တောင်ဥက္ကလာပမြို့ နယ် အမှတ်(၇)ရပ်ကွက်သံသုမာ လမ်းတွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီတစ်ခုသို့ အမေရိကန်ဒေါ်လာ ငွေစက္ကူအတုများ လိမ်လည် ရောင်းချရန် လာရောက်သည့် နိုင်ငံခြားသားနှစ်ဦးကို ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။ လာရောက်လိမ်လည်သူ နိုင် ငံခြားသားနှစ်ဦးသည် လိုက်ဘေးရီးယားနိုင်ငံတွင် နေထိုင်ကြပြီး ကုမ္ပဏီသို့ အောက်တိုဘာ ၂၈ ရက် နံနက်က လာရောက်စဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပရဲစခန်းမှ ရဲမှူးကျော်ကျော်အောင်က ပြောသည်။ ‘‘သူတို့နှစ်ယောက်က ကုမ္ပ ဏီကို အရင်နှစ်ခါလောက်လာဖူး တယ်။ ဒေါ်လာစက္ကူ အစစ်တစ်ရွက်ကို ဆေးတွေနဲ့ ချွတ်ပြတယ်။ အဲဒီလိုစက္ကူတွေ အများကြီးပြန် ရောင်းချင်တယ် ပြောတယ်။ ကုမ္ပ ဏီကလည်း မသင်္ကာလို့ ဖုန်း ဆက်အကြောင်းကြားလို့ ဖမ်းမိတာပါ’’ဟု ရဲအရာရှိက ပြောကြားသည်။ ဖမ်းဆီးရမိခဲ့သည့် နိုင်ငံခြား သားနှစ်ဦးမှာ ဩဂုတ်အတွင်း မြ ဝတီမြို့မှတစ်ဆင့် ဗီဇာရယူကာ ရန်ကုန်မြို့သို့ လာရောက်နေထိုင် ပြီးနောက် ငွေစက္ကူစာရွက်ဒေါ် လာ တစ်သန်းခွဲပါရှိလာကြောင်း ပြောကြားကာ လိမ်လည်ခဲ့ခြင်း ဖြစ်သည်။ ‘‘သူတို့နှစ်ယောက်စလုံးက မြို့ထဲက ဟိုတယ်မှာ တစ်ယောက် တစ်နေရာငှားနေတယ်။ ကုမ္ပဏီ က လူတွေကို အစစ်တစ်ရွက်ပြ ပြီး လိမ်တာပါ။ ဆေးချွတ်တဲ့ ဆေးကုန်လို့ ဆေးဖိုးဒေါ်လာလေး ထောင်ကျော် အရင်တောင်းပြီး လိမ်တာပါ’’ဟု ရဲမှူးကျော်ကျော် အောင်က ပြောသည်။ လိမ်လည်ခဲ့သူ နိုင်ငံခြားသားနှစ်ဦးသည် အသက်(၃၆)နှစ်အ ရွယ် Baiiah Michel Amos နှင့် အသက်(၂၈)နှစ်အရွယ် Sire Leat Mark တို့ဖြစ်ပြီး အဆိုပါလိုက်ဘေးရီးယား နိုင်ငံသားနှစ်ဦးကို တောင်ဥက္ကလာပရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း သိရ သည်။
Source : http://ift.tt/2eImXXu
via IFTTT
No comments:
Post a Comment