Friday, October 21, 2016

7Day News Journal

NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရမည်မဟုတ် ဟုဆို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များသည် အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များစတင်ချိန်အထိ NCA လက် မှတ်မထိုးရသေးပါက ယင်းဆွေး နွေးပွဲများတွင် ပါဝင်ခွင့်ရမည်မ ဟုတ်ကြောင်း အစိုးရနှင့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ကိုယ် စားလှယ်များက ပြောကြားသည်။ ရန်ကုန်မြို့တွင် အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် သုံးသပ်ခြင်း အစည်းအဝေး ဒုတိယနေ့၌ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲကျင်းပမည့်ပုံစံနှင့် ဆွေးနွေးပွဲများကို မည်သူများဦး ဆောင်ခွင့်ရှိသည်၊ ဆွေးနွေးခွင့် ရှိသည်ဆိုသည့် ကိစ္စများချမှတ်ရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း နှင့် ဆွေးနွေးပွဲကို အောက်တိုဘာ ၂၀ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ NCA လက်မှတ်မထိုးရသေးသည့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြင့် စုဖွဲ့ထားသည့် UNFC ၏နိုင် ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)လည်း တက်ရောက်လျက် ရှိ သည်။ ထိုသို့ NCA လက်မှတ်မထိုး ရသေးသည့်အဖွဲ့များ မူဘောင် သုံးသပ်ခြင်းအစည်းအဝေးတွင် ပါဝင်စေခြင်းမှာ NCA လက်မှတ် ထိုးပြီးပြီးချင်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်ခွင့် ရရှိစေရန် ရည်ရွယ်ကြောင်း NCA လက်မှတ်ထိုးထားသည့် ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောသည်။ သို့ရာတွင် ရှေ့ဆက်လုပ် ဆောင်မည့် ကိစ္စများသည် NCA ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ် ၍ အကယ်၍ လက်မှတ်မထိုးရ သေးသည့်အဖွဲ့များသည် လက် မှတ်မထိုးရသေးပါက ပါဝင်ခွင့် ရဦးမည်မဟုတ်ဟု ၎င်းက ဆို သည်။ ‘‘တကယ်စပြီးတော့ ပွဲလုပ် တဲ့အချိန်ထိ သူတို့လက်မှတ်မထိုး သေးဘူးဆိုရင်တော့ ကျွန်တော်တို့ ဝမ်းနည်းစွာနဲ့ပဲ သူတို့ကို ချန်ထား ခဲ့ရမှာဖြစ်ပါတယ်။ သို့သော် အဲဒီ လိုမဖြစ်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ ဘက်ပေါင်းစုံကနေ ကြိုး စားနေတာ ဖြစ်ပါတယ်။ ကြိုး စားပြီးတော့ တကယ်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စတင်ကျင်းပတဲ့အခါကျရင် သူတို့ပါနိုင်ဖို့အတွက် ကြိုးစားပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဒေါက်တာဆလိုင်း လျန်မှုန်းက ပြောသည်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)က ချမှတ်ပေးသည့် အခြေခံလမ်းညွှန်မှုများနှင့် အညီ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အရပ် ဘက်လူမှုအဖွဲ့အစည်းများက အစုအဖွဲ့တစ်ဖွဲ့ချင်း သော်လည်းကောင်း၊ စုပေါင်း၍ သော်လည်းကောင်း ကျင်းပနိုင်သည်ဟု မူ ဘောင်တွင် ဖော်ပြထားသည်။ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ်က ‘‘လောလောဆယ် အနေအထားမှာ တော်တော်များများ ပြည်နယ်တချို့တွေမှာ အပစ်အခတ်ရပ်စဲရေး အထူးသဖြင့် NCA လက်မှတ် မထိုးရသေးတဲ့ အဖွဲ့အစည်းတွေရှိတဲ့ နေရာဒေသတွေမှာ ကတော့ ဦးဆောင်ခွင့်မရဘူး၊ ကျင်းပခွင့်မပြုဘူးဆိုရင် ကျွန်တော်ထင်တယ်။ အဲဒီဒေသမှာရှိတဲ့ လူမျိုးအလိုက်၊ အကြောင်းအရာအလိုက် ဆွေးနွေး မယ့်သူတွေအနေနဲ့ နည်းနည်း အခက်အခဲများ ရှိလေမလား’’ဟု ပြောသည်။ ငြိမ်းချမ်းရေးဆောင်ရွက်ရာ တွင် အလွန်အရေးကြီးသည့် အ စိတ်အပိုင်းတစ်ခုဖြစ်သော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ အောင်မြင်ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံ ရေးပါတီများမှ ကိုယ်စားလှယ် များအား အစိုးရ၏ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင် မျိုးဝင်းက မေတ္တာရပ်ခံထား သည်။ NCA လက်မှတ်ရေးထိုးပြီး သည်မှာ တစ်နှစ်ကြာပြီဖြစ်သော် လည်း အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ မစတင်နိုင်သေး၍ ယခုနှစ် နိုဝင်ဘာတွင် စတင်ကျင်း ပနိုင်ရေး အစိုးရနှင့် NCA လက် မှတ်ထိုးထားသည့် အဖွဲ့အစည်း များက စီစဉ်ထားကြောင်း သိရ သည်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျင်းပ မည်ဖြစ်ပြီး လူမျိုးအလိုက် ကျင်းပသည့် ဆွေးနွေးပွဲ၊ ဒေသအလိုက် ကျင်းပသည့် ဆွေးနွေးပွဲ၊ အ ကြောင်းအရာအလိုက် ဆွေးနွေး သည့် ဆွေးနွေးပွဲဟူ၍ ကျင်းပမည့် ပုံစံသုံးမျိုးရှိကြောင်း သိရသည်။ NCA စာချုပ် အခန်း(၅)နိုင်ငံ ရေးဆွေးနွေးပွဲဆိုင်ရာ အာမခံ ချက်များတွင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကို အခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပခြင်းလုပ်ဆောင် ရန် ဖော်ပြထားသည်။ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အခန်း(၄)အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းတွင် အမျိုးသားအ ဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို UPDJC မှ ချမှတ်ပေးသည့် အခြေခံလမ်းညွှန်ချက်များနှင့် အညီ ကျင်းပနိုင်ကြောင်း၊ နိုင်ငံရေး၊ လူ မှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေ ယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင် ရာ မူဝါဒကိစ္စရပ်များ စသည်တို့ ကို ဆွေးနွေးနိုင်ပြီး ယင်းဆွေးနွေး ပွဲများမှ ချမှတ်သော အဆိုပြုချက် နှင့် အကြံပြုချက်များကို သက် ဆိုင်ရာလုပ်ငန်းကော်မတီမှ တစ် ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးဆုံးဖြတ်မှု များ ပြုလုပ်နိုင်ရန် တင်ပြသွားရ မည်ဖြစ်ကြောင်း ပါရှိသည်။ လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ(UNFC)အဖွဲ့ဝင် တိုင်းရင်းသားအဖွဲ့များ NCA တွင် ပါဝင်နိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏ DPN တို့ တွေ့ဆုံညှိနှိုင်းလျက် ရှိရာ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ သဘောတူညီချက်အချို့ ရရှိခဲ့ပြီး ကျန်နေသည့် အချက်များ ပြေလည်မှုရရှိရန် နိုဝင်ဘာတွင် ထပ်မံ တွေ့ဆုံညှိနှိုင်းမည် ဖြစ်သည်။
Source : http://ift.tt/2dTzN25
via IFTTT

No comments:

Post a Comment