Monday, October 31, 2016

7Day News Journal

ပြီးခဲ့သည့်ဆယ်လအ တွင်း ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လေဖြတ်လူနာ ငါးထောင်ကျော်ရှိကာ လွန်ခဲ့သောငါးနှစ်နှင့် နှိုင်းယှဉ်ပါက ပိုမိုများပြားလာကြောင်း သတင်းရရှိ သည်။ ယင်းဆေးရုံကြီး၏ လူနာ မှတ်တမ်းများအရ ၂၀၁၁ က အဆိုပါဆေးရုံကြီးသို့ တက်ရောက်ကု သသည့် လေဖြတ်လူနာ ၁၅၀၀ ခန့်သာ ရှိခဲ့သော်လည်း ၂၀၁၆ ဇန်နဝါရီမှ အောက်တိုဘာ ၂၉ ရက်အထိ ဆယ်လအတွင်း၌ လူနာ ၅၈၈၇ ဦးအထိရှိနေကြောင်း လေ့လာသုတေသနပြုခဲ့သော ဦးနှောက်နှင့် အာရုံကြောရောဂါပညာဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌပါမောက္ခဒေါက်တာဝင်းမင်းသစ်က ပြောသည်။ ‘‘အတိအကျစာရင်းကောက် ယူထားတာ။ ရန်ကုန်မှာတောင် ဆယ်လအတွင်းမှာ လေဖြတ်လူ နာ ၅၀၀၀၊ ၆၀၀၀ ဒီလောက်ဖြစ် တာဆိုရင် ကျန်တဲ့မြောက်ဥက္က လာပဆေးရုံမျိုးတွေမှာလည်း အဲဒီလောက်နီးနီး ရှိနိုင်တယ်။ ဒါ တောင် ပုဂ္ဂလိကဆေးရုံတွေမှာ လာတဲ့ လူနာစာရင်း မရသေးဘူး’’ ဟု ၎င်းက ပြောသည်။ ရန်ကုန်ဆေးရုံကြီးသို့ ရောက်ရှိလာသည့် လေဖြတ်လူ နာ ၅,၀၀၀ ကျော်ထဲ၌ ဦးနှောက် သွေးကြောပေါက်သော လေဖြတ်လူနာမှာ ၄,၀၀၀ ကျော်ရှိပြီး ဦးနှောက်သွေးကြောပိတ်သော လေဖြတ်လူနာမှာ ၁,၀၀၀ ကျော်ရှိကြောင်း သိရသည်။ ‘‘လေဖြတ်တာက အသက် အရွယ်မရွေးဖြစ်ပွားတယ်။ အဓိ ကက လေဖြတ်တာမဖြစ်အောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အသောက်တွေစားမယ်။ ဆေး လိပ်မသောက်ဖို့ လိုတယ်။ လေ့ ကျင့်ခန်းလုပ်ဖို့လိုတယ်။ ပုံမှန် ကျန်းမာရေးစစ်ဆေးဖို့ကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဒါလုပ်တာ နည်းတယ်။ ဥပမာအားဖြင့် တစ် နှစ်တစ်ခါ သွေးထဲမှာ ရှိတဲ့ သွေး ချိုတို့ အဆီဓာတ်များတာတွေကို တိုင်းမယ်။ လိုအပ်ရင် ကျွမ်းကျင် တဲ့ ဆရာဝန်တွေနဲ့ပုံမှန်စစ်ဆေးဖို့ လိုပါတယ်’’ဟု ရန်ကုန်ဆေးရုံ ကြီး ဦးနှောက်နှင့်အာရုံကြောခွဲ စိတ်ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာမြတ်သူက ပြောသည်။ ကမ္ဘာပေါ်တွင် ၂၀၀၅ က လေဖြတ်ရောဂါကြောင့် သေဆုံး သူ ၅ ဒသမ ၇ သန်းရှိကာ ၎င်း တို့အနက် ၈၇ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သ တင်းထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၀ က ဖြစ်ပွားနှုန်း အများဆုံး ရောဂါများထဲတွင် လေဖြတ်ရောဂါမှာ နံပါတ်တစ်အဆင့်၌ ရှိနေကြောင်း ကမ္ဘာပေါ်ရှိ ရောဂါအခြေအနေများကို စစ်တမ်း ကောက်ယူထားသော Global Burden Diease (GBD)၏စာရင်းများအရ သိရသည်။
Source : http://ift.tt/2f8PZN9
via IFTTT

No comments:

Post a Comment