Saturday, October 15, 2016

MOI Webportal Myanmar

မောင်တောဒေသရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံ ပြည်သူများအား တည်ငြိမ် အေးချမ်းသည့် နေရာများသို့ တပ်မတော် မော်တော်ယာဉ်များဖြင့် ပို့ဆောင် စားသောက်ဖွယ်ရာများ ပေးအပ် နေပြည်တော် အောက်တိုဘာ ၁၅ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများကြောင့် ဌာနဆိုင်ရာ၀န်ထမ်းများနှင့် ဒေသခံပြည်သူများအား တည်ငြိမ် အေးချမ်းသည့် နေရာများသို့ တပ်မတော် ရဟတ်ယာဉ်များ ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရွက်ညိုတောင် ကျေးရွာမှ ပညာရေး၀န်ထမ်းများနှင့် မိသားစု၀င်များ စုစုပေါင်း ၄၂ ဦးကို မောင်တောမြို့သို့ တပ်မတော်မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေး ခဲ့သည်။ ထို့ပြင် မောင်တောဒေသအတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် မာမီးခေါက်ဆွဲ၊ အချိုရည်၊ ဘီစကစ်နှင့် စည်သွပ်ဘူး များအား တပ်မတော်မှ တာ၀န်ရှိသူများ က မောင်တောဒေသ၊ တောင်ပြို၀ဲ၊ သရက်ကျေးရွာနှင့် ရွက်ညိုတောင် ကျေးရွာ ရှိ ဒေသခံပြည်သူများအတွက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ Credit : MWD
Source : http://ift.tt/2dVMjDu
via IFTTT

No comments:

Post a Comment