Sunday, October 16, 2016

The Mandalay News Journal

ကျောက်တော်ကြီးဘုရား ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် သံဃာအပါး ၂၀၀၀ အား ဆွမ်းလောင်းလှူသွားမည် မန္တလေးမြို့ ကျောက်တော်ကြီးဘုရား ၁၂၈ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ယခုနှစ်တွင် ပင့်သံဃာအပါး ၂၀၀၀ အား အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ဆွမ်းလောင်းလှူသွားမည် ဖြစ်ကြာင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။ ယမန်နှစ်က သံဃာအပါး ၁၅၀၀ အား လောင်းလှူခဲ့ရာမှ ယခုနှစ်တွင် ပင့်သံဃာအပါး ၅၀၀ အားတိုးချဲ့လောင်းလှူသွားမည် ဖြစ်ပြီး ဆွမ်းလောင်းလှူမှုနှင့်အတူ ဆီမီးကပ်လှူ ပူဇော်ခြင်းများကိုလည်း ကျောက်တော်ကြီးဘုရား ပုရဝဏ်အတွင်း ယခင်နှစ်များနှင့်မတူ ကပ်လှူ ပူဇော်သွားမည် ဖြစ်ကြောင်းသိရသည်။ "ဒီနှစ်မှာ သံဃာအပါး နှစ်ထောင်ကို ဝထ္ထူငွေ တစ်သောင်းခွဲနဲ့အတူဆွမ်းလောင်းလှူသွားမှာပါ။ နောက်နှစ်မှာတော့ သံဃာအပါး ၄၅၀၀ ကိုလှူဒါန်းနိုင််လုပ်နေတယ်။ အဲဒါ အဆင်ပြေတယ် ဆိုရင် နောက်လာမဲ့နှစ်တွေမှာ သံဃာအပါး ၉၀၀၀ အထိကို သပိတ်နဲ့အတူ ဆွမ်းလောင်း လှူဒါန်းနိုင်အောင် ကြိုးစားသွားမှာပါ" ဟု ကျောက်တော်ကြီး ဘုရားဂေါပက ဥက္ကဌက ပြောသည်။ စည်​သူလင်း
Source : http://ift.tt/2ei3OIA
via IFTTT

No comments:

Post a Comment