ရိုင်းစိုင်း ကြမ်းတမ်းစွာ ပြောဆိုမှုများ ရပ်တန့်ရန် ဘုရားသခင်က သူ့ကိုညွှန်ကြားဟု ဖိလစ်ပိုင် သမ္မတ ဒူတာတေး ပြော မနီလာ၊ အောက်တိုဘာ ၂၈ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အခြားသူများကို ရိုင်စိုင်း ကြမ်းတမ်းသည့် မှတ်ချက်များ ပေးခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဝေဖန်မှုများ ရပ်တန့်ရန် ဘုရားသခင်က သူ့ကိုညွှန်ကြားခဲ့သည်ဟု ပြောကြားလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။ ဂျပန်ခရီးစဉ်မှ ပြန်လည် ရောက်ရှိပြီးနောက် သူ၏ဇာတိမြို့ ဒါဗာအို ရောက်ရှိစဉ်တွင် သမ္မတ ဒူတာတေးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှုများကို ရပ်တန့်ရန်နှင့် မရပ်တန့်က လေယာဉ်မှာ လေထဲမှာပင် ပေါက်ကွဲ သွားလိမ့်မည်ဟု လေယာဉ်စီးနင်းနေစဉ် အချိန်တွင် အသံ တစ်သံက သူ့ကို ရာဇသံပေး ပြောကြားခဲ့သဖြင့် ရပ်တန့်ပါမည်ဟု ကတိပြုလိုက်ကြောင်း သမ္မတ ဒူတာတေးက ပြောကြားခဲ့သည်။ မစ္စတာဒူတာတေးသည် အနောက်နိုင်ငံများနှင့် ခေါင်းဆောင်များကို ရိုင်းစိုင်း ကြမ်းတမ်းသည့် အသုံးအနှုန်းများနှင့် ဝေဖန် ပြောဆိုတတ်သူအဖြစ် ဖိလစ်ပိုင်တွင် လူသိများ ထင်ရှားသူဖြစ်သည်။ သူသည် အမေရိကန် သမ္မတ အိုဘားမားကို မိန်းပျက်၏သား ဟု ခေါ်ဆိုခဲ့ပြီး ဥရောပ သမဂ္ဂကို မရိုးသား၊ မယုံကြည်ရသော အဖွဲ့အစည်းအဖြစ် ဝေဖန်ခဲ့ကာ သူ့ကိုယ်သူ ဟစ်တလာနှင့်နှိုင်းယှဉ်ပြီး မူးယစ်ဆေး စွဲနေသူများကို သန်းနှင့်ချီ သတ်ဖြတ်ရန် ဝန်မလေးကြောင်း ပြောဆိုခဲ့ဖူးသူ ဖြစ်သည်။ Ref : BBC
Source : https://goo.gl/Kr40Ip
via IFTTT
No comments:
Post a Comment