တောင်ကိုရီးယားမှ Galaxy Note 7 ဝယ်ယူခဲ့သူများကို ပိုမြင့်သည့် ဖုန်းနှင့် လဲလှယ်နိုင်မည့် အစီအစဉ်တစ်ရပ် ဆမ်ဆောင်း ကမ်းလှမ်း Galaxy Note 7 ဖုန်း မီးလောင်ပေါက်ကွဲမှုတွေကြောင့် အသုံးပြုသူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတဲ့ ဆမ်ဆောင်းကုမ္ပဏီဟာ တောင်ကိုရီးယား နိုင်ငံက Galaxy Note 7 ဖုန်းဝယ်ယူထားတဲ့သူတွေ အတွက် မော်ဒယ်လ်ပိုမြင့်တဲ့ ဆမ်ဆောင်းဖုန်းအသစ်နဲ့ လဲလှယ်ရယူနိုင်မယ့် အစီအစဉ်တစ်ရပ်ကို ကမ်းလှမ်းလိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက Galaxy Note 7 ဖုန်းကို ဝယ်ယူခဲ့ပြီး Galaxy S7၊ S7 edge တို့နဲ့ ပြန်လည်လဲလှယ်ခဲ့ရသူတွေ အနေနဲ့ လာမယ့်နှစ်မှာ ထွက်ရှိမယ့် Galaxy S8 ဒါမှမဟုတ် Note 8 တို့ကို ကုန်ကျစရိတ် သက်သက်စွာနဲ့ လဲလှယ်နိုင်မယ့် အခွင့်အရေးကို ဆမ်ဆောင်းက ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ S8 ဒါမှမဟုတ် Note 8 နဲ့ လဲလှယ်မရယူခင်မှာ S 7၊ S7 Edge တို့ရဲ့ တန်ဖိုး တစ်ဝက်ကိုတော့ ပေးသွင်းဖို့ လိုမယ်လို့ ဆမ်ဆောင်းက ပြောကြားခဲ့ပါတယ်။ ဆမ်ဆောင်းဟာ Galaxy Note 7 ဖုန်းတွေမှာ မီးလောင်ပေါက်ကွဲမှု ပြဿနာကို ပြင်ဆင်နိုင်ဖို့ မကြိုးစားတော့ဘဲ ယင်းဖုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ကာ အဆိုပါ ဖုန်းဝယ်ယူထားသူတွေကို ပိုက်ဆံပြန်အမ်းတာ၊ S7 နဲ့ လဲလှယ်ပေးတာတွေ လုပ်ဆောင်လျက် ရှိပါတယ်။ ဆမ်ဆောင်းကုမ္ပဏီဟာ Note 7 ပြဿနာကြောင့် လက်တလောမှာ ကုမ္ပဏီတန်ဖိုး ကြီးကြီးမားမား ကျဆင်းမှုနဲ့ ကြုံတွေ့နေရပါတယ်။ Ref: CNA
Source : https://goo.gl/wAjFB3
via IFTTT
No comments:
Post a Comment