ကိုရီးယားနိုင်ငံတွင်ပြုလုပ်မည့် နိုင်ငံတကာသင်္ချာပြိုင်ပွဲအား မြန်မာကျောင်းသားကျောင်းသူများ ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ရန်ကုန် အောက်တိုဘာ ၂၃ ကိုရီးယားနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၂၃ ရက် မှ ၂၇ ရက်ထိ ပြုလုပ် မည့် နိုင်ငံတကာ သင်္ချာပြိုင်ပွဲဖြစ်သော World Mathematics Team Championship (WMTC) ပြိုင်ပွဲသို့ နိုင်ငံတကာသင်္ချာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင် နေသည့် T&H MATHS CENTRE မှ မြန်မာ ကျောင်းသားကျောင်းသူများ ပထမဦးဆုံးအကြိမ်ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါ နိုင်ငံတကာသင်္ချာပြိုင်ပွဲဖြစ်သော World Mathematics Team Championship (WMTC) ပြိုင်ပွဲမှာ တစ်နှစ်လျှင် နိုင်ငံတစ်နိုင်ငံစီ အလှည့်ကျလုပ်ဆောင်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ စတင်ကျင်းပခဲ့ကာ ယခု နှစ်တွင်လည်း မြန်မာနိုင်ငံရှိ အသက် (၁၁) နှစ်နှင့် (၁၅) နှစ်ကြား သင်္ချာထူးချွန်ကျောင်းသား ကျောင်းသူ များအား ပထမဦးဆုံးအနေဖြင့်ဖိတ်ခေါ်ခြင်းဖြစ် ကြောင်းနှင့် ခန့်မှန်းမြန်မာကျောင်းသား ကျောင်းသူ ဦးရေ ၂ဝ ကျော်သွားရောက် ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း T&H MATHS CENTRE မှသိရသည်။ T&H MATHS CENTRE တည်ထောင်သည့် ကျောင်းအုပ် ဆရာမ ဒေါ်နှင်းဆက်အေးက ''ဒီပြိုင်ပွဲဝင်ရောက်ကြမယ့် ကလေးများအတွက် လူရွေးချယ်ပြီးသွားပါပြီ။ ဒီကမ္ဘာ့အဆင့် နိုင်ငံတကာ သင်္ချာပြိုင်ပွဲမှာလည်း တိုက်ကြီး ခုနစ်တိုက်က ကလေးတွေအကုန် ဝင်ရောက်ယှဉ်ပြိုင်ကြပါလိမ့်မယ်။ ကျွန်မတို ့မြန်မာနိုင်ငံအနေနဲ့ကတော့ ဒီနှစ်မှ စတင်သွားရောက်ယှဉ်ပြိုင်မှာပါ။ ''ဒီ WMTC ကလည်း ကျွန်မတို့ T&H MATHS CENTRE က ကျောင်းသား ကျောင်းသူ တွေကိုသာ ဖိတ်ခေါ်တာပါ၊ သင်္ချာထူးချွန် ကျောင်းသား ကျောင်းသူတွေအနေနဲ့လည်း တစ်ဦး ချင်းအလိုက်၊ နှစ်ယောက်တွဲအလိုက်နဲ့ အဖွဲ့ အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့နိုင်ငံက သင်္ချာ ထူးချွန်ကျောင်းသား ကျောင်းသူတွေ ဒီလိုနိုင်ငံ တကာသင်္ချာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း အားဖြင့် နိုင်ငံတကာက ကလေးတွေနဲ့ ဆက်ဆံခွင့် ရတယ်။ ပြီးတော့ နိုင်ငံတစ်နိုင်ငံကိုကိုယ်စားပြု ပြီး သွားကြတာဆိုတော့ သူတို့အချင်းချင်းတွေ့ဆုံကြ ရတယ်။ ကိုယ့်နိုင်ငံ၊ သူ့နိုင်ငံအကြောင်းတွေ ကို ဆွေးနွေးခွင့်ရတယ်ဆိုတော့ သူတို့ဘဝ တစ်သက်တာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ရရှိစေတော့မှာပါ'' ဟုပြောသည်။ အမေရိကန်နိုင်ငံမှ ဦးဆောင်ကျင်းပပေး နေသော နိုင်ငံတကာ သင်္ချာပြိုင်ပွဲမှာလည်း နှစ်စဉ် အောက်တိုဘာလ၌ ကျင်းပလေ့ ရှိကြောင်း၊ ပြင်သစ် နိုင်ငံမှ ဦးဆောင်ကျင်းပပေးနေသော ကမ္ဘာ့အကြီးဆုံး သင်္ချာပြိုင်ပွဲမှာလည်း နှစ်စဉ် မတ်လတွင် ပြုလုပ်လျက် ရှိကြောင်း၊စင်ကာပူနိုင်ငံမှ ဦးဆောင်ကျင်းပပေးနေသော ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံအများဆုံးသင်္ချာ ပြိုင်ပွဲမှာလည်း နှစ်စဉ်ဧပြီလ ၌ ပြုလုပ်နေကြောင်း သိရပြီး ထိုပြိုင်ပွဲများမှ ရွှေ၊ ငွေ၊ ကြေးတံဆိပ်ဆွတ်ခူး ရရှိသည့် ကျောင်းသား ကျောင်းသူများသည် တစ်နှစ် လျှင် အိမ်ရှင်တစ်နိုင်ငံ ရွေးချယ်ကျင်းပသည့် Asia International Mathematical Olympiad နှင့် Singapore International Mathematical Olympiad Challenge ပြိုင်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခွင့်ရရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၂ ရက်မှ ၆ ရက်ထိ ဟောင်ကောင်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် အာရှ သင်္ချာထူးချွန်သူ လူငယ်များတွေ့ဆုံပွဲ၊ ယဉ်ကျေးမှု ဖလှယ်ပွဲနှင့် သင်္ချာပြိုင်ပွဲ (Asia International Mathematical Olympiad)၌ မြန်မာနိုင်ငံမှ သင်္ချာထူးချွန်ကျောင်းသား ကျောင်းသူ ၄၅ ဦးသွား ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ၃၈ ဦး ဆုဆွတ်ခူးရရှိခဲ့ပြီး ရွှေတံဆိပ် တစ်ဆု၊ ငွေတံဆိပ် ခုနစ်ဆု၊ ကြေး တံဆိပ် ၃ဝ ဆွတ်ခူးရရှိခဲ့ကြောင်း၊ ဩဂုတ် ၁၂ ရက် မှ ၁၆ ရက်ထိပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ် ဖိတ်ခေါ်ပြိုင်ပွဲ (Singapore International Mathematical Olympiad Challenge)၌လည်း မြန်မာနိုင်ငံမှ သင်္ချာထူးချွန်ကျောင်းသား ကျောင်းသူ ၁ဝ ဦး သွား ရောက်ယှဉ်ပြိုင်ခဲ့ကြ ရာ ခြောက်ဦး ဆုဆွတ်ခူးရရှိခဲ့ ပြီး ရွှေတံဆိပ် တစ်ဆု၊ ငွေတံဆိပ် သုံးဆု၊ ကြေး တံဆိပ်နှစ်ဆုဆွတ်ခူးရရှိခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ထူးချွန်ကျောင်းသား ကျောင်းသူများ အတွက် ပြည်တွင်း၌ပုံမှန်ကျင်းပ နေသော သင်္ချာပြိုင်ပွဲများမှာလည်း လေးနှစ်တာ ကာလကို လေးကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ စိုးဝင်း(MLA)
Source : http://ift.tt/2eA17FY
via IFTTT
No comments:
Post a Comment