းဆက်သွယ်မှု အဆင့်မြှင့်တင်ခြင်း၊ လူ့အရည် အသွေး မြှင့်တင်ခြင်း၊ စိုက်ပျိုးရေး၊ ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သတင်း အချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာနှင့် စက်မှုသင်တန်း အပါအဝင် အခြားသင်တန်း အစီအစဥ်များ သည် ပြည်သူများ၏ လူနေမှုဘဝအဆင်ပြေစေရေး နှင့် တိုက်ရိုက်ဆက်နွှယ်နေသဖြင့် အဆိုပါ နယ်ပယ် များအား အရှိန်တိုးမြှင့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။ ၁၆။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ပဲမျိုးစုံ သုတေသနပြုရေးအတွက် ပဲအမျိုး အစားများ တိုးတက်စေရေး၊ စိုက်ပျိုးရေးနည်းလမ်းများနှင့် ပဲမျိုးစုံဝယ်ယူပေးရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် ပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ ပဲမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပဲမျိုးစေ့ ထုတ်လုပ်ရေးဗဟိုဌာန ထူထောင်ရေးဆိုင်ရာ စီမံကိန်းအဆိုပြုချက်အား မကြာမီ အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၁၇။ လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုတို့သည် လူမှု-စီးပွားရေးတိုးတက်မှုကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ အိန္ဒိယနိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးရေးအတွက် မြန်မာအစိုးရမှ ရွေးချယ်ဖော်ထုတ်ထားသည့် စီမံကိန်း များကို ခိုင်မာစေရန် ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။ ထို့ကြောင့် နှစ်ဖက်စလုံးမှ မြန်မာ-အိန္ဒိယ လျှပ်စစ် ဓာတ်အားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်မှုအပေါ် ကျေနပ်အားရကြောင်း ဖော်ပြခဲ့ပါသည်။ ၁၈။ နည်းပညာဆိုင်ရာ သရုပ်ပြရှေ့ပြေးစီမံကိန်းတစ်ခုအဖြစ် စွမ်းအင်သုံးစွဲမှု နည်းသည့် LED အခြေပြု လျှပ်စစ်မီးလုံး ပံ့ပိုးတပ်ဆင်ပေးရေးစီမံကိန်းတစ်ခုအား မြန်မာနိုင်ငံတွင် ဆောင်ရွက်ရန် ဝန်ကြီးချုပ်မိုဒီ၏ ကြေညာမှုကို မြန်မာနိုင်ငံက ကြိုဆိုပါသည်။ နှစ်ဖက်လုံးမှ စီမံကိန်းဆောင်ရွက်မည့် နေရာရွေးချယ်ရေးကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ ဒေသအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်ရန် သဘော တူညီခဲ့ပါသည်။ ၁၉။ အိန္ဒိယနိုင်ငံအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးမြှင့်တင်ရေးနှင့် လေ့ကျင့်ရေး အခြေခံ အဆောက်အဦများ အဆင့်မြှင့်တင်ရန် လိုအပ်မှုကို အသိအမှတ်ပြုသည့်အလျောက် ရဲလေ့ကျင့်ရေး အခြေခံ အဆောက်အအုံ ဆောက်လုပ်ပေးခြင်းနှင့် သိပ္ပံနည်းကျ အမှုအခင်းများ စစ်ဆေးခြင်းနှင့် ဆိုက်ဘာလုံခြုံရေး တို့အပါအဝင် လေ့ကျင့်ရေးသင်ရိုးများ ရေးဆွဲရန် အတွေ့ အကြုံများ မျှဝေခြင်းအား မြန်မာနိုင်ငံသို့ ပံ့ပိုးပေးရန် သဘောတူညီခဲ့ပါသည်။ ရမည်းသင်း အမျိုးသမီး ရဲလေ့ကျင့်ရေးဗဟိုဌာနအား သင့်လျော်သည့် စံနှုန်းများ၊ ပတ်ဝန်းကျင်၊ အခြေခံ အဆောက်အဦနှင့် သင်ကြားရေးပစ္စည်းများ ပံ့ပိုးပေးခြင်းဖြင့် အကောင်းဆုံးဗဟိုဌာန တစ်ခုအဖြစ်သို့ ဖွံ့ဖြိုး တိုးတက်လာစေမည် ဖြစ်ပါသည်။ ၂ဝ။ မြန်မာဖက်မှ အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းမှုများ အတွက် ကူညီထောက်ပံ့ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါသည်။ ၂၁။ အိန္ဒိယဖက်မှ မြန်မာနိုင်ငံခြားရေးဝန်ထမ်းများအတွက် အရည်အသွေး မြှင့်တင်ရေးဆိုင်ရာ သံတမန် သင်တန်းများ ပိုမိုပံ့ပိုးပေးရန်နှင့် ရန်ကုန်မြို့တွင် သံတမန်သင်တန်းကျောင်းတစ်ခု ပေါ်ထွန်း စေရေး အတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို အကူအညီပေးရန် သဘော တူညီခဲ့ပါသည်။ ၂၂။ နှစ်ဖက်လုံးမှ နှစ်နိုင်ငံအကြား ကဏ္ဍစုံ ဆက်ဆံရေး ပိုမိုတိုးချဲ့ရန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် နည်းလမ်းများအား ရှာဖွေရန်အတွက် ထင်ပေါ်ကျော်ကြားသူများအဖွဲ့ကို ထူထောင်ရန် သဘော တူညီခဲ့ကြပါသည်။ အဖွဲ့ထူထောင်ခြင်းနှင့် ဆောင်ရွက်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို တစ်ဆက် တစ်စပ်တည်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ၂၃။ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များက ကမ္ဘာ့ရေးရာ ကိစ္စရပ်များနှင့် ၎င်းတို့၏ အကျိုးဆက်များအပေါ် သဘောထားအမြင်တွင် တူညီမှုများကို သတိပြုမှတ်သားခဲ့ကြပါသည်။ နှစ်ဖက်လုံးမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား ဆောလျင်စွာ ပြုပြင်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ကြပါသည်။ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းမည့် ကုလသမဂ္ဂတွင် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေးအတွက် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းမှုကို အားပေး ထောက်ခံကြောင်း မြန်မာနိုင်ငံက ထပ်လောင်းပြောကြားခဲ့ပါသည်။ ၂၄။ မကြာသေးမီက ဂိုအာမြို့တွင် BRICS-BIMSTEC Outreach ထိပ်သီးညီလာခံကို အိန္ဒိယနိုင်ငံက အောင်မြင်စွာ အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့မှုအတွက် မြန်မာနိုင်ငံက ချီးကျူး ဂုဏ်ပြုခဲ့ပါသည်။ နှစ်ဖက်လုံးမှ ယင်းညီလာခံတွင် အပြီးသတ်ခဲ့သော ဆွေးနွေးမှုများကို မှတ်သားခဲ့ကြပြီး၊ ဘင်းမ်စတက် မူဘောင်အတွင်း ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် ကုန်သွယ်မှု၊ ပို့ဆောင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စွမ်းအင်နှင့် အကြမ်းဖက် တိုက်ခိုက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တူညီသည့် ကတိပြုမှုကို ဖော်ပြကြပါသည်။ ၂၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အိန္ဒိယသမ္မတအား ၎င်းနှင့် ကိုယ်စားလှယ်အဖွဲ့ အား နွေးထွေး ကြိုဆို ဧည့်ဝတ်ကျေပွန်ခဲ့မှုနှင့် အထူးသဖြင့် တည်းခိုရန် သမ္မတအိမ်တော်တွင် စီစဥ်ပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အိန္ဒိယဝန်ကြီးချုပ်အား ၎င်းနှင့် ကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယနိုင်ငံခရီးစဥ်အတွင်း အထူးဧည့်ဝတ် ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိခဲ့ပါသည်။ ၂၆။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အိန္ဒိယဝန်ကြီးချုပ်အား နှစ်ဖက် အဆင်ပြေသည့် နေ့ရက် များတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး ဖိတ်ကြားမှုကို အိန္ဒိယဝန်ကြီးချုပ်က လက်ခံခဲ့ပါသည်။ ခရီးစဥ်အတွက် နေ့ရက်များအား နှစ်ဖက်သံတမန် လမ်းကြောင်းမှတစ်ဆင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Source : http://ift.tt/2e1sx5T
via IFTTT
Source : http://ift.tt/2e1sx5T
via IFTTT
မက်ဆီကို လုံးဝ မကြောက်ဟု မန်စီးတီး နောက်ခံလူ ဂျွန်စတုန်း ပြော ဘာစီလိုနာ အသင်းကစားသမား မက်ဆီကို ရင်ဆိုင်ဖို့ လုံးဝ ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ မန်စီးတီးအသင်း နောက်ခံ ကစားသမား ဂျွန်စတုန်းက ပြောကြားလိုက်ပါတယ်။ ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ် အတွက် ဘာစီလိုနာအသင်း အိမ်ကွင်းမှာ မန်စီးတီးက သွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ဂျွန်စတုန်းက မန်စီးတီး ဗဟိုနောက်ခံ ကစားသမား တစ်ယောက်အနေနဲ့ ဒီပွဲမှာ မက်ဆီကို ထိန်းချုပ်ဖို့ အဓိက တာဝန်ရှိလာမှာပါ။ ဒါပေမယ့် မက်ဆီဟာ သူ့ကို ဖိအားဖြစ်စေမှာ မဟုတ်ဘူးလို့ ပွဲမတိုင်ခင် သတင်းထောက်တွေကို ဂျွန်စတုန်းက ပြောပါတယ်။ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ဒီရာသီမှာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေပြီး ပေးဂိုး မရှိတဲ့ပွဲဟာ နည်းပါးနေသေးပါတယ်။ “စိတ်လှုပ်ရှား ရင်ခုန်စရာ တွေ့ဆုံမှုပါ။ ဒါပေမယ့် မက်ဆီကို ကျွန်တော် မကြောက်ပါဘူး။ သူဘာလုပ်နိုင်လဲ စောင့်ကြည့်ပြီး ရင်ဆိုင်ရမှာပါပဲ။ အကောင်းဆုံးတွေနဲ့ ရင်ဆိုင်ရတာမျိုးက ကိုယ့်ရဲ့ အရည်အသွေးကို ပိုတောင် တိုးတက်လာစေပါသေးတယ်။ ဒါပေမယ့် မက်ဆီ တစ်ယောက်တည်းကို ကျွန်တော် ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ တစ်သင်းလုံးက ကစားသမားတွေကို ရင်ဆိုင်ရမှာပါ”လို့ ဂျွန်စတုန်းက ပြောပါတယ်။ ဂျွန်စတုန်းက သူဟာ မက်ဆီပရိသတ် တစ်ဦးဖြစ်ကြောင်းနဲ့ ဒီကစားသမားရဲ့ ပွဲစဉ်တွေကို ငယ်ငယ်က အမြဲကြည့်ခဲ့သူလို့ ဝန်ခံခဲ့ပါတယ်။
Source : https://goo.gl/BRZXCo
via IFTTT
Source : https://goo.gl/BRZXCo
via IFTTT
Mac အသစ်များကို အောက်တိုဘာ ၂၇ ရက်တွင် မိတ်ဆက်ရန် Apple စီစဉ်နေ Apple သည် အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည့် အခမ်းအနားတစ်ခု၌ Mac အသစ်များကို မိတ်ဆက်ရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များက Recode ထံ အတည်ပြု ပြောကြားခဲ့သည်။ ကုမ္ပဏီအနေဖြင့် MacOS Sierra ကို ပြီးခဲ့သည့်လက ဖြန့်ချိခဲ့သော်လည်း အဆိုပါ ဆော့ဖ်ဝဲအသုံးပြုထားသော