Monday, October 17, 2016

The Voice

သေမင်းရောင်ခြည် လက်နက်ဆန်း ရုရှား တီထွင် မော်စကို၊ အောက်တိုဘာ ၁၆ ရုရှားနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြပွဲတစ်ခုတွင် သေမင်းရောင်ခြည်ခေါ် တိုက်ခိုက်ရေး လက်နက်ဆန်း တစ်မျိုးကို ထုတ်ဖော်ပြသခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ ရုရှားတို့ တီထွင်ထားသည့် Death ray ခေါ် သေမင်းရောင်ခြည်သည် တစ်ကီလိုမီတာ အကွာအဝေးအထိ ဝင်လာသည့် ဒရုန်းယာဉ်များ၊ ဒုံးကျည်များ၊ နျူးကလီးယား ထိပ်ဖူးတပ် ဒုံးပျံများကို ထိန်းချုပ်၍ မရနိုင်စေရန်နှင့် ပစ်မှတ်ကိုမရောက် ပျက်ကျသွားစေရန် ထိန်းချုပ်နိုင်သည့် မိုက်ခရိုဝေ့ဗ် သေနတ်လက်နက်တစ်မျိုး ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ သေမင်းရောင်ခြည် လက်နက်ဆန်းကို ရုရှားနိုင်ငံ လက်နက်ထုတ်လုပ်ရေး ဌာနတစ်ခု ဖြစ်သည့် (UIMC) အဖွဲ့က ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်ရေး လက်နက်များထဲတွင် စွမ်းဆောင်ရည် အကောင်းဆုံး လက်နက်တစ်ခု ဖြစ်ကြောင်း ရုရှားထုတ် Sputnik News သတင်းတွင်လည်း ရေးသားထားသည်။ “မည်သည့်နိုင်ငံထုတ် လက်နက်များနှင့်မှ ယှဉ်မရနိုင်သည့် လက်နက်ဆန်းတစ်မျိုး ဖြစ်သည်” ဟုလည်း ရုရှားသတင်းတွင် ဝေဖန်ရေးသားထားသည်။ သေမင်းရောင်ခြည် လက်နက်ဆန်းက ထုတ်လွှတ်လိုက်သည့် လှိုင်းခွင်အတွင်း ဝင်လာသည့် မည်သည့် အဝေးထိန်းပစ္စည်းမဆို ထိန်းချုပ်မှု မဲ့သွားနိုင်ကြောင်း၊ Ultra-high frequency သည် လေကြောင်းက တက်လာသည့် မည်သည့်ယာဉ်ကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြောင်း၊ နည်းပညာခေတ်သုံး မည်သည့် လက်နက်မျိုးကိုမဆို တိုက်ပွဲများအတွင်း ဖျက်ဆီးနိုင်ရန် တီထွင်ထားကြောင်း National Defense ဂျာနယ်တွင် အယ်ဒီတာချုပ် ဖြစ်သူ အီဂါကိုရော့ချန်ကိုကလည်း ရေးသားထားသည်။ တိုက်ပွဲတိုက်ခိုက်နေစဉ် ကာလအတွင်း နယ်မြေအတွင်းကို သတ်မှတ်ထားသည့် ကီလိုမီတာဝန်းကျင် တစ်ဝိုက်ထဲကို မည်သည့် လေယာဉ်နှင့် ဒုံးကျည်များမှ ဝင်ရောက်ခြင်း မပြုနိုင်စေရန် တားဆီနိုင်သည်ဟု ယင်းသတင်းက ဆိုသည်။ စစ်ရေးနှင့် နိုင်ငံရေးဆန်းစစ်သူ အလက်ဇန်းဒါး ပီရန်ဇီယက်ကလည်း ယင်းလက်နက်သည် ၁၀ ကီလိုမီတာ ပတ်လည်အတွင်း အကာအကွယ် ပေးနိုင်ပြီး မည်သည့် မိုက်ခရို အီလက်ထရွန်နစ် စနစ်ကိုမဆို ဖျက်ဆီးနိုင်စွမ်း ရှိကြောင်း၊ လူသားများကိုပင် သေဆုံးနိုင်စေရန် လှိုင်းများကို ထုတ်လွှတ်နိုင်စွမ်း ရှိကြောင်း၊ အကြမ်းဖက်သမားများကို ရေဒီယို အီလက်ထရွန်းနစ် လက်နက်များဖြင့် တိုက်ခိုက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
Source : https://goo.gl/fwAOz9
via IFTTT

No comments:

Post a Comment