အကြမ်းဖက်ခံရသည့် ကိုးတန်ကောက်စခန်းအနီး ကျေးရွာလုံခြုံရေး မရှိဟုဆို မောင်တော၊ အောက်တိုဘာ ၁၅ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ရသေ့တောင်မြို့နယ် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ ကိုးတန်ကောက် နယ်မြေစခန်း အနီးရှိ ရခိုင်တိုင်းရင်းသား ကျေးရွာတွင် လုံခြုံရေး မရှိကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်ကျော်စိန်က ပြောကြားသည်။ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများအနီးတွင် ရှိသည့် ရခိုင်တိုင်းရင်းသားမျာ းနေထိုင်သည့် ကိုးတန်ကောက် ကျေးရွာအနီးက စခန်းတွင်သာ လုံခြုံရေးရှိပြီး ကျေးရွာထဲတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ မရှိသဖြင့် ကျေးရွာလုံခြုံရေးအတွက် ဒေသခံများ ကင်းစောင့်နေရကြောင်း ၎င်းက ဆိုသည်။ “နေရထိုင်ရတာက စိုးရိမ်တယ်။ ပြေးသူလည်း ပြေးကြပြီ။ မိန်းမတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်တွေ သွားကြတယ်” ဟု ၎င်းက ဆိုသည်။ ကိုးတန်ကောက် ရခိုင်ရွာတွင် အိမ်ခြေ ၆ဝ ကျော်ရှိပြီး ယင်းအနီးက ဘင်္ဂါလီများ နေထိုင်သည့် ကိုးတန်ကောက်ကျေးရွာ အပါအဝင် ကျေးရွာ နှစ်ရွာတွင် စုစုပေါင်း အိမ်ခြေတစ်ထောင်ကျော် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ ကိုးတန်ကောက်စခန်းကို အကြမ်းဖက် တိုက်ခိုက်မှုတွင် အရှင်ဖမ်းမိသည့် အကြမ်းဖက်သမား တစ်ဦးမှာ ရခိုင်တိုင်းရင်းသား များ နေထိုင်သည့် ကျေးရွာတွင် စျေးလာရောင်းဖူး ကြောင်း အဆိုပါကျေးရွာမှ ဒေသခံများထံမှ သိရှိရသည်။ အဆိုပါစခန်းတွင် လုံခြုံရေး အပြည့်အဝချကာ ဆောင်ရွက်နေပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်း ထပ်မံအကြမ်းဖက်ရန် လာရောက်ခြင်း မရှိသေးကြောင်း အဆိုပါစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ ကျေးရွာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချထားပေးနိုင်ခြင်း မရှိသေးဘဲ စခန်းလုံခြုံရေး အတွက် အဓိကထား ဆောင်ရွက်နေကြောင်း အဆိုပါစခန်းမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။ အဘူကူးမား ဦးဆောင်၍ အကြမ်းဖက်သမား အင်အား ၁၂ ဦးခန့်သည် အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၃ နာရီကျော်တွင် ကိုးတန်ကောက် ရဲကင်းစခန်း၏ အနောက်ဘက် ခြံစည်းရိုးကို ကျော်ဝင်ကာ ရုတ်တရက် ဝင်ရောက်လုံးထွေးကာ ဓား၊ လှံများနှင့် တိုက်ခိုက်သဖြင့် ရဲတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ ယင်းဖြစ်စဉ်တွင် ဘင်္ဂါလီ အကြမ်းဖက်သမား တစ်ဦးကို အသေဖမ်းမိပြီး နှစ်ဦး အရှင်ဖမ်းမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Source : https://goo.gl/ccQvru
via IFTTT
No comments:
Post a Comment