ကွန်ပျူတာအမျိုးအစားသစ်များကိုမူ မိတ်ဆက်ပေးခဲ့ခြင်း မရှိပေ။ ထို့အပြင် အဆိုပါသတင်းသည် Apple က အားလပ်ရက်ရာသီတွင် ထုတ်ကုန်သစ်များ ရောင်းချမည့် အချိန်နှင့် အချိန်ကိုက်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Apple သည် ၎င်း၏ Mac မော်ဒယ်များတွင် သိသာထင်ရှားသည့် အပြောင်းအလဲ မပြုလုပ်သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။ သို့သော်လည်း Apple အနေဖြင့် စိတ်ကြိုက်ပြင်ဆင်သတ်မှတ်နိုင်သော touchscreen ခလုတ်များပါဝင်သည့် MacBook Pro သစ်တစ်မျိုးကို မိတ်ဆက်ဖွယ်ရှိကြောင်း ကောလာဟလသတင်းများတွင် ဖော်ပြခဲ့သည်။ Sierra တွင် Apple ၏ Siri voice assistant အတွက် အထောက်အပံ့ပါဝင်ပြီး iOS နှင့် MacOS ထုတ်ကုန်များ အကြား copy နှင့် paste ပြုလုပ်နိုင်မည့် လုပ်ဆောင်ချက် အပြင် အခြားလုပ်ဆောင်ချက်များ ပါဝင်ကြောင်း သိရသည်။ Ref: Recode
Source : http://ift.tt/2erObya
via IFTTT
Source : http://ift.tt/2erObya
via IFTTT
ပဲခူး၌ လိုင်စင်မဲ့ဆိုင်ကယ်များကို မှတ်ပုံတင်ပြုလုပ်ပေးမည် တောင်ငူ၊ အောက်တိုဘာ ၁၉ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တရားဝင်မှတ်ပုံတင် ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ဌေးက ပြောသည်။ "လိုင်စင်မဲ့ဆိုင်ကယ်တွေ စီးနင်းမှုများနေတဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာ မှတ်ပုံတင်ခွင့်ပေးလိုက်ရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်း နည်းသွားနိုင်တယ်။ ဒါကြောင့် ဒေသတွင်း လိုင်စင်မဲ့ဆိုင်ကယ်တွေကို တရားဝင်မှတ်ပုံတင်နံပါတ်ကို ပခနဲ့ထုတ်ပေးသွားမယ်"ဟု ၎င်းက ပြောကြားသည်။ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး ရက်ပေါင်း ၉၀ တိုင်တိုင် တရားဝင် မှတ်ပုံတင်ခွင့် ပေးသွားမည်ဖြစ်ပြီး အဆိုပါ ကာလ ကျော်လွန်ပါက တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် မော်တော်ဆိုင်ကယ်များကို မော်တော်ယာဉ် ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပဲခူးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
Source : https://goo.gl/2u6c0L
via IFTTT
Source : https://goo.gl/2u6c0L
via IFTTT
ကမၻာ့ပထမဆံုး 5G modem ကို Qualcomm မိတ္ဆက္
ချစ်ပ်ကုမ္ပဏီ Qualcomm သည် download အမြန်နှုန်း 5Gbps အထိ ထောက်ပံ့ပေးနိုင်သော Snapdragon X50 ဟုခေါ်သည့် ကမ္ဘာ့ပထမဆုံး 5G modem ကို မိတ်ဆက် ကြေညာခဲ့သည်။ နှိုင်းယှဉ်မှုများပြုလုပ်ရလျှင် ကမ္ဘာတစ်ဝန်းရှိ 4G ပျှမ်းမျှ download အမြန်နှုန်းသည် လက်ရှိတွင် 13.5Mbps သာရှိသောကြောင့် X50 က အဆ ၄၀၀ နီးပါးခန့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိတွင် 5G စံသတ်မှတ်ချက် ထောက်ပံ့ပေးသည့် ဆယ်လူလာ ကွန်ရက်များ မရှိသေးသောကြောင့် 5Gbps download အမြန်နှုန်းကို 5G ဝန်ဆောင်မှု စတင်ချိန်မှသာ အသုံးပြုနိုင်မည် ဖြစ်သည်။ တောင်ကိုရီးယားသည် ၎င်း၏ ပထမဦးဆုံး 5G ကွန်ရက်ကို ၂၀၁၈ ခုနှစ်တွင် စတင်နိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး အမေရိကန်နှင့် ယူကေကလည်း ၂၀၂၀ ခုနှစ်ဝန်းကျင်တွင် မျိုးဆက်သစ် မိုဘိုင်းကွန်ရက်များကို စတင်နိုင်ရန် မျှော်လင့်ထားသည်။ Qualcoom အနေဖြင့် နမူနာချစ်ပ်များကို ၂၀၁၇ ဒုတိယနှစ်ဝက်တွင် ထုတ်လုပ်သူများထံ စတင် ပေးပို့သွားမည် ဖြစ်သောကြောင့် Snapdragon X50 5G modem ပါဝင်သည့် စမတ်ဖုန်းများကို ၂၀၁၈ ခုနှစ်တွင် တွေ့မြင်ရဖွယ်ရှိသည်။ Ref: TheNextWeb
Source : http://ift.tt/2ejRUyH
via IFTTT
Source : http://ift.tt/2ejRUyH
via IFTTT
ISIS ၏ဒရုန်း အန္တရာယ်သစ်ကို ပင်တဂွန်ရင်ဆိုင်နေရ ဝါရှင်တန် - လွန်ခဲ့သည့် ရက်သတ္တပတ်က အီရတ်မြောက်ပိုင်းရှိ ISIS နှင့် တိုက်ခိုက်နေသော ကာဒစ်ရှ်တပ်ဖွဲ့များက လေယာဉ်ပုံစံအရွယ်အစားရှိသော သေးငယ်သောမောင်းသူမဲ့ လေယာဉ် တစ်စင်းကို ပစ်ချခဲ့သည်။ တပ်ဖွဲ့များသည် မောင်းသူမဲ့ လေယာဉ်ငယ်ကို အခြား မောင်းသူမဲ့ လေယာဉ်များကဲ့သို့ အကြမ်းဖက် အဖွဲ့အစည်း ဧရိယာအတွင်း ကင်းထောက်နေသည်ဟု ထင်ပြီး စစ်ဆေးမှုများ ပြုလုပ်ရန် ၎င်းတို့၏ စခန်းသို့ သယ်ဆောင်ခဲ့သည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ်ငယ်ကို တစ်စစီ ဖြုတ်စစ်ဆေးနေသည့် အချိန်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာကာဒစ်ရှ် တိုက်ခိုက်ရေးသမားနှစ်ဦး သေဆုံးခဲ့သည်။ အစ္စလမ္မစ်အကြမ်းဖက် လက်နက်ကိုင်အဖွဲ့အစည်း ISIS က စစ်မြေပြင်အတွင်း မောင်းသူမဲ့ လေယာဉ်ငယ်ကို အသုံးပြုပြီး ဖောက်ခွဲခဲ့သည့် ပထမဆုံး ဗုံးဖောက်ခွဲမှုအဖြစ် ယုံကြည်ရကြောင်း သိရသည်။ စက်တင်ဘာလတွင် ISIS က မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် တိုက်ခိုက်မှုကို အနည်းဆုံးနှစ်ကြိမ် စမ်းသပ်ကြည့်ခဲ့ပြီး ISISနှင့် တိုက်ခိုက်နေသော တပ်ဖွဲ့များကို မည်သည့် မောင်းသူမဲ့ လေယာဉ်ငယ် အမျိုးအစားမဆို ပေါက်ကွဲစေနိုင်သော အလားအလာရှိသည့် လက်နက်အဖြစ် သတိရှိစွာ ဆောင်ရွက်ရန် သတိပေးချက် ထုတ်ပြန်ရန် အီရတ်ရှိ အမေရိကန်တပ်မှုးများကို အဆိုပါ ပေါက်ကွဲမှုက လှုံ့ဆော်ခဲ့သည်။ ISIS က မောင်းသူမဲ့ လေယာဉ်ငယ်များကို အသုံးပြု၍ နယ်မြေကင်းလှည့်မှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ ပေါက်ကွဲမှုက အီရတ် တပ်ဖွဲ့များကို တိုက်ခိုက်မည့် လက်နက်ကိရိယာ အသစ်တစ်ခုကို နည်းပညာနှင့်အညီ တီထွင်ဖန်တီးအောင်မြင်ခဲ့ပြီး ဖြစ်သည်ကို မီးမောင်း ထိုးပြနေသည်။ မွန်ဆူးလ်တွင် လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းနှင့် တိုက်ခိုက်နေသော မဟာမိတ်တပ်ဖွဲ့များကို တိုက်ခိုက်ရန် အဆိုပါ ပေါက်ကွဲစေနိုင်သောပစ္စည်း တပ်ဆင်ထားသော မောင်းသူမဲ့လေယာဉ်ငယ် (ဒရုန်း) များကို အသုံးပြုနိုင်နေပြီဟု အမေရိကန် အကြံပေးပုဂ္ဂိုလ်များက ပြောသည်။ ထိုပေါက်ကွဲမှုဖြစ်ရပ်က အမေရိကန်စစ်ရေး သုံးသပ်လေ့လာသူ အချို့နှင့် မောင်းသူမဲ့ လေယာဉ်ငယ် ပညာရှင် အချို့တို့၏ အမြင်ကို အတည်ပြုခဲ့ပြီး ပင်တဂွန်က စစ်သွေးကြွများ မောင်းသူမဲ့ လေယာဉ်ငယ်များကို လက်နက်အဖြစ် ပြောင်းလဲအသုံးပြုသည်ကို ခုခံတိုက်ခိုက်ရန် ကြိုတင် ပြင်ဆင်မှုများ နှောင့်နှေးနေဆဲ ဖြစ်သည်။ မကြာသေးမီလများအတွင်း ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ)နှင့် ကာကွယ်ရေးနှင့် ထောက်လှမ်းရေး အေဂျင်စီ နှစ်ခုစလုံးက ISIS အကြမ်းဖက်အဖွဲ့အစည်း၏ မောင်းသူမဲ့လေယာဉ်ငယ် အသုံးပြုမှုအပေါ် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ''ပေါက်ကွဲသွားတဲ့ပစ္စည်းက ဘက်ထရီပုံစံဖြစ်ပြီး သေဆုံးမှုဖြစ်ပွားနိုင်တဲ့ ပေါက်ကွဲတတ်တဲ့ ပစ္စည်း အနည်းငယ် ပါဝင်ခဲ့တယ်'' ဟု အမေရိကန် ရာထူးမြင့် စစ်ရေးအရာရှိ တစ်ဦး၏ အဆိုပါ ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ အစီရင်ခံစာ အပြည့်အစုံတွင် ရေးထားသည်။ ISIS က အွန်လိုင်းပေါ်သို့တင်ရန် အသေခံကားဗုံး ပေါက်ကွဲမှုများကို ဗီဒီယိုရိုက်ရာတွင် မောင်းသူမဲ့ လေယာဉ်များ အသုံးပြုခဲ့ကြသော်လည်း ISIS အကြမ်းဖက်အဖွဲ့အစည်းသည် မောင်းသူမဲ့ လေယာဉ်များကို စစ်မြေပြင်အတွင်း အကူအညီရယူရန် စတင် အသုံးပြုနေသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်ဟု အမေရိကန်နှင့် အီရတ်တပ်မှူးများက ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။
Source : http://ift.tt/2egnJLm
via IFTTT
Source : http://ift.tt/2egnJLm
via IFTTT
2600 Spectrum လေလံပွဲ၌ နယ်မြေအလိုက် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာ ၃ သန်းမှ ၇ သန်းအထိ သတ်မှတ်
2600 Spectrum လေလံပွဲ၌ နယ်မြေအလိုက် ကြမ်းခင်းစျေးကို အမေရိကန်ဒေါ်လာ ၃ သန်းမှ ၇ သန်းအထိ သတ်မှတ် နေပြည်တော် Hotel Royal ACE မှာ 2600 Spectrum ကို အောက်တိုဘာ ၁၇ ရက်က စတင်ပြီးတော့ လေလံတင်ခဲ့ပါတယ်။ နယ်မြေ ၁ အတွက် ကြမ်းခင်းစျေး အမေရိကန်ဒေါ် လာ ၃ သန်း၊ နယ်မြေ ၂ အတွက် အမေရိကန်ဒေါ်လာ ၇ သန်း၊ နယ်မြေ ၃ အတွက် အမေရိကန် ဒေါ်လာ ၅ သန်း သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ 2600 MHz Band အတွင်းမှာရှိတဲ့ 20MHz Lot ၂ ခုကို လေလံပစ်ခဲ့တာပါ။ နယ်မြေ ၁ မှာတော့ နေပြည်တော်၊ မကွေး၊ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီ ပါဝင်ပါတယ်။ နယ်မြေ ၂ မှာတော့ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင် ပါဝင်ပါတယ်။ နယ်မြေ ၃ မှာတော့ မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်း၊ ကချင်၊ ကယား စတဲ့ဒေသတွေ ပါဝင်ပါတယ်။ ကုမ္ပဏီတစ်ခုအနေနဲ့ အများဆုံး Lot နှစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပေမယ့်လည်း နယ်မြေတစ်ခုတည်း မှာတော့ Lot နှစ်ခု ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ်ပါဘူး
Source : http://ift.tt/2dNAaLn
via IFTTT
Source : http://ift.tt/2dNAaLn
via IFTTT
Subscribe to:
Posts (Atom)